A Buddhist Meditation Teacher and lecturer in Goethe Frankfurt University. Now living in Frankfurt, Germany. A founder of Dhammachaya Buddhist Center, Denmark.
Wednesday, April 23, 2014
ကြိုဆိုပွဲမှာ
ကြိုဆိုပွဲမှာ ဘာတွေ ပြောခဲ့သလဲဆိုတော့
အကျဉ်းချုပ်ပြောရမယ်ဆိုရင်
အခုပွဲက မင်းတို့က ငါ့ကို နှုတ်ဆက်တာ။ ကြိုဆိုတာ။
မင်းတို့ အခုလို လူစုံတပ်စုံ ပျော်ပျော်ပါးပါး ကြိုဆိုကြတာ ငါ ဝမ်းသာတယ်။
မင်း အိမ်လည်သွားတယ်ဆိုပါစို့။ အိမ်ရှင်က မင်းကို ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ရင် မင်းတို့ ပျော်ကြတာပဲ။ ငါလည်း ထို့အတူပဲပေါ့။ မင်းတို့ ရင်းရင်းနှီးနှီး ကြိုဆိုလို့ ငါဝမ်းသာတယ်။
ကဲ အခြားတစ်ဖက်မှာတော့ ကြည့်လိုက်ပါဦး။ ငါက Sariputta Institute ရဲ့ ဒါရိုက်တာ။ ဒီအဆောက်အအုံက ငါ့လက်အောက်မှာ ရှိတာမဟုတ်လား။ ဒီတော့ ဒီအခမ်းအနားမှာ ဘယ်သူက အိမ်ရှင်၊ ဘယ်သူက ဧည့်သည်လဲဆိုတာ စဉ်းစားကြည့်စမ်းပါ။ မင်းတို့အားလုံးက ငါ့ဧည့်သည်တွေပဲ။ ဒီတော့ မင်းတို့အားလုံးကို Sariputta Institute ကနေ ဒါရိုက်တာတစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်လို့ ဆိုပါရစေ။
နောက်ပြီး ဒို့နိုင်ငံမှာ သင်္ကြန်ကျနေပြီ။ သင်္ကြန်ဆိုတာ ပြောင်းလဲခြင်း။ နှစ်ဟောင်းကို နှုတ်ဆက်ပြီး နှစ်သစ်ကို ကြိုဆိုခြင်း။ ဒီတော့ ဒို့အားလုံး နှစ်သစ်ကို ဗုဒ္ဓတရားတော်နဲ့အညီ ဘယ်လို ကြိုဆိုကြမလဲ။ ကုသိုလ်နဲ့ဗြဟ္မဝိဟာရတရားတွေနဲ့ ကြိုဆိုရမယ်။
နောက်ပြီး ညီညွတ်ရေးတရားကို ဂေါသိင်္ဂအင်ကြင်းတောမှာ အရှင်အနုရုဒ္ဓါတို့ ညီညွတ်စွာ နေခဲ့တဲ့အကြောင်းကို ပြောပြတယ်။ ခီရောဒကီဘူတာ (နို့နဲ့ရေ တစ်သားတည်း ဖြစ်နေသလို)၊ လူများပေမယ့် စိတ်တူကိုယ်တူ ဖြစ်ဖို့၊ ပိယစက္ခူဟိ အညမညံ
ပဿ န္တာ (အချင်းချင်း ချစ်သောမျက်စိဖြင့် ကြည့်ကြဖို့)၊ ကာယကံမေတ္တာ၊ ဝစီကံမေတ္တာ၊ မနောကံမေတ္တာများ ထားကြဖို့နဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များကိုလည်း ပြောဖြစ်ခဲ့တယ်။
နောက်ပြီး မေတ္တာဘာဝနာအကြောင်း၊ နေ့စဉ်ဘဝမေတ္တာနဲ့ မေတ္တာကမ္မဋ္ဌာန်းအကြောင်းများ ဟောကြားပေးခဲ့ပါတယ်။ မနက် ၉ နာရီလောက်မှာ စတင်ပြီး နေ့လယ် ၁၁ နာရီလောက်မှာ ပြီးဆုံးသွားခဲ့ပါတယ်။
ချမ်းမြေ့ကြပါစေ
ကြိုဆိုနှုတ်ဆက်ပွဲလို့ ပြောတာပဲ
ကြိုဆိုနှုတ်ဆက်ပွဲလို့ ပြောတာပဲ။
နှုတ်ခွန်းဆက်အနေနဲ့ တရားဟောခဲ့ရတယ်။ ၃ နှစ်လောက် မဟောခဲ့ရတဲ့ အင်္ဂလိပ်က အရေးအကြောင်းရှိလို့ ထွက်လာသေးတာ တော်သေးရဲ့။
တရားပွဲပြီးတော့ ချီးမွှမ်းကြလို့ ဝမ်းသာရတယ်။
အားလုံး ပျော်ပျော်ပါးပါး ပြီးဆုံးသွားခဲ့တယ်။
ပထမဆုံးအကြိမ် မြန်မာ ၁ဝ ယောက်ခန့်နဲ့ တွေ့ရလို့လည်း ဝမ်းသာတယ်။
လှူရေးတန်းရေးထက် ရင်ဖွင့်စရာဆွေတော်များလို့ အောက်မေ့မိပါတယ်။
အားလုံးကလည်း ချစ်ချင်ခင်ခင်ဖော်ဖော်ရွေရွေဖြစ်လို့ ကျေးဇူးလည်း တင်မိပါတယ်။
ဂျာမန်ဘုန်းကြီးကတော့ ပြောတယ်။
အစတော့ တော်တော်ကောင်းသွားပြီတဲ့။
ရှေးရှေးတုန်းက
ရှေးရှေးတုန်းက
မြန်မာနိုင်ငံကို သွားပြီး
သာသနာပြုကြတဲ့
ခရစ်ယာန်ဘုန်းကြီးတွေရဲ့
ဇွဲသတ္တိ
ကိုယ်ကျိုးစွန့်မှု
သည်းခံမှုတွေသာ
ဗုဒ္ဓဘာသာဘုန်းကြီးတွေမှာ
ဆယ်ပုံတစ်ပုံလောက်ရှိရင်
ဗုဒ္ဓဘာသာအနောက်နိုင်ငံတွေမှာ
ပြန့်ပွားနေတာ ကြာပြီ။
ဒို့နိုင်ငံမှာ
ဗုဒ္ဓတရားတွေကို စောင့်မျှော်နေသူတွေ အများကြီး။
ဒါပေမဲ့ ဝေမျှပေးမယ့်ဘုန်းကြီးက
မရှိဘူး။ ရှိတဲ့ဘုန်းကြီးတွေကလည်း
အနောက်နိုင်ငံသားတွေနဲ့ ဆက်သွယ်ဆက်ဆံပြီး
ဟောပြောပေးတာမျိုး
မလုပ်ချင်ကြဘူး။
ကိုယ်ကျိုးစွန့်မယ်
ဗုဒ္ဓဘာသာပြန့်ပွားအောင်လုပ်မယ်
ဆိုတဲ့စိတ်ကူးသက်သက်နဲ့
အနောက်ကို ထွက်လာတဲ့ဘုန်းကြီး
ငါ့အသက် ၅၀ တစ်ခါမှ မတွေ့ဖူးဘူး။
(ဒီနေ့ ဧည့်သည်ဂျာမဏီတစ်ဦးပြောတဲ့အထဲက မှတ်မိတာလေးများပါ)
မြန်မာနိုင်ငံကို သွားပြီး
သာသနာပြုကြတဲ့
ခရစ်ယာန်ဘုန်းကြီးတွေရဲ့
ဇွဲသတ္တိ
ကိုယ်ကျိုးစွန့်မှု
သည်းခံမှုတွေသာ
ဗုဒ္ဓဘာသာဘုန်းကြီးတွေမှာ
ဆယ်ပုံတစ်ပုံလောက်ရှိရင်
ဗုဒ္ဓဘာသာအနောက်နိုင်ငံတွေမှာ
ပြန့်ပွားနေတာ ကြာပြီ။
ဒို့နိုင်ငံမှာ
ဗုဒ္ဓတရားတွေကို စောင့်မျှော်နေသူတွေ အများကြီး။
ဒါပေမဲ့ ဝေမျှပေးမယ့်ဘုန်းကြီးက
မရှိဘူး။ ရှိတဲ့ဘုန်းကြီးတွေကလည်း
အနောက်နိုင်ငံသားတွေနဲ့ ဆက်သွယ်ဆက်ဆံပြီး
ဟောပြောပေးတာမျိုး
မလုပ်ချင်ကြဘူး။
ကိုယ်ကျိုးစွန့်မယ်
ဗုဒ္ဓဘာသာပြန့်ပွားအောင်လုပ်မယ်
ဆိုတဲ့စိတ်ကူးသက်သက်နဲ့
အနောက်ကို ထွက်လာတဲ့ဘုန်းကြီး
ငါ့အသက် ၅၀ တစ်ခါမှ မတွေ့ဖူးဘူး။
(ဒီနေ့ ဧည့်သည်ဂျာမဏီတစ်ဦးပြောတဲ့အထဲက
ဂျာမဏီခရီးနိဒါန်း (၂)
နေရာအတော်များများကို
ခရီးထွက်ဖူးသည်။ တစ်ခါမှ မရောက်ဖူးသေးသောနေရာများလည်း ပါဝင်သည်။
သို့ရာတွင် ဂျာမဏီနိုင်ငံရောက်စအချိန်မှာ ခံစားရသောခံစားချက်နှင့်
လားလားမျှ မတူနိုင်။ အားတင်းထားသော်လည်း အားငယ်စိတ်များ ဝင်လာခဲ့သည်။
တောကြီးမျက်မည်းထဲ တစ်ကိုယ်တည်း ရောက်နေရသလို ခံစားမိသည်။ ကိုယ့်ကိုယ်ကို
အတော်ဟုတ်လှပြီထင်ခဲ့သည်မှာ မှားလေသည်။ တစ်ခုဖြေစရာရှိသည်မှာ
အိမ်လွမ်းဝေဒနာ၊ အထီးကျန်မှုများသည် တွေ့ကြုံရရှိခဲ့သောအတွေ့အကြုံကြောင့်
ခဏမျှသာ ပေါ်လာတတ်ခြင်း ဖြစ်လေသည်။ လောလောဆယ်ဝတ်ဖို့ဆိုပြီး အနွေးထည်များ၊
ခြေအိတ်များ၊ လက်အိတ်များ၊ ခေါင်းစွပ်များ လာပေးသည်။ မနက် ၈ နာရီခန့်တွင်
အရုဏ်ဆွမ်းစားရအောင်ဆိုပြီး အခြားအဆောင်တစ်ခုသို့ သွားကြသည်။ ပေါင်မုန့်ကို
ထောပတ်၊ ချိစ်တို့နှင့် တို့ကာ စားရသည်။ စပြီဟေ့လို့ ရေရွတ်မိသည်။
ပစ္စုပ္ပန်မှာ ကျေနပ်ပျော်ရွှင်မှုကို မရဘူးဆိုလျှင် လူတို့သည် အတိတ်ဆီကို ပြေးဝင်သွားတတ်ကြသည်။ အခုလည်း နေရာအသစ်မှာ လူအသစ်၊ ယဉ်ကျေးမှုအသစ်၊ အစားအသောက်အသစ်များနှင့် ရင်ဆိုင်ရလေသောအခါ မိခင်နိုင်ငံကို ပြန်လည်တမ်းတမိခြင်း ဖြစ်ပါသည်။ သို့ရာတွင် အစကတည်းက မတူညီသော၊ အလွန်စိမ်းသော ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရမည်ကို ကြိုတွေးထားပြီး ဖြစ်သဖြင့် အလွန့်အလွန် ခံစားရသည်ဟုတော့ မဆိုနိုင်ပေ။ နေ့လယ် ၁၁ ခွဲခန့်တွင် အတူနေဂျာမန်ရဟန်းက နေ့ဆွမ်းအဖြစ် ရေခဲသေတ္တာထဲမှ ထိုင်းအစားအစာအချို့ ယူလာပြီး ကျွေးသည်။ သူကတော့ ပေါင်မုန့်ကိုသာ ကြက်ဥ၊ ထောပတ်၊ ချိစ်တို့နှင့် တို့စားသည်။
ဆွမ်းစားပြီးသောအခါ ကျောင်းဂေါပကအဖွဲ့ဥက္ကဋ္ဌ မစ္စတာဂွမ်းနား ရောက်လာပြီး နှုတ်ဆက်သည်။ ဘယ်လောက်ကြာမှာလဲဟု မေးသည်။ မင်းတို့အပေါ်မှာ မူတည်တယ်။ ငါကတော့ တတ်နိုင်သလောက်ကြိုးစားပြီး ကူညီမယ်ဟု ပြောဖြစ်သည်။ ယဉ်ကျေးမှု၊ လူမျိုး၊ အစားအသောက် စသည်တို့မှာ အလွန်ကွဲပြားကြောင်း၊ မင်းတို့ ယဉ်ကျေးမှုကို ငါ နားလည်အောင် ကြိုးစားရမှာဖြစ်သလို ငါတို့ယဉ်ကျေးမှုကိုလည်း မင်းတို့ နားလည်အောင်ကြိုးစားပေးရမှာဖြစ်ကြောင်း ပြောဖြစ်သည်။ သူက အတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်ကြောင်း ပြောသည်။
ဆွမ်းစားပြီးသောအခါ Bodhi Vihara နှင့် Sariputta Institute အကြောင်း ပြောဖြစ်ကြသည်။ သူသည် လက်ရှိအနေအထားရောက်ဖို့ အတော်ရုန်းကန်ခဲ့ရသည်။ ကနဦးတွင် မြန်မာနိုင်ငံသို့ ပြန်သွားပြီဖြစ်သော ဦးတေဇောဘာသနှင့် စတင်လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် အခြားမြန်မာသံဃာတော်များကိုလည်း ပင့်ဖိတ်ခဲ့သော်လည်း ကြာရှည်မနေဖြစ်ခဲ့ကြပါ။ သူ၏ ရည်ရွယ်ချက်မှာ ရှင်းသည်ဟု ထင်သည်။ သူမွေးဖွားရာဒေသမှာ ဗုဒ္ဓအဆုံးအမများ တည်ရှိပြန့်ပွားစေလိုခြင်းဖြစ်သည်။ သို့အတွက်ကြောင့် သူတတ်နိုင်သလောက် နည်းအမျိုးမျိုးဖြင့် ကြိုးစားသာသနာပြုသည်။ ဗောဓိဝိဟာရတွင် ငွေကြေးကို သံဃာတော်များကိုယ်တိုင် စီမံကိုင်တွယ်ခွင့် မရှိပါ။ ဂေါပကအဖွဲ့မှသာ စီမံသည်။ ကိုယ်ရောက်သည့်အခါ တပည့်တော်ကတော့ ငွေကိုင်တယ်၊ အရှင်ဘုရားက ဘာဖြစ်လို့ အဲဒီလို သတ်မှတ်ထားတာလဲ၊ အရှင်ဘုရား ငွေကို လက်နဲ့မကိုင်ပေမဲ့ အလှူခံပုံးထဲ အလှူငွေထည့်သွားရင်တော့ ဝမ်းသာတာပဲ မဟုတ်လား။ လက်နဲ့ကိုင်တာနဲ့အလှူခံပုံ၊ ဘဏ်အကောင့်ထဲကငွေကို ဝမ်းမြောက်တာနဲ့ အတူတူပဲ မဟုတ်လားဟု ဆွေးနွေးဖြစ်သည်။
ထိုအခါ ဂျာမန်ရဟန်းတော်က အဲဒါကို သူလည်း သိကြောင်း၊ သို့ရာတွင် ဂျာမဏီနိုင်ငံတွင် သာသနာပြုလုပ်ငန်း စတင်တော့မယ်လို့ ဆုံးဖြတ်လိုက်သည့်အခါ ဂျာမန်လူမျိုးများ အံ့သြချီးကျူးစေမည့် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး၏ ထူးခြားချက်ကို ရှာသည့်အခါ ငွေမကိုင်ခြင်းနှင့်ငွေမရှာခြင်းသည် ဂျာမန်လူမျိုးများအတွက် အထူးဆန်းဆုံးဖြစ်ကြောင်း၊ ငါတို့ ဗုဒ္ဓဘာသာရဟန်းတွေဟာ ငွေကိုင်ခွင့်မရှိသလို ငွေကြေးရှာဖွေခွင့်လည်း မရှိဘူး၊ ငွေကြေးရှာဖွေဖို့ အားမထုတ်ဘူးလို့ ပြောသည့်အတွက် ဒီနေ့ဒီအချိန်အထိ ကူညီမည့်သူများပေါ်လာပြီး ရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။ လက်ခံနိုင်လောက်သောအကြောင်းပြချက်ဖြစ်သည်ဟု ယူဆမိသဖြင့် သူ၏ သာသနာပြုလုပ်ငန်းကို အတန်ငယ် သဘောပေါက်မိသည်။
ညနေ ၆ နာရီလောက်ရောက်သောအခါ အိပ်ငိုက်သွားသည်။ ဂျာမန်ရဟန်းက ဆွယ်တာများ၊ ခြေအိတ်များ၊ ကိုယ်ကျပ်အတွင်းခံဘောင်းဘီများ၊ လက်အိတ်များ၊ ခေါင်းစွပ်များ ယူလာပြန်သည်။ တော်မတော်၊ ကိုက်မကိုက်၊ ကြိုက်မကြိုက် မေးသည်။ နောက်ရက်တွင် မားကတ်သွားပြီး ဒကာမတစ်ယောက် လိုက်ဝယ်ပေးမည်ဖြစ်ကြောင်း၊ လောလောဆယ် တော်တာတွေ့လျှင် ခဏတာ ဝတ်ထားဖို့အကြောင်း ပြောသည်။ ဆွယ်တာ ၅ ထည်လောက်ဝတ်၊ ခြေအိတ် ၂ ထပ်ဝတ်၊ ခေါင်းစွပ်ဝတ်လိုက်မှ ရာသီဥတုနှင့် အနေတော်ဖြစ်သွားသည်။ ခဏနေတော့ အိပ်ပျော်သွားသည်။
အိပ်ပျော်လို့ ၅ မိနစ်ခန့်လောက်မှာ ဂျာမန်ရဟန်းက လှုပ်နှိုးသည်။ မင်းအိပ်လို့ မဖြစ်ဘူး။ အခု မင်းအိပ်လိုက်ရင် ည ၁ နာရီလောက် နိုးပြီး တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေလိမ့်မယ်၊ မြစ်ကမ်းသွား လမ်းလျှောက်ရအောင်ဟု ပြောပြီး လမ်းလျှောက်ထွက်ကြသည်။ မြစ်က အလွန်သာယာသည်။ Esar မြစ်ဟု ခေါ်သည်။ အဓိပ္ပာယ်က Freedom လွတ်လပ်ခြင်းဖြစ်ကြောင်း ပြောပြတော့ အနည်းငယ် လွတ်လပ်ပေါ့ပါးသွားသည်။ ရေက ကြည်စိမ်းနေသည်။ မြစ်ကမ်းတစ်လျှောက်လုံး အပန်းဖြေနိုင်အောင် အမှိုက်ပုံးကအစ သပ်သပ်ရပ်ရပ် ထားပေးထားသည်။ တစ်မြို့လုံး အလွန်သန့်ရှင်းသည်။ စင်္ကာပူကို အလွန်သန့်ရှင်းသည့်မြို့ဟု ထင်ခဲ့သည်။ Freising က သန့်ရှင်းရုံမျှမက အေးချမ်းမှုပါ ရောနေသည်။
၂ နာရီခန့် လမ်းလျှောက်ပြီးသောအခါ ကျောင်းပြန်ရောက်သည်။ သူက ရှေ့လုပ်ငန်းစဉ်များအကြောင်း ပြောချင်နေသည်။ ငါ မရတော့ဘူး၊ အိပ်ချင်ပြီဟု ပြောပြီး အိပ်ရာဝင်သည်။ မနက် ၅ နာရီလောက်နိုးနေသည်။ တစ်ကိုယ်တည်း ကြောင်တောင်တောင်ဖြစ်နေသည်။ သက်ရှိကိုပဲဖြစ်ဖြစ်၊ သက်မဲ့ကိုပဲဖြစ်ဖြစ် ကိုယ်က အတော်လွမ်းတတ်သည်။ သို့သော် ကိုယ်လွမ်းတတ်တာက ခဏတာပဲ ဖြစ်သည်ကိုလည်း သိသည်။ အချိန်အတိုင်းအတာတစ်ခုရောက်လျှင် နေသားတကျ ဖြစ်သွားတတ်သော ကိုယ့်သဘာဝကိုလည်း သိသည်။ သို့ရာတွင် အဆိုပါအချိန်ကို မရောက်မီ အတော်လေး ခံစားနေတတ်သည်ကလည်း ကိုယ့်သဘာဝဖြစ်နေပြန်သည်။ သို့ဖြင့် မဟာသမယသုတ်၊ ပစ္စယနိဒ္ဒေသ၊ ဂုဏ်တော်များကို ရွတ်ဖတ်သည်။ ထွက်လေဝင်လေကို အာရုံပြုဖြစ်သည်။
နောင်တော်ကြီး ဦးတေဇောဘာသကတော့ လှမ်းမှာရှာသည်။ တစ်ကိုယ်တည်း တောထွက်နေတယ်လို့သာ အမှတ်ထားပါလေဟု စာလှမ်းပို့သည်။ တောထွက်သည်နှင့် ဘာမှ မထူးလှ။ မြင်နေရသောလူများသည် အားလုံး သူစိမ်းပြင်ပြင်သာ ဖြစ်ချေသည်။
(စာပေရသတော့ မမြောက်လှပါ။ ဒီက အတွေ့အကြုံလေးများကို မှတ်တမ်းအဖြစ်နဲ့ရှိနေစေချင်တာရယ်၊ မိတ်ဆွေများကို သိစေချင်တာရယ်ကြောင့် တင်ပေးလိုက်ပါတယ်။ ဆက်လက်ပြီးလည်း ရေးသွားပါဦးမယ်။ အားလုံး ကျေးဇူး)။

မျက်နှာဖုံး
အမြဲတမ်း မျက်နှာဖုံးနဲ့ပါ
ဖြူဖွေးသွယ်လျတဲ့လက်ကလေးနဲ့
ကိုင်ထားတယ်။
သူမမျက်နှာဟာ မျက်နှာဖုံးနဲ့
အမြဲကာထားတယ်။
နှစ်ပေါင်းများစွာ ကျွန်တော် တွေးနေခဲ့မိတယ်။
ဒါပေမဲ့ မမေးရဲခဲ့ဘူး။
ကျွန်တော် မလိမ့်တစ်ပတ်နဲ့
မျက်နှာဖုံးနောက်ကို ကြည့်ခဲ့မိတယ်။
သိချင်လို့ပေါ့
ဘာဆို ဘာမှ မရှိဘူး
သူမမှာ မျက်နှာမရှိဘူး။
(အမည်မသိ စာဆို)
လူတွေဟာ တစ်စုံတစ်ရာနောက်မှာ တစ်ခုခု ရှိလိမ့်နိုးနဲ့ အထင်ကြီးလေးစားကြ။
တကယ်လည်း ကြည့်လိုက်ရော နောက်ကွယ်မှာ ဘာမှ မရှိတာ တွေ့ရတယ်။ ကဗျာဆရာက ဒါကို ဆိုချင်ပုံရတယ်။

ဂျာမဏီခရီးနိဒါန်း
ဂျာမဏီနိုင်ငံက Bodhi Vihara
& Sariputta Institute ၏ ပင့်ဖိတ်မှုကြောင့် ဇန်နဝါရီလတွင်
ဂျာမဏီဗီဇာလျှောက်ဖြစ်သည်။ လျှောက်ဖြစ်သည့်ဗီဇာက National Type Visa
ဖြစ်သည်။ ထိုင်ဝမ်မှာလိုဆိုလျှင် Resident Visa ဖြစ်မည်။ စလျှောက်စဉ်က
ကြာမည်ဟု မျှော်လင့်ထားခဲ့သော်လည်း လွယ်လွယ်ကူကူနှင့် ရလိုက်သည်။
ဗီဇာမလျှောက်ခင်က ဥရောပနိုင်ငံကြီးတစ်နိုင်ငံကို
သွားရတော့မယ်ဆိုသည့်အတွေးဖြင့် အလွန်ပျော်ခဲ့သည်။ ဟိုရောက်လျှင် ဘာတွေ
လုပ်မည်၊ ဘာတွေ တိုးတက်နိုင်မည်စတာတွေကို စဉ်းစားရင်းဖြင့် အားတက်သည်။
သံရုံးမှ ဗီဇာရပြီဖြစ်ကြောင်း အကြောင်းကြားသောအခါ စိတ်ထဲ
တစ်မျိုးဖြစ်သွားသည်။ အတော်ထူးဆန်းသော ခံစားမှုမျိုးဖြစ်သည်။
စိတ်လှုပ်ရှားသွားခြင်းလည်း ဖြစ်နိုင်သည်။
ယခု ပင့်ဖိတ်ခြင်းသည် အပျော်မဟုတ်၊ အလှူခံသက်သက်မဟုတ်၊ အလည်သဘောမဟုတ်၊ တကယ်အလုပ်လုပ်ရမည့်အနေအထား ဖြစ်သည်။ နောက်ပြီး ယခု သွားမည့်နေရာသည် ကိုယ့်မြန်မာလူမျိုးများ နေသည့်နေရာ မဟုတ်။ စင်္ကာပူ၊ မလေးရှား၊ ထိုင်ဝမ် …. အတော်များများသော မြန်မာကျောင်းများသည် မြန်မာနှင့်မကင်းပေ။ မြန်မာနိုင်ငံက ကျောင်းများကဲ့သို့ အစားအသောက်၊ အနေအထိုင်၊ ဟောရေးပြောရေး၊ သာရေးနာရေး အားလုံး မြန်မာ့နည်း မြန်မာ့ဟန်အတိုင်းသာ ဖြစ်သည်။ အခြားသော အမေရိက၊ အင်္ဂလန် …. အတော်များများသည်လည်း ထူးခြားမှုသိပ်မရှိလှပါ။ မြန်မာ့အစားအစား၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုးများနှင့် အပြန်အလှန် အမှီသဟဲပြုနေကြရပေမသည်။ သို့ရာတွင် မိမိသွားရမည့်နေရာသည် ဂျာမဏီနိုင်ငံသားရဟန်းတော် တည်ထောင်ထားသည့်နေရာဖြစ်သည်။ မြန်မာလိုဆိုလျှင် ဝိနည်းဓိုရ်တစ်ပါး ဖြစ်သည်။ ယဉ်ကျေးမှုက မတူ။ အစားအသောက်က ကွဲပြား။ မိမိပြောဆိုဆက်ဆံရမည့် သူများသည် အားလုံးနီးပါးက ဥရောပသားများ ဖြစ်သည်။ ဗီဇာရသည့်အခါ အနီးကပ်နေသူများ၊ ဒကာဒကာမများက ဝမ်းမြောက်ကြသော်လည်း မိမိမှာ တစ်မျိုးကြီး ခံစားနေရသည်။
မည်သို့ဆိုစေ ဗီဇာက ရသွားပြီ။ ဂျာမန်ရဟန်းတော်ကလည်း အမြန်ဆုံး လာခဲ့ဖို့ ပြောနေသည်။ ချက်ချင်းကြီးတော့ မသွားချင်သေး။ အချိန်ရသမျှ ဆွဲထားချင်သေးသည်။ သို့အတွက်ကြောင့် ဧပြီလ ၇ ရက်နေ့တစ်လကျော်လောက် ခွါပြီး လက်မှတ်ဖြတ်လိုက်သည်။ စုဆောင်းစရာရှိသည်များကို စုဆောင်းရသည်။ အထူးသဖြင့် စာအုပ်များ စုဆောင်းဖြစ်သည်။ ဝတ္ထုငွေအတွက်ကတော့ “ဒေါက်တာဘွဲ့သွားလုပ်ရင် လှူပါအုံးမယ်၊ အဲဒီကျရင် ပြောပါဘုရား”ဆိုပြီး လှူနေကျ ဒကာများပင် မလှူကြ။ ကိစ္စတော့ မရှိပါဘူး။ အစစအရာရာ အဆင်ပြေသွားခဲ့သည်။ သို့ရာတွင် သွားရမည့်ရက် နီးလာလေလေ စိတ်လှုပ်ရှားလေ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံက ကျောင်းတစ်ခုခုမှာ နေလျှင် လွတ်လပ်စွာ နေထိုင်နိုင်သည်။ အေးအေးသက်သာ စာလေးဖတ်လိုက်၊ စာလေးရေးလိုက်၊ သွားချင်သည့်နေရာ သွားလိုက်၊ ဖိအားကင်းကင်း ပျော်ပျော်ရွှင်ရွှင် နေနိုင်သည်။ အစားအသောက်လည်း မပူမပင်ရ။ အပူအပင် အတော်ကင်းသည်။ အခုသွားမည့်နေရာကတော့ အားလုံးအသစ်တွေက ဆီးလို့ ကြိုနေမည်။ အစားအသောက်အသစ်၊ နေထိုင်မှုအသစ်၊ ယဉ်ကျေးမှုအသစ်။
မသွားမီ နှုတ်ဆက်စရာရှိသည်များကို နှုတ်ဆက်သည်။ မပြီးပြတ်သေးသောကိစ္စများ ပြီးပြတ်အောင် ဆောင်ရွက်သည်။ နှုတ်ဆက်ခြင်းကိစ္စကတော့ ၅ဝ%သာ ပြီးပြတ်သည်ဟု ဆိုရမည်။ နောက်ဆုံးနေ့ရောက်လျှင် အားလုံးကို ဖုန်းဆက်မည်ဟု စိတ်ကူးခဲ့သော်လည်း နောက်ဆုံးနေ့တွင် တစ်ချိန်လေးမှ အနားမရ။ ရွှေတိဂုံဘုရား သွားဖို့တောင် အချိန်မရလိုက်ခဲ့ဘူး။ မနက် ၅း၃ဝ လေဆိပ်သွားတော့လည်း လေဆိပ်ရောက်မှ အေးအေးဆေးဆေး ဖုန်းပြောဦးမယ်လို့ စိတ်ကူးခဲ့ပေမဲ့ ကီလိုတွေ အများကြီး ပိုနေသည့်အတွက် ပြာယာခတ်ရသေးသည်။
မသွားမီညက ဆရာမများ၊ ဒကာ၊ ဒကာမများ ရောက်လာပြီး စကားပြောကြသည်။ သူတို့က ယူစရာရှိတာ အကုန်ယူသွား။ ထည့်၊ အကုန်ထည့်ဆိုပြီး မြှောက်ပေးကြသဖြင့် ဘတ်ဂေ့ဂ်ျက ၃၈ ကီလို ကျော်သွားသည်။ လက်ဆွဲအိတ်က ၁ဝ ကီလို။ လက်ပတော့အိတ်၊ လွယ်အိတ်။ အတော်များနေသည်။ မတတ်နိုင်။ ဆရာမများက ယူသာယူသွား အားလုံးအဆင်ပြေလိမ့်မည်ဟု ဗေဒင်ဟောလိုက်ကြသည်။
မနက်မိုးလင်း လေဆိပ် Check in ဝင်သောအခါ ကီလို ချိန်ကြည့်သည်။ “၃၈ ကီလိုတောင် ကျော်နေတယ်၊ မရဘူးဘုရား”။ “လုပ်ပါဦး၊ ဒါက စာအုပ်တွေမို့လို့ပါ”။ “မရဘူးဘုရား၊ ကီလိုက အလွန်ဆုံး ၃ဝ ပဲ ရမှာ”။ အနည်းငယ် စိတ်ပျက်သွားသည့်ဟန်ဖြင့် “အင်းးးး ဒါဆို တစ်ခု မေးပါရစေ၊ ဒါတွေကို ဦးဇင်း ထားခဲ့လို့လည်း မဖြစ်နိုင်ဘူး။ ဒီတော့ ဖြစ်နိုင်မယ့်နည်းလေးရှိရင် ပြောပါအုံး”ဟု ပြောလိုက်သည်။
သူ့ထက်အရာရှိပုံရသောသူကို သွားတိုင်ပင်သည်။ “ဦးဇင်းအိတ်က အရမ်းလေးလွန်းသွားပြီလေ၊ အတင်အချမှာ ခက်လို့ ကီလို ၃ဝ ကို အလွန်ဆုံး သတ်မှတ်ထားတာ၊ ပစ္စည်းတွေကို ဟန်းကယ်ရီထဲ ခွဲထည့်ပါလား”။ “အဲဒီလို ခွဲထည့်လိုက်ရင် ဟန်းကယ်ရီရော၊ ဘတ်ဂေ့ဂ်ျကိုရော Pass ပေးလိုက်မှာပေါ့နော်”။ ပြုံးပြီး “ရပါတယ်၊ ရပါတယ်၊ ပေးလိုက်ပါ့မယ်”။ ရှက်ရှက်ဖြင့် လေဆိပ်ထဲက တိုင်တစ်ခုကို ကွယ်ကာ ပစ္စည်းတွေ ထုတ်သည်။ ခွဲထည့်သည်။ သူငယ်ချင်းဝရကိတ္တိ ပါလို့သာပေါ့။ မန္တလေးက မနန်းခင်ဦး ပေးလိုက်သော စပယ်ရှယ်အကြော်စုံကတော့ ကီလို လျှော့ပွဲမှာ ရှုံးခဲ့လေသည်။ (အခုမှ လက်ဖက်သုပ် စားချင်နေတယ် မှတ်ကရော)။ စားစရာထက် စာအုပ်ကို ပိုချစ်ခဲ့သကိုး။
လေယာဉ်က တိကျသည်။ ၇း၄၅ တွင် ထွက်ခွါသည်။ မြန်မာအနည်းငယ်ပါသည်။ ၁ဝ ယောက်ခန့် ရှိမည်ထင်သည်။ ရင်းရင်းနှီးနှီး စကားပြောဖူးသော ဘရူနိုင်းမယ်တော်ကြီး ဒေါ်သက်သက်နွယ်၏ မိတ်ဆွေ ဒေါ်ကြည်ကြည်မေကို တွေ့လိုက်ရသဖြင့် အံ့သြသွားသလို ပျော်လည်း ပျော်သွားသည်။ ကာတာရောက်မှ ပြောကြမည်ဟု နှုတ်ဆက်သည်။ ခုံချင်းကပ်နေရာတွင် အင်္ဂလန်လူမျိုးစုံတွဲ အဘိုးအဘွားနှစ်ဦးပါသည်။ ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်သည်။ အလွန်ချစ်စရာကောင်းသည်ဟု သဘောထားမိသည်။ အဘွားကြီးနှင့်ကပ်လျက် လိုက်ပါရင်း စကားတွေအများကြီး ပြောဖြစ်သည်။ ပထမဆုံးဥရောပခရီးစဉ်ဟု ပြောလိုက်ရာ ဂျာမန်လူမျိုးများ ပေါင်းသင်းရခက်ကြောင်း၊ မာနကြီးကြောင်း၊ ဂျာမန်စကားခက်ကြောင်း အားတက်သရော ပြောပါတော့သည်။ နောက်ပြီး ခါးပတ်ကို ဘယ်လို ပတ်ရကြောင်း၊ လေယာဉ်စတက်လျှင် နားအူတတ်ကြောင်း၊ (အဲယားလိုင်းက ပေးသည့်) နားကို ဆို့သည့်အရာကို ဆို့ထားသင့်ကြောင်း အမျိုးမျိုး ရှင်းပြပါတော့သည်။ အင်္ဂလန်စုံတွဲသည် အတော်ကျေးဇူးများသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်ကို လွမ်းချိန်များကို အစားထိုးပေးတဲ့အတွက်ကြောင့်ပါပဲ။
၂ နာရီ ခွဲ သုံးနာရီလောက်တွင် အစားအသောက်များ ရောက်လာသည်။ နာရီကြည့်လိုက်သည်။ အေးဆေးပေါ့။ ထွက်လာတာ ၇း၄၅ ဆိုတော့ အချိန်များစွာ ရှိသေးသည်။ နောက် ၁ ခွဲ ၂ လောက်ရှိသောအခါ နောက်တစ်ကြိမ် ရောက်လာသည်။ ခုံရှေ့က စကရင်မှာ နာရီကြည့်လိုက်သည်။ ကာတာစံတော်ချိန် ၉ နာရီခန့် ပြနေသည်ဟု ထင်သည်။ အေးဆေးပေါ့။ အားလုံးကုန်အောင် စားလိုက်သည်။ ကာတာရောက်လျှင် ၁၂ နာရီလောက် ဘယ်လို ဖြတ်သန်းရမလဲဆိုတာ မသိသေးသည့်အတွက် များများစားထားဖို့ လိုအပ်သည် မဟုတ်ပါလား။ လေယာဉ်ပေါ်တွင် နောက်ဖေးသွားသည့်အခါ တန်းစီရသည်။ တန်းစီနေစဉ်အတွင် ဒကာကြီးတစ်ဦးက နှုတ်ဆက်သည်။ စကားပြောကြည့်သောအခါ သူက ကာတာလေဆိပ်တွင် နာရီ ၂ဝ စောင့်ရမည်ဟု ဆိုသည်။ ကိုယ်က ၁၂ နာရီစောင့်ရမှာဆိုတော့ ကိုယ့်ထက်ပိုများနေသည်။ စကားပြောဖော်ရပြီဟု ပြောခဲ့သည်။ ဒကာကြီးကလည်း လေဆိပ်တွင် သူကပ္ပိယလုပ်မည်၊ ဘာမှ မပူနှင့်ဟု ဆိုသည်။ အတော်ဝမ်းသာသွားသည်။ ကာတာလေဆိပ်ဆင်းသောအခါ ဘယ်ကနေဘယ်လို လူကွဲသွားသည်မသိ။ ဒကာကြီးကို ရှာမရတော့ပါ။
အင်္ဂလန်သွားမည့်သူများ၊ အမေရိကသွားမည့်သူများ၊ ဘာလင်သွားမည့်သူများ …. မြန်မာအတော်များများကို တွေ့သော်လည်း သူ့အလုပ်နှင့်သူမို့ ဘယ်သူမှ အချိန်ကြာကြာ စကားပြောချိန်မရှိပါ။ လေဆိပ်ကြီးထဲ လျှောက်သွားသည်။ အားလုံးက အရှေ့အလယ်ပိုင်း ဝတ်စုံများနှင့်သာ များသည်။ မျက်လုံးထဲ ကြည့်ရတာ စိမ်းနေသည်။ ယောင်ချာချာနှင့် လျှောက်ကြည့်ရင်း ဝတ်စုံဖြူမွတ်ဆလင်များနှင့် မိတ်ဆက်ကြည့်သည်။ အားလုံးက ကိုယ့်ကိုလည်း မွတ်ဆလင်ဟု ထင်နေကြသည်။ ကာတာလေဆိပ်တွင် မွတ်ဆလင်ဝတ်ရုံမျိုးစုံ တွေ့ရသည်။
လေဆိပ်ထဲ ဟိုကြည့်ဒီကြည့် ကြည့်နေချိန်တွင် အတော်ပင် သွက်လက်ချက်ခြာသည့် အမျိုးသမီးတစ်ဦး လာနှုတ်ဆက်သည်။ ဘာမပြောညာမပြောနှင့် အစစအရာရာ အားလုံးကူညီပေးမည်ဆိုတဲ့ ဟန်အမူအရာအပြောအဆိုကြောင့် ချီးကျူးမိသလို သူနှင့်ဆုံလိုက်ရသည်မှာ အတော်ဟုတ်သွားသည်။
သူ့နာမည်က မဒိုရိုသီ။ ကာတာအဲယားလိုင်းမှာ အလုပ်လုပ်သည်။ လေယာဉ်မယ်။ အော် ဒါကြောင့် ဒီလောက်သွက်လက်ချက်ခြာနေတာကိုးဟု ပြောမိသည်။ အမေရိကမသွားခင် သူ့အမျိုးသားနှင့် နောက်တစ်နေ့လေယာဉ်ကို စောင့်နေခြင်းဖြစ်သည်။ နားနေစရာရှာသည်။ အခြားသိသင့်သည်များကိုလည်း ပြောပြသည်။ အလကားနားလို့ ရသည့်နေရာကိုလည်း သူတို့ပင် ခေါ်သွားသည်။ အစစအရာရာ ဂရုတစိုက် ကူညီပေးသဖြင့် ကျေးဇူးအလွန်တင်မိသည်။ သူတို့ကြောင့် စိတ်အေးလက်အေး နားနေအိပ်စက်ခွင့် ရခဲ့သည်။
ကိုယ်တစ်ဦးတည်းဆို ယောင်ချာချာနှင့် အိပ်ရေးပျက်မှာ သေချာသည်။ ကိုယ်အလွန်ကြိုက်တတ်သော ကော်ဖီခါးခါးတစ်ခွက်ကိုလည်း ကပ်လိုက်သေးသည်။ ကာတာလေဆိပ်က ကော်ဖီခွက်က လက်ကိုင်ကိုင်းနှစ်ဖက်ပါသော ခွက်အကြီးကြီးဖြစ်သည်။
ည ၁၂း၅၀ အချိန်ရောက်သောအခါ ဘေးအိပ်ယာကို ကြည့်လိုက်သည်။ မဒိုရိုသီတို့နှစ်ဦးသား အိပ်မောကျနေဟန်ရှိသည်။ နှုတ်ဆက်ဖို့ အသံပြုကြည့်သည်။ တုတ်တုတ်မျှ မလှုပ်။ နှုတ်မဆက်ရဘဲတော့ မသွားချင်။ အနည်းဆုံး ကျေးဇူးတင်စကားလေးတော့ ပြောလိုက်ချင်သည်။ ဒါကြောင့် ဒကာတော်ကို လက်ပုတ်နှိုးရသည်။ အိပ်ချင်မူးတူးဖြစ်နေသောမောင်နှံကို ကျေးဇူးစကားဆိုပြီး နှုတ်ဆက်ခဲ့သည်။ အမှန်မှာ သူတို့ကို Check in ဝင်သည်အထိ ခေါ်မည်၊ ပြီးလျှင် ပျော်ပျော်ပါးပါး အမှတ်တရ ဓာတ်ပုံရိုက်မည်ဟု စိတ်ကူးထားခြင်း ဖြစ်သည်။ သို့သော် အိပ်မောကျနေသောစုံတွဲကို မခေါ်ရက်သဖြင့် တစ်ဦးတည်းထွက်လာခဲ့ရသည်။
ဂိတ် ၁၈ တွေ့ပါပြီ။ ဒီတစ်ခါတော့ မြန်မာတစ်ဦးမှ မတွေ့တော့ပါ။ အားလုံး အဖြူချည်း ဖြစ်သည်။ လေယာဉ်က ဘယ်လောက်တောင်ကြီးမည် မသိ။ check in မှာ တန်းစီသည့်လူတန်းကြီးက အရှည်ကြီးဖြစ်သည်။ တန်းစီရင်း စကားပြောဖြစ်သည့် ဂျာမန်စုံတွဲမှာ ချစ်ခင်စရာ အလွန်ကောင်းသည်။ လေယာဉ်ခုံများပေါ် မထိုင်ခင်အထိ ချစ်ချစ်ခင်ခင် ပြောဆိုကြသည်။ ဗုဒ္ဓဘာသာဘုန်းကြီးဆိုတာ ဘာလဲ၊ ဘယ်လို နေရသလဲ၊ ဘာလုပ်ရသလဲ။ စသည် မေးသည်။ တိဗက်ဘုန်းကြီးနှစ်ပါး တစ်တန်းကျော်တွင် တွေ့ရသည်။ မှန်းကြည့်ရခြင်းဖြစ်သည်။ သူတို့ Identity ကတော့ လုံးဝနီးပါး ပျောက်နေသည်။ ကိုယ်တော် ဥရောပရောက်ရင် သမဏသညာတော့ မပျောက်စေနဲ့နော်ဟု အမှတ်တမဲ့ မှာလိုက်သော ခေမာသီဝံဆရာတော့်စကားကို အမှတ်ရမိသည်။
မနက် ၇ နာရီခန့်ရောက်သောအခါ မြူးနစ်မြို့ကို ဆိုက်ရောက်သည်။ စကားကောင်းခဲ့သောဂျာမန်စုံတွဲ ပြေးလာသည်။ ဘာကူညီပေးရမလဲ။ ပစ္စည်းတွေ များလား။ ကူဆွဲပေးရမလား … စသည်ပြောပြီး ကွန်ပြူတာအိတ်ကို အမျိုးသမီးက ဆွဲယူသည်။ ကိုယ့်ကို လာကြိုသူနှင့်တွေ့မှ လမ်းခွဲဖြစ်သည်။ ညံ့တယ်ပဲဆိုဆို မာနကြီးတယ်ပဲဆိုဆို သူတို့ အီးမေးလ်လေးတောင် မတောင်းဖြစ်ခဲ့ပါ။
လေဆိပ်ရောက်တော့ ဂျာမန်ဒကာကြီးက ပန်းစည်းလေးနှင့် ကြိုသည်။ ဘာပန်းလဲဟု မေးသောအခါ ချယ်ရီပန်းဟု ဆိုသည်။ ချယ်ရီပန်း အကြိမ်ပေါင်းများစွာ ကြားဖူးသော်လည်း ပထမဆုံးအကြိမ် ထိဖူးခြင်းပေတကား။ ၁ဝ မိနစ်ခန့်လောက် ကားစီးပြီး ဗောဓိဝိဟာရကို ရောက်သည်။ စကား ၁ နာရီလောက် ပြောပြီးသောအခါ ခဏနားဖို့ ပြောသည်။ ကုတင်ပေါ်သို့ တက်ပြီး အနားယူမည်ကြံသောအခါ လွှမ်းခြုံနေသောအအေးဓာတ်များနှင့်အတူ အလွမ်းဓာတ်များ လျှံကျလာသည်။

ဘယ်သူက ဘာ
ဘယ်သူက ဘာ
ဘယ်ဝါက ဘာ
ဘယ်သူ ဘယ်ကလာ
ဘယ်သူ ဘယ်လို ဖောက် ဆိုတာ
အချိန်နည်းနည်းစောင့်ကြည့်
သိတာပါ။
ဖုံးနေဖိနေ
ကာနေလို့လည်း
အပိုပါပဲ ဆရာရယ်။
အချိန်တန်ရင်
အချိန်တန်ရင် အိပ်တန်းပြန်ရမယ်ဆိုတာ
သိပေမဲ့
ခွန်အားရှိတုန်း
အချိန်ရှိတုန်း
ဝေးဝေး
မြင့်မြင့်
ပျံသန်းရတာ
စိတ်ဝင်စားနေမိတယ်။
ကျွန်တော် မိုးလေဝသအကြောင်းပဲ သိတယ်
ကျွန်တော် မိုးလေဝသအကြောင်းပဲ သိတယ်။ ဘာသာရေး
ငြိမ်းချမ်းရေးအကြောင်း မပြောတတ်ပါဘူး။
ကျွန်တော် ဗုဒ္ဓဘာသာစစ်စစ်ပါ။
ဒါပေမဲ့ တစ်သက်နဲ့တစ်ကိုယ်
ဥပုသ်တစ်ခါမှ မစောင့်ဖူးပါဘူးတဲ့။
ဥပုသ်စောင့် မလိုက်ဘဲ သူတော်ကောင်းဖြစ်နိုင်တယ်ဆိုတာကို ဆရာကြီးက သက်သေပဲတဲ့။ ဒေါက်တာကျော်သူက ဝင်ထောက်တယ်။
အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံနှင့်ခေါင်းစီးစစ်တမ်း
အနောက်တိုင်း မိန်းကလေးတစ်ယောက်ကို “မင်းမျက်နှာလေးက ဖိုးလမင်းလေးလိုပဲ”ဟု
တင်စားချီးမွှမ်းလျှင် သူ့ကို စော်ကားသည်ဟု ယူဆပြီး စိတ်ဆိုးလိမ့်မည်
ဖြစ်သည်။ အနောက်တိုင်းသူတို့၏ ဖွင့်ဆိုချက်တွင် လမင်းကြီးသည်
ဝိုင်းစက်နေသည်။ လမင်းလို ဝိုင်းစက်နေသောမျက်နှာသည် ဝက်နှင့်တူပြီး မည်သို့
လှပါတော့မည်နည်းဟု ယူဆကြသည်။
အရှေ့တိုင်းမှာတော့ “မင်းမျက်နှာလေးက ဖိုးလမင်းလေးကျနေတာပဲ”ဟု ဆိုလျှင် သဘောကျသည်။ “သူ့မျက်နှာလေးက ဝိုင်းစက်ပြီး ချစ်စရာလေး”ဟုပင် ဆိုကြသည် မဟုတ်လော။ အနောက်တိုင်းတွင် “မင်းလေးက ကျားသစ်မလေးကျနေတာပဲ”ဟု ဆိုလျှင် သဘောခွေ့ကြပြန်သည်။ သွယ်လျကျစ်လစ်ပြီး သွက်လက်ဖျက်လက်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြဟန်ရှိသည်။ တစ်ဖန် အရှေ့တိုင်းသူတစ်ဦးကို ကျားသစ်မလေးနဲ့တူတယ်ဟုဆိုလျှင်ကား ခံစားနိုင်လိမ့်မည် မဟုတ်ပေ။
မလေးရှားနိုင်ငံတွင် ခေါင်ရမ်းပန်းသည် ကျက်သရေမင်္ဂလာ၏ ပြယုဂ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ကား ခေါင်ရမ်းပန်းကို အသုဘပန်းဟု ခေါ်ကြသည်။ အသုဘချသည့်အချိန်တွင်သာ အသုံးပြုတတ်၍ ဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှာကိုပင် တစ်တီတူးငှက်သည် အချို့ဒေသများတွင် ငှက်ဆိုးဖြစ်ပြီး အချို့ဒေသများတွင် သာမန်ငှက်တစ်ကောင်မျှသာ ဖြစ်သည်။ အချို့ဒေသများတွင် ဇီးကွက်သည် မင်္ဂလာရှိသော ပညာရှိငှက်ကြီးဖြစ်ပြီး အချို့ဒေသများတွင် ငှက်ဆိုးဟု သမုတ်ကြသည်။ လောက၏ဖွင့်ဆိုချက်များ မည်မျှ ထွေထူးများပြားလှပါသနည်း။ အထက်ပါ ဖွင့်ဆိုသတ်မှတ်ကြပုံများသည် တစ်လောကလုံးနှင့်နှိုင်းစာလျှင် အနည်းငယ်မျှသာ ရှိပါလိမ့်ဦးမည်။ အမှန်အားဖြင့် သတ္တလောက၏ အပြင်ပန်း ဖွင့်ဆိုသမုတ်ထားချက်များသာလျှင် ဖြစ်ချေသေးသည်။
လူသားတို့၏ စိတ်ထဲ၊ နှလုံးသားထဲက ကွဲပြားသော၊ ဆန်းပြားထူးထွေ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည်ကား အဘယ်မျှ ကွဲပြားထူးခြားပြီး စိတ်ဝင်စားဖွယ်ကောင်းလိုက်ပါမည် နည်း။
လူတစ်ယောက်တည်းကိုပဲ တစ်ဦးက လူဆိုး၊ လူယုတ်မာဟု ပြောသည်။ တစ်ဦးက
သူတော်ကောင်းဟု ဆိုသည်။ လူတစ်ဦးတစ်ယောက်တည်းကိုပဲ အချို့က လူမှန်ဟု
ဆိုပြီး အချို့က လူညစ်ဟု သမုတ်ကြပြန်သည်။ လူတစ်ယောက်တည်းကိုပဲ အချို့က
လူတော်ဟု ဆိုပြီး အချို့က လူရှော်ဟု ပြောကြပြန်သည်။
လူကောင်း၊ လူဆိုး၊ လူမှန်၊ လူဖြောင့်၊ လူညစ်၊ လူကောက်ကျစ်၊ လူယုတ်မာ၊ လူတော်၊ လူရှော်၊ ပရဟိတသမား၊ ကိုယ်ကျိုးရှာသမား၊ ကြောင်သူတော်၊ သူတော်စင်၊ သူတော်ကောင်း၊ မြင့်မြတ်သူ၊ ယုတ်ညံ့သူ …. အိုး …. ပညတ်ချက်များ၊ သတ်မှတ်ချက်များ များပြားလှစွာတည့်။
ပတ်ဝန်းကျင်၏ ခေါ်ဝေါ်သမုတ်ချက်များသည် မှန်သည်လည်း ရှိနိုင်သည်။ မှားသည်လည်း ရှိနိုင်သည်။ ပတ်ဝန်းကျင်က ပေးအပ်သော ခေါင်းစီး သို့မဟုတ် အမှတ်တံဆိပ်သည် လုံးဝဂရုမစိုက်ဘဲ လျစ်လျူရှုမထားသင့်သကဲ့သို့ ပတ်ဝန်းကျင်က ပေးအပ်ထားသည်ဆိုတိုင်းလည်း အမှန် သို့မဟုတ် အမှားဟု တစ်ထစ်ချ ဆုံးဖြတ်၍ မသင့်လျော်ချေ။ အဘယ့်ကြောင့်ဆိုသော် လူဆိုသည်မှာ အမှန်၊ အမှား၊ အကောင်း၊ အဆိုး၊ အချစ်၊ အမုန်း၊ မုဒိတာနှလုံးသား၊ မနာလိုမှု၊ အဖြူ၊ အမည်း စသော ဆန့်ကျင်ဘက်စိတ်အခြေအနေများကို တယုတယ သိမ်းပိုက်ထားဆဲ ဖြစ်နေသည်။ ယင်းဆန့်ကျင်ဘက်စိတ်အခြေအနေများ ဖြင့် ပြည့်နှက်နေသော နှလုံးသားပိုင်ရှင်များ ဖြစ်နေသည်။
အမှန်၊ အကောင်း၊ အချစ်၊ မုဒိတာနှလုံးသား၊ အဖြူ စသော အမြုတေများ နှလုံးသားမှာ ကိန်းနေချိန်တွင် သတ်မှတ်ပေးလိုက်သော ခေါင်းစီးသည် အမှန်နှင့်နီးစပ်နိုင်ပြီး အမှား၊ အဆိုး၊ အမုန်း၊ မနာလိုမှု၊ အမည်း စသော အမြုတေများ နှလုံးသားမှာ ကိန်းနေချိန်တွင် သတ်မှတ်ပေးလိုက်သော ခေါင်းစီးသည်ကား အမှားနှင့်နီးစပ်သည်။
လောကတွင် အငြင်းအပွားရဆုံးပြဿနာမှာ ခေါင်းစီးတပ်ခြင်းပင် ဖြစ်သည်။ သူ့လူတော်တယ်၊ ငါ့လူတော်တယ်၊ သူက လူယုတ်မာ၊ သူက သူတော်ကောင်း စသည်ဖြင့် ဘဝတစ်လျှောက်လုံး ခေါင်းစီးတပ်နေကြသည်။ ထိုခေါင်းစီးများကြောင့် အငြင်းပွားရသည်။ ပြဿနာတက်ရသည်။ ရန်ဖြစ်ရသည်။ စစ်ပွဲကြီးတွေ ဖြစ်ရသည်။ မညီမညွတ်ဖြစ်ခြင်း၊ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ခြင်း၊ မိသားစုပဋိပက္ခမှသည် ကမ္ဘာ့စစ်ပွဲကြီးများအထိ ရှိရှိသမျှ ပြဿနာတိုင်းသည် ခေါင်းစီးအပေါ် အခြေခံသည်။
“ငါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကို ကယ်တင်မယ့် မြင့်မြတ်သူလို့ ယုံကြည်တယ်”။ “အင်း ငါကတော့ အဲဒီလို မထင်ဘူး၊ မပြတ်သားသူ ဝါးတားတားသမားလို့ ယုံတယ်”။ “ငါကတော့ ဦးသုတဟာ တော်တော်ညစ်ပတ်တဲ့သူလို့ ထင်တယ်”။ “အဲ ဟုတ်ပါဘူးဟ၊ သူက ကိုယ်ကျိုးစွန့်သမားပါဟ”။ “ဟိုကောင် ဘိုနီဟာ ငပျင်းပဲ”။ “ဟုတ်သေးဘူး ထင်တယ်နော်၊ ငါ့အမြင်တော့ ဒီကောင် တော်တော်ကြိုးစားတဲ့သူပါ”။ တစ်လောကလုံး မိမိတို့ သိမှု၊ မြင်မှု၊ ခံယူမှုအပေါ် အခြေခံပြီး ခေါင်းစီးများ အမျိုးတပ်ကြသည်။
လူတို့သည် ခေါင်းစီးများ အမျိုးမျိုးတပ်ပြီး အငြင်းပွားကြ၊ ဘက်တွေ ကွဲပြားသွားကြသည်။ ထိုမှတစ်ဆင့် ငါနှင့်မတူ ငါ့ရန်သူဖြစ်ပြီး ပဋိပက္ခမီးပွားများ လွင့်စင်ပြန့်ကျဲကုန်ရသည်။
မတူညီသောဘက်များကို ပဋိပက္ခများဆီ ဦးမလှည့်နိုင်အောင် တူညီသော ဘုံရည်မှန်းချက်များ ရှာကြရပြန်သည်။ ထိုဘုံရည်မှန်းချက် ရှာကာမှပင် ပဋိပက္ခများက ကြီးထွားသွားသည်များ ရှိနေတတ်သေးသည်။ စဉ်းစားကြည့်လေလေ ခေါင်းစီးတပ်မှုများ၏ လောကအပေါ် ရိုက်ခတ်မှုမှာ နက်ရှိုင်းလေလေ ဖြစ်သည်ကို တွေ့ရသည်။
ဥပမာအားဖြင့် ဗုဒ္ဓဘုရားရှင်၊ ယေရှု၊ မိုဟာမက် စသော ဘာသာရေးခေါင်းဆောင်များအပေါ် ကမ္ဘာ့လူသားများ ပေးအပ်သောခေါင်းစီးများကို သတိပြုနိုင်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးက “ဗုဒ္ဓဘုရားရှင်ဟာ လောကမှာ အကြီးကျယ် အမြင့်မြတ်ဆုံး”ဟု ဆိုလျှင် ခရစ်ယာန်ဘာသာဝင်က “အိုး နိုး … မင်း ရူးနေလား၊ ယေရှုကသာ အကြီးကျယ်အမြင့်မြတ်ဆုံး”ဟု ဆိုလိမ့်မည်။ မူဆလင်ကတော့ “ဟား ဟား ခင်များတို့ အရူးတွေပဲ၊ ဗုဒ္ဓတို့ ယေရှုတို့ဆိုတာ မိုဟာမက်ရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ဘယ်မီလိမ့်မတုံး”ဟု အားရပါးရ ဆိုပေလိမ့်မည်။ ဒီမိုကရေစီစနစ်ဖြင့်သာ အကြီးကျယ် အမြင့်မြတ်ဆုံး ဆုတံဆိပ်ကို ရွေးချယ်ပါက ဗုဒ္ဓဘုရားရှင်မှာ စတုတ္ထဆုနှင့်သာ ကျေနပ်ရပေလိမ့်မည်။ ဆိုလိုသည်မှာ မိမိပတ်ဝန်းကျင်နှင့် မိမိနှင့်ဆက်စပ်သောလူသားများအပေါ် လောကလူသားတို့ ခေါင်းစီးတပ်ပုံနှင့် ခေါင်းစီးတပ်ခြင်း၏ နက်ရှိုင်းမှုကို သတိပြုစေလို၍ ဖြစ်ပါသည်။
ခေါင်းစီးတပ်ပုံ ကွဲပြားခြားနားခြင်းမှာ အဓိပ္ပာယ်ဖွင့်ဆိုပုံ ကွဲပြားခြားနားခြင်းအပေါ် အခြေခံသည်ကို တွေ့ရမည် ဖြစ်သည်။
သို့ဆိုလျှင် မိမိတို့ ပတ်ဝန်းကျင်နှင့် မိမိတို့နှင့်ဆက်စပ်နေသော လူသားများအပေါ် မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုကြမည်နည်း။ အဓိပ္ပာယ်ဖွင့်ဆိုဖို့ မည်သည့်ပေတံကို အသုံးပြုရမည်နည်း။ မည်သည့်ပေတံကို အသုံးပြုမှ မှန်ကန်သောဖွင့်ဆိုချက်ကို ဖွင့်ဆိုနိုင်ပြီး သဘာဝကျသော သို့မဟုတ် လိုက်ဖက်သောခေါင်းစီး ပေးနိုင်မည်နည်း။ ဤမေးခွန်းကို ဖြေလိုသဖြင့် ရှည်ရှည်ဝေးဝေး နိဒါန်းချီလာရခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ညွှန်ပြတော်မူသော “ခေါင်းစီးစစ်တမ်း”ဟု ဆိုချင်ပါသည်။
ဤခေါင်းစီးစစ်တမ်းသည် ဗုဒ္ဓဘာသာ၏ “အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံ”ဟု ဆိုနိုင်သည်။
“အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံ”ကို ဗုဒ္ဓမြတ်စွာသည် အဂ္ဂိကဘာရဒွါဇပုဏ္ဏားကို အကြောင်းပြုပြီး ဟောတော်မူခဲ့သည်။ ဗုဒ္ဓမြတ်စွာသည် မင်းမျိုးဖြစ်ခြင်း၊ ရုပ်ရည်ရူပကာ သပ္ပာယ်ခြင်းနှင့် သူ၏တရားဓမ္မများကြောင့် အိန္ဒိယနိုင်ငံအနှံ့အပြားတွင် ထင်ရှားကျော်ကြားသည်။ အုပ်ချုပ်သူလူတန်းစား၊ ပညာရှင်အသိုင်းအဝိုင်းက အစ အောက်ခြေလူတန်းစားများအဆုံး အလွှာပေါင်းစုံက လေးစားကြည်ညိုကြသည်။ သို့ရာတွင် အထက်တွင်ဆိုခဲ့သော ကွဲပြားသောအဓိပ္ပာယ်ဖွင့်ဆိုမှုများကြောင့် ဗုဒ္ဓမြတ်စွာအပေါ် သတ်မှတ်ထားသော ခေါင်းစီး သို့မဟုတ် အမှတ်တံဆိပ်သည်ကား အမျိုးမျိုးအဖုံဖုံ ကွဲပြားနေခဲ့သည်။
ဗြဟ္မဏများက ဇာတ်စနစ်အရ သူတို့ကိုယ်သူတို့ အမြင့်မြတ်ဆုံးဟူသော တံဆိပ်ကပ်ထားကြသည်။ အချို့ပညာရှင်များက ဗုဒ္ဓမြတ်စွာ၏ လောကအပေါ် အဓိပ္ပာယ်ဖွင့်ဆိုပုံကို သဘောမတူကြ။ ထို့ကြောင့် သူတို့က ဗုဒ္ဓမြတ်စွာကို ဘုရားတံဆိပ် မခတ်နှိပ်လိုကြ။ အချို့က အယူဝါဒရေးရာအရ ဗုဒ္ဓမြတ်စွာ၏ အမြင့်မြတ်ဆုံးဟူသော ခေါင်းစီးကို လက်မခံကြခြင်း ဖြစ်သည်။ အချို့ကတော့ အယူဝါဒရေးရာအရ ဗုဒ္ဓမြတ်စွာ မှန်ကြောင်း သိသည်။ သို့သော် မိမိတို့၏ လောဘ၊ ကျော်ဇောမှု၊ မနာလိုမှုစသောတရားများ နှလုံးသားတွင် ကိန်းနေသဖြင့် လက်မခံကြခြင်း ဖြစ်သည်။
တစ်နေ့သောအခါက ဗုဒ္ဓမြတ်စွာသည် ဆွမ်းခံကြွရင်း အဂ္ဂိကဘာရဒွါဇပုဏ္ဏားအိမ်ရှေ့သို့ ရောက်လာသည်။ သူသည် ဇာတ်စနစ်အရ သူ့ကိုယ်သူ အမြင့်မြတ်ဆုံးအလွှာထဲမှတစ်ယောက် ဟု ယုံကြည်နေသူဖြစ်သည်။ သူသည် ဗုဒ္ဓမြတ်စွာကို ကြည်ညိုသူ မဟုတ်။ လူအများ ပေးအပ်ထားသည့် “မြတ်စွာဘုရားရှင်”ဟူသောခေါင်းစီးကို
သဘောမကျ။ အမြင်ကပ်နေသူတစ်ဦး ဖြစ်သည်။ သို့ဖြစ်၍ ဗုဒ္ဓမြတ်စွာက
သူ့အိမ်ရှေ့သို့ ရောက်လာပြီး ဆွမ်းရပ်နေသောအခါ စိတ်တိုသွားသည်။ သူသည်
စိတ်ဆိုးဆိုးဖြင့် “ဟေ့ ကတုံးစုတ် အဲဒီမှာ ရပ်နေစမ်း”ဆိုပြီး လှမ်းအော်သည်။
ဗုဒ္ဓမြတ်စွာက တုတ်တုတ်မျှ မလှုပ်။ သူ စိတ်ဆိုးလာသည်။ သို့ဖြင့် “ဟေ့
ရဟန်းယုတ် အဲဒီမှာ ရပ်နေစမ်း”ဟု အော်ပြန်သည်။ ဗုဒ္ဓမြတ်စွာထံမှ တုန့်ပြန်မှု
မရသောအခါ “ဟေ့ လူယုတ်မာကြီး အဲဒီမှာ ရပ်နေစမ်း”ဟု လှမ်းဆဲလိုက်သည်။
ထိုအခါ ဗုဒ္ဓမြတ်စွာက စကားပြန်ပြောသည်။ “အို …. ပုဏ္ဏားကြီး …. သင်က ငါ့ကို လူယုတ်မာကြီးလို့ ခေါ်လိုက်တယ်နော်။ လူယုတ်မာဆိုတာ ဘာကို ပြောတာလဲ။ ဘာဖြစ်လို့ လူတစ်ယောက်ကို လူယုတ်မာလို့ ခေါ်ရသလဲဆိုတာကို သင်သိသလား”ဟု မေးသောအခါ သူက “အိုး …. လူယုတ်မာပါဆို လူယုတ်မာပေါ့”ဟု ဆိုသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာက “အို ပုဏ္ဏားကြီး … လူယုတ်မာဆိုတာ ဘာလဲ၊ ဘာဖြစ်လို့ လူယုတ်မာလို့ ခေါ်ရသလဲဆိုတာတွေကို သင့်ကို ပြောပြမယ်”ဟု ဆိုကာ လူယုတ်မာအဓိပ္ပာယ်ဖွင့်ဆိုချက်များကို ထုတ်ဖော်ပေးခဲ့သည်။
“ပုဏ္ဏားကြီး … အောက်မှာ ငါ ပြောမယ့်အချက်တွေထဲက တစ်ခုခုနဲ့ ငြိနေရင် အဲဒီလူကို လူယုတ်မာလို့ သတ်မှတ်နိုင်တယ်”
၁။ အလွန်ဒေါသကြီး၊ ရန်ငြှိုးထားတတ်၊ ကျေးဇူးတရားနားမလည်၊ ကောက်ကျစ်တတ်သူ
၂။ လူစတဲ့ သတ္တဝါ၊ ငှက်စတဲ့ သတ္တဝါလေးများကို ညှဉ်းဆဲသတ်ဖြတ်တတ်သူ
၃။ မြို့ရွာတွေကို ဖျက်ဆီးတတ်သူ
၎။ ခိုးတတ်သူ
၅။ သူများဆီက အကြွေး ယူထားတယ်။ တစ်နေ့ကျတော့ အကြွေးလာတောင်းတယ်။ ရှိရဲ့သားနဲ့ မရှိဘူးလို့ ပြောတတ်သူ
၆။ လက်နက်အားကို ပြပြီး အနိုင်ကျင့်လုယူတတ်သူ၊ ဓားပြ
၇။ စည်းစိမ်ဥစ္စာကြောင့် လိမ်လည်မုသား ပြောတတ်သူ
၈။ ဆွေမျိုးတို့ရဲ့ မယား၊ သူငယ်ချင်းတို့ရဲ့ မယားကို သဘောတူလို့ဖြစ်စေ၊ မတူဘဲဖြစ်စေ လွန်ကျူးတတ်သူ
၉။ မိအိုဖအိုတို့ကို လုပ်ကျွေးနိုင်ပါလျက် မပြုစုမလုပ်ကျွေးသူ
၁ဝ။ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ယောက္ခမ၊ ယောက္ခထီးတို့ကို ရိုက်တတ်သူ
၁၂။ လုပ်ထားတဲ့ မကောင်းမှုကို ဖုံးထားတတ်သူ
၁၃။ သူများတွေရဲ့ အိမ်ကို သွားတော့ အားရပါးရ စားခဲ့ပြီး ကိုယ့်အိမ်ကို လာလည်တော့ ရှိပေမဲ့ မကျွေးတတ်သူ
၁၄။ အိမ်ကို လာ(ကြွ)ခဲ့ပါ၊ ဘာလှူပါ့မယ်လို့ ပြောပြီး အိမ်လည်း ရောက်ရော “ဘယ်တုန်းက ပြောတာလဲ၊ ကျုပ်တော့ လှူမယ်လို့ ပြောခဲ့ပါဘူး”လို့ လိမ်ပြောတတ်သူ
၁၅။ ပါးစပ်က ပေးမယ်၊ လှူမယ် ပြောပြီး တကယ်မလှူတတ်သူ၊ စကားနဲ့ပဲလှူပြီး လက်နဲ့မလှူသူ
၁၆။ ပစ္စည်းဝတ္ထုကို ရှာပြီး မသူတော်စကားပြောတတ်သူ (ဒီအချက်ကို သေချာမရှင်းပါ။ အဖွင့်ကျမ်းတွေလည်း ကြည့်ဖို့ လက်လှမ်းမမီလို့ ဒီလို သာမန်ပဲ မှတ်တော်မူကြပါ။ သိသူရှိရင်လည်း ရှင်းပြပေးပါ)။
၁၇။ ကိုယ့်ကိုကျတော့ ချီးမွှမ်းဝါကြွားပြီး သူများကျရင်တော့ ကဲ့ရဲ့ရှုတ်ချတတ်သူ
၁၈။ သူများတွေ ရှိလို့၊ သဒ္ဓါပေါက်လို့ လှူနေတာကို ကြည့်ပြီး မနာလိုသူ၊ သူများပစ္စည်းနဲ့ နှမြောနေတတ်သူ
(ရွှေတိဂုံကြီးကွာ ရွှေတွေ အများကြီး။ ဒါတွေကို ဘာလုပ်လိုက်ရင် ဘာညာဆိုတာမျိုး နေမှာပေါ့)
၁၉။ ဘုရားစတဲ့ သူတော်ကောင်းတွေ၊ တရားကျင့်တဲ့ ရသေ့စသည်ကို စွပ်စွဲဆဲရေးသူ
၂ဝ။ ရဟန္တာမဟုတ်ဘဲ ရဟန္တာလို့ လိမ်ပြောသူ
“ပုဏ္ဏားကြီး … သင်တို့က နေရင်းထိုင်ရင်း ကိုယ့်ကိုကိုယ် မြင့်မြတ်သူလို့ ထင်နေကြတယ်။ ဒီမှာ ငါ ပြောမယ်။ အမျိုးဇာတ်ကြောင့်လည်း လူယုတ်မာ မဖြစ်နိုင်ဘူး။ အမျိုးဇာတ်ကြောင့်လည်း သူတော်ကောင်း မဖြစ်နိုင်ဘူး။ ကိုယ်လုပ်တဲ့အလုပ်ကြောင့်ပဲ လူယုတ်မာတို့ သူတော်ကောင်းတို့ဆိုတာ ဖြစ်လာရတာပဲ”။ ဗုဒ္ဓမြတ်စွာ၏ လူယုတ်မာဖွင့်ဆိုချက်ကို ပုဏ္ဏားကြီး သဘောကျသွားပြီး ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သွားခဲ့သည်။
ဗုဒ္ဓမြတ်စွာ၏ လူယုတ်မာစစ်တမ်းကို ဖတ်ရှုပြီးသောအခါ မိမိကိုယ်ကို စစ်တမ်းထုတ်ကြည့်မိပြန်သည်။ “ငါ ဘယ်အချက်တွေနဲ့ ငြိနေသလဲ”။ စာဖတ်သူတို့ကိုလည်း မိမိကိုယ်ကို စစ်တမ်းထုတ်ကြည့်စေချင်သည်။
အမှန်အားဖြင့် ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းသည် မိမိကိုယ်ကို ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းနှင့် မိမိမှအခြားသူတို့ကို ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းဟု နှစ်မျိုးရှိပါသည်။ ဗုဒ္ဓမြတ်စွာက ကိုယ့်ခေါင်းစီး သို့မဟုတ် ကိုယ့်အမှတ်တံဆိပ်ကို ပထမဦးစွာ စစ်တမ်းထုတ်ဖို့ ပြောသည်။ ကိုယ့်ခေါင်းစီး၊ ကိုယ့်အမှတ်တံဆိပ်ကို သိမှ အခြားသူများအပေါ် သဘာဝကျကျ တံဆိပ်ကပ်ပေးနိုင်မည်ဟု မီးမောင်းထိုးပြသည်။ သို့ရာတွင် အခြားသူများကို ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းထက် ကိုယ့်ခေါင်းစီး၊ ကိုယ့်အမှတ်တံဆိပ်ကို အဓိကအာရုံပြုပြီး လူတိုင်းလူတိုင်း ကိုယ့်ဘဝကိုယ်ကို အရည်အသွေးမြှင့်တင်ဖို့ ဗုဒ္ဓမြတ်စွာက အားပေးသည်။
ဗုဒ္ဓမြတ်စွာ ညွှန်ပြခဲ့သည့် အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံကို အသုံးပြုကြမည်။ ပြီးလျှင် ကိုယ့်ဘဝအမှတ်တံဆိပ်ကို အရည်အသွေးမြင့်အောင် ကြိုးစားကြမည်။ လောကသဘာဝအရ အခြားသူများကို တံဆိပ်ကပ်ဖို့ မဖြစ်မနေ လိုအပ်လာလျှင် ထိုအဓိပ္ပာယ်ဖွင့်ဆိုမှုပေတံကို အသုံးပြုကြမည်။ လောကကြီးလည်း ပဋိပက္ခများ လျော့နည်းလာမည်။ ငြိမ်းချမ်းပြီး ပျော်ရွှင်ဖွယ်ရာ လောကကြီးတစ်ခု ဖြစ်လာခဲ့လေသည်။
အရှင်ကုသလသာမိ(အတည်မဲ့)
အရှေ့တိုင်းမှာတော့ “မင်းမျက်နှာလေးက ဖိုးလမင်းလေးကျနေတာပဲ”ဟု ဆိုလျှင် သဘောကျသည်။ “သူ့မျက်နှာလေးက ဝိုင်းစက်ပြီး ချစ်စရာလေး”ဟုပင် ဆိုကြသည် မဟုတ်လော။ အနောက်တိုင်းတွင် “မင်းလေးက ကျားသစ်မလေးကျနေတာပဲ”ဟု ဆိုလျှင် သဘောခွေ့ကြပြန်သည်။ သွယ်လျကျစ်လစ်ပြီး သွက်လက်ဖျက်လက်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြဟန်ရှိသည်။ တစ်ဖန် အရှေ့တိုင်းသူတစ်ဦးကို ကျားသစ်မလေးနဲ့တူတယ်ဟုဆိုလျှင်က
မလေးရှားနိုင်ငံတွင် ခေါင်ရမ်းပန်းသည် ကျက်သရေမင်္ဂလာ၏ ပြယုဂ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ကား ခေါင်ရမ်းပန်းကို အသုဘပန်းဟု ခေါ်ကြသည်။ အသုဘချသည့်အချိန်တွင်သာ အသုံးပြုတတ်၍ ဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှာကိုပင် တစ်တီတူးငှက်သည် အချို့ဒေသများတွင် ငှက်ဆိုးဖြစ်ပြီး အချို့ဒေသများတွင် သာမန်ငှက်တစ်ကောင်မျှသာ ဖြစ်သည်။ အချို့ဒေသများတွင် ဇီးကွက်သည် မင်္ဂလာရှိသော ပညာရှိငှက်ကြီးဖြစ်ပြီး အချို့ဒေသများတွင် ငှက်ဆိုးဟု သမုတ်ကြသည်။ လောက၏ဖွင့်ဆိုချက်များ မည်မျှ ထွေထူးများပြားလှပါသနည်း။ အထက်ပါ ဖွင့်ဆိုသတ်မှတ်ကြပုံများသည် တစ်လောကလုံးနှင့်နှိုင်းစာလျှင် အနည်းငယ်မျှသာ ရှိပါလိမ့်ဦးမည်။ အမှန်အားဖြင့် သတ္တလောက၏ အပြင်ပန်း ဖွင့်ဆိုသမုတ်ထားချက်များသာလျှင
လူသားတို့၏ စိတ်ထဲ၊ နှလုံးသားထဲက ကွဲပြားသော၊ ဆန်းပြားထူးထွေ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည်ကား
လူကောင်း၊ လူဆိုး၊ လူမှန်၊ လူဖြောင့်၊ လူညစ်၊ လူကောက်ကျစ်၊ လူယုတ်မာ၊ လူတော်၊ လူရှော်၊ ပရဟိတသမား၊ ကိုယ်ကျိုးရှာသမား၊ ကြောင်သူတော်၊ သူတော်စင်၊ သူတော်ကောင်း၊ မြင့်မြတ်သူ၊ ယုတ်ညံ့သူ …. အိုး …. ပညတ်ချက်များ၊ သတ်မှတ်ချက်များ များပြားလှစွာတည့်။
ပတ်ဝန်းကျင်၏ ခေါ်ဝေါ်သမုတ်ချက်များသည် မှန်သည်လည်း ရှိနိုင်သည်။ မှားသည်လည်း ရှိနိုင်သည်။ ပတ်ဝန်းကျင်က ပေးအပ်သော ခေါင်းစီး သို့မဟုတ် အမှတ်တံဆိပ်သည် လုံးဝဂရုမစိုက်ဘဲ လျစ်လျူရှုမထားသင့်သကဲ့သို့ ပတ်ဝန်းကျင်က ပေးအပ်ထားသည်ဆိုတိုင်းလည်း အမှန် သို့မဟုတ် အမှားဟု တစ်ထစ်ချ ဆုံးဖြတ်၍ မသင့်လျော်ချေ။ အဘယ့်ကြောင့်ဆိုသော် လူဆိုသည်မှာ အမှန်၊ အမှား၊ အကောင်း၊ အဆိုး၊ အချစ်၊ အမုန်း၊ မုဒိတာနှလုံးသား၊ မနာလိုမှု၊ အဖြူ၊ အမည်း စသော ဆန့်ကျင်ဘက်စိတ်အခြေအနေများကို တယုတယ သိမ်းပိုက်ထားဆဲ ဖြစ်နေသည်။ ယင်းဆန့်ကျင်ဘက်စိတ်အခြေအနေများ
အမှန်၊ အကောင်း၊ အချစ်၊ မုဒိတာနှလုံးသား၊ အဖြူ စသော အမြုတေများ နှလုံးသားမှာ ကိန်းနေချိန်တွင် သတ်မှတ်ပေးလိုက်သော ခေါင်းစီးသည် အမှန်နှင့်နီးစပ်နိုင်ပြီး အမှား၊ အဆိုး၊ အမုန်း၊ မနာလိုမှု၊ အမည်း စသော အမြုတေများ နှလုံးသားမှာ ကိန်းနေချိန်တွင် သတ်မှတ်ပေးလိုက်သော ခေါင်းစီးသည်ကား အမှားနှင့်နီးစပ်သည်။
လောကတွင် အငြင်းအပွားရဆုံးပြဿနာမှာ ခေါင်းစီးတပ်ခြင်းပင် ဖြစ်သည်။ သူ့လူတော်တယ်၊ ငါ့လူတော်တယ်၊ သူက လူယုတ်မာ၊ သူက သူတော်ကောင်း စသည်ဖြင့် ဘဝတစ်လျှောက်လုံး ခေါင်းစီးတပ်နေကြသည်။ ထိုခေါင်းစီးများကြောင့် အငြင်းပွားရသည်။ ပြဿနာတက်ရသည်။ ရန်ဖြစ်ရသည်။ စစ်ပွဲကြီးတွေ ဖြစ်ရသည်။ မညီမညွတ်ဖြစ်ခြင်း၊ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ခြင်း၊ မိသားစုပဋိပက္ခမှသည် ကမ္ဘာ့စစ်ပွဲကြီးများအထိ ရှိရှိသမျှ ပြဿနာတိုင်းသည် ခေါင်းစီးအပေါ် အခြေခံသည်။
“ငါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကို ကယ်တင်မယ့် မြင့်မြတ်သူလို့ ယုံကြည်တယ်”။ “အင်း ငါကတော့ အဲဒီလို မထင်ဘူး၊ မပြတ်သားသူ ဝါးတားတားသမားလို့ ယုံတယ်”။ “ငါကတော့ ဦးသုတဟာ တော်တော်ညစ်ပတ်တဲ့သူလို့ ထင်တယ်”။ “အဲ ဟုတ်ပါဘူးဟ၊ သူက ကိုယ်ကျိုးစွန့်သမားပါဟ”။ “ဟိုကောင် ဘိုနီဟာ ငပျင်းပဲ”။ “ဟုတ်သေးဘူး ထင်တယ်နော်၊ ငါ့အမြင်တော့ ဒီကောင် တော်တော်ကြိုးစားတဲ့သူပါ”။ တစ်လောကလုံး မိမိတို့ သိမှု၊ မြင်မှု၊ ခံယူမှုအပေါ် အခြေခံပြီး ခေါင်းစီးများ အမျိုးတပ်ကြသည်။
လူတို့သည် ခေါင်းစီးများ အမျိုးမျိုးတပ်ပြီး အငြင်းပွားကြ၊ ဘက်တွေ ကွဲပြားသွားကြသည်။ ထိုမှတစ်ဆင့် ငါနှင့်မတူ ငါ့ရန်သူဖြစ်ပြီး ပဋိပက္ခမီးပွားများ လွင့်စင်ပြန့်ကျဲကုန်ရသည်။
မတူညီသောဘက်များကို ပဋိပက္ခများဆီ ဦးမလှည့်နိုင်အောင် တူညီသော ဘုံရည်မှန်းချက်များ ရှာကြရပြန်သည်။ ထိုဘုံရည်မှန်းချက် ရှာကာမှပင် ပဋိပက္ခများက ကြီးထွားသွားသည်များ ရှိနေတတ်သေးသည်။ စဉ်းစားကြည့်လေလေ ခေါင်းစီးတပ်မှုများ၏ လောကအပေါ် ရိုက်ခတ်မှုမှာ နက်ရှိုင်းလေလေ ဖြစ်သည်ကို တွေ့ရသည်။
ဥပမာအားဖြင့် ဗုဒ္ဓဘုရားရှင်၊ ယေရှု၊ မိုဟာမက် စသော ဘာသာရေးခေါင်းဆောင်များအပေါ် ကမ္ဘာ့လူသားများ ပေးအပ်သောခေါင်းစီးများကို သတိပြုနိုင်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးက “ဗုဒ္ဓဘုရားရှင်ဟာ လောကမှာ အကြီးကျယ် အမြင့်မြတ်ဆုံး”ဟု ဆိုလျှင် ခရစ်ယာန်ဘာသာဝင်က “အိုး နိုး … မင်း ရူးနေလား၊ ယေရှုကသာ အကြီးကျယ်အမြင့်မြတ်ဆုံး”ဟု ဆိုလိမ့်မည်။ မူဆလင်ကတော့ “ဟား ဟား ခင်များတို့ အရူးတွေပဲ၊ ဗုဒ္ဓတို့ ယေရှုတို့ဆိုတာ မိုဟာမက်ရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ဘယ်မီလိမ့်မတုံး”ဟု အားရပါးရ ဆိုပေလိမ့်မည်။ ဒီမိုကရေစီစနစ်ဖြင့်သာ အကြီးကျယ် အမြင့်မြတ်ဆုံး ဆုတံဆိပ်ကို ရွေးချယ်ပါက ဗုဒ္ဓဘုရားရှင်မှာ စတုတ္ထဆုနှင့်သာ ကျေနပ်ရပေလိမ့်မည်။ ဆိုလိုသည်မှာ မိမိပတ်ဝန်းကျင်နှင့် မိမိနှင့်ဆက်စပ်သောလူသားများအပေ
ခေါင်းစီးတပ်ပုံ ကွဲပြားခြားနားခြင်းမှာ အဓိပ္ပာယ်ဖွင့်ဆိုပုံ ကွဲပြားခြားနားခြင်းအပေါ် အခြေခံသည်ကို တွေ့ရမည် ဖြစ်သည်။
သို့ဆိုလျှင် မိမိတို့ ပတ်ဝန်းကျင်နှင့် မိမိတို့နှင့်ဆက်စပ်နေသော လူသားများအပေါ် မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုကြမည်နည်း။ အဓိပ္ပာယ်ဖွင့်ဆိုဖို့ မည်သည့်ပေတံကို အသုံးပြုရမည်နည်း။ မည်သည့်ပေတံကို အသုံးပြုမှ မှန်ကန်သောဖွင့်ဆိုချက်ကို ဖွင့်ဆိုနိုင်ပြီး သဘာဝကျသော သို့မဟုတ် လိုက်ဖက်သောခေါင်းစီး ပေးနိုင်မည်နည်း။ ဤမေးခွန်းကို ဖြေလိုသဖြင့် ရှည်ရှည်ဝေးဝေး နိဒါန်းချီလာရခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ညွှန်ပြတော်မူသော “ခေါင်းစီးစစ်တမ်း”ဟု ဆိုချင်ပါသည်။
ဤခေါင်းစီးစစ်တမ်းသည် ဗုဒ္ဓဘာသာ၏ “အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံ”ဟု ဆိုနိုင်သည်။
“အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံ”ကို ဗုဒ္ဓမြတ်စွာသည် အဂ္ဂိကဘာရဒွါဇပုဏ္ဏားကို အကြောင်းပြုပြီး ဟောတော်မူခဲ့သည်။ ဗုဒ္ဓမြတ်စွာသည် မင်းမျိုးဖြစ်ခြင်း၊ ရုပ်ရည်ရူပကာ သပ္ပာယ်ခြင်းနှင့် သူ၏တရားဓမ္မများကြောင့် အိန္ဒိယနိုင်ငံအနှံ့အပြားတွင် ထင်ရှားကျော်ကြားသည်။ အုပ်ချုပ်သူလူတန်းစား၊ ပညာရှင်အသိုင်းအဝိုင်းက အစ အောက်ခြေလူတန်းစားများအဆုံး အလွှာပေါင်းစုံက လေးစားကြည်ညိုကြသည်။ သို့ရာတွင် အထက်တွင်ဆိုခဲ့သော ကွဲပြားသောအဓိပ္ပာယ်ဖွင့်ဆိုမှုမျ
ဗြဟ္မဏများက ဇာတ်စနစ်အရ သူတို့ကိုယ်သူတို့ အမြင့်မြတ်ဆုံးဟူသော တံဆိပ်ကပ်ထားကြသည်။ အချို့ပညာရှင်များက ဗုဒ္ဓမြတ်စွာ၏ လောကအပေါ် အဓိပ္ပာယ်ဖွင့်ဆိုပုံကို သဘောမတူကြ။ ထို့ကြောင့် သူတို့က ဗုဒ္ဓမြတ်စွာကို ဘုရားတံဆိပ် မခတ်နှိပ်လိုကြ။ အချို့က အယူဝါဒရေးရာအရ ဗုဒ္ဓမြတ်စွာ၏ အမြင့်မြတ်ဆုံးဟူသော ခေါင်းစီးကို လက်မခံကြခြင်း ဖြစ်သည်။ အချို့ကတော့ အယူဝါဒရေးရာအရ ဗုဒ္ဓမြတ်စွာ မှန်ကြောင်း သိသည်။ သို့သော် မိမိတို့၏ လောဘ၊ ကျော်ဇောမှု၊ မနာလိုမှုစသောတရားများ နှလုံးသားတွင် ကိန်းနေသဖြင့် လက်မခံကြခြင်း ဖြစ်သည်။
တစ်နေ့သောအခါက ဗုဒ္ဓမြတ်စွာသည် ဆွမ်းခံကြွရင်း အဂ္ဂိကဘာရဒွါဇပုဏ္ဏားအိမ်ရှေ့သို့
ထိုအခါ ဗုဒ္ဓမြတ်စွာက စကားပြန်ပြောသည်။ “အို …. ပုဏ္ဏားကြီး …. သင်က ငါ့ကို လူယုတ်မာကြီးလို့ ခေါ်လိုက်တယ်နော်။ လူယုတ်မာဆိုတာ ဘာကို ပြောတာလဲ။ ဘာဖြစ်လို့ လူတစ်ယောက်ကို လူယုတ်မာလို့ ခေါ်ရသလဲဆိုတာကို သင်သိသလား”ဟု မေးသောအခါ သူက “အိုး …. လူယုတ်မာပါဆို လူယုတ်မာပေါ့”ဟု ဆိုသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာက “အို ပုဏ္ဏားကြီး … လူယုတ်မာဆိုတာ ဘာလဲ၊ ဘာဖြစ်လို့ လူယုတ်မာလို့ ခေါ်ရသလဲဆိုတာတွေကို သင့်ကို ပြောပြမယ်”ဟု ဆိုကာ လူယုတ်မာအဓိပ္ပာယ်ဖွင့်ဆိုချက်မျ
“ပုဏ္ဏားကြီး … အောက်မှာ ငါ ပြောမယ့်အချက်တွေထဲက တစ်ခုခုနဲ့ ငြိနေရင် အဲဒီလူကို လူယုတ်မာလို့ သတ်မှတ်နိုင်တယ်”
၁။ အလွန်ဒေါသကြီး၊ ရန်ငြှိုးထားတတ်၊ ကျေးဇူးတရားနားမလည်၊ ကောက်ကျစ်တတ်သူ
၂။ လူစတဲ့ သတ္တဝါ၊ ငှက်စတဲ့ သတ္တဝါလေးများကို ညှဉ်းဆဲသတ်ဖြတ်တတ်သူ
၃။ မြို့ရွာတွေကို ဖျက်ဆီးတတ်သူ
၎။ ခိုးတတ်သူ
၅။ သူများဆီက အကြွေး ယူထားတယ်။ တစ်နေ့ကျတော့ အကြွေးလာတောင်းတယ်။ ရှိရဲ့သားနဲ့ မရှိဘူးလို့ ပြောတတ်သူ
၆။ လက်နက်အားကို ပြပြီး အနိုင်ကျင့်လုယူတတ်သူ၊ ဓားပြ
၇။ စည်းစိမ်ဥစ္စာကြောင့် လိမ်လည်မုသား ပြောတတ်သူ
၈။ ဆွေမျိုးတို့ရဲ့ မယား၊ သူငယ်ချင်းတို့ရဲ့ မယားကို သဘောတူလို့ဖြစ်စေ၊ မတူဘဲဖြစ်စေ လွန်ကျူးတတ်သူ
၉။ မိအိုဖအိုတို့ကို လုပ်ကျွေးနိုင်ပါလျက် မပြုစုမလုပ်ကျွေးသူ
၁ဝ။ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ယောက္ခမ၊ ယောက္ခထီးတို့ကို ရိုက်တတ်သူ
၁၂။ လုပ်ထားတဲ့ မကောင်းမှုကို ဖုံးထားတတ်သူ
၁၃။ သူများတွေရဲ့ အိမ်ကို သွားတော့ အားရပါးရ စားခဲ့ပြီး ကိုယ့်အိမ်ကို လာလည်တော့ ရှိပေမဲ့ မကျွေးတတ်သူ
၁၄။ အိမ်ကို လာ(ကြွ)ခဲ့ပါ၊ ဘာလှူပါ့မယ်လို့ ပြောပြီး အိမ်လည်း ရောက်ရော “ဘယ်တုန်းက ပြောတာလဲ၊ ကျုပ်တော့ လှူမယ်လို့ ပြောခဲ့ပါဘူး”လို့ လိမ်ပြောတတ်သူ
၁၅။ ပါးစပ်က ပေးမယ်၊ လှူမယ် ပြောပြီး တကယ်မလှူတတ်သူ၊ စကားနဲ့ပဲလှူပြီး လက်နဲ့မလှူသူ
၁၆။ ပစ္စည်းဝတ္ထုကို ရှာပြီး မသူတော်စကားပြောတတ်သူ (ဒီအချက်ကို သေချာမရှင်းပါ။ အဖွင့်ကျမ်းတွေလည်း ကြည့်ဖို့ လက်လှမ်းမမီလို့ ဒီလို သာမန်ပဲ မှတ်တော်မူကြပါ။ သိသူရှိရင်လည်း ရှင်းပြပေးပါ)။
၁၇။ ကိုယ့်ကိုကျတော့ ချီးမွှမ်းဝါကြွားပြီး သူများကျရင်တော့ ကဲ့ရဲ့ရှုတ်ချတတ်သူ
၁၈။ သူများတွေ ရှိလို့၊ သဒ္ဓါပေါက်လို့ လှူနေတာကို ကြည့်ပြီး မနာလိုသူ၊ သူများပစ္စည်းနဲ့ နှမြောနေတတ်သူ
(ရွှေတိဂုံကြီးကွာ ရွှေတွေ အများကြီး။ ဒါတွေကို ဘာလုပ်လိုက်ရင် ဘာညာဆိုတာမျိုး နေမှာပေါ့)
၁၉။ ဘုရားစတဲ့ သူတော်ကောင်းတွေ၊ တရားကျင့်တဲ့ ရသေ့စသည်ကို စွပ်စွဲဆဲရေးသူ
၂ဝ။ ရဟန္တာမဟုတ်ဘဲ ရဟန္တာလို့ လိမ်ပြောသူ
“ပုဏ္ဏားကြီး … သင်တို့က နေရင်းထိုင်ရင်း ကိုယ့်ကိုကိုယ် မြင့်မြတ်သူလို့ ထင်နေကြတယ်။ ဒီမှာ ငါ ပြောမယ်။ အမျိုးဇာတ်ကြောင့်လည်း လူယုတ်မာ မဖြစ်နိုင်ဘူး။ အမျိုးဇာတ်ကြောင့်လည်း သူတော်ကောင်း မဖြစ်နိုင်ဘူး။ ကိုယ်လုပ်တဲ့အလုပ်ကြောင့်ပဲ လူယုတ်မာတို့ သူတော်ကောင်းတို့ဆိုတာ ဖြစ်လာရတာပဲ”။ ဗုဒ္ဓမြတ်စွာ၏ လူယုတ်မာဖွင့်ဆိုချက်ကို ပုဏ္ဏားကြီး သဘောကျသွားပြီး ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သွားခဲ့သည်။
ဗုဒ္ဓမြတ်စွာ၏ လူယုတ်မာစစ်တမ်းကို ဖတ်ရှုပြီးသောအခါ မိမိကိုယ်ကို စစ်တမ်းထုတ်ကြည့်မိပြန်သည်။ “ငါ ဘယ်အချက်တွေနဲ့ ငြိနေသလဲ”။ စာဖတ်သူတို့ကိုလည်း မိမိကိုယ်ကို စစ်တမ်းထုတ်ကြည့်စေချင်သည်။
အမှန်အားဖြင့် ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းသည် မိမိကိုယ်ကို ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းနှင့် မိမိမှအခြားသူတို့ကို ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းဟု နှစ်မျိုးရှိပါသည်။ ဗုဒ္ဓမြတ်စွာက ကိုယ့်ခေါင်းစီး သို့မဟုတ် ကိုယ့်အမှတ်တံဆိပ်ကို ပထမဦးစွာ စစ်တမ်းထုတ်ဖို့ ပြောသည်။ ကိုယ့်ခေါင်းစီး၊ ကိုယ့်အမှတ်တံဆိပ်ကို သိမှ အခြားသူများအပေါ် သဘာဝကျကျ တံဆိပ်ကပ်ပေးနိုင်မည်ဟု မီးမောင်းထိုးပြသည်။ သို့ရာတွင် အခြားသူများကို ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းထက် ကိုယ့်ခေါင်းစီး၊ ကိုယ့်အမှတ်တံဆိပ်ကို အဓိကအာရုံပြုပြီး လူတိုင်းလူတိုင်း ကိုယ့်ဘဝကိုယ်ကို အရည်အသွေးမြှင့်တင်ဖို့ ဗုဒ္ဓမြတ်စွာက အားပေးသည်။
ဗုဒ္ဓမြတ်စွာ ညွှန်ပြခဲ့သည့် အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံကို အသုံးပြုကြမည်။ ပြီးလျှင် ကိုယ့်ဘဝအမှတ်တံဆိပ်ကို အရည်အသွေးမြင့်အောင် ကြိုးစားကြမည်။ လောကသဘာဝအရ အခြားသူများကို တံဆိပ်ကပ်ဖို့ မဖြစ်မနေ လိုအပ်လာလျှင် ထိုအဓိပ္ပာယ်ဖွင့်ဆိုမှုပေတံကို အသုံးပြုကြမည်။ လောကကြီးလည်း ပဋိပက္ခများ လျော့နည်းလာမည်။ ငြိမ်းချမ်းပြီး ပျော်ရွှင်ဖွယ်ရာ လောကကြီးတစ်ခု ဖြစ်လာခဲ့လေသည်။
အရှင်ကုသလသာမိ(အတည်မဲ့)
နောက်ထပ် ဆစ်ကင်း
ဒလိုင်းလားမာ အတ္ထုပ္ပတ္တိဇာတ်ကားကို ကြည့်တုန်းက ဒလိုင်းလားမားကို
မော်စီတုန်းက “Religion is poison -ဘာသာရေးဆိုတာ အဆိပ်”လို့ ပြောတဲ့စကားကို
အမှတ်ရနေပါတယ်။ နောက်ပြီး “ဘာသာဆိုတာ ဘိန်းနဲ့တူတယ်”ဆိုတဲ့စကားလည်း
ရှိပါတယ်။ ဘာသာရေးသမားတွေကတော့ ကန့်ကွက်ကြတာပဲ။ ဘယ်လိုပင် ကန့်ကွက်ကန့်ကွက်
အနေအထားမကျရင် အဲဒီစကားတွေက မှန်နေတတ်ပြန်ပါတယ်။ နေရာတိုင်းကိုတော့
မဆိုလိုပါဘူး။ အနေအထားမကျရင်ဆိုတဲ့ စကားက ကျယ်ပြန့်ပါတယ်။
စာလေးတစ်ပုဒ် ဖတ်ဖူးတယ်။ ကျွန်းလေးတစ်ကျွန်းမှာ သူတို့ ယုံကြည်မှုနဲ့သူ အေးချမ်းပျော်ရွှင်နေတဲ့ လူမျိုးစုလေးတွေ ရှိတယ်။ နောက်ပိုင်းမှာ ကမ္ဘာ့ဘာသာကြီးတွေက စေတနာရှင်တွေအသွင်နဲ့ သာသနာပြု ရောက်သွားကြတယ်။ အေးချမ်းနေတဲ့ လူမျိုးစုလေးဟာ စိတ်ဝမ်းတွေ ကွဲကုန်တယ်။ အချင်းချင်း မညီညွတ်မှုတွေ ဖြစ်သွားတယ်။ နောက်ပိုင်းမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပြီး အေးချမ်းတဲ့ကျွန်းလေးဟာ မငြိမ်းမချမ်း အခြေအနေတွေကို ပိုင်ဆိုင်လိုက်ရတယ်။ ဒါကြောင့်ပဲ “ဘာသာရေးဆိုတာ ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးနဲ့တူတယ်”လို့ ဆိုကြပြန်တာ ဖြစ်ပေလိမ့်မယ်။
ရန်ကုန်၊ ပုလဲမြို့သစ်က လူမှုရေးအသင်းအဖွဲ့ လူငယ်တစ်ဦးက ပြောတယ်။ “ကမ္ဘာ့နိုင်ငံကြီးတွေက မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူး။ ဘာသာခြားတွေကို နှိပ်ကွပ်တယ်”လို့ ပြောရင် မခံချင်ပါဘူး။ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာဝင်တိုင်းရဲ့ အထိမ်းအမှတ် ကျောင်းတွေဟာ ဥရောပနိုင်ငံအချို့မှာထက်ကို မြောက်မြားစွာ ဆောက်ခွင့်ပြုထားလို့ပါပဲ”တဲ့။
သူက ဆက်ပြောသေးတယ်။ “ဥရောပနိုင်ငံကြီးတွေ၊ တခြားမူစလင်နိုင်ငံတွေဟာ သူတို့ မြေပေါ်မှာ တရားဝင် ဗုဒ္ဓဘာသာကျောင်းတွေ ဘယ်နှစ်ကျောင်းများ ဆောက်ခွင့်ပြုပါသလဲ။ ဘာသာရေးအခမ်းအနားတွေကို ဘယ်လောက်ထိ လွတ်လပ်စွာ လုပ်ခွင့်ပြုပါသလဲ။ ကျွန်တော်က မလေးရှားမှာ အလုပ်လုပ်ဖူးတယ်။ ဗုဒ္ဓဘာသာတွေအပေါ်မှာ မူစလင်တွေ ဘယ်လို သဘောထားသလဲ။ ဒါကို နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မလေးရှားဆိုတာ မူစလင်နိုင်ငံလေ။ မူစလင်နိုင်ငံဖြစ်လို့ မူစလင်ဘာသာကို ဦးစားပေးတယ်။ ဘာမှ ပြောစရာ မရှိပါဘူး။ သူတို့ကို မူစလင်ဘာသာကိုတော့ ဦးစားပေးမယ်။ ဗုဒ္ဓဘာသာကို ဦးစားမပေးဘူး၊ ခရစ်ယာန်ဘာသာကို ဦးစားမပေးဘူးလို့ ဘယ်တော့မှ ဝေဖန်မိမှာ မဟုတ်ပါဘူး”လို့ အားရပါးရ ပြောနေပါတယ်။
ဟုတ်ပါတယ်။ တစ်နိုင်ငံလုံး မူစလင်ဖြစ်နေတဲ့ နိုင်ငံမှာ တစ်ခြားဘာသာတစ်ခုခုက ၀င်ရောက်ဆွဲဆောင် သိမ်းသွင်းနေပြီဆိုရင် ဒေသခံ မူစလင်တွေ စိတ်ဆင်းရဲတော့မယ်။ ဒါ ထုံးစံပဲ။ ခရစ်ယာန်ကြီးစိုးတဲ့ နိုင်ငံမှာလည်း ထို့အတူပဲပေါ့။ “ဒါ ဒီမိုကရေစီခေတ်ကွ၊ လူတိုင်းလူတိုင်းဟာ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ရှိတယ်”လို့ ဆိုပြီး အကုန်လိုက်ရမ်းနေရင်တော့ ဒါ နည်းလမ်းမကျသေးဘူးလို့ ထင်ပါတယ်။
ဒီမိုကရေစီဆိုတာ အချင်းချင်း လေးစားတန်ဖိုးထားစိတ်အပေါ်မှာ အခြေတည်မှ ဒီမိုကရေစီ စစ်တာပါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဗရမ်းဗတာ(လွတ်လွတ်လပ်လပ်) တိုက်ခိုက်နေကြတာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တန်ဖိုးထားစိတ်နဲ့ အချင်းချင်းနားလည်မှုထားပြီး လုပ်ဆောင်ကြမှသာ ဒီမိုကရေစီ ဖြစ်တာပါ။ လူသားရဲ့ လွတ်လပ်ခွင့်ကို အကြောင်းပြပြီး ဗရမ်းဗတာ ပြော၊ ဗရမ်းဗတာ လုပ်လို့ မရပါဘူး။ အခြေအနေနဲ့ အချိန်အခါကိုလည်း ကြည့်ရပါအုံးမယ်။ “လူပျိုပဲကွ၊ အပျိုကို ရည်းစားစကားပြောတာ ဘာဖြစ်လဲ”ဆိုပြီး အခြေအနေနဲ့ အချိန်အခါကို မကြည့်ဘဲ လိုက်ပြောနေလို့ မရပါဘူး။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ မိမိတို့ ယဉ်ကျေးမှုနဲ့ အမျိုးသားရေးလက္ခဏာဆိုတာတွေကို ဝေဖန်သုံးသပ်နိုင်ဖို့အတွက် ဘူတန်နိုင်ငံက ဘာသာကူးပြောင်းမှု တားဆီးဆန့်ကျင်ရေးဥပဒေ (Anti-Conversion Law) ထုတ်ပြန်ပြဋ္ဌာန်းချိန်က အဖြစ်အပျက်လေးများကို မီးမောင်းထိုးပြောပြချင်ပါတယ်။ အဲဒီအဖြစ်အပျက်လေးတွေကို ဖတ်တဲ့အခါတိုင်း မိမိတို့ မြန်မာနိုင်ငံက အခြေအနေများနဲ့ စိတ်ကူးထဲမှာ နှိုင်းယှဉ်သုံးသပ်သွားဖို့ မေတ္တာရပ်ခံပါရစေ။
ဘာသာကူးပြောင်းမှုဥပဒေ ထွက်လာတာနဲ့ ခရစ်ယာန်သာသနာပြုတွေက မီဒီယာမျိုးစုံကို သုံးပြီးတော့ “ဘူတန်တွေဟာ ခရစ်ယာန်တွေကို နှိမ်နေပါတယ်။ ဘူတန်ယဉ်ကျေးမှုဆိုတာကလည်း ရှေးဦး မယဉ်ကျေးမီခေတ်က ပုံစံတွေလို ဖြစ်နေတယ်၊ ဒါကြောင့် သူတို့အနေနဲ့ လူယဉ်ကျေးတွေ ဖြစ်အောင် သာသနာပြုရပါတယ်”စသဖြင့် ဘာသာကူးပြောင်းမှုဥပဒေကို ကန့်ကွက်ရေးသားပြီး ဖိအားပေးကြတယ်။
ဘူတန်ကတော့ သူ့အကြောင်းပြချက်နဲ့သူ ထုတ်ပြန်လိုက်တာပါ။ အစိုးရရဲ့ ဒီအကြောင်းပြချက်တွေဟာ မူမမှန်တဲ့အကြောင်းပြချက်တွေဖြစ်ကြောင်း၊ ခရစ်ယာန်တွေကို နှိပ်ကွပ်နေကြောင်း စသဖြင့် ကမ္ဘာ့မီဒီယာတွေကို သုံးပြီး ခရစ်ယာန်တွေက ဝေဖန်ကြပြန်ပါတယ်။
ဥပဒေရဲ့ ဆိုလိုချက်အပြည့်အစုံကတော့ “ဘူတန်နိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေ၊ အပိုဒ် ၄၆၃ အရ တစ်စုံတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကို ဘာသာရေးအရ ဆွဲဆောင်သိမ်းသွင်းခြင်း သို့မဟုတ် သိမ်းသွင်းသည့်ပုံစံတစ်မျိုးမျိုးဖြင့် ဘာသာတစ်ခုမှ ဘာသာတစ်ခုသို့ ပြောင်းလဲအောင် အားထုတ်လျှင် ဘာသာရေးဆွဲဆောင်သိမ်းသွင်းမှု အပြစ်ဒဏ်သက်ရောက်စေရမည်”လို့ ဖြစ်ပါတယ်။
မြို့တော် သင်းဘူး (Thimphu)က အမည်မဖော်လိုတဲ့ သင်းအုပ်ဆရာတစ်ဦးက “ဒီ ဘာသာကူးပြောင်းမှုဆန့်ကျင်ရေး ဥပဒေက အတည်ပြုလုနီးနီး ဖြစ်နေပါပြီ၊ ဒါပေမယ့် အခုချိန်မှာ လက်တွေ့အကောင်အထည်ဖော်မှုတော့ မရှိသေးပါဘူး၊ ဒီဥပဒေက ခရစ်ယာန်ဘာသာဝင် တိုးပွားမှုကို ဦးတည်တိုက်ခိုက်တာ ဖြစ်ပုံရပါတယ်”ဟု ဝေဖန်ပါတယ်။ ဒီလေသံကို လိုက်ပြီးတော့ ကမ္ဘာ့မီဒီယာတွေကလည်း ဘူတန်ဗုဒ္ဓဘာသာတွေဟာ ရက်စက်ကြောင်း၊ ဘာသာခြားများအပေါ် အကြမ်းဖက်ကြောင်း စသဖြင့် သံပြိုင်ဖိအားပေးကြပါတယ်။
ဘူတန်၊ ပါလီမန်တစ်ယောက်ဖြစ်တဲ့ ကွင်လေးရှာရင်း (Kuenlay Tshering)ကတော့ “ဒီဥပဒေဟာ ဘူတန်ဘုရင့်နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ ကိုက်ညီတယ်၊ ဖွဲ့စည်းပုံဥပဒေမှာ - ဘူတန်နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် ရှိပါတယ်၊ ဘယ်သူကမှ ဘာသာရေးဆွဲဆောင်သိမ်းသွင်းမှုနည်းနဲ့
အခြားဘာသာအတွင်းကို မသွတ်သွင်းစေရ-လို့ ပါရှိပါတယ်”လို့ ကမ္ဘာ့မီဒီယာတွေကို
တုန့်ပြန်ပါတယ်။ ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့မီဒီယာဆိုတာလည်း
အင်အားကြီးသူနောက်ပဲ လိုက်တတ်တာဆိုတော့ ဘူတန်အစိုးရရဲ့တုန့်ပြန်သံတွေကေ တာ့
ကျယ်ပြန့်မှု မရှိလှပါဘူး။ “နိုင်ငံတော်က ဒီဥပဒေကို ဖောက်ဖျက်သူကို
သုံးနှစ်ထက်လျော့နည်းတဲ့ ထောင်ဒဏ်အပြစ်ပေးနိုင်တဲ့
အသေးအဖွဲကိစ္စတစ်ရပ်အနေနဲ့ပဲ သုံးသပ်ထားပါတယ်”လို့လည်း ကွင်းလေးရှာရင်းက
ဆိုပါတယ်။
“ဒီလို ဥပဒေမျိုးကို အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ပြဋ္ဌာန်းထားတာပဲ။ ဒါပေမဲ့ သူတို့ကတော့ ဘာသာရေးသိမ်းသွင်းမှုဆိုတဲ့ဝေါဟာ ရကို
မရေမရာလုပ်ထားပြီး ခရစ်ယာန်တွေကို ခြိမ်းခြောက်ဖို့အတွက် မှားယွင်းစွာ
အသုံးပြုနေကြပါတယ်၊ ဒါကို ကျွန်တော်တို့ သတိထားပါတယ်၊ ကျွန်တော်တို့ကတော့
အဲဒီလို မဖြစ်စေရပါဘူး”လို့လည်း ဖြည့်စွက်ပြောကြားပါတယ်။
ဘူတန်နိုင်ငံဟာ လူဦးရေ ၆၈၃၄၀၇ ရှိတဲ့အနက် ၇၅ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက နိုင်ငံရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းတွေမှာ အဓိက နေကြပါတယ်။ နီပေါလ်လူမျိုးစုဝင်တွေဖြစ်တဲ့ ခန့်မှန်းခြေ ၂၂ ရာခိုင်နှုန်းလောက်ရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကတော့ နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ ခရစ်ယာန်တွေကတော့ ၆၀၀၀-လောက်သာ ရှိပါတယ်။ အများစုကတော့ နီပေါလ်လူမျိုးစုတွေ ဖြစ်ပါတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့
တရားဝင်စာသင်ကျောင်းတော့ မရှိပါဘူး။ သမ္မာကျမ်းစာကိုတော့ ဘူတန်ဘာသာစကားနဲ့
နီပေါလ်ဘာသာစကားတွေနဲ့ ဘာသာပြန်ထားတာ ရှိပါတယ်။ ဘူတန်ဖွဲ့စည်းပုံဥပဒေက
ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပေးထားပေမဲ့ အစိုးရကတော့
ခရစ်ယာန်တွေရှိနေတာကို တရားဝင် အသိအမှတ် မပြုပါဘူး။
ဘူတန်နိုင်ငံရဲ့ တရားဝင်ဝက်ဘဆိုက်မှာ “မဟာယာန်ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဒရုပ်ပ ကတ်ဂျူးဂိုဏ်း (Drukpa Kagyue school)ဟာ နိုင်ငံတော်ဘာသာ ဖြစ်ပါတယ်။ တောင်ပိုင်းကတော့ ဟိန္ဒူဘာသာလွှမ်းမိုးမှု ရှိပါတယ်။ နိုင်ငံရဲ့ အချို့ဒေသတွေမှာတော့ သေလွန်သူကို ကိုးကွယ်မှု၊ တိရစ္ဆာန်ကိုးကွယ်မှုနဲ့ နတ်ကိုးကွယ်မှု အကြွင်းအကျန်တွေ တည်ရှိနေဆဲ ဖြစ်ပါတယ်”လို့ တွေ့ရပါတယ်။
ခရစ်ယာန်ဘာသာနဲ့ပတ်သက်တာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
“ဘူတန်နိုင်ငံဟာ နှစ်ပေါင်း ၁၀၀-ကျော်သက်တမ်းရှိတဲ့ ဘုရင်စနစ်ကို ကျင့်သုံးဆဲ ဖြစ်ပါတယ်။ ၂၀၀၈-ခုနှစ်၊ ပထမဦးဆုံး ရွေးကောက်ပွဲအပြီးမှာ ဒီမိုကရေစီနိုင်ငံ ဖြစ်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး ဘူတန်ဟာ ဘာသာရေးလွတ်လပ်ခွင့်အပါအ၀င် ကိစ္စရပ်များစွာကို လွတ်လွတ်လပ်လပ် လုပ်ဆောင်လာခဲ့ကြတယ်။ ဒါဆိုရင် နောက်ထပ် ဘာသာရေးတွေ ဘာဖြစ်လို့ လိုအပ်နေအုံးမလဲ”လို့ ပြည်ထဲရေးနဲ့ယဉ်ကျေးမှုဝန်ကြီး ဒေါ်ဂျိက ပြောပါတယ်။
“ဘူတန်ဟာ ခရစ်ယာန်ဘာသာတင် မဟုတ်ပါဘူး၊ ဘယ်ဘာသာရေးယုံကြည်မှုတွေနဲ့မှ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ သိထားရမှာက ဘူတန်ဆိုတာ လူဦးရေ ၆၀၀၀၀၀ ကျော်လောက်သာ ရှိတဲ့ နိုင်ငံသေးသေးလေးတစ်ခုပါ။ ကျွန်တော်တို့ အများစုဟာ ဗုဒ္ဓဘာသာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ဟိန္ဒူရှိတယ်၊ ခရစ်ယာန်ရှိတယ်။ ကဲ… ဒါဆိုရင် ကျွန်တော်တို့ နောက်ထပ်ဘာသာရေးတွေ ထပ်ပြီး လိုသေးလို့လား”လို့လည်း ဆက်ပြောသွားပါတယ်။
ဘူတန်နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ဟာ ဗုဒ္ဓဘာသာနဲ့ နီးနီးကပ်ကပ် ဆက်သွယ်မှု ရှိနေပါတယ်။ ဒေါ်ဂျိဦးဆောင်တဲ့ ပြည်ထဲရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာ နက
မြို့တော် သင်းဘူးမှာ ရှိပ်ချိုဇောင်း (Tashichho Dzong)လို့ ကျော်ကြားတဲ့
ဧရာမဘုန်းတော်ကြီးကျောင်းအတွက် ၀င်ရောက်လုပ်ကိုင်ပေးပါသေးတယ်။
“ဗုဒ္ဓဘာသာဟာ ဘူတန်ပြည်သူတွေကို အတူတကွ ရှင်သန်စေပြီး ညီညွတ်စေပါတယ်။ ဘူတန်လူမျိုးတွေရဲ့ လူမှုဘ၀ဟာ ဇောင်းဘုန်းတော်ကြီးကျောင်းမှာ ဗဟိုပြုနေပါတယ်”လို့ ဒေါ်ဂျိက ရှင်းပြပါတယ်။
“ခင်ဗျားတို့ အိန္ဒိယကို ကြည့်လိုက်ပါ၊ ဘာသာရေးပေါင်းစုံပူးတွဲနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် တင်းမာမှုတွေ၊ သွေးချောင်းစီးမှုတွေ မကြာခဏ ဖြစ်နေတာကို တွေ့ပါလိမ့်မယ်။ ဘူတန်ကို အဲဒီလို မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဟာ အိန္ဒိယနဲ့ တရုတ်ဆိုတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ ရပ်တည်နေရတာပါ။ ဘူတန်လူမျိုးတွေဟာ ဘယ်တုန်းကမှ ကိုလိုနီနိုင်ငံ မဖြစ်ခဲ့ပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ဘူတန်ဆိုတာ သမိုင်းကြောင်းအရ သူ့ အသက်ရှင်ရပ်တည်ရေးအတွက်သာ စိတ်ဝင်စားပါတယ်။ ဘူတန်လူမျိုးတွေဟာ စစ်တိုက်ဖို့ထက် သူတို့ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုနဲ့ အချုပ်အခြာအာဏာကိုသာ မက်မောကြပါတယ်”လို့လည်း ရှင်းပြပါတယ်။
၂၀၀၈-ခုနှစ်မှာ ထုတ်ပြန်တဲ့ အခြေခံဥပဒေကလည်း ဘူတန်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်ဖို့နဲ့ ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ရဲ့ အမွေအနှစ်တစ်ခုဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဘူတန်နိုင်ငံဟာ သူတို့ဘာသာစကား၊ သူတို့ရိုးရာဝတ်စုံတွေကိုပဲ အသုံးပြု၊ ၀တ်ဆင်ကြဖို့ တင်းတင်းကျပ်ကျပ် စည်းကမ်းသက်မှတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ တိုးတက်ပြန့်ပွားစေဖို့ ဖြစ်ပါတယ်။ ဘူတန် အမျိုးသားတွေဟာ သူတို့အလုပ်သွားတဲ့အခါ သို့မဟုတ် လူထုအစုအဝေးတွေကို သွားတဲ့အခါတွေမှာ ဂို (Gho) လို့ခေါ်တဲ့ ဒူးထိရှည်တဲ့ ၀တ်ရုံကြီးကို ၀တ်ရပါတယ်။ ပြီးရင် ခါးမှာ အ၀တ်စနဲ့လုပ်တဲ့ ခါးပတ်စီးရပါတယ်။ အမျိုးသမီးတွေကတော့ ကိရာ (kira)လို့ ခေါ်တဲ့ ပုခုံးတစ်ဖက်ပေါ် ခြေချင်းဝတ်ထိရှည်တဲ့ ခါးမှာခါးပတ်ပတ်ထားရတဲ့ ၀တ်ရုံကြီးကို ၀တ်ရပါတယ်။ မလိုက်နာသူတွေကို ဒဏ်ငွေဆောင်ရခြင်း သို့မဟုတ် ထောင်ဒဏ်အပြစ်ပေး ခံရနိုင်ပါတယ်။
အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးက “ခင်ဗျားတို့ ကြည့်လေ၊ တိဗက်ကို တရုတ်တွေက သူတို့ပြည်နယ် လုပ်ပစ်တယ်၊ ဆစ်ကင်းနိုင်ငံကို အိန္ဒိယက သူတို့ပြည်နယ် လုပ်ပစ်တယ်။ ဒီတော့ ဒီနိုင်ငံကြီး နှစ်နိုင်ငံထဲက ဘယ်နိုင်ငံက ကျုပ်တို့ကို သိမ်းသွားမလဲ။ ဒီကိစ္စကို ဘူတန်ပြည်သူတိုင်းက စိုးရိမ်နေကြတာပါ”လို့ ပြောပါတယ်။
“ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ ဆစ်ကင်းနိုင်ငံဆိုတာ အိန္ဒိယရဲ့ အရှေ့မြောက်ခြမ်းမှာ တည်ရှိတာပါ။ အခုတော့ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုပေါ့။ တကယ်တော့ ဆစ်ကင်းဆိုတာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတစ်ခုလေ။ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုလေ။ အဓိကလူမျိုးတွေက ဘောတိယနဲ့ လက်ပ်ချားလူမျိုးတွေ။ နောက်ပိုင်း နီပေါလ်တွေက ၀င်လာတယ်။ သူတို့က ဟိန္ဒူဘာသာဝင်တွေ ဖြစ်တယ်။ နောက်ပိုင်းမှာ ဒေသခံလူမျိုးတွေထက် နီပေါလ်တွေက အင်အားသာသွားတယ်။ ၁၉၇၅-ခုနှစ်၊ ဆန္ဒခံယူပွဲအရ ဆစ်ကင်းကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် သက်မှတ်လိုက်ကြတယ်။ ဆစ်ကင်းရဲ့ ၇၅-ရာခိုင်နှုန်းသော ပြည်သူတွေဟာ နီပေါလ်တွေပါ။ သူတို့တွေဟာ အိန္ဒိယနဲ့ မပေါင်းချင်ပါဘူးလို့ မဲပေးခဲ့ကြတာပါ။ ဒီမိုကရေစီဆိုတာ မဲများတာကို ကိုယ်စားပြုတယ်ဆို။ ကဲ….. ဘာလဲ ဒီမိုကရေစီဆိုတာ….”လို့လည်း ဆက်ရင်ဖွင့်ပါတယ်။
ဆစ်ကင်းနိုင်ငံလေးရဲ့ အဖြစ်အပျက်တွေက ဘူတန်ကို အိန္ဒိယပြည်နယ်မဖြစ်စေဖို့ သတိပေးနေပါတယ်။ ယနေ့ ရခိုင်ဒေသနဲ့မြန်မာပြည်အနှံ့အပြားမှာ ဗုဒ္ဓဘာသာဝင်တွေ စိုးရိမ်နေတဲ့အချက်ဟာ ဘူတန်တွေ စိုးရိမ်နေပုံနဲ့ သိပ်တူနေပါတယ်။ ပြီးခဲ့တဲ့ “မျိုးစောင့်ဥပဒေနှင့်လူ့အခွင့် အရေး”ဆောင်းပါးမှာလည်း
စာရေးသူ တင်ပြခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အချို့ဒေသတွေဟာ ကနဦးက
ရခိုင်လူမျိုးတွေက ဒေသခံတွေပါ။ နောက်ပိုင်းမှာ တစ်ဖက်နိုင်ငံက
ဘင်္ဂါလီလူမျိုးများ ဝင်ရောက်လာခဲ့တယ်။ ရခိုင်လူမျိုးက အနည်းစု
ဖြစ်သွားတဲ့အထိပဲ။ ဒါက နယ်စပ်ဒေသအခြေအနေပဲ ရှိသေးတယ်။
မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာလည်း လူဦးရေတိုးပွားမှုနဲ့၎င်းတို့ရဲ့ လွှမ်းမိုးမှုက သိသိသာသာ ဖြစ်လာနေခဲ့တယ်။ ဒီလို ခိုင်မာတဲ့အချက်အလက်တွေကြောင့် ဆရာတော်သံဃာတော်များနဲ့ မိမိကိုယ်ကို တာဝန်ရှိတယ်လို့ နားလည်တဲ့ ဗုဒ္ဓဘာသာတွေက အသိပေးလုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။
ဘူတန်နိုင်ငံ တာဝန်ရှိသူတွေ ပြောတဲ့စကားတွေကို ကြည့်ပြီး စာရေးသူတော့ အားငယ်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မိမိတို့နိုင်ငံတာဝန်ရှိသူတွေကေ တာ့ ဟိုလက်ညှိုးထိုး ဒီလက်ညှိုးထိုးနဲ့ ဘာမှ ထိထိရောက်ရောက် ပြောဆိုလုပ်ကိုင်ပေးမယ့်အလားအလာ မတွေ့ရလို့ပါပဲ။
“၁၉၈၀-နှစ်များတုန်းက ဘူတန်ဘုရင်ဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာတည်မြဲ ရေးနဲ့
ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ဖို့အတွက် “နိုင်ငံတစ်ခု လူမျိုးတစ်မျိုး
အစီအစဉ် (one-nation-one-people campaign)”ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
ဒီအစီအစဉ်က တော်လှန်တဲ့ နီပေါလ်လူမျိုးတွေကို မျက်နှာသာ မပေးခဲ့ပါဘူး။
တော်လှန်တဲ့ နီပေါလ်တွေနဲ့ အာဏာပိုင်တွေဟာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတယ်။
“တကယ်တော့ ဒီနီပေါလ်လူမျိုးတွေဟာ သူတို့ဆန္ဒအလျောက် ကျွန်တော်တို့ ဘူတန်နယ်မြေထဲကို ကျူးကျော်ဝင်လာပြီး နေထိုင်နေကြတာ ဖြစ်တယ်။ ကျွန်တော်တို့နယ်မြေကို တစ်နည်းတစ်ဖုံ ကျူးကျော်နေထိုင်နေကြတာပဲ။ ဘယ်ဘူတန်လူမျိုးကမှ လာပါ လာကြပါလို့ ဖိတ်ခေါ်ထားတာ မဟုတ်ပါဘူး။ သူတို့က လူဦးရေ ၁-သိန်းခန့် ရှိတယ်။ သူတို့ကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ကြရပါတယ်”လို့လည်း ဆိုပါတယ်။
အစိုးရဟာ တော်လှန်သူတွေအပေါ် ဘာကြောင့် မငဲ့ညှာရသလဲဆိုတဲ့ မေးခွန်းအပေါ်မှာ “ကျွန်တော်တို့ ဘူတန်ဟာ နောက်ထပ် ဆစ်ကင်းပြည်နယ် မဖြစ်ချင်ပါဘူး”လို့ ရိုးရိုးရှင်းရှင်းလေးပဲ ဖြေပါတယ်။ စာရေးသူတို့လည်း “ကဲ ခင်များတို့ရော နောက်ထပ် ဆစ်ကင်းပြည်နယ် ဖြစ်ချင်ကြပါသလား”လို့ တာဝန်ရှိသူများကို မေးရမလို ဖြစ်နေပြီ။
အရှင်ကုသလသာမိ(အတည်မဲ့)
Ref: Buddhist Bhutan Proposes ‘Anti-Conversion’ Law by Vishal Arora
စာလေးတစ်ပုဒ် ဖတ်ဖူးတယ်။ ကျွန်းလေးတစ်ကျွန်းမှာ သူတို့ ယုံကြည်မှုနဲ့သူ အေးချမ်းပျော်ရွှင်နေတဲ့ လူမျိုးစုလေးတွေ ရှိတယ်။ နောက်ပိုင်းမှာ ကမ္ဘာ့ဘာသာကြီးတွေက စေတနာရှင်တွေအသွင်နဲ့ သာသနာပြု ရောက်သွားကြတယ်။ အေးချမ်းနေတဲ့ လူမျိုးစုလေးဟာ စိတ်ဝမ်းတွေ ကွဲကုန်တယ်။ အချင်းချင်း မညီညွတ်မှုတွေ ဖြစ်သွားတယ်။ နောက်ပိုင်းမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပြီး အေးချမ်းတဲ့ကျွန်းလေးဟာ မငြိမ်းမချမ်း အခြေအနေတွေကို ပိုင်ဆိုင်လိုက်ရတယ်။ ဒါကြောင့်ပဲ “ဘာသာရေးဆိုတာ ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးနဲ့တူတယ်”လို့ ဆိုကြပြန်တာ ဖြစ်ပေလိမ့်မယ်။
ရန်ကုန်၊ ပုလဲမြို့သစ်က လူမှုရေးအသင်းအဖွဲ့ လူငယ်တစ်ဦးက ပြောတယ်။ “ကမ္ဘာ့နိုင်ငံကြီးတွေက မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူး။ ဘာသာခြားတွေကို နှိပ်ကွပ်တယ်”လို့ ပြောရင် မခံချင်ပါဘူး။ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာဝင်တိုင်းရဲ့ အထိမ်းအမှတ် ကျောင်းတွေဟာ ဥရောပနိုင်ငံအချို့မှာထက်ကို မြောက်မြားစွာ ဆောက်ခွင့်ပြုထားလို့ပါပဲ”တဲ့။
သူက ဆက်ပြောသေးတယ်။ “ဥရောပနိုင်ငံကြီးတွေ၊ တခြားမူစလင်နိုင်ငံတွေဟာ သူတို့ မြေပေါ်မှာ တရားဝင် ဗုဒ္ဓဘာသာကျောင်းတွေ ဘယ်နှစ်ကျောင်းများ ဆောက်ခွင့်ပြုပါသလဲ။ ဘာသာရေးအခမ်းအနားတွေကို ဘယ်လောက်ထိ လွတ်လပ်စွာ လုပ်ခွင့်ပြုပါသလဲ။ ကျွန်တော်က မလေးရှားမှာ အလုပ်လုပ်ဖူးတယ်။ ဗုဒ္ဓဘာသာတွေအပေါ်မှာ မူစလင်တွေ ဘယ်လို သဘောထားသလဲ။ ဒါကို နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မလေးရှားဆိုတာ မူစလင်နိုင်ငံလေ။ မူစလင်နိုင်ငံဖြစ်လို့ မူစလင်ဘာသာကို ဦးစားပေးတယ်။ ဘာမှ ပြောစရာ မရှိပါဘူး။ သူတို့ကို မူစလင်ဘာသာကိုတော့ ဦးစားပေးမယ်။ ဗုဒ္ဓဘာသာကို ဦးစားမပေးဘူး၊ ခရစ်ယာန်ဘာသာကို ဦးစားမပေးဘူးလို့ ဘယ်တော့မှ ဝေဖန်မိမှာ မဟုတ်ပါဘူး”လို့ အားရပါးရ ပြောနေပါတယ်။
ဟုတ်ပါတယ်။ တစ်နိုင်ငံလုံး မူစလင်ဖြစ်နေတဲ့ နိုင်ငံမှာ တစ်ခြားဘာသာတစ်ခုခုက ၀င်ရောက်ဆွဲဆောင် သိမ်းသွင်းနေပြီဆိုရင် ဒေသခံ မူစလင်တွေ စိတ်ဆင်းရဲတော့မယ်။ ဒါ ထုံးစံပဲ။ ခရစ်ယာန်ကြီးစိုးတဲ့ နိုင်ငံမှာလည်း ထို့အတူပဲပေါ့။ “ဒါ ဒီမိုကရေစီခေတ်ကွ၊ လူတိုင်းလူတိုင်းဟာ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ရှိတယ်”လို့
ဒီမိုကရေစီဆိုတာ အချင်းချင်း လေးစားတန်ဖိုးထားစိတ်အပေါ်မှာ အခြေတည်မှ ဒီမိုကရေစီ စစ်တာပါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဗရမ်းဗတာ(လွတ်လွတ်လပ်လပ်) တိုက်ခိုက်နေကြတာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တန်ဖိုးထားစိတ်နဲ့ အချင်းချင်းနားလည်မှုထားပြီး လုပ်ဆောင်ကြမှသာ ဒီမိုကရေစီ ဖြစ်တာပါ။ လူသားရဲ့ လွတ်လပ်ခွင့်ကို အကြောင်းပြပြီး ဗရမ်းဗတာ ပြော၊ ဗရမ်းဗတာ လုပ်လို့ မရပါဘူး။ အခြေအနေနဲ့ အချိန်အခါကိုလည်း ကြည့်ရပါအုံးမယ်။ “လူပျိုပဲကွ၊ အပျိုကို ရည်းစားစကားပြောတာ ဘာဖြစ်လဲ”ဆိုပြီး အခြေအနေနဲ့ အချိန်အခါကို မကြည့်ဘဲ လိုက်ပြောနေလို့ မရပါဘူး။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ မိမိတို့ ယဉ်ကျေးမှုနဲ့ အမျိုးသားရေးလက္ခဏာဆိုတာတွေကို ဝေဖန်သုံးသပ်နိုင်ဖို့အတွက် ဘူတန်နိုင်ငံက ဘာသာကူးပြောင်းမှု တားဆီးဆန့်ကျင်ရေးဥပဒေ (Anti-Conversion Law) ထုတ်ပြန်ပြဋ္ဌာန်းချိန်က အဖြစ်အပျက်လေးများကို မီးမောင်းထိုးပြောပြချင်ပါတယ်။ အဲဒီအဖြစ်အပျက်လေးတွေကို ဖတ်တဲ့အခါတိုင်း မိမိတို့ မြန်မာနိုင်ငံက အခြေအနေများနဲ့ စိတ်ကူးထဲမှာ နှိုင်းယှဉ်သုံးသပ်သွားဖို့ မေတ္တာရပ်ခံပါရစေ။
ဘာသာကူးပြောင်းမှုဥပဒေ ထွက်လာတာနဲ့ ခရစ်ယာန်သာသနာပြုတွေက မီဒီယာမျိုးစုံကို သုံးပြီးတော့ “ဘူတန်တွေဟာ ခရစ်ယာန်တွေကို နှိမ်နေပါတယ်။ ဘူတန်ယဉ်ကျေးမှုဆိုတာကလည်း ရှေးဦး မယဉ်ကျေးမီခေတ်က ပုံစံတွေလို ဖြစ်နေတယ်၊ ဒါကြောင့် သူတို့အနေနဲ့ လူယဉ်ကျေးတွေ ဖြစ်အောင် သာသနာပြုရပါတယ်”စသဖြင့် ဘာသာကူးပြောင်းမှုဥပဒေကို ကန့်ကွက်ရေးသားပြီး ဖိအားပေးကြတယ်။
ဘူတန်ကတော့ သူ့အကြောင်းပြချက်နဲ့သူ ထုတ်ပြန်လိုက်တာပါ။ အစိုးရရဲ့ ဒီအကြောင်းပြချက်တွေဟာ မူမမှန်တဲ့အကြောင်းပြချက်တွေဖြစ
ဥပဒေရဲ့ ဆိုလိုချက်အပြည့်အစုံကတော့ “ဘူတန်နိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေ၊ အပိုဒ် ၄၆၃ အရ တစ်စုံတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကို ဘာသာရေးအရ ဆွဲဆောင်သိမ်းသွင်းခြင်း သို့မဟုတ် သိမ်းသွင်းသည့်ပုံစံတစ်မျိုးမျိ
မြို့တော် သင်းဘူး (Thimphu)က အမည်မဖော်လိုတဲ့ သင်းအုပ်ဆရာတစ်ဦးက “ဒီ ဘာသာကူးပြောင်းမှုဆန့်ကျင်ရေး ဥပဒေက အတည်ပြုလုနီးနီး ဖြစ်နေပါပြီ၊ ဒါပေမယ့် အခုချိန်မှာ လက်တွေ့အကောင်အထည်ဖော်မှုတော့ မရှိသေးပါဘူး၊ ဒီဥပဒေက ခရစ်ယာန်ဘာသာဝင် တိုးပွားမှုကို ဦးတည်တိုက်ခိုက်တာ ဖြစ်ပုံရပါတယ်”ဟု ဝေဖန်ပါတယ်။ ဒီလေသံကို လိုက်ပြီးတော့ ကမ္ဘာ့မီဒီယာတွေကလည်း ဘူတန်ဗုဒ္ဓဘာသာတွေဟာ ရက်စက်ကြောင်း၊ ဘာသာခြားများအပေါ် အကြမ်းဖက်ကြောင်း စသဖြင့် သံပြိုင်ဖိအားပေးကြပါတယ်။
ဘူတန်၊ ပါလီမန်တစ်ယောက်ဖြစ်တဲ့ ကွင်လေးရှာရင်း (Kuenlay Tshering)ကတော့ “ဒီဥပဒေဟာ ဘူတန်ဘုရင့်နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ ကိုက်ညီတယ်၊ ဖွဲ့စည်းပုံဥပဒေမှာ - ဘူတန်နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာတွေးခေါ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် ရှိပါတယ်၊ ဘယ်သူကမှ ဘာသာရေးဆွဲဆောင်သိမ်းသွင်းမှုနည်
“ဒီလို ဥပဒေမျိုးကို အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ပြဋ္ဌာန်းထားတာပဲ။ ဒါပေမဲ့ သူတို့ကတော့ ဘာသာရေးသိမ်းသွင်းမှုဆိုတဲ့ဝေါဟာ
ဘူတန်နိုင်ငံဟာ လူဦးရေ ၆၈၃၄၀၇ ရှိတဲ့အနက် ၇၅ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက နိုင်ငံရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းတွေမှာ အဓိက နေကြပါတယ်။ နီပေါလ်လူမျိုးစုဝင်တွေဖြစ်တဲ့ ခန့်မှန်းခြေ ၂၂ ရာခိုင်နှုန်းလောက်ရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကတော့ နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။ ခရစ်ယာန်တွေကတော့ ၆၀၀၀-လောက်သာ ရှိပါတယ်။ အများစုကတော့ နီပေါလ်လူမျိုးစုတွေ ဖြစ်ပါတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့
ဘူတန်နိုင်ငံရဲ့ တရားဝင်ဝက်ဘဆိုက်မှာ “မဟာယာန်ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဒရုပ်ပ ကတ်ဂျူးဂိုဏ်း (Drukpa Kagyue school)ဟာ နိုင်ငံတော်ဘာသာ ဖြစ်ပါတယ်။ တောင်ပိုင်းကတော့ ဟိန္ဒူဘာသာလွှမ်းမိုးမှု ရှိပါတယ်။ နိုင်ငံရဲ့ အချို့ဒေသတွေမှာတော့ သေလွန်သူကို ကိုးကွယ်မှု၊ တိရစ္ဆာန်ကိုးကွယ်မှုနဲ့ နတ်ကိုးကွယ်မှု အကြွင်းအကျန်တွေ တည်ရှိနေဆဲ ဖြစ်ပါတယ်”လို့ တွေ့ရပါတယ်။
ခရစ်ယာန်ဘာသာနဲ့ပတ်သက်တာကိုတော့
“ဘူတန်နိုင်ငံဟာ နှစ်ပေါင်း ၁၀၀-ကျော်သက်တမ်းရှိတဲ့ ဘုရင်စနစ်ကို ကျင့်သုံးဆဲ ဖြစ်ပါတယ်။ ၂၀၀၈-ခုနှစ်၊ ပထမဦးဆုံး ရွေးကောက်ပွဲအပြီးမှာ ဒီမိုကရေစီနိုင်ငံ ဖြစ်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး ဘူတန်ဟာ ဘာသာရေးလွတ်လပ်ခွင့်အပါအ၀င် ကိစ္စရပ်များစွာကို လွတ်လွတ်လပ်လပ် လုပ်ဆောင်လာခဲ့ကြတယ်။ ဒါဆိုရင် နောက်ထပ် ဘာသာရေးတွေ ဘာဖြစ်လို့ လိုအပ်နေအုံးမလဲ”လို့ ပြည်ထဲရေးနဲ့ယဉ်ကျေးမှုဝန်ကြီး ဒေါ်ဂျိက ပြောပါတယ်။
“ဘူတန်ဟာ ခရစ်ယာန်ဘာသာတင် မဟုတ်ပါဘူး၊ ဘယ်ဘာသာရေးယုံကြည်မှုတွေနဲ့မှ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ သိထားရမှာက ဘူတန်ဆိုတာ လူဦးရေ ၆၀၀၀၀၀ ကျော်လောက်သာ ရှိတဲ့ နိုင်ငံသေးသေးလေးတစ်ခုပါ။ ကျွန်တော်တို့ အများစုဟာ ဗုဒ္ဓဘာသာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ဟိန္ဒူရှိတယ်၊ ခရစ်ယာန်ရှိတယ်။ ကဲ… ဒါဆိုရင် ကျွန်တော်တို့ နောက်ထပ်ဘာသာရေးတွေ ထပ်ပြီး လိုသေးလို့လား”လို့လည်း ဆက်ပြောသွားပါတယ်။
ဘူတန်နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ဟာ ဗုဒ္ဓဘာသာနဲ့ နီးနီးကပ်ကပ် ဆက်သွယ်မှု ရှိနေပါတယ်။ ဒေါ်ဂျိဦးဆောင်တဲ့ ပြည်ထဲရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာ
“ဗုဒ္ဓဘာသာဟာ ဘူတန်ပြည်သူတွေကို အတူတကွ ရှင်သန်စေပြီး ညီညွတ်စေပါတယ်။ ဘူတန်လူမျိုးတွေရဲ့ လူမှုဘ၀ဟာ ဇောင်းဘုန်းတော်ကြီးကျောင်းမှာ ဗဟိုပြုနေပါတယ်”လို့ ဒေါ်ဂျိက ရှင်းပြပါတယ်။
“ခင်ဗျားတို့ အိန္ဒိယကို ကြည့်လိုက်ပါ၊ ဘာသာရေးပေါင်းစုံပူးတွဲနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် တင်းမာမှုတွေ၊ သွေးချောင်းစီးမှုတွေ မကြာခဏ ဖြစ်နေတာကို တွေ့ပါလိမ့်မယ်။ ဘူတန်ကို အဲဒီလို မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဟာ အိန္ဒိယနဲ့ တရုတ်ဆိုတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ ရပ်တည်နေရတာပါ။ ဘူတန်လူမျိုးတွေဟာ ဘယ်တုန်းကမှ ကိုလိုနီနိုင်ငံ မဖြစ်ခဲ့ပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ဘူတန်ဆိုတာ သမိုင်းကြောင်းအရ သူ့ အသက်ရှင်ရပ်တည်ရေးအတွက်သာ စိတ်ဝင်စားပါတယ်။ ဘူတန်လူမျိုးတွေဟာ စစ်တိုက်ဖို့ထက် သူတို့ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုနဲ့ အချုပ်အခြာအာဏာကိုသာ မက်မောကြပါတယ်”လို့လည်း ရှင်းပြပါတယ်။
၂၀၀၈-ခုနှစ်မှာ ထုတ်ပြန်တဲ့ အခြေခံဥပဒေကလည်း ဘူတန်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်ဖို့နဲ့ ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ရဲ့ အမွေအနှစ်တစ်ခုဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဘူတန်နိုင်ငံဟာ သူတို့ဘာသာစကား၊ သူတို့ရိုးရာဝတ်စုံတွေကိုပဲ အသုံးပြု၊ ၀တ်ဆင်ကြဖို့ တင်းတင်းကျပ်ကျပ် စည်းကမ်းသက်မှတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ တိုးတက်ပြန့်ပွားစေဖို့ ဖြစ်ပါတယ်။ ဘူတန် အမျိုးသားတွေဟာ သူတို့အလုပ်သွားတဲ့အခါ သို့မဟုတ် လူထုအစုအဝေးတွေကို သွားတဲ့အခါတွေမှာ ဂို (Gho) လို့ခေါ်တဲ့ ဒူးထိရှည်တဲ့ ၀တ်ရုံကြီးကို ၀တ်ရပါတယ်။ ပြီးရင် ခါးမှာ အ၀တ်စနဲ့လုပ်တဲ့ ခါးပတ်စီးရပါတယ်။ အမျိုးသမီးတွေကတော့ ကိရာ (kira)လို့ ခေါ်တဲ့ ပုခုံးတစ်ဖက်ပေါ် ခြေချင်းဝတ်ထိရှည်တဲ့ ခါးမှာခါးပတ်ပတ်ထားရတဲ့ ၀တ်ရုံကြီးကို ၀တ်ရပါတယ်။ မလိုက်နာသူတွေကို ဒဏ်ငွေဆောင်ရခြင်း သို့မဟုတ် ထောင်ဒဏ်အပြစ်ပေး ခံရနိုင်ပါတယ်။
အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးက “ခင်ဗျားတို့ ကြည့်လေ၊ တိဗက်ကို တရုတ်တွေက သူတို့ပြည်နယ် လုပ်ပစ်တယ်၊ ဆစ်ကင်းနိုင်ငံကို အိန္ဒိယက သူတို့ပြည်နယ် လုပ်ပစ်တယ်။ ဒီတော့ ဒီနိုင်ငံကြီး နှစ်နိုင်ငံထဲက ဘယ်နိုင်ငံက ကျုပ်တို့ကို သိမ်းသွားမလဲ။ ဒီကိစ္စကို ဘူတန်ပြည်သူတိုင်းက စိုးရိမ်နေကြတာပါ”လို့ ပြောပါတယ်။
“ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ ဆစ်ကင်းနိုင်ငံဆိုတာ အိန္ဒိယရဲ့ အရှေ့မြောက်ခြမ်းမှာ တည်ရှိတာပါ။ အခုတော့ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုပေါ့။ တကယ်တော့ ဆစ်ကင်းဆိုတာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတစ်ခုလေ။ ဗုဒ္ဓဘာသာနိုင်ငံတစ်ခုလေ။ အဓိကလူမျိုးတွေက ဘောတိယနဲ့ လက်ပ်ချားလူမျိုးတွေ။ နောက်ပိုင်း နီပေါလ်တွေက ၀င်လာတယ်။ သူတို့က ဟိန္ဒူဘာသာဝင်တွေ ဖြစ်တယ်။ နောက်ပိုင်းမှာ ဒေသခံလူမျိုးတွေထက် နီပေါလ်တွေက အင်အားသာသွားတယ်။ ၁၉၇၅-ခုနှစ်၊ ဆန္ဒခံယူပွဲအရ ဆစ်ကင်းကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် သက်မှတ်လိုက်ကြတယ်။ ဆစ်ကင်းရဲ့ ၇၅-ရာခိုင်နှုန်းသော ပြည်သူတွေဟာ နီပေါလ်တွေပါ။ သူတို့တွေဟာ အိန္ဒိယနဲ့ မပေါင်းချင်ပါဘူးလို့ မဲပေးခဲ့ကြတာပါ။ ဒီမိုကရေစီဆိုတာ မဲများတာကို ကိုယ်စားပြုတယ်ဆို။ ကဲ….. ဘာလဲ ဒီမိုကရေစီဆိုတာ….”လို့လည်း ဆက်ရင်ဖွင့်ပါတယ်။
ဆစ်ကင်းနိုင်ငံလေးရဲ့ အဖြစ်အပျက်တွေက ဘူတန်ကို အိန္ဒိယပြည်နယ်မဖြစ်စေဖို့ သတိပေးနေပါတယ်။ ယနေ့ ရခိုင်ဒေသနဲ့မြန်မာပြည်အနှံ့အပြ
မြန်မာနိုင်ငံရဲ့ အချို့ဒေသတွေမှာလည်း လူဦးရေတိုးပွားမှုနဲ့၎င်းတို့ရဲ့ လွှမ်းမိုးမှုက သိသိသာသာ ဖြစ်လာနေခဲ့တယ်။ ဒီလို ခိုင်မာတဲ့အချက်အလက်တွေကြောင့် ဆရာတော်သံဃာတော်များနဲ့ မိမိကိုယ်ကို တာဝန်ရှိတယ်လို့ နားလည်တဲ့ ဗုဒ္ဓဘာသာတွေက အသိပေးလုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။
ဘူတန်နိုင်ငံ တာဝန်ရှိသူတွေ ပြောတဲ့စကားတွေကို ကြည့်ပြီး စာရေးသူတော့ အားငယ်မိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မိမိတို့နိုင်ငံတာဝန်ရှိသူတွေကေ
“၁၉၈၀-နှစ်များတုန်းက ဘူတန်ဘုရင်ဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာတည်မြဲ
“တကယ်တော့ ဒီနီပေါလ်လူမျိုးတွေဟာ သူတို့ဆန္ဒအလျောက် ကျွန်တော်တို့ ဘူတန်နယ်မြေထဲကို ကျူးကျော်ဝင်လာပြီး နေထိုင်နေကြတာ ဖြစ်တယ်။ ကျွန်တော်တို့နယ်မြေကို တစ်နည်းတစ်ဖုံ ကျူးကျော်နေထိုင်နေကြတာပဲ။ ဘယ်ဘူတန်လူမျိုးကမှ လာပါ လာကြပါလို့ ဖိတ်ခေါ်ထားတာ မဟုတ်ပါဘူး။ သူတို့က လူဦးရေ ၁-သိန်းခန့် ရှိတယ်။ သူတို့ကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ကြရပါတယ်”လို့လည်း ဆိုပါတယ်။
အစိုးရဟာ တော်လှန်သူတွေအပေါ် ဘာကြောင့် မငဲ့ညှာရသလဲဆိုတဲ့ မေးခွန်းအပေါ်မှာ “ကျွန်တော်တို့ ဘူတန်ဟာ နောက်ထပ် ဆစ်ကင်းပြည်နယ် မဖြစ်ချင်ပါဘူး”လို့ ရိုးရိုးရှင်းရှင်းလေးပဲ ဖြေပါတယ်။ စာရေးသူတို့လည်း “ကဲ ခင်များတို့ရော နောက်ထပ် ဆစ်ကင်းပြည်နယ် ဖြစ်ချင်ကြပါသလား”လို့ တာဝန်ရှိသူများကို မေးရမလို ဖြစ်နေပြီ။
အရှင်ကုသလသာမိ(အတည်မဲ့)
Ref: Buddhist Bhutan Proposes ‘Anti-Conversion’ Law by Vishal Arora
Friday, January 24, 2014
တစ္ဆေသုတေသန ဦးခနှင့် သူ၏ တွေ့ရှိချက်များ (၂)
အားလုံးပဲ
မင်္ဂလာပါဗျာ။ ကျုပ်ဦးခရဲ့ တွေ့ရှိချက် နောက်တစ်ခုကို ပြောပြမယ်။ အချို့လည်း အတော်စိတ်ဝင်စားကြပုံပဲဗျ။
ချက်ဘောက်စ်ကနေ တကယ်ဖြစ်ပျက်ခဲ့တာလား၊ အဲဒီရွာကို အခု သွားကြည့်ချင်စိတ်တောင် ဖြစ်မိတယ်
…. စတဲ့စတဲ့ မေးခွန်းတွေ၊ စိတ်ပါဝင်စားမှုတွေ ပေးပို့ကြတယ်။ ဒီတော့လည်း ကျုပ်ဦးခ သုတေသနပြုရကျိုး၊
တင်ပြရကျိုး နပ်တာပေါ့ဗျာ။ ကျုပ်ဦးခနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် ဟိုတစ်နေ့က MRTV 4
မှာ အမေရိကမှာလည်း တစ္ဆေသုတေသနပြုကြတယ်ဗျ။ ကျုပ်တို့ဆီမှာတင် မဟုတ်ဘူး။ သူတို့လည်း သုတေသနပြုကြတာပဲဗျ။
ခင်များတို့ ယုံယုံ မယုံယုံဗျာ။ သူတို့ သုတေသနပြုထားတာ ကျုပ်ဦးခတွေ့ရှိချက်တွေကို
မမှီပါဘူးဗျာ။
အဲဒီမှာ ယုံတဲ့သူတွေ၊ မယုံတဲ့သူတွေကို အင်တာဗျူးလုပ်တာလေးတွေ ပါတယ်ဗျ။
ယုံတဲ့သူကလည်း ဘာကြောင့်ယုံတယ်ဆိုတာကို ရှင်းပြတယ်။ မယုံတဲ့သူတွေကလည်း မယုံတဲ့အကြောင်း
ရှင်းပြတယ်။ စိတ်ဝင်စားစရာတော့ ကောင်းတယ်ဗျ။
သူတို့တွေက
သရဲခြောက်တယ်ဆိုတဲ့ အိမ်တွေကို သွားပြီး လေ့လာကြတယ်ဗျ။ အဲဒီမှာ သူတို့ပြောတဲ့အထဲက စိတ်ဝင်စားစရာတစ်ခုကတော့
သရဲခြောက်တယ်ဆိုတဲ့ နေရာတွေမှာ သံလိုက်ဓာတ်တွေ ရှိတယ်။ အဲဒီဓာတ်တွေကြောင့် အဲဒီနေရာရောက်ရင်
စိတ်ခံစားမှုတွေ ပြောင်းသွားတတ်တယ်တဲ့။ အဲဒီဓာတ်တွေရှိတဲ့နေရာရောက်ရင် စိတ်ခြောက်ခြားသွားတတ်ကြပြီး
သရဲခြောက်တယ်တွေ ဘာတွေ ဖြစ်သွားတာတဲ့။ ထားပါတော့ဗျာ။
သူတို့တွေက ကျုပ်ဦးခလို လက်တွေ့အဖြစ်အပျက်တွေကို
သိမှ မသိကြတာ ဟဲဟဲ။ ကဲဗျာ ပြောနေတာကြာတယ်။ ကျုပ်ဦးခရဲ့ တွေ့ရှိချက်(၂)ကို ပြောပြမယ်ဗျာ။
ပြီးခဲ့တဲ့
တွေ့ရှိချက်က အရမ်းရှည်တယ်တဲ့ တိုတိုကျဉ်းကျဉ်းလေးပဲ လုပ်ပါတဲ့။ စာဖတ်ပျင်းတဲ့သူတွေက
အဲ့လို ပြောကြသကိုးဗျ။ ဒါကြောင့် ဒီတစ်ခါ ခပ်တိုတိုလေးကို ပြောပြမယ်ဗျာ။
ကျုပ်ဦးခလည်း
တစ်နိုင်ငံလုံးအနှံ့ သုတေသနပြုခရီးသွားရင်းနဲ့ မိတ္ထိလာမြို့ကို ရောက်သွားတယ်။ ကျုပ်က
ဘုန်းကြီးကျောင်းမှာ တည်းတာပေါ့။ ကျောင်းထိုင်ဆရာတော်ကို သွားကန့်တော့တဲ့အခါမှာ ကျောင်းထိုင်ဆရာတော်ဘေးမှာ
လဲလျောင်းနေတဲ့ အသက်ကြီးကြီး ဆရာတော်တစ်ပါးနဲ့ တွေ့တယ်ဗျ။ ဆရာတော်ကြီးက အသက်ကြီးပြီ။
၉၄ နှစ်တောင်ရှိနေပြီ။ ညကျတော့ ကျုပ်ဦးခလည်း ဒီဆရာတော်ကြီးဟာ ထေရ်ကြီးဝါကြီးဆိုတော့
အတွေ့အကြုံတွေ စုံလောက်တယ်။ ငါ့ရဲ့ တစ္ဆေသုတေသနအတွက် တစ်ခုခုတော့ ရနိုင်တယ်ဆိုပြီး ညကျတော့
ဝတ်ဖြည့်(နှိပ်ပေး)တာပေါ့။ ဝတ်ဖြည့်ရင်းနဲ့ ဆရာတော်ကြီးက မင်းနာမည် ဘယ်သူလဲ၊ ဘယ်ကနေ
ဘာကိစ္စနဲ့လာတာလဲ စသဖြင့် မေးတာပေါ့ဗျာ။
အဲဒီတော့
ကျုပ်ကလည်း ကျုပ်နာမည် ဦးခလို့ ခေါ်ကြောင်း၊ တစ္ဆေအကြောင်း သုတေသနပြုနေတာဖြစ်ကြောင်း၊
တစ်နိုင်ငံလုံး နေရာအနှံ့လှည်လည်ပြီး တစ္ဆေအကြောင်းများကို လေ့လာမှတ်သားနေကြောင်း ပြောပြရတာပေါ့။
ဟောဗျာ ကျုပ်ဦးခလည်း အဲဒီလို ပြောရော ဆရာတော်ကြီးက သွားမရှိတဲ့ သွားဖုံးတွေ အကုန်ဖော်ပြီးတော့
အားရပါးရ ရယ်ပါလေရောဗျာ။ ရိုးရိုးနေရင် ကြည်ညိုစရာကြီးဖြစ်ပေမဲ့ အခုလို သွားဖုံးတွေပေါ်အောင်
အားရပါးရ ရယ်လိုက်တော့ ကြောက်စရာကြီးဗျာ။ ဒါနဲ့ ဆရာတော်ကြီးဘုရား ဘာဖြစ်လို့ ရယ်ရတာလဲဘုရားဆိုတော့
အောက်ပါအတိုင်း ပြောပြပါတော့တယ်။
ငါ ရယ်တာက
ငါ့အကြောင်းနဲ့ငါပါကွာ။ မင်းနဲ့ဘာမှ မဆိုင်ပါဘူး။ မင်းက တစ္ဆေသုတေသနလုပ်တယ်ဆိုတော့ ငါငယ်ငယ်ကအကြောင်းကို
သွားသတိရမိလို့ကွ။ ကြာတော့ ကြာပါပြီလေ။ ငါ့အသက် ၂၁ နှစ်၊ ဦးဇင်းဖြစ်စပေါ့။ အခု ငါ့အသက်က
ဘာတဲ့ ၉၄ နှစ်။ ၇၃ နှစ်တောင် ကြာသွားပြီပေါ့လေ။ ဒါပေမဲ့ ငါ အဲဒီအဖြစ်အပျက်ကို တွေးမိတိုင်း
ရယ်လည်း ရယ်ရသလို ကြက်သီးလည်း ထမိသကွ။ ဒီလိုကွ။ ငါလည်း ပဉ္စင်းဖြစ်စဆိုတော့ သုသာန်ဓုတင်ဆောက်တည်ချင်စိတ်ဖြစ်မိတယ်။
ဒါနဲ့ ကျောင်းသားတစ်ယောက်ကို ခေါ်ပြီးတော့ သုသာန်ကို နေ့တိုင်း သွားတယ်ကွာ။ ရွာမှာ ပြောစမှတ်တော့
ရှိတာပေါ့။ ဒီသုသာန်က ကြမ်းတယ်တဲ့။ ငါကတော့ စိတ်အားထက်သန်နေတော့ ကြောက်စိတ်လည်း မရှိပါဘူး။
ဒီလိုနဲ့ သုသာန်မှာ တရားထိုင်လာတာ ၁၅ ရက်လောက်ကြာသွားတယ်။
သုသာန်က တို့ရွာ
အနောက်ဘက်က တောအုပ်လေးထဲမှာ ရှိတာ။ တောဓလေ့အတိုင်း သုသာန်နားက သစ်ပင်တွေဆို လူတွေက
မခုတ်ရဲကြတော့ အဲဒီနား သစ်ပင်ကြီးတွေက အကြီးကြီးတွေ။ အုံ့ဆိုင်းမှုန်မှိုင်းလို့ နေတာပေါ့။
တောအုပ်ကြီးဆိုတော့ နေ့ခင်းသွားရင်တောင် ကြောက်တတ်တဲ့သူဆို စိတ်လှုပ်ရှားစရာကြီးပါ။
အုတ်ဂူတွေကြားထဲ သုသာန်အလယ်မှာ ပေါက်နေတဲ့ ညောင်ပင်ကြီးဆို တော်တော်သက်တမ်းရင့်နေပြီ။
ပင်စည်ကလည်း အကြီးကြီးပဲ။ အကိုင်းအခက်တွေကနေရော ပင်စည်ကနေပါ နွယ်ပင်တွေ တွဲတွဲကျနေတာ
ည မှောင်ရီဝိုးတဝါးဆိုရင် ထိတ်လန့်စရာကြီးပေါ့ကွာ။
ညဆိုရင် တောအုပ်ကြီးက
မှောင်မှောင်မဲမဲ ကောင်းကင်က ကြယ်ရောင်နဲ့ အုတ်ဂူဖွေးဖွေးလေးတွေ ရေးတေးတေး မြင်နေရတယ်။
၁၅ ရက်မြောက်နေ့ကတော့ မှတ်မှတ်ရရ လပြည့်နေ့ကြီးကွ။ လပြည့်နေ့ဆိုတော့ အုတ်ဂူလေးတွေလည်း
ဖွေးဖွေးဖြူနေတော့တာပဲ။ ဒီနေ့မှာ ရွာထဲက လူငယ်လေးတစ်ယောက်လည်း သေထားတယ်။ အုတ်ဂူအသစ်လေးက
ထုံးဖြူအသစ်လေးတွေနဲ့ ပိုဖြူနေတာ သတိထားမိတယ်။ ဒီကောင်လေးက ငါ စာသင်ပေးထားတာ။ တော်တော်လည်း
ဉာဏ်ကောင်းတဲ့ကလေး။ လိမ်လည်း လိမ္မာတယ်။ တရားမထိုင်ခင် ငါလည်း သူ့အကြောင်းကို နည်းနည်းတွေးမိသေးတယ်။
ထားပါတော့။ ငါလည်း ထုံးစံအတိုင်း တရားထိုင်တာပေါ့။
၁ နာရီလောက်
ထိုင်ပြီးရော လူသံတွေ၊ လှည်းသံတွေ၊ ကလေးငိုသံတွေ အများကြီး ကြားလာရတယ်။ ဒါနဲ့ ငါလည်း
တရားဆက်မထိုင်ဘဲ စောင့်ကြည့်နေတာပေါ့။ တအောင့်လောက်ကြာတော့ လှည်းတွေရော လူတွေရော ငါ့ဆီ
ရောက်လာကြတယ်။ လှည်းတွေ ဖြုတ်သူက ဖြုတ်၊ အနားယူသူက အနားယူ။ အချို့အမျိုးသမီးတွေကတော့
သူတို့ ကလေးတွေနဲ့ အလုပ်ရှုပ်နေကြလေရဲ့။ ငါလည်း မေးရတာပေါ့။
“ဒကာကြီးတို့
ဘယ်က လာကြတာလဲ”
“တပည့်တော်တို့
ခရီးသွားတွေပါ။ ဒီမှာ တစ်ညလောက် တည်းမလို့ပါ”
“သုသာန်ကြီးမှာ
မကောင်းပါဘူးကွ။ ရွာထဲမှာ တည်းခိုကြပေါ့”
“ရပါတယ်။
ကိစ္စမရှိပါဘူး။ မိုးလင်းခါနီးကျရင် တပည့်တော်တို့ ပြန်ထွက်ကြမှာပါ”
“အေးကွယ်၊
ဒီသုသာန်က ကြမ်းတယ်လို့ လူပြောသူပြောများတယ်။ ကလေးတွေ မကြောက်မလန့်အောင် ဂရုတစိုက်နေကြပေါ့”
“တင်ပါ့ဘုရား၊
အရှင်ဘုရားကို အလှူအတန်း လုပ်ချင်ပါတယ်။ ညကြီးမင်းကြီးဆိုတော့ စားစရာလည်း လှူလို့ မရဘူး။
အရှင်ဘုရား နောက်တစ်နေ့ ဘုဉ်းပေးလို့ ရအောင် ငှက်ပျောသီးအုန်းသီးလေးတွေ လှူချင်ပါတယ်”
“အေး ကောင်းတယ်။
လှူကြလေ၊ ဘုန်းကြီးတော့ ပြီးရင် တရားဆက်ထိုင်အုံးမယ်”
သူတို့လည်း
တစ်ယောက်တစ်မျိုးစီ လှူကြတော့တာပဲ။ ပြီးတော့ သူတို့တွေဟာ မီးတွေဖို၊ ဟင်းချက်ထမင်းချက်နဲ့
အလုပ်တွေ ရှုပ်နေကြတယ်။ ဒါနဲ့ ငါလည်း တရားဆက်ထိုင်တာပေါ့။ တရားထိုင်လိုက်တာ ၃ နာရီကျော်ကျော်လောက်
ကြာသွားတယ်။ ဆက်ထိုင်ရင်တော့ ရသေးတယ်။ သမာဓိအရှိန်တက်နေတာ။ အတူပါလာတဲ့ ကျောင်းသားက
အော်လို့ တရားဖြုတ်လိုက်ရတာ။ “အရှင်ဘုရား အရှင်ဘုရား မျက်လုံးဖွင့်ပါအုံးဘုရား၊ မျက်လုံးဖွင့်ပါအုံးဘုရား”နဲ့
အော်နေတာ။
“ဟဲ့ကောင်
ဘာလဲကွ၊ ဒီမှာ တရားထိုင်လို့ကောင်းတုန်းရှိသေးတယ်”
“စောစောက
လူတွေ မရှိတော့ဘူးဘုရား”
“ဟဲ့ မိုးလည်း
မလင်းသေးဘူး။ စောစောစီးစီး ခရီးဆက်ထွက်သွားကြပြီ ထင်ပါရဲ့”
ဒါနဲ့ သုသာန်ထဲ
ဟိုဟိုဒီဒီ စကြံလျှောက်ကြည့်တော့ သူတို့ မီးဖိုထားတဲ့နေရာတွေမှာ ဘာအစအနမှ မရှိတော့ဘူး။
အမှန်ဆို ပြာတွေ၊ ထင်းစတွေ ကျန်နေရမှာမို့လား။ အခုတော့ ဘယ်သူမှ လာမသွားတဲ့ပုံစံပဲ။
ဘုန်းကြီးလည်း အဲဒီတော့မှ နည်းနည်းစိုးရိမ်စိတ်ဝင်လာတယ်။ ငါ အိပ်မက်မက်နေတာလားပေါ့။
အိပ်မက်လည်း မဟုတ်ဘူး။ ဟိုမှာ ကြည့်ပါလား။ သူတို့ လှူထားတဲ့ အထုပ်တွေတောင် ရှိသေးတာ။
စဉ်းစားနေတုန်းမှာ “အရှင်ဘုရား အရှင်ဘုရား”နဲ့ ကျောင်းသားက လှမ်းအော်ပါလေရော။
“ဟဲ့ မင်းကလည်းကွာ
အလန့်တကြားနဲ့။ ဘာဖြစ်ပြန်တာလဲ”
“တပည့်တော်တို့ကို
လှူထားတဲ့ဟာတွေကို ကြည့်ပါအုံး”
လှူထားတဲ့အထုပ်တွေ
ဖြည်ကြည့်တော့ လားလား အသားပုပ်ငါးပုပ်တွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။
ဒါနဲ့ “ဟေ့ကောင်
စောစောကပုဂ္ဂိုလ်တွေဟာ လူတွေ မဟုတ်ဘူးဟ”ဆိုပြီး ရွာကျောင်းကို သုတ်ခြေတင်ပြေးလိုက်တာ
ကျောင်းကို ဘယ်လို ရောက်မှန်းတောင် မသိတော့ပါဘူးကွာ။ စိတ်ခြောက်ခြားလို့လားတော့ မသိဘူး။
နောက်နေ့ကျတော့ ငါ အိပ်မက်မက်တယ်ကွ။ ငါ့ကို လှူဖွယ်ပစ္စည်းတွေ လှူတဲ့ ဒကာကြီးက “ကိုယ်တော်တို့
တရားအားထုတ်နေလို့သာပေါ့။ မဟုတ်ရင်တော့ ကိုယ်တော်တို့ အဲဒီညက ကျုပ်တို့ အစာဖြစ်ပြီပေါ့”လို့
အိပ်မက်ထဲမှာ ပြောတယ်ကွ။ ဆရာတော်ကြီးဟာ အဲဒီလို ပြောပြီး တဟားဟား ရယ်နေပါရောလား။
အဲဒီကစပြီး
အဲဒီသုသာန်ကို ညအချိန်ဆို ဘယ်သူမှ မသွားရဲတော့ဘူးတဲ့။ ဒါကတော့ ကျုပ်ဦးခရဲ့ ဒုတိယမြောက်
သုတေသနပေါ့။ ဒါနဲ့ ကျုပ်ဦးခလည်း သုတေသနသမားပီပီ ဒီလောက်နဲ့ မကျေနပ်ဘဲ ဆရာတော်ကြီးပြန်တဲ့အခါ
အဲဒီရွာကို လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ရွာက အဲဒီသုသာန်ကို သွားမယ်။ ရွာသားတွေနဲ့လည်း
မေးရမြန်းရတာပေါ့လေ။ အဲဒီညက ကျုပ်ဦးခဟာ ကြောက်ရမယ့်အစား ဆရာတော်ကြီး သင်္ကန်းတဖားဖားနဲ့
ကျောင်းကို ပြေးနေတာ မြင်ယောင်လို့ ပြုံးတောင်ပြုံးမိသေးတယ်။
ဒီလိုနဲ့ ဆရာတော်ကြီးနဲ့
ရွာကို လိုက်သွားခဲ့တယ်။ ရွာမှာ ထပ်တွေ့ရတဲ့ ဇာတ်လမ်းတွေကတော့ ကျုပ်ဦးခရဲ့ သုတေသနတွေ့ရှိချက်
အဆက်တွေတွေပေါ့ဗျာ။ စိတ်ဝင်စားရင်တော့ စောင့်ဖတ်ကြဦးပေါ့။
Subscribe to:
Posts (Atom)