Showing posts with label short words. Show all posts
Showing posts with label short words. Show all posts

Friday, May 16, 2014

အလုပ်မရှိလို့


(၁)
အရှင်ဘုရား … အရှင်ဘုရားကို အချို့လူတွေ ပြစ်တင်ပြောဆိုနေကြတယ်ဘုရား၊ တပည့်တော် မခံနိုင်ဘူး၊ တစ်ခုခု ပြန်ပြောပါဦး။

(၂)
ဟေ … ဟုတ်လား။ သူတို့တွေက အချိန်တွေ ပိုပြီး လုပ်စရာ မရှိလို့ ဖြစ်မှာပေါ့ကွာ။ ။

Thursday, May 15, 2014

အလုပ်မရှိလို့


(၁)
အရှင်ဘုရား … အရှင်ဘုရားကို အချို့လူတွေ ပြစ်တင်ပြောဆိုနေကြတယ်ဘုရား၊ တပည့်တော် မခံနိုင်ဘူး၊ တစ်ခုခု ပြန်ပြောပါဦး။

(၂)
ဟေ … ဟုတ်လား။ သူတို့တွေက အချိန်တွေ ပိုပြီး လုပ်စရာ မရှိလို့ ဖြစ်မှာပေါ့ကွာ။ ။

Wednesday, April 23, 2014

ဒုက္ခအဖုံဖုံ

နက်ဖြန်ရောက်လာမယ့် ဧည့်သည်များကို ဘာများ ပြောရရင် ကောင်းမလဲလို့ တွေးပြီး ဘိက္ခုဗောဓိ အင်္ဂလိပ်ပြန်ထားတဲ့ အင်္ဂုတ္တိုရ်ပါဠိတော်ကို ဖတ်နေဖြစ်တယ်။ အဲဒီမှာ စတုက္ကနိပါတ်ထဲက အနုသောတသုတ်ကို သဘောကျမိတယ်။ အဲဒီထဲက စာသားလေးအချို့ကြောင့်ပါ။ ဘာလဲဆိုတော့ .....

Even with pain and dejection, weeping with a tearful face, he lives the complete and purified spiritual life.

ဒုက္ခအဖုံဖုံ
မကျေနပ်ဖွယ်က အမျိုးမျိုး
မျက်ရည်နဲ့မျက်ခွက် ဖြစ်နေတာတောင်
သူက
သူ့ဘဝကို ဖြူဖြူစင်စင် မြင့်မြင့်မြတ်မြတ်
ဖြတ်သန်းနေဆဲပဲ။

(အဲဒီလို ဘာသာပြန်နိုင်မယ် ထင်တယ်။)

ပါဠိလိုကတော့ သဟာပိ ဒုက္ခေန၊ သဟာပိ ဒေါမနေဿန၊ အဿမုခေါပိ ရုဒမာနော ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရတိ။တဲ့။

ရှေးရှေးတုန်းက

ရှေးရှေးတုန်းက
မြန်မာနိုင်ငံကို သွားပြီး
သာသနာပြုကြတဲ့
ခရစ်ယာန်ဘုန်းကြီးတွေရဲ့
ဇွဲသတ္တိ
ကိုယ်ကျိုးစွန့်မှု
သည်းခံမှုတွေသာ
ဗုဒ္ဓဘာသာဘုန်းကြီးတွေမှာ
ဆယ်ပုံတစ်ပုံလောက်ရှိရင်
ဗုဒ္ဓဘာသာအနောက်နိုင်ငံတွေမှာ
ပြန့်ပွားနေတာ ကြာပြီ။
ဒို့နိုင်ငံမှာ
ဗုဒ္ဓတရားတွေကို စောင့်မျှော်နေသူတွေ အများကြီး။
ဒါပေမဲ့ ဝေမျှပေးမယ့်ဘုန်းကြီးက
မရှိဘူး။ ရှိတဲ့ဘုန်းကြီးတွေကလည်း
အနောက်နိုင်ငံသားတွေနဲ့ ဆက်သွယ်ဆက်ဆံပြီး
ဟောပြောပေးတာမျိုး
မလုပ်ချင်ကြဘူး။
ကိုယ်ကျိုးစွန့်မယ်
ဗုဒ္ဓဘာသာပြန့်ပွားအောင်လုပ်မယ်
ဆိုတဲ့စိတ်ကူးသက်သက်နဲ့
အနောက်ကို ထွက်လာတဲ့ဘုန်းကြီး
ငါ့အသက် ၅၀ တစ်ခါမှ မတွေ့ဖူးဘူး။
(ဒီနေ့ ဧည့်သည်ဂျာမဏီတစ်ဦးပြောတဲ့အထဲက မှတ်မိတာလေးများပါ)

ဘယ်သူက ဘာ


ဘယ်သူက ဘာ
ဘယ်ဝါက ဘာ
ဘယ်သူ ဘယ်ကလာ
ဘယ်သူ ဘယ်လို ဖောက် ဆိုတာ
အချိန်နည်းနည်းစောင့်ကြည့်
သိတာပါ။
ဖုံးနေဖိနေ
ကာနေလို့လည်း
အပိုပါပဲ ဆရာရယ်။

အချိန်တန်ရင်



အချိန်တန်ရင် အိပ်တန်းပြန်ရမယ်ဆိုတာ
သိပေမဲ့
ခွန်အားရှိတုန်း
အချိန်ရှိတုန်း
ဝေးဝေး
မြင့်မြင့်
ပျံသန်းရတာ
စိတ်ဝင်စားနေမိတယ်။