Labels

Saturday, May 2, 2020

ၿငိမ္းခ်မ္းေစရာ ဓမၼကထာ (၂) - ႀကီးမားတဲ့ အသိဉာဏ္ -



ငြိမ်းချမ်းစေရာ ဓမ္မကထာ (၂)
………………………………………………
- ကြီးမားတဲ့ အသိဉာဏ် -
………………………………..
သဘောတရားအမှန်ကို သိမြင်ဖို့၊ မှန်မှန်ကန်ကန် နားလည်ဖို့အတွက် ဆရာလိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆရာပြောပြတာက အပေါ်ယံပဲ ဖြစ်နိုင်တယ်။ ကိုယ်ကိုယ်တိုင် အသိဉာဏ်နဲ့နားလည်မှ တကယ်နားလည်တယ်လို့ ခေါ်နိုင်ပါတယ်။ ဆရာဆီကနေ အပေါ်ယံ (ယေဘုယျအသိ)အမြင်ကို သိပြီးတဲ့နောက်မှာ ကိုယ်တိုင်နားလည်အောင် ကြိုးစားရမယ်။ အချို့က ဆရာပြောတာနဲ့တင် ကိုယ့်ကိုယ်ကို သိလှပြီဆိုပြီး ရပ်တန့်ပစ်တတ်ကြတယ်။ ဆရာပြောတဲ့(စာအုပ်ကပြောတဲ့)သဘောတရားတွေနဲ့ ပိတ်မိနေတတ်ကြတယ်။ ဒါကို သတိပြုရမယ်။

အချို့က ဆရာက ထိုင်ဆိုတာနဲ့ ထိုင်လိုက်တာပဲ။ ထိုင်ပြီးတော့ ပင်ပန်းသွားတယ်။ စိတ်ပျက်သွားတယ်။ ငြီးငွေ့သွားတယ်။ အထိုင်မှာ တရားရှိတယ်လို့ ထင်သွားတာကိုး။ အမှန်တော့ ထိုင်ခြင်း၊ ရပ်ခြင်း စတာတွေမှာ တရားရှိတာ မဟုတ်ဘူး။ အထိုင်၊ အရပ်စတာတွေက ပစ်မှတ်မဟုတ်ဘူး။ ပစ်မှတ်က သတိကပ်နေဖို့၊ သတိမလွတ်စေဖို့ပါ။ သတိမလွတ်သရွေ့ တရားအမှန်က အနားမှာရှိနေပါတယ်။

မျက်စိနဲ့ ကြည့်စရာကို ကြည့်တယ်။ မျက်စိကလည်း အမှန်တရား မဟုတ်သလို ကြည့်စရာကလည်း အမှန်တရား မဟုတ်ဘူး။ နား၊ နှာ၊ လ ျှာ၊ ကိုယ်၊ စိတ်လည်း ထို့အတူပါပဲ။ မျက်စိနဲ့ကြည့်စရာ တွေ့တယ်။ ကြည့်တယ်။ မြင်တယ်။ အကြည့်လောကတစ်ခု ပေါ်ပေါက်လာတယ်။ နားနဲ့ကြားစရာ တွေ့တယ်။ အကြားလောကတစ်ခု ပေါ်ပေါက်လာတယ်။ ဒီလိုပဲ ကျန်တဲ့ နှာ၊ လ ျှာ၊ ကိုယ်၊ စိတ်တွေလည်း ဒီလို လောကအသီးသီး ရှိကြတယ်။ အကျဉ်းချုပ်ပြီးပြောရရင်တော့ အာရုံငါးပါးနဲ့ကြည့်စရာ၊ မြင်စရာ စတာတွေ တွေ့ဆုံမိကြတယ်။ အဲဒါ လောကကြီးပဲ။ လောကကြီးတစ်ခုလုံးဟာ အဲဒီအမြင်၊ အကြား၊ အနံ၊ အရသာ၊ အတွေ့အထိတို့ကနေ ပေါက်ဖွားလာတဲ့၊ ပေါက်ဖွားလာနေတဲ့ ဖြစ်စဉ်အစုအဝေးတစ်ခုမ ျှထက် ဘာမှ မပိုပါဘူး။ အဲဒီအာရုံငါးပါးဆုံတဲ့အခိုက်အတံ့တိုင်းမှာ သတိရှိနေခြင်းဟာ အမှန်တရားသိမြင်နားလည်ရေးလမ်းစဉ်ရဲ့ အဓိကအချက်ပါ။ လောကတစ်ခုလုံးဟာ အာရုံငါးပါးရဲ့ထိခတ်မှုကြောင့် ဖြစ်ပေါ်နေတဲ့အရာမ ျှသာလို့ သဘောပေါက်လိုက်ရင် အမှန်တရားကို သိမြင်ဖို့ နီးကပ်လာပြီဆိုတဲ့ သဘောပါပဲ။

အာရုံငါးပါးနဲ့ထိခတ်သမ ျှအချိန်တိုင်းမှာ ပျော်စရာ၊ ငြီးငွေ့စရာ၊ ကြည်နူးစရာ၊ စိတ်ပျက်စရာ … ဘယ်လိုအခြေအနေဖြစ်နေပါစေ၊ အရေးမကြီးပါဘူး။ အရေးကြီးတာက ဘယ်အခြေအနေပဲဖြစ်ဖြစ် ကာလတစ်ခုပြီးတာနဲ့ ပျောက်ပျက်သွားမယ်ဆိုတဲ့ အသိလေး ထားပေးလိုက်ရုံပဲ။ ဒီအသိလေးက အသိဉာဏ်ပညာလမ်းစဉ်ရဲ့ အဓိကသော့ချက်ပဲ။ 

တစ်ခါတစ်ရံ ပျော်ရွှင်ရတယ်။ တစ်ခါတစ်ရံ ဝမ်းနည်းပူးဆွေးရတယ်။ ငိုကြွေးရတယ်။ ဘယ်လိုအခြေအနေနဲ့ကြုံပါစေ … ဒါကလည်း အမြဲဖြစ်နေမယ့်အရာမဟုတ်ဘူးဆိုတဲ့ အသိလေးကို ကိုင်စွဲထားရုံလေးပါ။ ဒီအသိလေးကို ကိုင်စွဲထားတတ်တဲ့အကျင့်လေးက တစ်နေ့မှာ ကြီးမားတဲ့အသိဉာဏ်ကြီးအဖြစ် ပေါ်ထွက်လာပါလိမ့်မယ်။ ဘုရားကလည်း ဒါကို အာမခံပေးထားတယ်။ 

အရှင်ကုသလသာမိ
၂၅ ဇွန် ၂ဝ၁၈



ၿငိမ္းခ်မ္းေစရာ ဓမၼကထာ (၂)
………………………………………………
- ႀကီးမားတဲ့ အသိဉာဏ္ -
………………………………..
သေဘာတရားအမွန္ကို သိျမင္ဖို႔၊ မွန္မွန္ကန္ကန္ နားလည္ဖို႔အတြက္ ဆရာလိုတာေတာ့ မွန္ပါတယ္။ ဒါေပမဲ့ ဆရာေျပာျပတာက အေပၚယံပဲ ျဖစ္ႏိုင္တယ္။ ကိုယ္ကိုယ္တိုင္ အသိဉာဏ္နဲ႔နားလည္မွ တကယ္နားလည္တယ္လို႔ ေခၚႏိုင္ပါတယ္။ ဆရာဆီကေန အေပၚယံ (ေယဘုယ်အသိ)အျမင္ကို သိၿပီးတဲ့ေနာက္မွာ ကိုယ္တိုင္နားလည္ေအာင္ ႀကိဳးစားရမယ္။ အခ်ိဳ႕က ဆရာေျပာတာနဲ႔တင္ ကိုယ့္ကိုယ္ကို သိလွၿပီဆိုၿပီး ရပ္တန္႔ပစ္တတ္ၾကတယ္။ ဆရာေျပာတဲ့(စာအုပ္ကေျပာတဲ့)သေဘာတရားေတြနဲ႔ ပိတ္မိေနတတ္ၾကတယ္။ ဒါကို သတိျပဳရမယ္။

အခ်ိဳ႕က ဆရာက ထိုင္ဆိုတာနဲ႔ ထိုင္လိုက္တာပဲ။ ထိုင္ၿပီးေတာ့ ပင္ပန္းသြားတယ္။ စိတ္ပ်က္သြားတယ္။ ၿငီးေငြ႕သြားတယ္။ အထိုင္မွာ တရားရွိတယ္လို႔ ထင္သြားတာကိုး။ အမွန္ေတာ့ ထိုင္ျခင္း၊ ရပ္ျခင္း စတာေတြမွာ တရားရွိတာ မဟုတ္ဘူး။ အထိုင္၊ အရပ္စတာေတြက ပစ္မွတ္မဟုတ္ဘူး။ ပစ္မွတ္က သတိကပ္ေနဖို႔၊ သတိမလြတ္ေစဖို႔ပါ။ သတိမလြတ္သေရြ႕ တရားအမွန္က အနားမွာရွိေနပါတယ္။

မ်က္စိနဲ႔ ၾကည့္စရာကို ၾကည့္တယ္။ မ်က္စိကလည္း အမွန္တရား မဟုတ္သလို ၾကည့္စရာကလည္း အမွန္တရား မဟုတ္ဘူး။ နား၊ ႏွာ၊ လ ွ်ာ၊ ကိုယ္၊ စိတ္လည္း ထို႔အတူပါပဲ။ မ်က္စိနဲ႔ၾကည့္စရာ ေတြ႕တယ္။ ၾကည့္တယ္။ ျမင္တယ္။ အၾကည့္ေလာကတစ္ခု ေပၚေပါက္လာတယ္။ နားနဲ႔ၾကားစရာ ေတြ႕တယ္။ အၾကားေလာကတစ္ခု ေပၚေပါက္လာတယ္။ ဒီလိုပဲ က်န္တဲ့ ႏွာ၊ လ ွ်ာ၊ ကိုယ္၊ စိတ္ေတြလည္း ဒီလို ေလာကအသီးသီး ရွိၾကတယ္။ အက်ဥ္းခ်ဳပ္ၿပီးေျပာရရင္ေတာ့ အာရံုငါးပါးနဲ႔ၾကည့္စရာ၊ ျမင္စရာ စတာေတြ ေတြ႕ဆံုမိၾကတယ္။ အဲဒါ ေလာကႀကီးပဲ။ ေလာကႀကီးတစ္ခုလံုးဟာ အဲဒီအျမင္၊ အၾကား၊ အနံ၊ အရသာ၊ အေတြ႕အထိတို႔ကေန ေပါက္ဖြားလာတဲ့၊ ေပါက္ဖြားလာေနတဲ့ ျဖစ္စဥ္အစုအေဝးတစ္ခုမ ွ်ထက္ ဘာမွ မပိုပါဘူး။ အဲဒီအာရံုငါးပါးဆံုတဲ့အခိုက္အတံ့တိုင္းမွာ သတိရွိေနျခင္းဟာ အမွန္တရားသိျမင္နားလည္ေရးလမ္းစဥ္ရဲ႕ အဓိကအခ်က္ပါ။ ေလာကတစ္ခုလံုးဟာ အာရံုငါးပါးရဲ႕ထိခတ္မႈေၾကာင့္ ျဖစ္ေပၚေနတဲ့အရာမ ွ်သာလို႔ သေဘာေပါက္လိုက္ရင္ အမွန္တရားကို သိျမင္ဖို႔ နီးကပ္လာၿပီဆိုတဲ့ သေဘာပါပဲ။

အာရံုငါးပါးနဲ႔ထိခတ္သမ ွ်အခ်ိန္တိုင္းမွာ ေပ်ာ္စရာ၊ ၿငီးေငြ႕စရာ၊ ၾကည္ႏူးစရာ၊ စိတ္ပ်က္စရာ … ဘယ္လိုအေျခအေနျဖစ္ေနပါေစ၊ အေရးမႀကီးပါဘူး။ အေရးႀကီးတာက ဘယ္အေျခအေနပဲျဖစ္ျဖစ္ ကာလတစ္ခုၿပီးတာနဲ႔ ေပ်ာက္ပ်က္သြားမယ္ဆိုတဲ့ အသိေလး ထားေပးလိုက္ရံုပဲ။ ဒီအသိေလးက အသိဉာဏ္ပညာလမ္းစဥ္ရဲ႕ အဓိကေသာ့ခ်က္ပဲ။ 

တစ္ခါတစ္ရံ ေပ်ာ္ရႊင္ရတယ္။ တစ္ခါတစ္ရံ ဝမ္းနည္းပူးေဆြးရတယ္။ ငိုေၾကြးရတယ္။ ဘယ္လိုအေျခအေနနဲ႔ႀကံဳပါေစ … ဒါကလည္း အၿမဲျဖစ္ေနမယ့္အရာမဟုတ္ဘူးဆိုတဲ့ အသိေလးကို ကိုင္စဲြထားရံုေလးပါ။ ဒီအသိေလးကို ကိုင္စဲြထားတတ္တဲ့အက်င့္ေလးက တစ္ေန႔မွာ ႀကီးမားတဲ့အသိဉာဏ္ႀကီးအျဖစ္ ေပၚထြက္လာပါလိမ့္မယ္။ ဘုရားကလည္း ဒါကို အာမခံေပးထားတယ္။ 

အရွင္ကုသလသာမိ
၂၅ ဇြန္ ၂ဝ၁၈

ငြိမ်းချမ်းစေရာ ဓမ္မကထာ (၁) - တန်ဖိုးရှိသောအခိုက်အတံ့များ -




ငြိမ်းချမ်းစေရာ ဓမ္မကထာ (၁)
………………………………………………………….
- တန်ဖိုးရှိသောအခိုက်အတံ့များ -

အမှန်တရားဆိုတာ ဘာလဲ။ အမှန်တရားဆိုတာ သဘာဝတရားပဲ။ သဘာဝတရားဆိုတာ ဘာလဲ။ သဘာဝတရားဆိုတာ လောကမှာ ဖြစ်နေပျက်နေတဲ့အရာမှန်သမ ျှကို ခေါ်တာပဲ။ သဘောတရားတွေအပေါ်မှာ ထင်ယောင်မှားနေတာဟာ အမှန်တရားအပေါ် ထင်ယောင်မှားနေတာပဲ။ အမှန်တရားအပေါ် ထင်ယောင်မှားနေတာဟာ လောကအရှုပ်ထဲမှာ လမ်းပျောက်နေတာပါ။ ထင်ယောင်မှားမှုတွေနဲ့လမ်းမပျောက်ဖို့ သီလ၊ သမာဓိ၊ ပညာကို ဘုရားက ဟောခဲ့တယ်။ ဒီသုံးခုက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။

သီလဆိုတာ အပြုမှား၊ အပြောမှားတွေကို စွန့်လွှတ်ခြင်း ဖြစ်ပါတယ်။ အပြုမှား၊ အပြောမှားတွေနဲ့ ကျင်လည်နေတဲ့သူဟာ သူ့ဘဝက ပူလောင်နေပါတယ်။ တစ်ပြိုင်နက်တည်းမှာ အပြုမှား၊ အပြောမှားတွေကို စွန့်လိုက်တာနဲ့ သူ့ဘဝက အေးသွားပါတယ်။ တည်ငြိမ်သွားပါတယ်။ အပြုမှား, အပြောမှားတွေကို သတိထားရင်း၊ စွန့်လွှတ်လာရင်းကနေ တည်ငြိမ်အေးဆေးတဲ့ စိတ်ဓာတ်အခြေအနေကို ရောက်သွားပါတယ်။ တည်ငြိမ်အေးချမ်းတဲ့စိတ်က ကြည်လင်တယ်၊ ဖြူစင်တယ်၊ အေးချမ်းတယ်။ ကြည်လင်ဖြူစင်တဲ့စိတ်က အမှန်တရားကို မြင်နိုင်စွမ်းတဲ့ပညာကို ဖြစ်ပေါ်လာစေတာပဲ။ ဥပမာပြောရရင် ကြည်လင်နေတဲ့ရေကန်ထဲကို လှမ်းကြည့်လိုက်ရင် ကိုယ့်မျက်နှာကို မှန်တစ်ချပ်မှာကြည့်သလို မြင်ရမှာပါ။ အောက်ခြေမှာ ဒိုက်တွေ၊ မှော်တွေ၊ ကျောက်စရစ်ခဲလေးတွေကိုလည်း မြင်ရမှာပဲ။ ကန်ဘေးက တဲလေးကိုလည်း မြင်နေရမှာပဲ။ တဲလေးအပေါ်မှာ နားနေတဲ့ ငှက်ငယ်လေးကိုတောင် မြင်နိုင်ပါတယ်။ ဒါက သီလ၊ သမာဓိ၊ ပညာရဲ့ အချင်းချင်း အပြန်အလှန် အမှီသဟဲပြုနေပုံပါ။ 

အမှန်တရားကို နားလည်ရေးမှာ စာအုပ်တွေက နည်းလမ်းပေါင်းစုံ ဖော်ပြနေတာပဲ။ သီလ, သမာဓိ, ပညာ ကျင့်စဉ်သုံးရပ်၊ သမထ, ဝိပဿနာကျင့်စဉ်၊ ဝိသုဒ္ဓိခုနှစ်ပါး … ဘယ်လိုပဲဖော်ပြဖော်ပြ အဆက်အစပ်ရှိရှိ တည်နေတဲ့ကျင့်စဉ်တစ်ခုပါပဲ။ ဥပမာ သရက်သီးတစ်လုံးဆိုပါတော့။ သရက်သီးအသေးလေးလည်း သရက်သီးပဲ။ တဖြည်းဖြည်း ကြီးလာတဲ့သရက်သီးလည်း သရက်သီးပဲ။ မှည့်နေတဲ့သရက်သီးလည်း သရက်သီးပဲ။ ဒါက သရက်သီးတစ်လုံးတည်းမှာ ပြောင်းလဲဖြစ်တည်နေတဲ့ဖြစ်စဉ်တစ်ခုပါပဲ။ ကျင့်စဉ်တွေအပေါ်မှာ ဒီဥပမာပေးနိုင်သလို သဘာဝအမှန်တရားအပေါ်အမြင်မှာလည်း ဒီသဘောပါပဲ။

ကိုယ်ကိုယ်တိုင်မှာ ဖြစ်ပျက်ကြုံတွေ့နေရတဲ့အရာတွေဟာလည်း သရက်သီးလေးတစ်လုံး ပြောင်းလဲနေသလိုပါပဲ။ တစ်လောကလုံးမှာဖြစ်ပျက်သမ ျှတွေဟာလည်း ဒီသဘောမ ျှပါပဲ။ ကိုယ်တွေးနေတာတွေ, သူများတွေးနေတာတွေ၊ ကိုယ်လုပ်နေတာတွေ, သူများ လုပ်နေတာတွေအားလုံးဟာ မမြဲဘူး၊ ပြောင်းလဲနေတယ်၊ ဆုပ်ကိုင်ထားလို့ မရဘူး။ မြဲတယ်, မပြောင်းလဲဘူးဆိုပြီး ဆုပ်ကိုင်ထားလိုက်တာနဲ့ မငြိမ်းချမ်းမှုနဲ့ဒုက္ခနွံထဲ ဆင်းရတော့တာပဲ။ 

ကိုယ်လုပ်တာတွေ, သူလုပ်တာတွေ၊ ကိုယ်ပြောတာတွေ, သူပြောတာတွေအားလုံးအပေါ်မှာ တွယ်တာတဲ့စိတ်ကို စွန့်လွှတ်ပစ်လိုက်တဲ့ အခိုက်အတံ့တိုင်းဟာ ဘဝမှာ တန်ဖိုးအရှိဆုံးအခိုက်အတံ့တွေပါပဲ။ ဒီလိုအခိုက်အတံ့တွေ ဘဝမှာ များများစားစား ရှိလာရင်တော့ အတိုင်းထက်အလွန်ပေါ့။

အရှင်ကုသလသာမိ
၂၄ ဇွန် ၂ဝ၁၈



ၿငိမ္းခ်မ္းေစရာ ဓမၼကထာ (၁)
………………………………………………………….
- တန္ဖိုးရွိေသာအခိုက္အတံ့မ်ား -

အမွန္တရားဆိုတာ ဘာလဲ။ အမွန္တရားဆိုတာ သဘာဝတရားပဲ။ သဘာဝတရားဆိုတာ ဘာလဲ။ သဘာဝတရားဆိုတာ ေလာကမွာ ျဖစ္ေနပ်က္ေနတဲ့အရာမွန္သမ ွ်ကို ေခၚတာပဲ။ သေဘာတရားေတြအေပၚမွာ ထင္ေယာင္မွားေနတာဟာ အမွန္တရားအေပၚ ထင္ေယာင္မွားေနတာပဲ။ အမွန္တရားအေပၚ ထင္ေယာင္မွားေနတာဟာ ေလာကအရႈပ္ထဲမွာ လမ္းေပ်ာက္ေနတာပါ။ ထင္ေယာင္မွားမႈေတြနဲ႔လမ္းမေပ်ာက္ဖို႔ သီလ၊ သမာဓိ၊ ပညာကို ဘုရားက ေဟာခဲ့တယ္။ ဒီသံုးခုက တစ္ခုနဲ႔တစ္ခု ဆက္စပ္ေနတယ္။

သီလဆိုတာ အျပဳမွား၊ အေျပာမွားေတြကို စြန္႔လႊတ္ျခင္း ျဖစ္ပါတယ္။ အျပဳမွား၊ အေျပာမွားေတြနဲ႔ က်င္လည္ေနတဲ့သူဟာ သူ႔ဘဝက ပူေလာင္ေနပါတယ္။ တစ္ၿပိဳင္နက္တည္းမွာ အျပဳမွား၊ အေျပာမွားေတြကို စြန္႔လိုက္တာနဲ႔ သူ႔ဘဝက ေအးသြားပါတယ္။ တည္ၿငိမ္သြားပါတယ္။ အျပဳမွား, အေျပာမွားေတြကို သတိထားရင္း၊ စြန္႔လႊတ္လာရင္းကေန တည္ၿငိမ္ေအးေဆးတဲ့ စိတ္ဓာတ္အေျခအေနကို ေရာက္သြားပါတယ္။ တည္ၿငိမ္ေအးခ်မ္းတဲ့စိတ္က ၾကည္လင္တယ္၊ ျဖဴစင္တယ္၊ ေအးခ်မ္းတယ္။ ၾကည္လင္ျဖဴစင္တဲ့စိတ္က အမွန္တရားကို ျမင္ႏိုင္စြမ္းတဲ့ပညာကို ျဖစ္ေပၚလာေစတာပဲ။ ဥပမာေျပာရရင္ ၾကည္လင္ေနတဲ့ေရကန္ထဲကို လွမ္းၾကည့္လိုက္ရင္ ကိုယ့္မ်က္ႏွာကို မွန္တစ္ခ်ပ္မွာၾကည့္သလို ျမင္ရမွာပါ။ ေအာက္ေျခမွာ ဒိုက္ေတြ၊ ေမွာ္ေတြ၊ ေက်ာက္စရစ္ခဲေလးေတြကိုလည္း ျမင္ရမွာပဲ။ ကန္ေဘးက တဲေလးကိုလည္း ျမင္ေနရမွာပဲ။ တဲေလးအေပၚမွာ နားေနတဲ့ ငွက္ငယ္ေလးကိုေတာင္ ျမင္ႏုိင္ပါတယ္။ ဒါက သီလ၊ သမာဓိ၊ ပညာရဲ႕ အခ်င္းခ်င္း အျပန္အလွန္ အမွီသဟဲျပဳေနပံုပါ။

အမွန္တရားကို နားလည္ေရးမွာ စာအုပ္ေတြက နည္းလမ္းေပါင္းစံု ေဖာ္ျပေနတာပဲ။ သီလ, သမာဓိ, ပညာ က်င့္စဥ္သံုးရပ္၊ သမထ, ဝိပႆနာက်င့္စဥ္၊ ဝိသုဒၶိခုႏွစ္ပါး … ဘယ္လိုပဲေဖာ္ျပေဖာ္ျပ အဆက္အစပ္ရွိရွိ တည္ေနတဲ့က်င့္စဥ္တစ္ခုပါပဲ။ ဥပမာ သရက္သီးတစ္လံုးဆိုပါေတာ့။ သရက္သီးအေသးေလးလည္း သရက္သီးပဲ။ တျဖည္းျဖည္း ႀကီးလာတဲ့သရက္သီးလည္း သရက္သီးပဲ။ မွည့္ေနတဲ့သရက္သီးလည္း သရက္သီးပဲ။ ဒါက သရက္သီးတစ္လံုးတည္းမွာ ေျပာင္းလဲျဖစ္တည္ေနတဲ့ျဖစ္စဥ္တစ္ခုပါပဲ။ က်င့္စဥ္ေတြအေပၚမွာ ဒီဥပမာေပးႏိုင္သလို သဘာဝအမွန္တရားအေပၚအျမင္မွာလည္း ဒီသေဘာပါပဲ။

ကိုယ္ကိုယ္တိုင္မွာ ျဖစ္ပ်က္ႀကံဳေတြ႕ေနရတဲ့အရာေတြဟာလည္း သရက္သီးေလးတစ္လံုး ေျပာင္းလဲေနသလိုပါပဲ။ တစ္ေလာကလံုးမွာျဖစ္ပ်က္သမ ွ်ေတြဟာလည္း ဒီသေဘာမ ွ်ပါပဲ။ ကိုယ္ေတြးေနတာေတြ, သူမ်ားေတြးေနတာေတြ၊ ကိုယ္လုပ္ေနတာေတြ, သူမ်ား လုပ္ေနတာေတြအားလံုးဟာ မၿမဲဘူး၊ ေျပာင္းလဲေနတယ္၊ ဆုပ္ကိုင္ထားလို႔ မရဘူး။ ၿမဲတယ္, မေျပာင္းလဲဘူးဆိုၿပီး ဆုပ္ကိုင္ထားလိုက္တာနဲ႔ မၿငိမ္းခ်မ္းမႈနဲ႔ဒုကၡႏြံထဲ ဆင္းရေတာ့တာပဲ။

ကိုယ္လုပ္တာေတြ, သူလုပ္တာေတြ၊ ကိုယ္ေျပာတာေတြ, သူေျပာတာေတြအားလံုးအေပၚမွာ တြယ္တာတဲ့စိတ္ကို စြန္႔လႊတ္ပစ္လိုက္တဲ့ အခိုက္အတံ့တိုင္းဟာ ဘဝမွာ တန္ဖိုးအရွိဆံုးအခုိက္အတံ့ေတြပါပဲ။ ဒီလိုအခိုက္အတံ့ေတြ ဘဝမွာ မ်ားမ်ားစားစား ရွိလာရင္ေတာ့ အတိုင္းထက္အလြန္ေပါ့။

အရွင္ကုသလသာမိ
၂၄ ဇြန္ ၂ဝ၁၈