Labels

Sunday, December 27, 2020

ၿငိမ္းခ်မ္းေစရာ ဓမၼကထာ (၄) ……… - အရိုးရွင္းဆံုး သီအိုရီ -




Zawgyi/Unicode


ငြိမ်းချမ်းစေရာ ဓမ္မကထာ (၄)

………………………………………………

- အရိုးရှင်းဆုံး သီအိုရီ -

………………………

လောကမှာ ရှိတဲ့လူတိုင်းကို “မင်း ဘာလုပ်နေတာလဲ၊ ဘာဖြစ်နေတာလဲ”လို့ မေးလိုက်ရင် စီးပွားရေး လုပ်နေတယ်၊ ငွေရှာနေတယ်၊ ဘဝကြင်ဖော်ရှာနေတယ်၊ စာကျက်နေတယ်၊ ပညာသင်နေတယ်၊ ကားမောင်းသင်နေတယ်၊ ထမင်းစားနေတယ်၊ ခရီးသွားနေတယ်၊ စိတ်ပျက်နေတယ်၊ ပျော်နေတယ်၊ ကြည်နူးနေတယ်၊ ကိုယ့်ကိုယ်ကို အားမလို အားမရဖြစ်နေတယ်၊ မကျေမနပ်ဖြစ်နေတယ်၊ သူ့ကို (သားကို၊ သမီးကို) အားမရဖြစ်နေတယ်၊ သူ့ကို မကျေမနပ်ဖြစ်နေတယ် … အော် … များလိုက်တဲ့ ပညတ်တွေ။ 


တစ်လောကလုံးမှာရှိသမ ျှ “လုပ်နေတယ်”ဆိုတဲ့ခေါင်းစဉ်တွေကို အကျဉ်းချုပ်လိုက်တဲ့အခါ 

“၁။ မျက်စိနဲ့ကြည့်မြင်နေတယ်၊ 

၂။ နားနဲ့နားထောင်နေတယ်၊ 

၃။ နှာခေါင်းနဲ့အနံ့ကို ရှုရှိုက်နေတယ်၊ 

၄။ လ ျှာနဲ့အရသာကို မြည်းစမ်းနေတယ်၊ 

၅။ ကိုယ်ခန္ဓာနဲ့နူးညံ့မှု၊ ကြမ်းတမ်းမှုတွေကို ခံစားနေတယ်၊ 

၆။ စိတ်နဲ့အာရုံခံစားမှုတွေ ဖြစ်နေတယ်”ဆိုတဲ့ 

ဝါကျ (၆)ခုကနေ လွတ်သွားတာ တစ်ခုမှ မရှိပါဘူး။


ဒီအသိအမြင်က ဘာမှ မထူးဆန်းသလိုဖြစ်နေပေမဲ့ ကိုယ်ဘာလုပ်နေတာလဲ၊ ကိုယ်ဘာဖြစ်နေတာလဲဆိုတာကို သိမြင်နားလည်အောင် ကြိုးစားတာဟာ ဗုဒ္ဓဝါဒရဲ့ အရေးအကြီးဆုံးလုပ်ငန်းစဉ်တစ်ခုပါ။ ဘယ်အလုပ်ပဲဖြစ်ဖြစ်၊ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ဒီဝါကျ(၆)ခုကို သိမြင်နားလည်နေမှ၊ သတိထားတတ်ပါမှ ဘဝရဲ့နောက်ဆက်တွဲဝါကျတွေက လှပလာမှာပါ။ တဖြည်းဖြည်းချင်း အလေ့အကျင့်လုပ်သွားရင် မခက်ပါဘူး။ 


ပုထုဇဉ်တွေလည်း ဒီဝါကျ(၆)ခုကိုပဲ နေ့စဉ်အသုံးပြုတယ်။ ဘုရားရဟန္တာတွေလည်း ဒီဝါကျ(၆)ခုကိုပဲ နေ့စဉ်အသုံးပြုတယ်။ ပုထုဇဉ်တွေရဲ့ဝါကျတွေက “အကြိုက်နဲ့မကြိုက်”နှစ်မျိုးကြောင့် တုန်တယ်။ လှုပ်တယ်။ ဘုရားရဟန္တာတွေရဲ့ဝါကျတွေကျတော့ “အကြိုက်နဲ့မကြိုက်”ကြောင့် မတုန်လှုပ်တော့ဘူး။ 


စိတ်ဓာတ်အဆင့်အတန်း အထက်တန်းမရောက်နိုင်သေးသူတွေကျတော့ “အကြိုက်”တွေ့ရင် လောဘနဲ့လှုပ်တယ်။ “မကြိုက်”တွေ့ရင် ဒေါသနဲ့လှုပ်တယ်။ အထက်တန်းကျသူတွေကျတော့ “အကြိုက်”တွေ့တဲ့အခါပဲဖြစ်ဖြစ်၊ “မကြိုက်”တွေ့တဲ့အခါပဲဖြစ်ဖြစ် လောဘနဲ့ဒေါသမဖြစ်အောင် သတိလေးကပ်ထားနိုင်ကြတယ်။ လောကမှာ ငြိမ်းချမ်းတဲ့သူ၊ မငြိမ်းချမ်းတဲ့သူဆိုတာကို ဒီသီအိုရီကို ဘယ်လောက်အသုံးချတတ်သလဲဆိုတာက အဆုံးအဖြတ်ပေးပါတယ်။


အရှင်ကုသလသာမိ

၂ရ ဇွန် ၂ဝ၁၈



 ၿငိမ္းခ်မ္းေစရာ ဓမၼကထာ (၄)

………………………………………………

- အရိုးရွင္းဆံုး သီအိုရီ -

………………………

ေလာကမွာ ရွိတဲ့လူတိုင္းကို “မင္း ဘာလုပ္ေနတာလဲ၊ ဘာျဖစ္ေနတာလဲ”လို႔ ေမးလိုက္ရင္ စီးပြားေရး လုပ္ေနတယ္၊ ေငြရွာေနတယ္၊ ဘဝၾကင္ေဖာ္ရွာေနတယ္၊ စာက်က္ေနတယ္၊ ပညာသင္ေနတယ္၊ ကားေမာင္းသင္ေနတယ္၊ ထမင္းစားေနတယ္၊ ခရီးသြားေနတယ္၊ စိတ္ပ်က္ေနတယ္၊ ေပ်ာ္ေနတယ္၊ ၾကည္ႏူးေနတယ္၊ ကိုယ့္ကိုယ္ကို အားမလို အားမရျဖစ္ေနတယ္၊ မေက်မနပ္ျဖစ္ေနတယ္၊ သူ႔ကို (သားကို၊ သမီးကို) အားမရျဖစ္ေနတယ္၊ သူ႔ကို မေက်မနပ္ျဖစ္ေနတယ္ … ေအာ္ … မ်ားလိုက္တဲ့ ပညတ္ေတြ။ 

 

တစ္ေလာကလံုးမွာရွိသမ ွ် “လုပ္ေနတယ္”ဆိုတဲ့ေခါင္းစဥ္ေတြကို အက်ဥ္းခ်ဳပ္လိုက္တဲ့အခါ 

“၁။ မ်က္စိနဲ႔ၾကည့္ျမင္ေနတယ္၊

၂။ နားနဲ႔နားေထာင္ေနတယ္၊

၃။ ႏွာေခါင္းနဲ႔အနံ႔ကို ရႈရႈိက္ေနတယ္၊ 

၄။ လ ွ်ာနဲ႔အရသာကို ျမည္းစမ္းေနတယ္၊ 

၅။ ကိုယ္ခႏၶာနဲ႔ႏူးညံ့မႈ၊ ၾကမ္းတမ္းမႈေတြကို ခံစားေနတယ္၊ 

၆။ စိတ္နဲ႔အာရံုခံစားမႈေတြ ျဖစ္ေနတယ္”ဆိုတဲ့ 

ဝါက် (၆)ခုကေန လြတ္သြားတာ တစ္ခုမွ မရွိပါဘူး။

 

ဒီအသိအျမင္က ဘာမွ မထူးဆန္းသလိုျဖစ္ေနေပမဲ့ ကိုယ္ဘာလုပ္ေနတာလဲ၊ ကိုယ္ဘာျဖစ္ေနတာလဲဆိုတာကို သိျမင္နားလည္ေအာင္ ႀကိဳးစားတာဟာ ဗုဒၶဝါဒရဲ႕ အေရးအႀကီးဆံုးလုပ္ငန္းစဥ္တစ္ခုပါ။ ဘယ္အလုပ္ပဲျဖစ္ျဖစ္၊ ဘယ္အေျခအေနမွာပဲျဖစ္ျဖစ္ ဒီဝါက်(၆)ခုကို သိျမင္နားလည္ေနမွ၊ သတိထားတတ္ပါမွ ဘဝရဲ႕ေနာက္ဆက္တဲြဝါက်ေတြက လွပလာမွာပါ။ တျဖည္းျဖည္းခ်င္း အေလ့အက်င့္လုပ္သြားရင္ မခက္ပါဘူး။ 

 

ပုထုဇဥ္ေတြလည္း ဒီဝါက်(၆)ခုကိုပဲ ေန႔စဥ္အသံုးျပဳတယ္။ ဘုရားရဟႏၲာေတြလည္း ဒီဝါက်(၆)ခုကိုပဲ ေန႔စဥ္အသံုးျပဳတယ္။ ပုထုဇဥ္ေတြရဲ႕ဝါက်ေတြက “အႀကိဳက္နဲ႔မႀကိဳက္”ႏွစ္မ်ိဳးေၾကာင့္ တုန္တယ္။ လႈပ္တယ္။ ဘုရားရဟႏၲာေတြရဲ႕ဝါက်ေတြက်ေတာ့ “အႀကိဳက္နဲ႔မႀကိဳက္”ေၾကာင့္ မတုန္လႈပ္ေတာ့ဘူး။ 

 

စိတ္ဓာတ္အဆင့္အတန္း အထက္တန္းမေရာက္ႏိုင္ေသးသူေတြက်ေတာ့ “အႀကိဳက္”ေတြ႕ရင္ ေလာဘနဲ႔လႈပ္တယ္။ “မႀကိဳက္”ေတြ႕ရင္ ေဒါသနဲ႔လႈပ္တယ္။ အထက္တန္းက်သူေတြက်ေတာ့ “အႀကိဳက္”ေတြ႕တဲ့အခါပဲျဖစ္ျဖစ္၊ “မႀကိဳက္”ေတြ႕တဲ့အခါပဲျဖစ္ျဖစ္ ေလာဘနဲ႔ေဒါသမျဖစ္ေအာင္ သတိေလးကပ္ထားႏိုင္ၾကတယ္။ ေလာကမွာ ၿငိမ္းခ်မ္းတဲ့သူ၊ မၿငိမ္းခ်မ္းတဲ့သူဆိုတာကို ဒီသီအုိရီကို ဘယ္ေလာက္အသံုးခ်တတ္သလဲဆိုတာက အဆံုးအျဖတ္ေပးပါတယ္။

 

အရွင္ကုသလသာမိ

၂၇ ဇြန္ ၂ဝ၁၈

ၿငိမ္းခ်မ္းေစရာ ဓမၼကထာ (၃) … - အေတြးအလ်ဥ္ေတြကို သတိထားပါ -



Zawgyi/Unicode

ငြိမ်းချမ်းစေရာ ဓမ္မကထာ (၃)

………………………………………………

- အတွေးအလျဉ်တွေကို သတိထားပါ -

………………………………..

သဘောတရားတွေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး တည်ငြိမ်တဲ့ အပြုအမူ၊ အပြောအဆိုတွေဖြစ်လာရေးဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ဘဝမှာ အောင်မြင်ဖို့အတွက် လောကီမှာဆိုရင်လည်း တက်ကျမ်းတွေ၊ နည်းလမ်းတွေကို သုံးတယ်။ အမှီအခိုပုဂ္ဂိုလ်တွေရဲ့စကားကို နားထောင်တယ်။ လောကုတ္တရာမှာဆိုရင်လည်း ဘာသာရေးစာအုပ်တွေပြောတာကို လိုက်နာတယ်။ ဆရာတွေပြောတာကို လိုက်လုပ်တယ်။ ဒါတွေက သူ့အတိုင်းအတာနဲ့သူ အရေးပါတာ မှန်ပါတယ်။ ဒါပေမဲ့ ဆရာ(စာအုပ်)ကို အားကိုးတဲ့နေရာမှာ လှေဖောင်တွေကို ဘယ်လိုလှော်ခတ်ရမယ်ဆိုတာကို ပြောပြပေးသူအဆင့်မ ျှပဲ အားကိုးရပါမယ်။ 


အမှန်က ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု၊ ကိရိယာတွေကို အသုံးချတတ်မှု တစ်နည်းပြောရရင် ကိုယ်ပိုင်အတွေ့အကြုံကိုပဲ အားကိုးရပါတယ်။ ဒါမှ ဘုရားနည်းပါ။

စာအုပ်တွေနဲ့စာအုပ်ကပြောတဲ့အရာတွေက တစ်ဆင့်ခံအရင်းအမြစ်တွေ (Secondry Sources)ပါ။ ကိုယ်တိုင်သိမြင်ရတာတွေကမှ တကယ့်အရင်းအမြစ် (Primary Sources)တွေပါ။


စာသိနဲ့ကြားသိက ဉာဏ်သိဆီကို ရောက်မလာရင် သူ့မူလစာအုပ်၊ မူလပြောသူဆီပဲ ပြန်ရောက်သွားတာ။ ဉာဏ်သိက စာထဲမှာ မရှိဘူး။ ပြောသူစကားမှာ မရှိဘူး။ ဉာဏ်သိက ကိုယ်ပိုင်အတွေ့အကြုံ(Personal experience)ထဲမှာပဲ ရှိတာပါ။ ဗုဒ္ဓဘာသာရဲ့ ဒီအမြင်(Concept)က လောကုတ္တရာရေးအတွက်သာ ကောင်းတာမဟုတ်ဘူး။ လောကီအဆင်ပြေရေးအတွက်လည်း အရေးပါတယ်ဆိုတာကို ဆင်ခြင်ကြည့်ဖို့ လိုအပ်တယ်။ 


ဘဝမှာ ငြိမ်းချမ်းစေဖို့ သစ္စဓမ္မကို လိုအပ်တယ်ဆိုရင် အဲဒီသစ္စဓမ္မဟာ ကိုယ်စီစိတ်ကူးတွေထဲမှာ တည်နေတယ်ဆိုတာ သိဖို့ လိုတယ်။ မြင်၊ ကြား စတာတွေကနေ အချိန်တိုင်း ဖြာထွက်နေတဲ့ အတွေးအလျဉ်တွေကို သတိထားရမယ်။ ဒီအတွေးအလျဉ်တွေကပဲ ကိုယ့်ဘဝကို ပုံဖော်မှာ။ ငြိမ်းချမ်းတဲ့အတွေးအလျဉ်တွေကသာ ငြိမ်းချမ်းတဲ့ဘဝကို ဖြစ်ပေါ်စေမှာပါ။


အရှင်ကုသလသာမိ

၂ရ ဇွန် ၂ဝ၁၈


 ၿငိမ္းခ်မ္းေစရာ ဓမၼကထာ (၃)

………………………………………………

- အေတြးအလ်ဥ္ေတြကို သတိထားပါ -

………………………………..

သေဘာတရားေတြကို မွန္မွန္ကန္ကန္ သံုးသပ္ၿပီး တည္ၿငိမ္တဲ့ အျပဳအမူ၊ အေျပာအဆိုေတြျဖစ္လာေရးဟာ လူတိုင္းအတြက္ အေရးႀကီးပါတယ္။ ဘဝမွာ ေအာင္ျမင္ဖို႔အတြက္ ေလာကီမွာဆိုရင္လည္း တက္က်မ္းေတြ၊ နည္းလမ္းေတြကို သံုးတယ္။ အမွီအခိုပုဂၢိဳလ္ေတြရဲ႕စကားကို နားေထာင္တယ္။ ေလာကုတၱရာမွာဆိုရင္လည္း ဘာသာေရးစာအုပ္ေတြေျပာတာကို လိုက္နာတယ္။ ဆရာေတြေျပာတာကို လိုက္လုပ္တယ္။ ဒါေတြက သူ႔အတိုင္းအတာနဲ႔သူ အေရးပါတာ မွန္ပါတယ္။ ဒါေပမဲ့ ဆရာ(စာအုပ္)ကို အားကိုးတဲ့ေနရာမွာ ေလွေဖာင္ေတြကို ဘယ္လိုေလွာ္ခတ္ရမယ္ဆုိတာကို ေျပာျပေပးသူအဆင့္မ ွ်ပဲ အားကိုးရပါမယ္။ 

 

အမွန္က ကိုယ့္ရဲ႕ႀကိဳးစားအားထုတ္မႈ၊ ကိရိယာေတြကို အသံုးခ်တတ္မႈ တစ္နည္းေျပာရရင္ ကိုယ္ပိုင္အေတြ႕အႀကံဳကိုပဲ အားကိုးရပါတယ္။ ဒါမွ ဘုရားနည္းပါ။

စာအုပ္ေတြနဲ႔စာအုပ္ကေျပာတဲ့အရာေတြက တစ္ဆင့္ခံအရင္းအျမစ္ေတြ (Secondry Sources)ပါ။ ကိုယ္တိုင္သိျမင္ရတာေတြကမွ တကယ့္အရင္းအျမစ္ (Primary Sources)ေတြပါ။

 

စာသိနဲ႔ၾကားသိက ဉာဏ္သိဆီကို ေရာက္မလာရင္ သူ႔မူလစာအုပ္၊ မူလေျပာသူဆီပဲ ျပန္ေရာက္သြားတာ။ ဉာဏ္သိက စာထဲမွာ မရွိဘူး။ ေျပာသူစကားမွာ မရွိဘူး။ ဉာဏ္သိက ကိုယ္ပိုင္အေတြ႕အႀကံဳ(Personal experience)ထဲမွာပဲ ရွိတာပါ။ ဗုဒၶဘာသာရဲ႕ ဒီအျမင္(Concept)က ေလာကုတၱရာေရးအတြက္သာ ေကာင္းတာမဟုတ္ဘူး။ ေလာကီအဆင္ေျပေရးအတြက္လည္း အေရးပါတယ္ဆုိတာကို ဆင္ျခင္ၾကည့္ဖို႔ လိုအပ္တယ္။ 

 

ဘဝမွာ ၿငိမ္းခ်မ္းေစဖို႔ သစၥဓမၼကို လိုအပ္တယ္ဆိုရင္ အဲဒီသစၥဓမၼဟာ ကိုယ္စီစိတ္ကူးေတြထဲမွာ တည္ေနတယ္ဆိုတာ သိဖို႔ လိုတယ္။ ျမင္၊ ၾကား စတာေတြကေန အခ်ိန္တိုင္း ျဖာထြက္ေနတဲ့ အေတြးအလ်ဥ္ေတြကို သတိထားရမယ္။ ဒီအေတြးအလ်ဥ္ေတြကပဲ ကိုယ့္ဘဝကို ပုံေဖာ္မွာ။ ၿငိမ္းခ်မ္းတဲ့အေတြးအလ်ဥ္ေတြကသာ ၿငိမ္းခ်မ္းတဲ့ဘဝကို ျဖစ္ေပၚေစမွာပါ။

 

အရွင္ကုသလသာမိ

၂၇ ဇြန္ ၂ဝ၁၈