ကထိန်အလှူတော်မင်္ဂလာ ဖိတ်ကြားခြင်း
.........................................................
အလှူမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်၊ ရတနာမှာ စိန်၊ ကျောင်းမှာ သိမ် ဟူသော ဆိုရိုးစကားအတိုင်း အလှူတကာ့အလှူတို့တွင် ကထိန်အလှူသည် အမြတ်ဆုံးအလှူဟု ရှင်တော်ဘုရား ဟောကြားထားသည်။ထိုသို့ မြတ်စွာဘုရားရှင် ဟောကြားထားသည့်အတွက် ကျွန်ုပ်တို့ ဓမ္မဒူတမြန်မာကျောင်းကလည်း နှစ်စဉ်နှစ်တိုင်း ကထိန်အလှူပွဲတော်ကို ဆင်ယင်ကျင်းပခဲ့ကြသည်။
ထိုသို့ နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှာ တစ်ကြိမ်တစ်ခါ ပြုလုပ်ကျင်းပလေ့ရှိသော ကထိန်ပွဲအချိန်အခါ ကျရောက်လို့ လာခဲ့ပြန်ပါပြီ။ ဒီနှစ်အချိန်အခါ ကထိန်ပွဲတော်ကိုလည်း ယခင်နှစ်များလို ပါဝင်ဆင်နွှဲပြီး ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကထိန်အလှူရှင်များ
၁။ မမာလာမြင့် (၂၅ ယူရို) နှင့် သင်္ကန်းတစ်စုံ
၂။ ကိုရောဘတ်ဦး (၂ဝ ယူရို)
အထွေထွေအလှူရှင်များ
၁။ .ကိုဖြူခိုင် (ဆန်တစ်အိတ်)
ကျင်းပမည့်နေ့ရက် ............... ၂၉ ရက် နိုဝင်ဘာ ၂ဝ၁၅၊ တနင်္ဂနွေနေ့
နေရာ ......................Saalbau Gutleut ခန်းမ,Rottweiler Straße 32,60327 Frankfurt am Main Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။ မှတ်တိုင် Baseler Platz
အခမ်းအနားအစီအစဉ် .............
နံနက် ၁၀ နာရီခွဲ .......... ဆွမ်းပွဲများပြင်ရန် ခန်းမသို့ အရောက်လာကြပါရန်
နံနက် ၁၁ နာရီ ........ ဗုဒ္ဓမြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်လှူပြီး သံဃာတော်များအား ဆွမ်းကပ်ခြင်း
နေ့လယ် ၁၂ နာရီ .......... ကြွရောက်လာသောတရားနာ အလှူ ရှင်ဓမ္မမိတ်ဆွေအပေါင်းအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း
နေ့လယ် ၁ နာရီခွဲ .......... သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူပြီး ပရိတ်တရားတော်နှင့် ကထိန်တရားတော်များ နာယူခြင်း ၊ ပဒေသာပင် နှင့်ကထိန်သင်္ဃန်းကပ်လှူ ခြင်း
နေ့လယ် ၃ နာရီ .............. စုပေါင်းအမျှဝေခြင်း နှင့် အခမ်းအနားပြီးဆုံးခြင်း
ဆွမ်းအလှူ ရှင်များ စာရင်း
၁။ ဒေါ်ခင်မာလွင် မိသားစု (ပဲကြီးနှပ်)
၂။ ခွန်လွန်းကျော် + နန်းသီလာ ၊သမီး ဆုလဒ်လွန်း ပဲပုတ်ငပိချက်
၃။ မစံပယ်လွင် ချဉ်ရည်ပာင်း
အချို ပွဲ အလှူ
၁။ ဦးလှစု + ဒေါ်စိုးစိုးသိမ်း မိသားစု (ကြက်ဥပူတင်း)
၂။ .................
သောက်ရေ ၊အအေးအလှူ ရှင်များ
၁။ မစံပယ်လွင်
ပန်းအလှ အလှူ ရှင်များ
၁။ ကိုဂျူးနီ + မမေမြတ်နိုး မိသားစု
နှစ်စဉ်ကျင်းပမြဲအတိုင်း- မြတ်စွာဘုရားရှင်နှင့်သံဃာတော်များအား ဆွမ်းအလှူဒါနတွင် ပါဝင်လှူဒါန်းခြင်း၊- ကထိန်သင်္ကန်းလှူဒါန်းခြင်း၊- ကြွရောက်လာသည့်သံဃာတော်များအတွက် နဝကမ္မနှင့် ခရီးစရိတ်များ လှူဒါန်းခြင်း၊- ဓမ္မဒူတမြန်မာကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် တတ်စွမ်းသမျှ ပါဝင်လှူဒါန်းခြင်း စသည့် ကောင်းမြတ်သည့် အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
No comments:
Post a Comment