A Buddhist Meditation Teacher and lecturer in Goethe Frankfurt University. Now living in Frankfurt, Germany. A founder of Dhammachaya Buddhist Center, Denmark.
Showing posts with label news. Show all posts
Showing posts with label news. Show all posts
Thursday, February 25, 2021
Feb 2021 Revolution Record by CRPH
Saturday, February 6, 2021
Saturday, May 7, 2016
ဗုဒ္ဓဘုရားရှင်၏ မွေးနေ့ပွဲ ကျင်းပမည်
.......................................................
ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ …. ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝက ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းတွင် ဗျာဒိတ်ခံယူတော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသော သဗ္ဗညု ဘုရားအဖြစ်သို့ ရောက်တော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ ဘုရားအဆူဆူတို့၏ ဖြစ်တော်စဉ်များ ပါရှိသည့် မဟာဗုဒ္ဓဝင် ဟောတော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံ တော်မူခြင်းကို အာရုံပြု၍လည်းကောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို ကမ္ဘာ့နေရာအနှံ့အပြားတွင် ဆင်ယင်ကျင်းပလျက်ရှိပါသည်။
ထို့အတူ ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်များသည်လည်း ဖရန့်ဖွတ် မြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့ကြပါသည်။ ဤနှစ်တွင်လည်း ဖွား,ပွင့်,ဟော,စံ,ဗျာဒိတ်ခံဟူသော ဖြစ်တော်စဉ်ကြီးများကို စိတ်မှာ အာရုံပြုလျက် ဗုဒ္ဓနေ့ပွဲတော်ကို စီစဉ် ကျင်းပသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများသည် မြတ်ဗုဒ္ဓ ၏ဖြစ်တော်စဉ်ကြီးများကို စိတ်မှာ ထုံလျက် ဗုဒ္ဓနေ့ပွဲတော်ကို ကုသိုလ်သဒ္ဓါဖြစ်ရေး စိတ်မှာတွေးကာ ပါဝင် ဆင်နွှဲကုသိုလ်ယူနိုင်ကြပါကြောင်း အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်။
နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ်၊ မေလ ၂၂ ရက်၊ တနင်္ဂနွေနေ့
အစီအစဉ်
မနက် ၁ဝး ဝဝ .............................. အခမ်းအနားပြင်ဆင်ခြင်း
မနက် ၁ဝး ၃ဝ .............................. သံဃာတော်များအား စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းခြင်း
မနက် ၁၁း ၃ဝ .............................. ဧည့်ပရိသတ်များအားလုံး နေ့လည်စာ စားသောက်ခြင်း
နေ့လယ် ၁း ဝဝ ............................. အခမ်းအနား စတင်ခြင်း (သီလပေး၊ ရေစက်ချ၊ တရားနာခြင်း)
ညနေ ၃း ဝဝ …………………………. အခမ်းအနားပြီးဆုံးခြင်း
မနက် ၁ဝး ၃ဝ .............................. သံဃာတော်များအား စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းခြင်း
မနက် ၁၁း ၃ဝ .............................. ဧည့်ပရိသတ်များအားလုံး နေ့လည်စာ စားသောက်ခြင်း
နေ့လယ် ၁း ဝဝ ............................. အခမ်းအနား စတင်ခြင်း (သီလပေး၊ ရေစက်ချ၊ တရားနာခြင်း)
ညနေ ၃း ဝဝ …………………………. အခမ်းအနားပြီးဆုံးခြင်း
လှူဒါန်းနိုင်သည့်အရာများ ...............
အခမ်းအနားတွင်
- သံဃာတော်များအတွက် ဆွမ်းအလှူ၊ ဆွမ်းဟင်းအလှူ၊
- ကြွရောက်လာမည့် မြန်မာမိသားစုဝင်များအတွက် အစားအသောက်အလှူ၊
- သံဃာတော်များအတွက် ဘေသဇ္ဇဒါန (ကျန်းမာရေးအာမခံ)အလှူ၊
- ကျောင်းဖြစ်မြောက်ရေးအလှူ ....
စသည်ဖြင့် မိမိတို့ အားသန်ရာ၊ သဒ္ဓါပေါက်ရာအလှူဒါနများကို ပြုလုပ်နိုင်ကြပါသည်။
- သံဃာတော်များအတွက် ဆွမ်းအလှူ၊ ဆွမ်းဟင်းအလှူ၊
- ကြွရောက်လာမည့် မြန်မာမိသားစုဝင်များအတွက် အစားအသောက်အလှူ၊
- သံဃာတော်များအတွက် ဘေသဇ္ဇဒါန (ကျန်းမာရေးအာမခံ)အလှူ၊
- ကျောင်းဖြစ်မြောက်ရေးအလှူ ....
စသည်ဖြင့် မိမိတို့ အားသန်ရာ၊ သဒ္ဓါပေါက်ရာအလှူဒါနများကို ပြုလုပ်နိုင်ကြပါသည်။
ဆွမ်းဟင်း၊ ဘောဇဉ်၊ အချိုရည် အလှူရှင်များအနေဖြင့် ကြိုတင်စာရင်းပေးလှူဒါန်းနိုင်ပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။
ကျင်းပမည့်နေရာ ......................
Saalbau Gutleut ခန်းမ,
Rottweiler Straße 32,
60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz
မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ခြမ်းသို့ ကူးလျှင် Gutleutstr. ကိုတွေ့ပါမည်။
Rottweiler Straße 32,
60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz
မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ခြမ်းသို့ ကူးလျှင် Gutleutstr. ကိုတွေ့ပါမည်။
Friday, November 20, 2015
ကထိန်အလှူတော်မင်္ဂလာ ဖိတ်ကြားခြင်း
ကထိန်အလှူတော်မင်္ဂလာ ဖိတ်ကြားခြင်း
.........................................................
အလှူမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်၊ ရတနာမှာ စိန်၊ ကျောင်းမှာ သိမ် ဟူသော ဆိုရိုးစကားအတိုင်း အလှူတကာ့အလှူတို့တွင် ကထိန်အလှူသည် အမြတ်ဆုံးအလှူဟု ရှင်တော်ဘုရား ဟောကြားထားသည်။ထိုသို့ မြတ်စွာဘုရားရှင် ဟောကြားထားသည့်အတွက် ကျွန်ုပ်တို့ ဓမ္မဒူတမြန်မာကျောင်းကလည်း နှစ်စဉ်နှစ်တိုင်း ကထိန်အလှူပွဲတော်ကို ဆင်ယင်ကျင်းပခဲ့ကြသည်။
ထိုသို့ နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှာ တစ်ကြိမ်တစ်ခါ ပြုလုပ်ကျင်းပလေ့ရှိသော ကထိန်ပွဲအချိန်အခါ ကျရောက်လို့ လာခဲ့ပြန်ပါပြီ။ ဒီနှစ်အချိန်အခါ ကထိန်ပွဲတော်ကိုလည်း ယခင်နှစ်များလို ပါဝင်ဆင်နွှဲပြီး ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကထိန်အလှူရှင်များ
၁။ မမာလာမြင့် (၂၅ ယူရို) နှင့် သင်္ကန်းတစ်စုံ
၂။ ကိုရောဘတ်ဦး (၂ဝ ယူရို)
အထွေထွေအလှူရှင်များ
၁။ .ကိုဖြူခိုင် (ဆန်တစ်အိတ်)
ကျင်းပမည့်နေ့ရက် ............... ၂၉ ရက် နိုဝင်ဘာ ၂ဝ၁၅၊ တနင်္ဂနွေနေ့
နေရာ ......................Saalbau Gutleut ခန်းမ,Rottweiler Straße 32,60327 Frankfurt am Main Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။ မှတ်တိုင် Baseler Platz
အခမ်းအနားအစီအစဉ် .............
နံနက် ၁၀ နာရီခွဲ .......... ဆွမ်းပွဲများပြင်ရန် ခန်းမသို့ အရောက်လာကြပါရန်
နံနက် ၁၁ နာရီ ........ ဗုဒ္ဓမြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်လှူပြီး သံဃာတော်များအား ဆွမ်းကပ်ခြင်း
နေ့လယ် ၁၂ နာရီ .......... ကြွရောက်လာသောတရားနာ အလှူ ရှင်ဓမ္မမိတ်ဆွေအပေါင်းအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း
နေ့လယ် ၁ နာရီခွဲ .......... သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူပြီး ပရိတ်တရားတော်နှင့် ကထိန်တရားတော်များ နာယူခြင်း ၊ ပဒေသာပင် နှင့်ကထိန်သင်္ဃန်းကပ်လှူ ခြင်း
နေ့လယ် ၃ နာရီ .............. စုပေါင်းအမျှဝေခြင်း နှင့် အခမ်းအနားပြီးဆုံးခြင်း
ဆွမ်းအလှူ ရှင်များ စာရင်း
၁။ ဒေါ်ခင်မာလွင် မိသားစု (ပဲကြီးနှပ်)
၂။ ခွန်လွန်းကျော် + နန်းသီလာ ၊သမီး ဆုလဒ်လွန်း ပဲပုတ်ငပိချက်
၃။ မစံပယ်လွင် ချဉ်ရည်ပာင်း
အချို ပွဲ အလှူ
၁။ ဦးလှစု + ဒေါ်စိုးစိုးသိမ်း မိသားစု (ကြက်ဥပူတင်း)
၂။ .................
သောက်ရေ ၊အအေးအလှူ ရှင်များ
၁။ မစံပယ်လွင်
ပန်းအလှ အလှူ ရှင်များ
၁။ ကိုဂျူးနီ + မမေမြတ်နိုး မိသားစု
နှစ်စဉ်ကျင်းပမြဲအတိုင်း- မြတ်စွာဘုရားရှင်နှင့်သံဃာတော်များအား ဆွမ်းအလှူဒါနတွင် ပါဝင်လှူဒါန်းခြင်း၊- ကထိန်သင်္ကန်းလှူဒါန်းခြင်း၊- ကြွရောက်လာသည့်သံဃာတော်များအတွက် နဝကမ္မနှင့် ခရီးစရိတ်များ လှူဒါန်းခြင်း၊- ဓမ္မဒူတမြန်မာကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် တတ်စွမ်းသမျှ ပါဝင်လှူဒါန်းခြင်း စသည့် ကောင်းမြတ်သည့် အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Sunday, July 20, 2014
အဘိဓမ္မာသင်တန်း စပြီ
ဂျာမနီနိုင်ငံ၊ ဖရန့်ဖွတ်မြို့၊ ဓမ္မဒူတမြန်မာကျောင်း၊
အဘိဓမ္မာသင်တန်းကို သင်တန်းသား ၁ဝ ဦးဖြင့်
စတင်ဖွင့်လှစ်ခဲ့သည်။ မသိမကြားလိုက်မိသူများလည်း
အကြောင်းကြားပြီး တက်ရောက်နိုင်ပါကြောင်း ပညာပါရမီအကျိုးငှါ နှိုးဆော်လိုက်ပါသည်။
မြန်မာများအတွက် အဘိဓမ္မာသင်တန်းအပြင်၊ သုတ္တန်သင်တန်း စသည်တို့ကိုလည်း စီစဉ်ထားပါသည်။ ထို့အပြင် ဒေသခံ ဂျာမန်လူမျိုးများအတွက် သင်တန်းကျင်းပပေးနိုင်အောင်လည်း စီစဉ်လျက်ရှိပါသည်။
ချမ်းမြေ့ကြပါစေ ...
အရှင်ကုသလသာမိ (အတည်မဲ့)
၂ဝ၊ ဝ၇၊ ၂ဝ၁၄
Wednesday, April 23, 2014
မြန်မာမိသားစုများ
ဒေါ်နီနီအောင်၊ ကိုစိုးမိုးသိမ်း၊ မသင်ဇာလွင်၊ မစန်းစန်း၊ အင်းသူ၊ ရွှေမန်းသူတို့ ရွှေမြန်မာများနှင့် ပျော်ပျော်ပါးပါး။
အားလုံးကို ကျေးဇူးတင်ပါ၏။ ပထမဆုံးတွေ့ဆုံခွင့်ရသော မြန်မာများပါပေ။
အစစအရာရာ လိုအပ်တာများကို လှူဒါန်းသွားကြပါတယ်။
အကူညီဆိုတာထက် ရင်ဖွင့်စရာ တိုင်ပင်စရာရှိလျှင် ရင်ဖွင့်တိုင်ပင်ဖို့က အရေးပါတယ်လို့ ပြောပါရစေ။
အစစအရာရာ အဆင်ပြေကြပါစေ။
ကျွန်တော် မိုးလေဝသအကြောင်းပဲ သိတယ်
ကျွန်တော် မိုးလေဝသအကြောင်းပဲ သိတယ်။ ဘာသာရေး
ငြိမ်းချမ်းရေးအကြောင်း မပြောတတ်ပါဘူး။
ကျွန်တော် ဗုဒ္ဓဘာသာစစ်စစ်ပါ။
ဒါပေမဲ့ တစ်သက်နဲ့တစ်ကိုယ်
ဥပုသ်တစ်ခါမှ မစောင့်ဖူးပါဘူးတဲ့။
ဥပုသ်စောင့် မလိုက်ဘဲ သူတော်ကောင်းဖြစ်နိုင်တယ်ဆိုတာကို ဆရာကြီးက သက်သေပဲတဲ့။ ဒေါက်တာကျော်သူက ဝင်ထောက်တယ်။
Saturday, May 5, 2012
သုတစုံလင် ဗုဒ္ဓ၀င်ပြိုင်ပွဲ
ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ သုတစုံလင် ဗုဒ္ဓ၀င်ပြိုင်ပွဲလေးကို ၀င်နွှဲခဲ့ရလို့ အလွန်ကို ကြည်နူးခဲ့ရပါတယ်။ အံ့သြစရာကောင်းလောက်အောင် တော်တဲ့ ကလေးတွေကို တွေ့ရတာကလည်း ချီးကျူးမဆုံး၊ ၀မ်းသာမဆုံးပါပဲ။ စာအုပ်လှန်ပြီး မေးခွန်းထုတ်၊ အဖြေလွှာကြည့်ပြီး ဒိုင်လုပ်ရတဲ့ ကိုယ်တို့တောင် မေးပြီးမေ့သွား၊ ကြည့်ပြီးမေ့သွားခဲ့တဲ့ ပုစ္ဆာမျိုးတွေကိုတောင် သားတွေ၊ သမီးတွေက ဒက်ကနဲ ဒက်ကနဲ ဖြေသွားကြတာဆိုရင်ဖြင့် ချီးကျးမဆုံး ၀မ်းသာမဆုံးပါပဲ။ မနက်မိုးလင်းကတည်းက ညနေ ၆း၃၀ လောက်ထိ ဆွမ်းစားချိန် ၁၅-မိနစ်လောက်ကလွဲပြီး တစ်ထိုင်တည်း ထိုင်ခဲ့ရပေမယ့် အချိန်တွေ ကုန်လို့ ကုန်မှန်း မသိအောင် ကြည်နူးခဲ့ရတယ်။ ဒီလို ဘာသာရေး တတ်သိနားလည်စေတဲ့ ပြိုင်ပွဲမျိုးတွေ များများ ပေါ်ထွန်းပါစေလို့လည်း ဆုတောင်းမိတယ်။ ဒီပွဲဖြစ်မြောက်အောင် နေ့မနား ညမအား ဆောင်ရွက်ခဲ့တဲ့ သူငယ်ချင်း ပဏ္ဍိတဘိက္ခုကိုလည်း ကျေးဇူးတင်မိတယ်။ ဆက်လက်ပြီး ဒီထက် ပိုစည်းလုံးတဲ့အဖွဲ့တွေ ဖွဲ့ပြီး ဒီထက် ပိုကြီးကျယ်တဲ့ပွဲတွေ ဖြစ်မြောက်လာပြီး နိုင်ငံအပြောင်းအလဲနဲ့အတူ Straggle တွေ များလာတော့မယ့် မြန်မာနိုင်ငံဗုဒ္ဓဘာသာအတွက် ကြိုးစားပေးမယ့် မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွန်းအောင် ဆောင်ရွက်နိုင်ကြပါစေ ...
Wednesday, March 14, 2012
ဓမ္မစကူးလ်ဖြစ်မြောက်ရေး စုပေါင်းစည်းဝေးပွဲ အခမ်းအနား
ဓမ္မစကူးလ်ဖြစ်မြောက်ရေး စုပေါင်းစည်းဝေးပွဲ အခမ်းအနားကို မြို့မကျောင်းလမ်းရှိ စိန်ရတနာဓမ္မာစရိယစာသင်တိုက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါသည်။ အခမ်းအနားသို့ အင်းစိန်ရွာမဆရာတော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ တတ်သိပညာရှင်များနှင့် အလှူရှင်ဒကာဒကာမများ စုစုပေါင်း ၁၀၀-ကျော် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နေ့လယ် ၂း၃၀ အချိန်တွင် စတင်ကျင်းပခဲ့သည်။ အခမ်းအနားကို ထုံးစံအတိုင်း နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသမှ သြ၀ါဒစကား မိန့်ကြားခဲ့သည်။ ဆရာတော်က မြန်မာနိုင်ငံတွင် ဓမ္မစကူးလ်များ နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဖွင့်လှစ်သင်ကြားသင့်ကြောင်း၊ ထိုသို့ဖွင့်လှစ်နိုင်ကြရန် ၀ိုင်းဝန်းကြိုးပမ်းသင့်ကြောင်း စသည်ဖြင့် သြ၀ါဒစကား မြွက်ကြားပေးခဲ့သည်။ ထို့နောက် ဓမ္မစကူးလ်ဖြစ်မြောက်ရေး အကျိုးဆောင် Organizer အားလုံးရဲ့ ကိုယ်စား ဆရာလေးဒေါ်ကေတုမာလာမှ လက်ရှိအချိန်အထိ ဖြစ်ပေါ်တိုးတက်မှုအဆင့်ဆင့်ကို ရှင်းလင်းလျှောက်ထားခဲ့သည်။ (ဒေါ်ကေတုမာလာလျှောက်ထားခဲ့သည်များကို နောက်ပိုင်းတွင် ဖော်ပြပါမည်။)
ထို့နောက် ကော်မတီအမည်စာရင်း ဦးစက္ကပါလမှ တင်သွင်းလျှောက်ထားခဲ့ပြီး ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ ဗုဒ္ဓစေတမန် ဆရာတော် ဦးသာသန၀ရမှ ဓမ္မစကူးလ်ဖြစ်မြောက်ရေး စီမံကိန်း၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းလျှောက်ထားခဲ့သည်။ ထို့နောက် ဓမ္မစကူးလ်ဖြစ်မြောက်ရေး စီမံကိန်း အဓိက မ တည်အလှူရှင် ရှိုင်းဟုပ်ကုမ္ပဏီမှ ဒါယိကာမကြီး ဒေါက်တာဒေါ်ခင်ခင်ရီမှ သာသနာရေးနှင့်စပ်လျဉ်းသော ၀မ်းမြောက်စကားများ ပြောကြားခဲ့သည်။ ထိုသို့ပြောကြားရာတွင် အစက ဓမ္မစကူးလ်လုပ်မည်ဟု ဦးသာသန၀ရက ပြောတော့ သူက ဓမ္မစကူးလ်ကို ဓမ္မစက္ခုဟု ကြားခဲ့ကြောင်း၊ တရားမျက်စိအလှူများ လုပ်ကြမလားဟု ထင်မိကြောင်း၊ နောက်ပိုင်းမှသာ ဆန်းဒေးစကူးလ်ကျောင်းတော်များ ဖွင့်လှစ်နိုင်ရန် သင်ရိုးများ ရေးဆွဲမည်ကို သိရကြောင်း၊ သူ့အနေနဲ့ ဆက်လက်လှူဒါန်းပါမည့်အကြောင်း စသည်ဖြင့် လျှောက်ထားခဲ့သည်။
ထို့နောက် ကြွရောက်လာကြသော ဆရာတော်များ၊ သီလရှင်များနှင့် အခြားပညာရှင်များက အကြံပြုဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်၊ လှရတနာဆရာတော် ဦးနာရဒမှ အကြံပြုစကား ပြောကြားရာတွင် ရှေးယခင်က မြန်မာနိုင်ငံဘာသာရေးကို တောကျောင်းများက ထိန်းခဲ့ကြောင်း၊ ရှင်ဘုရင်းများကအစ နိုင်ငံ့ခေါင်းဆောင်များအားလုံးသည် ဘုန်းကြီးကျောင်းထွက်များဖြစ်၍ ဗုဒ္ဓဘာသာစည်ပင် ထွန်းကားခဲ့ကြောင်း၊ ယနေ့ခေတ်ကာလတွင် လူငယ်မျိုးဆက်များကို ဘုန်းကြီးကျောင်းများက တာဝန်ယူသင်ကြားမပေးနိုင်ကြတော့သဖြင့် အားနည်းနေကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဓမ္မစကူးလ်များ ဖွင့်လှစ်နိုင်အောင် ကြိုးစားသင့်ကြောင်း စသည်ဖြင့် အကြံပြုတိုက်တွန်းခဲ့သည်။
ထို့နောက် ငါးကျမ်းပြန်ဆရာတော် ဒေါက်တာဓမ္မပိယမှ အကြံပြုစကားများ ပြောကြားခဲ့သည်။ ရှေးအခါက ပွဲကျောင်းခေါ် ဘုန်းကြီးကျောင်းသင်ပညာရေး ကြီးစိုးခဲ့ကြောင်း၊ အောင်မြင်မှုလည်း ရခဲ့ကြောင်း၊ ယခုလည်း အချို့ကျောင်းများတွင် ဘာသာရေးစာပေများ သင်ကြားကြကြောင်း၊ သို့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အောင်မြင်သည်ဟု မဆိုနိုင်ကြောင်း ထောက်ပြပေးပြီး အောက်ပါအတိုင်း ကောက်ချက်တစ်ခု ဆွဲပေးခဲ့သည်။ ရှေးအခါက ဘုန်းကြီးကျောင်းသင်ပညာရေး အောင်မြင်သည်မှာ လူတို့လိုအပ်ချက်ကို သင်ပေးနိုင်သဖြင့် ဘုန်းကြီးနှင့်လူ အပေးအယူ တည့်သဖြင့် အောင်မြင်ကြောင်း၊ ယနေ့ ဘုန်းကြီးကျောင်းများက လူတို့ လိုအပ်ချက်ကို သင်မပေးနိုင်ကြကြောင်း၊ ထိုသို့ ဘုန်းကြီးပေးတာ တစ်ခြား၊ လူတို့ လိုချင်တာက တစ်မျိုး၊ အပေးအယူမတည့်ကြသဖြင့် မအောင်မြင်ကြောင်း မိန့်ကြားသွားခဲ့သည်။ ပညာရေးအသွင် သင်ရိုးဟု ဆိုသဖြင့် အင်္ဂလိပ်စာကိုပါ ထည့်သွင်းပြဋ္ဌာန်းသင့်ကြောင်း မိန့်ကြားခဲ့သည်။
တစ်ဖန် လေးအိမ်စုဆရာတော် အရှင်ဝိစိတ္တသာရမှလည်း YMBA အသင်းကြီးနှင့် ပူးပေါင်းဆောင်ရွက်ပြီး ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်ခဲ့သည်မှာ ၃၃-နှစ် ရှိပြီဖြစ်ကြောင်း၊ တစ်နှစ်ကို ကျောင်းသား ၈-သောင်းကျော် သင်ယူနေကြကြောင်း၊ သို့ရာတွင် နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အလွန်နည်းပါးကြောင်း၊ လက်ရှိသင်ကြားနေသော သင်ရိုးစာအုပ်များတွင် သမိုင်းအားနည်းကြောင်း၊ သမိုင်းကို မြန်မာ့သမိုင်းသာမက ကမ္ဘာမှာရှိတဲ့ ဗုဒ္ဓဘာသာသမိုင်းများကိုပါ ထည့်သွင်းပြဋ္ဌာန်းသင့်ကြောင်း အကြံပြုသွားခဲ့သည်။
ဆက်လက်၍ သြစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှ ဆရာတော်ဦးပဏ္ဍိတမှ Discovering the Buddha စာအုပ်ကို မိတ်ဆက်ပေးပြီး သင်ရိုးစာအုပ်များတွင် ပုံပြင်ကဏ္ဍကို ပီပီပြင်ပြင် ထည့်သွင်းသင့်ကြောင်း၊ ဖောင်းဒေးရှင်း၏ လိုဂိုကို ပြုလုပ်သင့်ကြောင်း၊ ဖောင်းဒေးရှင်းတွင် motto ခေါ်ဆောင်ပုဒ် ရှိသင့်ကြောင်းနှင့် Methodology အကြောင်းတို့ကို အကျယ်တ၀င့် တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ကလျာဏမိတ္တဖောင်ဒေးရှင်းမှ ကိုဘိုဘိုလွင်မှလည်း ကလေးများအတွက် သင်ရိုးရေးဆွဲရာတွင် ကလေးများ နားလည်အောင်၊ စာသင်ရတာ ပျော်အောင် လုပ်ဆောင်သင့်သည့် နည်းစနစ်များကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဒေါက်တာလှမြင့်နှင့် အင်္ဂလိပ်စာဆရာ ဦးအာသာမှလည်း ၀င်ရောက်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ သာသနာ့တက္ကသိုလ်မှ ကျမ်းပြုဆရာတော် ဦးဝိစက္ခဏမှ ကျောင်းသားဗဟိုပြုသင်ရိုးစနစ်ဖြစ်အောင် လုပ်ဆောင်သင့်ကြောင်း စသည်ဖြင့် တင်ပြဆွေးနွေးပေးခဲ့ကြသည်။
ဆွေးနွေးအကြံပြုအစီအစဉ်များအပြီးတွင် အကျိုးဆောင် organizer အားလုံး၏ ကိုယ်စား အရှင်ကုသလသာမိမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားသွားခဲ့သည်။ (အရှင်ကုသလသာမိ ပြောကြားသွားခဲ့သော ကျေးဇူးတင်ဝမ်းမြောက်စကားကို နောက်ပိုင်းတွင် ဖော်ပြထားပါသည်။) ထို့နောက် ဖောင်တော်ဦးဆရာတော်မှ နိဂုံးချုပ်သုံးသပ်တင်ပြပေးခဲ့သည်။ ဖောင်တော်ဦးဆရာတော်က ရှေ့ပိုင်းတွင် လူငယ်များက တပည့်တော်တို့ကို အားကိုးကြောင်း စသည်ဖြင့် ပြောကြားကြကြောင်း၊ အမှန်အားဖြင့် တပည့်တော်တို့ လူကြီးများက လူငယ်များကို အားကိုးကြောင်း၊ တပည့်တော်တို့ လူကြီးများမှာ အရှင်ဘုရားတို့လူငယ်များ အခုလို လျှောက်ထားနေကြတာ တွေ့ရတဲ့အတွက် လုပ်သင့်တာ မလုပ်ခဲ့မိတဲ့ တပည့်တော်တို့ လူကြီးများမှာ ရှက်တောင်ရှက်မိကြောင်း၊ ဆက်လက်အားပေးပံ့ပိုးသွားမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးသွားခဲ့သည်။
ညနေ ၅-နာရီတွင် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။
(နောင်အချိန်ရလျှင် ဒိထက် ပြည့်ပြည့်စုံစုံ တင်ပြပေးဖို့ ရည်ရွယ်ထားပါသည်။ အထက်ပါ အခမ်းအနားကို မှတ်တမ်းပြုသုံးသပ်တင်ပြထားရာတွင် တစ်စုံတစ်ရာ အမှားအယွင်း ပါရှိသွားပါက တင်ပြဆွေးနွေးလျှောက်ထားသူ၏ တာဝန်မဟုတ်ဘဲ မှတ်တမ်းပြုသူ မိမိ၏ ချွတ်ချော်မှုသာ ဖြစ်ကြောင်း ပြောကြားလိုပါသည်။ တင်ပြသူ)
ဆရာလေးဒေါ်ကေတုမာလာ ရှင်းလင်းတင်ပြလျှောက်ထားသည့်စကားများ .....
ကြွရောက်တော်မူလာကြကုန်သော အင်းစိန်ရွာမဆရာတော်ဘုရားကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်အရှင်မြတ်များနှင့်တကွ သီလရှင်ဆရာကြီး၊ ဆရာလေးဘုရားတို့ကို ရှေးဦးစွာ လက်ဆယ်ဖြာထိပ်မှာမိုး၍ ရှိခိုးကန်တော့ပါရစေဘုရား။ ယနေ့အခမ်းအနားကို တက်ရောက်လာကြသော ဘာသာရေးနှင့် ပညာရေးအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ၊ ဒကာ၊ ဒကာမများအားလုံး တို့ကို လည်း မင်္ဂလာပါလို့ ရှေးဦးစွာနှုတ်ခွန်းဆက်သပါရစေ။
အကျိုးဆောင်(Organizer)များကိုယ်စား ဘုရားတပည့်တော်မှ ဓမ္မစကူးလ်ဖြစ်မြောက်ရေး နှင့်ပတ်သက်ပြီး လက်ရှိအချိန်အထိ ဖြစ်ပေါ်တိုးတက်လာသော အခြေအနေများကို ရှင်းလင်း လျှောက်ထားခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ဘုရား။ ဘုရားတပည့်တော်တို့ (Organizer)တွေဟာ သီရိလင်္ကာနိုင်ငံမှာမဟာဝိဇ္ဇာ(MA)တန်းအထိ ပညာသင်ကြားခွင့် ရခဲ့ကြပါတယ်။ ထို့အတွက်ကြောင့်လည်း ဘုရားတပည့်တော်တို့နိုင်ငံနဲ့ မတူညီတဲ့ယဉ်ကျေးမှု အစဉ်အလာတွေ၊ ပညာရေး စနစ်တွေကိုပါ လေ့လာခွင့် ရခဲ့ကြပါတယ်ဘုရား။ အဲဒီအထဲကမှ သီရိလင်္ကာမှာ ပညာသင်ကြားဖူးသူတိုင်း အားကျနှစ်သက်ခဲ့ရတဲ့ စနစ်တစ်ခုထဲမှာ ဆန်းဒေးစကူးလ် လို့ အရပ်စကားနဲ့ခေါ်ကြတဲ့ ဓမ္မစကူးလ်စနစ်ကလဲ တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်ဘုရား။ သီရိလင်္ကာနိုင်ငံက ကလေးလူငယ်တွေရဲ့ လိမ္မာယဉ်ကျေးပုံတွေကို ဘုရားတပည့်တော်တို့ မျက်မြင်ကြုံတွေ့ ကြည်နူးခဲ့ကြရသလို သူတို့လေးတွေရဲ့ ဘာသာရေးအသိပညာဗဟုသုတ ကြွယ်ဝမှုတွေကလဲ ဘုရားတပည့်တော်တို့တတွေကို အံသြမင်သက် ဖြစ်စေခဲ့ရပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ တနင်္ဂနွေနေ့မနက်ခင်းတွေမှာ အဖြူရောင်တူညီဝတ်စုံတွေ ကိုယ်စီဝတ်ပြီး ဘုန်းတော်ကြီးကျောင်းတွေဆီ ရွှင်လန်းတက်ကြွတဲ့ ခြေလှမ်းတွေနဲ့ ချီတက်နေကြတဲ့ သူတို့လေးတွေကို မြင်တွေ့ရတဲ့မြင်ကွင်းတွေကတော့ ဘုရားတပည့်တော်တို့အတွက် ကျက်သရေရှိလွန်းလှပါတယ်ဘုရား။ ဒီမြင်ကွင်းတွေကို ယခုအချိန်ထိ ဘုရားတပည့်တော်တို့ အမှတ်ရလျှက်ရှိနေတုန်းပါပဲဘုရား။ နောင်တစ်ချိန်မှာ သီရိလင်္ကာနိုင်ငံကို ခေါင်းဆောင်ကြမယ့် လူငယ်လေးတွေက ဘုန်းတော်ကြီးကျောင်းမှာ ဘုန်းတော်ကြီးတွေ သင်ကြားပြသပေးနေတာကိုတလေးတစားနဲ့ ဆည်ပူးသင်ယူနေတာကို မြင်တွေ့ကြရတော့ ဒီလိုစနစ်မျိုးကို ဘုရားတပည့်တော်တို့ အမှန်တကယ်ပဲအားကျခဲ့ ရပါတယ်ဘုရား။
ဒါ့အပြင် ဓမ္မစကူးလ်စနစ်ဟာ သီရိလင်္ကာကလေးလူငယ်တွေကို ဘာသာရေးMessage ပေးရုံတင်မကဘဲ ဘာသာရေးKnowledgeကိုပါ အပြည့်အဝပေးနေတယ်ဆိုတာကိုလဲ သိခွင့် ရခဲ့ပါတယ်ဘုရား။ အပေါ်ယံသိလို့ဆိုနိုင်တဲ့ သညာသိတင်မကဘဲ အသိပညာဗဟုသုတတွေကိုပါ ကလေးလူငယ်တွေရင်ထဲ စွဲစွဲမြဲမြဲပို့ဆောင်ပေးနေတယ်လို့ ဘုရားတပည့်တော်တို့ သိရှိနားလည်ခဲ့ရပါတယ်ဘုရား။ ဒီလိုအခြေအနေတွေကိုသုံးသပ်မိပြီး သိရှိလိုက်ရတာက အနာဂတ်ရဲ့မျိုးဆက်သစ် ကလေးလူငယ်တွေအတွက် သီရိလင်္ကာနိုင်ငံမှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာကျော်ကတည်းက ဗုဒ္ဓဘာသာကို ဘာသာရေးအသွင် ပုံစံတစ်ခုအနေနဲ့သာမက ပညာရေးအသွင်ပုံစံနဲ့ပါ ချဉ်းကပ်ခဲ့ ကြတယ်ဆိုတာပါပဲ။ တစ်ချိန်ထဲမှာပဲ ဘုရားတပည့်တော်တို့ မြန်မာနိုင်ငံမှာတော့ ကလေးလူငယ်များနှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာကို ဘာသာရေးပုံစံနဲ့သာ ချဉ်းကပ်ခဲ့ကြပါတယ်ဘုရား။ ဒါ့ကြောင့်လဲ ဘုရားတပည့်တော်တို့ နိုင်ငံမှကလေးလူငယ်တွေဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ရမယ့် ဘာသာလို့ပဲ အသိများကြပြီး လက်တွေ့ဘဝမှာ အသုံးချရမယ့်ဘာသာလို့ သိရှိနိုင်မှုကအလွန်ကို အားနည်းနေပါတယ်ဘုရား။ ထို့အတွက်ကြောင့် ဘုရားတပည့်တော်တို့နို်င်ငံရဲ့အနာဂတ်၊ ဘုရားတပည့်တော်တို့သာသနာရဲ့အနာဂတ်မှာ အဓိကအားကိုးအားထားပြုရမယ့် မျိုးဆက်သစ် ကလေးလူငယ်တွေအတွက် ရေရှည်ခိုင်ပြီးစနစ်ကျမယ့် ဗုဒ္ဓဘာသာပညာရေး စနစ်တစ်ခုကို တည်ဆောက်ချင်ခဲ့ကြပါတယ်ဘုရား။
နိုင်ငံရေးစနစ်တစ်ခုကို တည်ဆောက်တဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက အဓိကအခန်း ကဏ္ဍ တစ်ခုဖြစ်သလို ပညာရေးစနစ်တစ်ခုကို တည်ဆောက်တဲ့အခါမှာလည်း သင်ရိုးညွှန်းတမ်းက အရေးပါပြီးအခရာကျလှပါတယ်ဘုရား။ ပညာရေးအသွင်လို့ ဆိုတဲ့အတိုင်း အသက်အလိုက် အတန်းစဉ်အလိုက် ခွဲခြားထားသည့် ထိုကဲ့သို့အရေးပါလှတဲ့ သင်ရိုးညွှန်းတမ်းကို ဘာသာရေးနယ်ပယ်ကပညာရှင်တွေ၊ ပညာရေးနယ်ပယ်ကပညာရှင်တွေပါဝင်တဲ့ အများအားနဲ့ စုပေါင်းလုပ်ဆောင်ပြီးပုံဖော်ကြမယ်လို့ ဘုရားတပည့်တော်တို့ စိတ်ကူးမိခဲ့ကြပါတယ်ဘုရား။ ထို့အတူပဲဗုဒ္ဓဘာသာ ပညာရေးစနစ်တစ်ခုကို ကိုယ်စားပြုလာမယ့် ဓမ္မစကူးလ်ဖြစ်မြောက်ရေးကိုလဲ ဗုဒ္ဓတက္ကသိုလ်အသီးသီး၊ ဘာသာရေးနဲ့ပညာရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့နဲ့ ကွန်ယက်ချိတ်ဆက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်ကြမယ်လို့ စဉ်းစားမိခဲ့ကြပါတယ်ဘုရား။ စတင်လုပ်ဆောင်ရာမှ ယနေ့အချိန်ထိ သုံးလကျော်အတွင်းမှာ ဘုရားတပည့်တော်တို့ဟာ တွေ့ဆုံဆွေးနွေးပွဲကြီး လေးခုအပါအဝင် အဖွဲ့လိုက်ဆွေးနွေးပွဲတွေ တစ်သီးပုဂ္ဂလတွေ့ဆုံမှုတွေကို အကြိမ်ပေါင်းများစွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြရပြီးတဲ့နောက်မှာတော့ စနစ်တကျနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မယ့် လမ်းကြောင်းတစ်ခုပေါ်သို့ ဘုရားတပည့်တော်တို့ ရောက်ရှိလာခဲ့ကြပါတယ်ဘုရား။
ယနေ့အခမ်းအနားဖြစ်မြောက်စေဖို့ ထောက်ပံ့ပေးခဲ့တဲ့ ရှေ့ပိုင်းဆွေးနွေးပွဲကြီးလေးခုထဲက ပထမဆုံးအကြိမ်ဆွေးနွေးပွဲကို ဇန်နဝါရီလ(၄)ရက်နေ့မှာ ဗိုလ်ချုပ်ပြတိုက်လမ်းရှိ ဓမ္မဥယျာဉ် ကျောင်း (Dhamma Garden Center)၌ ဆရာတော် သံဃာတော်များနှင့် ဘုရားတပည့်တော် တို့အပါအဝင် စုစုပေါင်း(၁၁)ပါးဖြင့် ဆွေးနွေးခဲ့ကြပါတယ်ဘုရား။ ထိုဆွေးနွေးပွဲရဲ့ အကြံပြုချက် တွေဖြင့် ဘုရားတပည့်တော်တို့ဟာ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဇန်နဝါရီလ(၁၄)ရက်နေ့မှာ ဓမ္မဥယျာဉ်ကျောင်းမှာပဲ အပြည်ပြည်ဆိုင်ရာထေရာဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ဗုဒ္ဓတက္ကသိုလ်တို့မှဆရာတော်များ၊ ဖောင်တော်ဦးကဲ့သို့သော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာတော်များ၊ ဓမ္မဗျူဟာ၊ ဓမ္မရောင်ခြည်၊ သစ္စဝေဒဂူ၊ ဓမ္မဖောင်ဒေးရှင်းစသောအဖွဲ့အစည်းများမှ တတ်သိပညာရှင်များစုစုပေါင်း(၄၀)ဦးခန့်ဖြင့် ဆွေးနွေး ညှိနှိုင်းပြီး ဓမ္မစကူးလ်သင်ရိုးညွှန်းတမ်းရေးဆွဲရေးအတွက် သဘောတူညီမှုများ ရရှိခဲ့ကြပါတယ် ဘုရား။ တဖြည်းဖြည်းနဲ့ အဝန်းအဝိုင်းချဲ့ချဲ့ပြီး စုစည်းလာခဲ့တဲ့ ဘုရားတပည့်တော်တို့ရဲ့ စုပေါင်းမှုအားကို အိန္ဒိယမှ ဒေါက်တာဘွဲ့ရဆရာတော်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ မဇ္ဈိမဝံသအဖွဲ့မှ ဆရာတော်များကလည်း လှိုက်လှိုက်လှဲလှဲအားပေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပေးခဲ့ကြပါတယ်ဘုရား။ ဒီလိုနဲ့ ဇန်နဝါရီလ(၃၀)ရက်နေ့က မြို့မကျောင်းလမ်းက မြိတ်ကျားကျောင်း မှာပြုလုပ်တဲ့ တတိယအကြိမ် ဆွေးနွေးညှိနှိုင်းမှုအပြီးမှာတော့ သံဃာ့မဟာနာယကဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီးထံ သြဝါဒခံယူရင်းအကြံဥာဏ်ကောင်းများလည်း တောင်းခံနိုင်ခဲ့ပါတယ် ဘုရား။ ဘုရားတပည့်တော်တို့တစ်တွေဟာ ဓမ္မစကူးလ်ဖြစ်မြောက်ရေးကို စီမံကိန်းအဆင့်ဆင့်ချပြီး လုပ်ဆောင်ကြမယ်လို့ စီစဉ်ထားကြတဲ့အတိုင်း သင်ရိုးညွှန်းတမ်းရေးဆွဲရေးစီမံကိန်းလို့ခေါ်တဲ့ ပထမဆုံးအဆင့်စီမံကိန်းကို စတင်နိုင်ဖို့အတွက် အဖွဲ့အစည်းတစ်ခု မဖြစ်မနေဖွဲ့စည်းဖို့ လိုအပ်လာခဲ့ပါတယ်ဘုရား။ သို့အတွက်ကြောင့်လည်း ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ မြို့မကျောင်း လမ်းရှိ မြိတ်ကျားကျောင်းမှာ ကော်မတီဖွဲ့စည်းနိုင်ဖို့အတွက် အဆိုပြုပြီး ညှိနှိုင်းသဘောတူညီမှု ရယူခဲ့ကြပါတယ်ဘုရား။ ယခုအချိန်မှာဆိုလျှင် ဒီလိုစီမံကိန်းအဆင့်ဆင့်တွေကို လုပ်ဆောင်နိုင်ဖို့အတွက် သြဝါဒပေးပြီးသွန်သင်စောင့်ရှောက်ပေးတော်မူကြမည့် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် အင်းစိန်ရွာမဆရာတော်ဘုရားကြီးအမှုးရှိသော ဆရာတော်ဘုရားကြီးများ၊ အကြံဥာဏ်ကောင်းများဖြင့် လမ်းညွှန်မှုပေးကြမည့် နာယကဂုဏ်နှင့် ပြည့်စုံတော်မူကြသော စလေဆရာတော် ဖောင်တော်ဦးဆရာတော် အစရှိသော ဆရာတော်ကြီးများ၊ ဒီစီမံကိန်းကြီးတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပြီး ဦးဆောင်မှုပေးနိုင်ကြမည့် ဆရာတော်ဦးသာသန၀ရ၊ ဆရာတော်ဦးဥတ္တရ အစရှိသောဆရာတော်များ၊ အဘက်ဘက်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမည့် ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ တတ်သိပညာရှင်များ၊ ဒါ့အပြင် ဒီစီမံကိန်းစတင်ပြီး လည်ပတ်လုပ်ဆောင်နိုင်ဖို့ မတည်လှူဒါန်းပေးမည့် အလှူရှင် ရှိုင်းဟုပ်ကုမ္ဗဏီမှ ဒကာမကြီးဒေါက်တာဒေါ်ခင်ခင်ရီတို့လည်း ယခုအခမ်းအနားမှာ အားလုံးစုံစုံလင်လင်နဲ့ ရောက်ရှိနေကြပါပြီ။ တစ်နည်းပြောရမယ်ဆိုရင်တော့ ဘုရားတပည့်တော်တို့ အားလုံးစုပေါင်းပြီး သင်ရိုးညွှန်းတမ်းရေးဆွဲရေးစီမံကိန်းကို စတင်ဖို့ အဆင်သင့်အနေအထားသို့ ရောက်ရှိနေကြပါပြီ ဘုရား။ ထို့အတွက်ကြောင့်လည်း ဓမ္မစကူးလ်ဖြစ်မြောက်ရေးအတွက် အဖွဲ့အစည်းတစ်ခုကို မကြာခင်အချိန်အတွင်းမှာ အတည်ပြုဖွဲ့စည်းကြရပါတော့မယ်ဘုရား။ ယခုဒီအခမ်း အနားမှာရောက်ရှိနေကြတဲ့ ဘုရားတပည့်တော်တို့တတွေဟာ မတူညီတဲ့ဒေသ၊ မတူညီတဲ့နယ်ပယ် အသီးသီးမှ လာခဲ့ကြပေမဲ့ ဘုရားတပည့်တော်တို့အားလုံးမှာ တူညီတဲ့ဆန္ဒ၊ တူညီတဲ့ ရည်ရွယ်ချက်တွေ ကိန်းဝပ်နေခဲ့ကြပါတယ်ဘုရား။ ထိုတူညီတဲ့ဆန္ဒ၊ တူညီတဲ့ရည်ရွယ်ချက် တွေကြောင့်ပဲ ဘုရားတပည့်တော်တို့ ယခုလိုစုစည်းနိုင်ခဲ့ကြခြင်းဖြစ်ပါတယ်ဘုရား။ ဂုဏ်ကျေးဇူး တော်ကြီးမားလှကုန်သော ဆရာတော်ဘုရားကြီးများဖြင့် စုစည်းထားရုံတင်မကဘဲ သမိုင်း အစဉ်အလာကြီးမားပြီး နှစ်ပေါင်းရာကျော်သက်တမ်းရှိနေတဲ့ ဝိုင်အမ်ဘီအေကဲ့သို့သော အဖွဲ့အစည်းအသီးသီးကပါ ပူးပေါင်းအားဖြည့်ပေးထားတဲ့အတွက် ယခုဘုရားတပည့် တော်တို့ဖွဲ့စည်းမည့် ဓမ္မစကူးလ်ဖြစ်မြောက်ရေးအဖွဲ့အစည်းကြီးဟာ မြန်မာပြည်ကြီးရဲ့ လိုအပ်ချက်တစ်ခုအနေဖြင့် လစ်ဟာနေတဲ့ကွက်လပ်ဖြစ်တဲ့ ဗုဒ္ဓဘာသာပညာရေးစနစ်တစ်ခုကို တည်တည်တံ့တံ့ ခိုင်ခိုင်မာမာနဲ့ တည်ဆောက်နိုင်ပြီး ဘုရားတပည့်တော်တို့ရဲ့ မြန်မာပြည်ကြီးအတွက်၊ ဘုရားတပည့်တော်တို့ရဲ့ သာသနာတော်ကြီးအတွက်၊ ဘုရားတပည့်တော်တို့ရဲ့ မျိုးဆက်သစ်ကလေးလူငယ်များအတွက် ငြိမ်းချမ်းလှပတဲ့ အနာဂတ်တွေကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း ဘုရားတပည့်တော်ရဲ့ လျှောက်ထားချက်ကို နိဂုံးချုပ်အပ်ပါသည် ဆရာတော်သံဃာတော်အရှင်သူမြတ်များတို့ဘုရား။
အရှင်ကုသလသာမိ လျှောက်ထားခဲ့သော ကျေးဇူးတင်ဝမ်းမြောက်ကြောင်း စကား ....ကြွရောက်တော်မူလာကြကုန်သော အင်းစိန်ရွာမဆရာတော်ကြီးအမှူးပြုသော ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ တတ်သိပညာရှင်များနှင့် အလှူရှင် ဒကာဒကာများ အားလုံးတို့ကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါရစေဘုရား။ ယခုလို ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံသော ဘုရားတပည့်တော်တို့ရဲ့ ဓမ္မစကူးလ်ဖြစ်မြောက်ရေး စုပေါင်းစည်းဝေးပွဲ အခမ်း အနားသို့ သာသနာပြုလုပ်ငန်းများဖြင့် မအားမလပ်သည့်ကြားမှ ကြွရောက်ချီးမြှင့်ပေးတဲ့အတွက် စီစဉ်သူ အားလုံးကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။ အားလုံးကို အခုလို စုံစုံညီညီ စုစုဝေးဝေး ဖူးမြော်တွေ့မြင်ရတဲ့အတွက် ဘုရားတပည့်တော်တို့အားလုံးရဲ့ရင်မှာ ဂုဏ်ယူဝမ်းမြောက်ကြည်နူးရ သလို အားလည်းတက်မိပါတယ်။ မိုင်ထောင်ချီဝေးတဲ့ ခရီးတစ်ခုအတွက် ပထမဆုံးခြေလှမ်းဟာ အခက်ခဲဆုံးလို့ ဆိုတဲ့အတိုင်း ဒီနေ့ ဘုရားတပည့်တော်တို့ဟာ နှစ်ပေါင်းများစွာ လုပ်ဆောင်ရမယ့် ဓမ္မစကူးလ်များဖြစ် မြောက်ရေး စီမံကိန်းရဲ့ ပထမဆုံးခြေလှမ်းကို စတင်နိုင်ခဲ့ကြပြီလို့ ဆိုရမှာဖြစ်ပါတယ်။
ယနေ့ ကျင်းပတဲ့ အစည်းအဝေးဟာဆိုရင် မြန်မာနိုင်ငံဗုဒ္ဓသာသနာသမိုင်းမှာ အထင်ကရသမိုင်းမှတ်တိုင်အဖြစ် တည်ရှိနေမယ့် အစည်းအဝေးကြီးတစ်ရပ်ဆိုရင်လည်း မှားမယ်မထင်ပါဘူးဘုရား။ ဘာကြောင့်လဲဆိုတော့ ယနေ့ကြွရောက်လာတဲ့ ဆရာတော်သံဃာတော်များ၊ တတ်သိပညာရှင်များနဲ့ ဘုရားတပည့်တော်တို့တစ်တွေ စုပေါင်းကြိုးစားလိုက်တဲ့အတိုင်း မြန်မာနိုင်ငံအနှံ့အပြားမှာ နိုင်ငံတော်အဆင့် ဓမ္မစကူးလ်များ ပေါ်ပေါက် လာလျှင် မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်မျိုးဆက်တို့ရဲ့ အခြေအနေဟာ အများကြီး ပြောင်းလဲတိုးတက်သွားမှာ ဖြစ်လို့ပါပဲ။ အမှန်တကယ်လည်း ယနေ့ကြွရောက်လာတဲ့ ဆရာတော်သံဃာတော်များရော၊ ဘုရားတပည့် တော်တို့ရော အားလုံးဟာ ဓမ္မစကူးလ်ဖြစ်မြောက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မဖြစ်ဖြစ်အောင် ကြိုးစားအားထုတ်ကြတော့မယ်ဆိုတဲ့ စိတ်ဇွဲသတ္တိအပြည့်ရှိသူများ ဖြစ်တယ်လို့ ယုံကြည်မိပါတယ်ဘုရား။
ယနေ့လို ဘုရားတပည့်တော်တို့ လေးစားအားကျရတဲ့ ဆရာတော်သံဃာတော်များ စုံစုံညီညီ တက်ရောက် အားပေးတဲ့အခါသမယမျိုး ရောက်ဖို့အတွက် ဘုရားတပည့်တော်တို့အနေနဲ့ အထူးကြိုးစားခဲ့ကြရပါတယ်ဘုရား။ ဘုရားတပည့်တော်တို့ဟာ လူငယ်များဖြစ်သည့်အလျောက် ယနေ့ကြွရောက်လာတဲ့ ဆရာတော်သံဃာ တော်များကဲ့သို့ ဓမ္မစကူးလ်ဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုလုပ်နိုင်စွမ်း အားနည်းကြပါတယ်ဘုရား။ သို့အတွက်ကြောင့် ယနေ့ကြွရောက်လာတဲ့ ဆရာတော်သံဃာများအားလုံး သိထားပြီးဖြစ်တဲ့အတိုင်း ဘုရားတပည့်တော်တို့ဟာ နေ့စဉ်ရက်ဆက်ဆိုသလို ဓမ္မစကူးလ်ဖြစ်မြောက်ရေးကို ဦးဆောင်ပေးနိုင်စွမ်းရှိတဲ့ ဆရာတော်သံဃာတော်များကို နေ့မအားညမနား သွားရောက်ချဉ်းကပ်ပြီး အကူအညီများ တောင်းခံခဲ့ပါတယ် ဘုရား။ ယနေ့ကြွရောက်လာတဲ့ ဆရာတော်သံဃာတော်များနဲ့ ပရိသတ်အားလုံးတို့ဟာ ဘုရားတပည့်တော် တို့ရဲ့ အကူအညီတောင်းခံမှုကို မေတ္တာကရုဏာရှေ့ထားပြီး လက်ခံပေးလို့ ဒီအခမ်းအနားကို ရောက်ရှိတော်မူ လာကြခြင်း ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဘုရားတပည့်တော်တို့ ဆရာတော်သံဃာတော်များထံ ချဉ်းကပ်ခဲ့တဲ့နေရာမှာ အခက်အခဲပေါင်းများစွာကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။ နားလည်မှုလွဲမှားခြင်း၊ အမြင်များကွဲပြားခြင်းစတဲ့ အခြေအနေပေါင်းစုံကိုလည်း ဖြေရှင်း ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီလို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုရာမှာ ယနေ့ ကြွရောက်လာတဲ့ ဆရာတော်သံဃာ တော်များ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ ဒကာဒကာမများအားလုံးက ၀ိုင်းဝန်းပံ့ပိုးအားပေးခဲ့ကြလို့၊ ယုံကြည်ပေးခဲ့ကြလို့ဖြစ်ပါတယ်။ ဆရာတော်သံဃာတော်များရဲ့ အကူအညီ၊ အားပေးချီးမြှောက်မှု မပါဘဲနဲ့ ဒီနေ့ ဒီအခါသမယမျိုး ဘယ်လိုမှ ဖြစ်မလာနိုင်ဘူးလို့ ဘုရားတပည့်တော်များ အကြွင်းမဲ့ ယုံကြည်မိပါတယ် ဘုရား။ ဘုရားတပည့်တော်တို့အပေါ်မှာ ထိုကဲ့သို့ ယုံကြည်ပေးခဲ့ကြတဲ့အတွက် ဆရာတော်သံဃာတော် များအားလုံးကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်ရှိပါတယ်ဘုရား။ ဘုရားတပည့်တော်တို့ဘက်ကလည်း ဆရာတော်သံဃာတော်များရဲ့ ယုံကြည်မှုနဲ့ထိုက်တန်တဲ့ ပေးဆပ်မှုတွေ လုပ်ဆောင်ရတော့မယ်ဆိုတာကို လည်း မှတ်သားနားလည်မိပါတယ်ဘုရား။ နောင်ဆက်လက် လုပ်ဆောင်ရမယ့် ဓမ္မစကူးလ်များ ဖြစ်မြောက်ရေး လုပ်ငန်းစဉ်မှာလည်း ဆရာတော်သံဃာတော်များနဲ့ အားလုံးတို့ရဲ့ အသိပညာ၊ အတတ်ပညာများ၊ စိတ်ကူး စိတ်သန်းကောင်းများ၊ အကြံဉာဏ်ကောင်းများနဲ့ ၀ီရိယ၊ ဇွဲသတ္တိနဲ့ ဉာဏ်ပညာတို့ကို ဆက်လက်လိုအပ်နေ အုံးမှာ ဖြစ်ပါတယ်။ ဆရာတော်သံဃာတော်များဘက်ကလည်း ဆက်လက်ဝိုင်းဝန်းပံ့ပိုးပေးကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်ဘုရား။
အမှန်အားဖြင့် ဒီကနေ့ ဓမ္မစကူးလ်ဖြစ်မြောက်ရေး စုပေါင်းစည်းဝေးပွဲဟာ လုပ်ငန်းစဉ်တစ်ရပ်လုံးအနေနဲ့ ခြုံကြည့်ရင် အစဆိုမှ အစပဲ ရှိပါသေးတယ်ဘုရား။ ဒီကနေ့ အစည်းအဝေးပြီးတာနဲ့ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းများက အများကြီး စောင့်ကြိုလို့နေပါတယ်။ ဘုရားတပည့်တော်တို့ ဖွဲ့စည်းပုံမှာ တင်ပြထားတဲ့အတိုင်း စီမံကိန်းကာလမှာ သင်ရိုးစီမံအဖွဲ့အနေနဲ့ သီရိလင်္ကာနိုင်ငံစတဲ့ နိုင်ငံများမှာ အသုံးပြုနေတဲ့ သင်ရိုးညွှန်းတမ်း စာအုပ်များ၊ မြန်မာနိုင်ငံ၊ ယဉ်ကျေးမှုသင်တန်းအသီးသီးမှာ အသုံးပြုနေတဲ့ သင်ရိုးညွှန်းတမ်းစာအုပ်များ၊ အခြားသက်ဆိုင်ရာ စာအုပ်စာတမ်းများ စသည်တို့ကို ရှာဖွေစုဆောင်းကြမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ရှာဖွေစုဆောင်းရင်းနဲ့ မိမိတို့ဖြစ်ချင်တဲ့ အဆင့်အတန်းမီ သင်ရိုးပုံစံကို ဖော်ဆောင်ကြမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဖော်ဆောင်တဲ့နေရာမှာလည်း အလုပ်အမှုဆောင်အဖွဲ့မှ ဆရာတော်သံဃာတော်များထံသို့ အခါအားလျော်စွာ ချဉ်းကပ်ပြီး အကြံဉာဏ်များ တောင်းယူကြမှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ သင်ရိုးညွှန်းတမ်း ရေးဆွဲတဲ့ ပညာရှင်များကို ရှာဖွေဆည်းကပ်ပြီး သင်ရိုးရေးဆွဲရေးကို ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ သို့အတွက်ကြောင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်းရဲ့ ပထမဆုံး ခြေလှမ်းဖြစ်တဲ့ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းကိစ္စဟာ ဆရာတော်သံဃာတော်များနဲ့အဖွဲ့ဝင်တိုင်းအားလုံး စုပေါင်းညီညာစွာ လုပ်ဆောင်ရမယ့် လုပ်ငန်းကြီးတစ်ရပ် ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်ထိ စုစည်းမိကြသူများအပြင် ဓမ္မစကူးလ်ဖြစ်မြောက်ရေးကို စိတ်ပါဝင်စားတဲ့ အားပေးချီးမြှောက်လိုတဲ့ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများနဲ့ အလှူရှင်ဒကာ ဒကာမများ ဆက်လက်ပူးပေါင်းပါဝင်လာအောင် ကြိုးစားခြင်းဖြင့် ဘုရားတပည့်တော်တို့ရဲ့ ဓမ္မစကူးလ်ဖြစ် မြောက်ရေးကို တိုးချဲ့ဆောင်ရွက်သွားကြအုံးမှာ ဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်းများ သက်မှတ်ထားတဲ့ကာလအတွင်း အချိန်မီပြီးစီးသွားတဲ့အခါမှာလည်း ဒီသင်ရိုးညွှန်းတမ်းကို လက်ကိုင်ပြုပြီး မြန်မာနိုင်ငံတစ်ဝှမ်း ဓမ္မစကူးလ်များ ဘယ်လို ဖွင့်လှစ်ကြမလဲ၊ ဓမ္မစကူးလ်များ ဖွင့်လှစ်နိုင် အောင် ဘယ်လို ၀ိုင်းဝန်းကြိုးပမ်းကြမလဲ၊ ဘယ်လို ထောက်ပံ့ပေးပြီး အကောင်အထည်ဖော်ကြမလဲ၊ ဘုရား တပည့်တော်တို့ ဓမ္မစကူးလ်ဖောင်ဒေးရှင်းရဲ့ ရည်မှန်းချက်အတိုင်း နိုင်ငံတော်အဆင့် အတိုင်းအတာအနေနဲ့ ဓမ္မစကူးလ်တွေ ဖွင့်ဖြစ်အောင် ဘယ်လို ကြိုးစားသွားကြမလဲ … စတဲ့ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များ အများကြီး ကျန်ရှိနေပါသေးတယ်။ ထို ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များအတွက် ယနေ့ကြွရောက်လာတဲ့ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ တတ်သိပညာရှင်များနဲ့ အလှူရှင်ဒကာဒကာမများ အားလုံး တက်ညီလက်ညီ စုစုစည်းစည်းနဲ့ ၀ိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။
ဒီကနေ့ ကြွရောက်လာတဲ့ ဆရာတော်သံဃာတော်များ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ တတ်သိပညာ ရှင်များနဲ့ အလှူရှင်ဒကာဒကာမများ အားလုံးတို့ဟာ မြန်မာနိုင်ငံတစ်ဝှမ်း ဓမ္မစကူးလ်ခေါင်းလောင်းသံများ တညံညံဖြစ်စေရမည်လို့ အားခဲထားကြသူများ ဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ထိုကဲ့သို့ယုံကြည်ထားကြ သူများဖြစ်တဲ့အတွက်ကြောင့်လည်း ဒီနေ့ ဒီအစည်းအဝေးကို တက်ရောက်လာကြခြင်း ဖြစ်တယ်လို့ ဆိုနိုင်ပါ လိမ့်မယ်။ ဒီနေ့ ဒီအစည်းအဝေးမှာ စုံညီတက်ရောက်အားပေးခဲ့ကြသလိုမျိုး နောက်နောင်လပတ်အစည်း အဝေးများ၊ အခါအားလျော်စွာ ကျင်းပမည့်အစည်းအဝေးများကိုလည်း ဆက်လက်တက်ရောက်အားပေးပြီး အကြံဉာဏ်ကောင်းများ ချီးမြှင့်ပေးကြဖို့ တိုက်တွန်းပါရစေဘုရား။
ဒီကနေ့ အစည်းအဝေးမှာ တက်ရောက်ပြီး ဓမ္မစကူးလ်ဖြစ်မြောက်ရေး အားပေးခဲ့တဲ့အတွက် နောင်တစ်ချိန် မြန်မာနိုင်ငံတစ်ဝှမ်း ဓမ္မစကူးလ်ခေါင်းလောင်သံများ တညံညံ ဖြစ်လာတဲ့အချိန်ဆိုလျှင် မြန်မာ နိုင်ငံဗုဒ္ဓဘာသာ ၀င်အားလုံးက ဒီနေ့အစည်းအဝေးမှာ တက်ရောက်လာတဲ့ သြ၀ါဒါစရိယဆရာတော်များ၊ နာယက ဆရာတော်များ၊ အလုပ်အမှူဆောင်အဖွဲ့ဝင်များ၊ တတ်သိပညာရှင်များ၊ ဘုရားတပည့်တော်တို့ရဲ့ ဓမ္မစကူးလ် စီမံကိန်း အဓိကအလှူရှင် ရှိုင်းဟုပ်ကုမ္ပဏီပိုင်ရှင် ဒကာမကြီး ဒေါ်ခင်ခင်ရီနဲ့တစ်ကွ ဒကာဒကာမ အားလုံးတို့ကို ထာဝရကျေးဇူးတင်နေကြမှာ မြေကြီးလက်ခပ် မလွဲပါဘူး။
အထူးအားဖြင့် ဒီကနေ့ အစည်းအဝေးမှာ သြ၀ါဒစကားချီးမြှင့်ပေးတော်မူသော အင်းစိန်ရွာမဆရာတော်ဘုရားကြီးအားလည်းကောင်း၊ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ပြည့်ပြည့် စုံစုံ တင်ပြလျှောက်ထားပေးတဲ့ စိန်ရတနာဓမ္မာစရိယစာသင်တိုက် ပဓာနနာယကဆရာတော်အားလည်း ကောင်း၊ ဓမ္မစကူးလ်ဖြစ်မြောက်ရေး ဖြစ်ပေါ်တိုးတက်မှု အဆင့်ဆင့်ကို ရှင်းလင်းလျှောက်ထားပေးခဲ့သော ဆရာလေး ဒေါ်ကေတုမာလာအားလည်းကောင်း၊ ကော်မတီအမည်စာရင်းများကို ဖတ်ကြားတင်သွင်း ပေးခဲ့သော ဦးစက္ကပါလအားလည်းကောင်း၊ အကြုံပြုစကားများ မြွတ်ကြားပေးခဲ့ကြသော ဆရာတော်များအား လည်းကောင်း၊ ၀ိုင်းဝန်းပါဝင်ဆွေးနွေးပေးခဲ့ကြသူများအားလည်းကောင်း၊ အစည်းအဝေးဖြစ်မြောက်ရေးအတွက် တတပ်တအား ပါဝင်လှူဒါန်းပေးခဲ့ကြသော စေတနာရှင်များအားလည်းကောင်း၊ ဓမ္မစကူးလ်ဖြစ်မြောက်ရေး အတွက် လိုအပ်သော န၀ကမ္မများကို စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းပေးခဲ့သော ရှိုင်းဟုပ် ကုမ္ပဏီမှ ဒကာမကြီး ဒေါ်ခင်ခင်ရီအားလည်းကောင်း၊ ဓမ္မစကူးလ်ဖြစ်မြောက်ရေးစီမံကိန်း စတင်သည့်အချိန်မှ ယနေ့အချိန်အထိ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နေ့မအားညမနား ကြိုးစားလုပ်ဆောင်စီစဉ်ပေးခဲ့ကြသော စီစဉ်သူညီအစ်ကိုမောင်နှမများအားလည်းကောင်း ဓမ္မစကူးလ်ဖောင်ဒေးရှင်းတစ်ဖွဲ့လုံး ကိုယ်စား ကျေးဇူး ဥပကာရတင်ရှိပါကြောင်း ပြောကြားရင်းနဲ့ ဘုရားတပည့်တော်များရဲ့ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း စာလွှာကို နိဂုံးချုပ်အပ်ပါတယ်ဘုရား။
Subscribe to:
Posts (Atom)





