Thursday, April 22, 2021
ကန္နီကမ္မဋ္ဌာန်း ရှုမှတ်နည်း
 ကန္နီကမ္မဋ္ဌာန်း ရှုမှတ်နည်း စာအုပ် Download ရယူရန် ဒီမှာ နှိပ်ပါ/ Click here to download
Sunday, December 27, 2020
Zawgyi/Unicode
ငြိမ်းချမ်းစေရာ ဓမ္မကထာ (၄)
………………………………………………
- အရိုးရှင်းဆုံး သီအိုရီ -
………………………
လောကမှာ ရှိတဲ့လူတိုင်းကို “မင်း ဘာလုပ်နေတာလဲ၊ ဘာဖြစ်နေတာလဲ”လို့ မေးလိုက်ရင် စီးပွားရေး လုပ်နေတယ်၊ ငွေရှာနေတယ်၊ ဘဝကြင်ဖော်ရှာနေတယ်၊ စာကျက်နေတယ်၊ ပညာသင်နေတယ်၊ ကားမောင်းသင်နေတယ်၊ ထမင်းစားနေတယ်၊ ခရီးသွားနေတယ်၊ စိတ်ပျက်နေတယ်၊ ပျော်နေတယ်၊ ကြည်နူးနေတယ်၊ ကိုယ့်ကိုယ်ကို အားမလို အားမရဖြစ်နေတယ်၊ မကျေမနပ်ဖြစ်နေတယ်၊ သူ့ကို (သားကို၊ သမီးကို) အားမရဖြစ်နေတယ်၊ သူ့ကို မကျေမနပ်ဖြစ်နေတယ် … အော် … များလိုက်တဲ့ ပညတ်တွေ။ 
တစ်လောကလုံးမှာရှိသမ ျှ “လုပ်နေတယ်”ဆိုတဲ့ခေါင်းစဉ်တွေကို အကျဉ်းချုပ်လိုက်တဲ့အခါ 
“၁။ မျက်စိနဲ့ကြည့်မြင်နေတယ်၊ 
၂။ နားနဲ့နားထောင်နေတယ်၊ 
၃။ နှာခေါင်းနဲ့အနံ့ကို ရှုရှိုက်နေတယ်၊ 
၄။ လ ျှာနဲ့အရသာကို မြည်းစမ်းနေတယ်၊ 
၅။ ကိုယ်ခန္ဓာနဲ့နူးညံ့မှု၊ ကြမ်းတမ်းမှုတွေကို ခံစားနေတယ်၊ 
၆။ စိတ်နဲ့အာရုံခံစားမှုတွေ ဖြစ်နေတယ်”ဆိုတဲ့ 
ဝါကျ (၆)ခုကနေ လွတ်သွားတာ တစ်ခုမှ မရှိပါဘူး။
ဒီအသိအမြင်က ဘာမှ မထူးဆန်းသလိုဖြစ်နေပေမဲ့ ကိုယ်ဘာလုပ်နေတာလဲ၊ ကိုယ်ဘာဖြစ်နေတာလဲဆိုတာကို သိမြင်နားလည်အောင် ကြိုးစားတာဟာ ဗုဒ္ဓဝါဒရဲ့ အရေးအကြီးဆုံးလုပ်ငန်းစဉ်တစ်ခုပါ။ ဘယ်အလုပ်ပဲဖြစ်ဖြစ်၊ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ဒီဝါကျ(၆)ခုကို သိမြင်နားလည်နေမှ၊ သတိထားတတ်ပါမှ ဘဝရဲ့နောက်ဆက်တွဲဝါကျတွေက လှပလာမှာပါ။ တဖြည်းဖြည်းချင်း အလေ့အကျင့်လုပ်သွားရင် မခက်ပါဘူး။ 
ပုထုဇဉ်တွေလည်း ဒီဝါကျ(၆)ခုကိုပဲ နေ့စဉ်အသုံးပြုတယ်။ ဘုရားရဟန္တာတွေလည်း ဒီဝါကျ(၆)ခုကိုပဲ နေ့စဉ်အသုံးပြုတယ်။ ပုထုဇဉ်တွေရဲ့ဝါကျတွေက “အကြိုက်နဲ့မကြိုက်”နှစ်မျိုးကြောင့် တုန်တယ်။ လှုပ်တယ်။ ဘုရားရဟန္တာတွေရဲ့ဝါကျတွေကျတော့ “အကြိုက်နဲ့မကြိုက်”ကြောင့် မတုန်လှုပ်တော့ဘူး။ 
စိတ်ဓာတ်အဆင့်အတန်း အထက်တန်းမရောက်နိုင်သေးသူတွေကျတော့ “အကြိုက်”တွေ့ရင် လောဘနဲ့လှုပ်တယ်။ “မကြိုက်”တွေ့ရင် ဒေါသနဲ့လှုပ်တယ်။ အထက်တန်းကျသူတွေကျတော့ “အကြိုက်”တွေ့တဲ့အခါပဲဖြစ်ဖြစ်၊ “မကြိုက်”တွေ့တဲ့အခါပဲဖြစ်ဖြစ် လောဘနဲ့ဒေါသမဖြစ်အောင် သတိလေးကပ်ထားနိုင်ကြတယ်။ လောကမှာ ငြိမ်းချမ်းတဲ့သူ၊ မငြိမ်းချမ်းတဲ့သူဆိုတာကို ဒီသီအိုရီကို ဘယ်လောက်အသုံးချတတ်သလဲဆိုတာက အဆုံးအဖြတ်ပေးပါတယ်။
အရှင်ကုသလသာမိ
၂ရ ဇွန် ၂ဝ၁၈
………………………………………………
………………………
၂။ နားနဲ့နားထောင်နေတယ်၊
အရှင်ကုသလသာမိ
၂၇ ဇွန် ၂ဝ၁၈
Zawgyi/Unicode
ငြိမ်းချမ်းစေရာ ဓမ္မကထာ (၃)
………………………………………………
- အတွေးအလျဉ်တွေကို သတိထားပါ -
………………………………..
သဘောတရားတွေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး တည်ငြိမ်တဲ့ အပြုအမူ၊ အပြောအဆိုတွေဖြစ်လာရေးဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ဘဝမှာ အောင်မြင်ဖို့အတွက် လောကီမှာဆိုရင်လည်း တက်ကျမ်းတွေ၊ နည်းလမ်းတွေကို သုံးတယ်။ အမှီအခိုပုဂ္ဂိုလ်တွေရဲ့စကားကို နားထောင်တယ်။ လောကုတ္တရာမှာဆိုရင်လည်း ဘာသာရေးစာအုပ်တွေပြောတာကို လိုက်နာတယ်။ ဆရာတွေပြောတာကို လိုက်လုပ်တယ်။ ဒါတွေက သူ့အတိုင်းအတာနဲ့သူ အရေးပါတာ မှန်ပါတယ်။ ဒါပေမဲ့ ဆရာ(စာအုပ်)ကို အားကိုးတဲ့နေရာမှာ လှေဖောင်တွေကို ဘယ်လိုလှော်ခတ်ရမယ်ဆိုတာကို ပြောပြပေးသူအဆင့်မ ျှပဲ အားကိုးရပါမယ်။ 
အမှန်က ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု၊ ကိရိယာတွေကို အသုံးချတတ်မှု တစ်နည်းပြောရရင် ကိုယ်ပိုင်အတွေ့အကြုံကိုပဲ အားကိုးရပါတယ်။ ဒါမှ ဘုရားနည်းပါ။
စာအုပ်တွေနဲ့စာအုပ်ကပြောတဲ့အရာတွေက တစ်ဆင့်ခံအရင်းအမြစ်တွေ (Secondry Sources)ပါ။ ကိုယ်တိုင်သိမြင်ရတာတွေကမှ တကယ့်အရင်းအမြစ် (Primary Sources)တွေပါ။
စာသိနဲ့ကြားသိက ဉာဏ်သိဆီကို ရောက်မလာရင် သူ့မူလစာအုပ်၊ မူလပြောသူဆီပဲ ပြန်ရောက်သွားတာ။ ဉာဏ်သိက စာထဲမှာ မရှိဘူး။ ပြောသူစကားမှာ မရှိဘူး။ ဉာဏ်သိက ကိုယ်ပိုင်အတွေ့အကြုံ(Personal experience)ထဲမှာပဲ ရှိတာပါ။ ဗုဒ္ဓဘာသာရဲ့ ဒီအမြင်(Concept)က လောကုတ္တရာရေးအတွက်သာ ကောင်းတာမဟုတ်ဘူး။ လောကီအဆင်ပြေရေးအတွက်လည်း အရေးပါတယ်ဆိုတာကို ဆင်ခြင်ကြည့်ဖို့ လိုအပ်တယ်။ 
ဘဝမှာ ငြိမ်းချမ်းစေဖို့ သစ္စဓမ္မကို လိုအပ်တယ်ဆိုရင် အဲဒီသစ္စဓမ္မဟာ ကိုယ်စီစိတ်ကူးတွေထဲမှာ တည်နေတယ်ဆိုတာ သိဖို့ လိုတယ်။ မြင်၊ ကြား စတာတွေကနေ အချိန်တိုင်း ဖြာထွက်နေတဲ့ အတွေးအလျဉ်တွေကို သတိထားရမယ်။ ဒီအတွေးအလျဉ်တွေကပဲ ကိုယ့်ဘဝကို ပုံဖော်မှာ။ ငြိမ်းချမ်းတဲ့အတွေးအလျဉ်တွေကသာ ငြိမ်းချမ်းတဲ့ဘဝကို ဖြစ်ပေါ်စေမှာပါ။
အရှင်ကုသလသာမိ
၂ရ ဇွန် ၂ဝ၁၈
………………………………………………
………………………………..
အရှင်ကုသလသာမိ
၂၇ ဇွန် ၂ဝ၁၈
Saturday, May 2, 2020
ငြိမ်းချမ်းစေရာ ဓမ္မကထာ (၂)
………………………………………………
- ကြီးမားတဲ့ အသိဉာဏ် -
………………………………..
သဘောတရားအမှန်ကို သိမြင်ဖို့၊ မှန်မှန်ကန်ကန် နားလည်ဖို့အတွက် ဆရာလိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆရာပြောပြတာက အပေါ်ယံပဲ ဖြစ်နိုင်တယ်။ ကိုယ်ကိုယ်တိုင် အသိဉာဏ်နဲ့နားလည်မှ တကယ်နားလည်တယ်လို့ ခေါ်နိုင်ပါတယ်။ ဆရာဆီကနေ အပေါ်ယံ (ယေဘုယျအသိ)အမြင်ကို သိပြီးတဲ့နောက်မှာ ကိုယ်တိုင်နားလည်အောင် ကြိုးစားရမယ်။ အချို့က ဆရာပြောတာနဲ့တင် ကိုယ့်ကိုယ်ကို သိလှပြီဆိုပြီး ရပ်တန့်ပစ်တတ်ကြတယ်။ ဆရာပြောတဲ့(စာအုပ်ကပြောတဲ့)သဘောတရားတွေနဲ့ ပိတ်မိနေတတ်ကြတယ်။ ဒါကို သတိပြုရမယ်။
အချို့က ဆရာက ထိုင်ဆိုတာနဲ့ ထိုင်လိုက်တာပဲ။ ထိုင်ပြီးတော့ ပင်ပန်းသွားတယ်။ စိတ်ပျက်သွားတယ်။ ငြီးငွေ့သွားတယ်။ အထိုင်မှာ တရားရှိတယ်လို့ ထင်သွားတာကိုး။ အမှန်တော့ ထိုင်ခြင်း၊ ရပ်ခြင်း စတာတွေမှာ တရားရှိတာ မဟုတ်ဘူး။ အထိုင်၊ အရပ်စတာတွေက ပစ်မှတ်မဟုတ်ဘူး။ ပစ်မှတ်က သတိကပ်နေဖို့၊ သတိမလွတ်စေဖို့ပါ။ သတိမလွတ်သရွေ့ တရားအမှန်က အနားမှာရှိနေပါတယ်။
မျက်စိနဲ့ ကြည့်စရာကို ကြည့်တယ်။ မျက်စိကလည်း အမှန်တရား မဟုတ်သလို ကြည့်စရာကလည်း အမှန်တရား မဟုတ်ဘူး။ နား၊ နှာ၊ လ ျှာ၊ ကိုယ်၊ စိတ်လည်း ထို့အတူပါပဲ။ မျက်စိနဲ့ကြည့်စရာ တွေ့တယ်။ ကြည့်တယ်။ မြင်တယ်။ အကြည့်လောကတစ်ခု ပေါ်ပေါက်လာတယ်။ နားနဲ့ကြားစရာ တွေ့တယ်။ အကြားလောကတစ်ခု ပေါ်ပေါက်လာတယ်။ ဒီလိုပဲ ကျန်တဲ့ နှာ၊ လ ျှာ၊ ကိုယ်၊ စိတ်တွေလည်း ဒီလို လောကအသီးသီး ရှိကြတယ်။ အကျဉ်းချုပ်ပြီးပြောရရင်တော့ အာရုံငါးပါးနဲ့ကြည့်စရာ၊ မြင်စရာ စတာတွေ တွေ့ဆုံမိကြတယ်။ အဲဒါ လောကကြီးပဲ။ လောကကြီးတစ်ခုလုံးဟာ အဲဒီအမြင်၊ အကြား၊ အနံ၊ အရသာ၊ အတွေ့အထိတို့ကနေ ပေါက်ဖွားလာတဲ့၊ ပေါက်ဖွားလာနေတဲ့ ဖြစ်စဉ်အစုအဝေးတစ်ခုမ ျှထက် ဘာမှ မပိုပါဘူး။ အဲဒီအာရုံငါးပါးဆုံတဲ့အခိုက်အတံ့တိုင်းမှာ သတိရှိနေခြင်းဟာ အမှန်တရားသိမြင်နားလည်ရေးလမ်းစဉ်ရဲ့ အဓိကအချက်ပါ။ လောကတစ်ခုလုံးဟာ အာရုံငါးပါးရဲ့ထိခတ်မှုကြောင့် ဖြစ်ပေါ်နေတဲ့အရာမ ျှသာလို့ သဘောပေါက်လိုက်ရင် အမှန်တရားကို သိမြင်ဖို့ နီးကပ်လာပြီဆိုတဲ့ သဘောပါပဲ။
အာရုံငါးပါးနဲ့ထိခတ်သမ ျှအချိန်တိုင်းမှာ ပျော်စရာ၊ ငြီးငွေ့စရာ၊ ကြည်နူးစရာ၊ စိတ်ပျက်စရာ … ဘယ်လိုအခြေအနေဖြစ်နေပါစေ၊ အရေးမကြီးပါဘူး။ အရေးကြီးတာက ဘယ်အခြေအနေပဲဖြစ်ဖြစ် ကာလတစ်ခုပြီးတာနဲ့ ပျောက်ပျက်သွားမယ်ဆိုတဲ့ အသိလေး ထားပေးလိုက်ရုံပဲ။ ဒီအသိလေးက အသိဉာဏ်ပညာလမ်းစဉ်ရဲ့ အဓိကသော့ချက်ပဲ။ 
တစ်ခါတစ်ရံ ပျော်ရွှင်ရတယ်။ တစ်ခါတစ်ရံ ဝမ်းနည်းပူးဆွေးရတယ်။ ငိုကြွေးရတယ်။ ဘယ်လိုအခြေအနေနဲ့ကြုံပါစေ … ဒါကလည်း အမြဲဖြစ်နေမယ့်အရာမဟုတ်ဘူးဆိုတဲ့ အသိလေးကို ကိုင်စွဲထားရုံလေးပါ။ ဒီအသိလေးကို ကိုင်စွဲထားတတ်တဲ့အကျင့်လေးက တစ်နေ့မှာ ကြီးမားတဲ့အသိဉာဏ်ကြီးအဖြစ် ပေါ်ထွက်လာပါလိမ့်မယ်။ ဘုရားကလည်း ဒါကို အာမခံပေးထားတယ်။ 
အရှင်ကုသလသာမိ
၂၅ ဇွန် ၂ဝ၁၈
………………………………………………
- ကြီးမားတဲ့ အသိဉာဏ် -
………………………………..
အရှင်ကုသလသာမိ
၂၅ ဇွန် ၂ဝ၁၈
ငြိမ်းချမ်းစေရာ ဓမ္မကထာ (၁) - တန်ဖိုးရှိသောအခိုက်အတံ့များ -
ငြိမ်းချမ်းစေရာ ဓမ္မကထာ (၁)
………………………………………………………….
- တန်ဖိုးရှိသောအခိုက်အတံ့များ -
အမှန်တရားဆိုတာ ဘာလဲ။ အမှန်တရားဆိုတာ သဘာဝတရားပဲ။ သဘာဝတရားဆိုတာ ဘာလဲ။ သဘာဝတရားဆိုတာ လောကမှာ ဖြစ်နေပျက်နေတဲ့အရာမှန်သမ ျှကို ခေါ်တာပဲ။ သဘောတရားတွေအပေါ်မှာ ထင်ယောင်မှားနေတာဟာ အမှန်တရားအပေါ် ထင်ယောင်မှားနေတာပဲ။ အမှန်တရားအပေါ် ထင်ယောင်မှားနေတာဟာ လောကအရှုပ်ထဲမှာ လမ်းပျောက်နေတာပါ။ ထင်ယောင်မှားမှုတွေနဲ့လမ်းမပျောက်ဖို့ သီလ၊ သမာဓိ၊ ပညာကို ဘုရားက ဟောခဲ့တယ်။ ဒီသုံးခုက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။
သီလဆိုတာ အပြုမှား၊ အပြောမှားတွေကို စွန့်လွှတ်ခြင်း ဖြစ်ပါတယ်။ အပြုမှား၊ အပြောမှားတွေနဲ့ ကျင်လည်နေတဲ့သူဟာ သူ့ဘဝက ပူလောင်နေပါတယ်။ တစ်ပြိုင်နက်တည်းမှာ အပြုမှား၊ အပြောမှားတွေကို စွန့်လိုက်တာနဲ့ သူ့ဘဝက အေးသွားပါတယ်။ တည်ငြိမ်သွားပါတယ်။ အပြုမှား, အပြောမှားတွေကို သတိထားရင်း၊ စွန့်လွှတ်လာရင်းကနေ တည်ငြိမ်အေးဆေးတဲ့ စိတ်ဓာတ်အခြေအနေကို ရောက်သွားပါတယ်။ တည်ငြိမ်အေးချမ်းတဲ့စိတ်က ကြည်လင်တယ်၊ ဖြူစင်တယ်၊ အေးချမ်းတယ်။ ကြည်လင်ဖြူစင်တဲ့စိတ်က အမှန်တရားကို မြင်နိုင်စွမ်းတဲ့ပညာကို ဖြစ်ပေါ်လာစေတာပဲ။ ဥပမာပြောရရင် ကြည်လင်နေတဲ့ရေကန်ထဲကို လှမ်းကြည့်လိုက်ရင် ကိုယ့်မျက်နှာကို မှန်တစ်ချပ်မှာကြည့်သလို မြင်ရမှာပါ။ အောက်ခြေမှာ ဒိုက်တွေ၊ မှော်တွေ၊ ကျောက်စရစ်ခဲလေးတွေကိုလည်း မြင်ရမှာပဲ။ ကန်ဘေးက တဲလေးကိုလည်း မြင်နေရမှာပဲ။ တဲလေးအပေါ်မှာ နားနေတဲ့ ငှက်ငယ်လေးကိုတောင် မြင်နိုင်ပါတယ်။ ဒါက သီလ၊ သမာဓိ၊ ပညာရဲ့ အချင်းချင်း အပြန်အလှန် အမှီသဟဲပြုနေပုံပါ။ 
အမှန်တရားကို နားလည်ရေးမှာ စာအုပ်တွေက နည်းလမ်းပေါင်းစုံ ဖော်ပြနေတာပဲ။ သီလ, သမာဓိ, ပညာ ကျင့်စဉ်သုံးရပ်၊ သမထ, ဝိပဿနာကျင့်စဉ်၊ ဝိသုဒ္ဓိခုနှစ်ပါး … ဘယ်လိုပဲဖော်ပြဖော်ပြ အဆက်အစပ်ရှိရှိ တည်နေတဲ့ကျင့်စဉ်တစ်ခုပါပဲ။ ဥပမာ သရက်သီးတစ်လုံးဆိုပါတော့။ သရက်သီးအသေးလေးလည်း သရက်သီးပဲ။ တဖြည်းဖြည်း ကြီးလာတဲ့သရက်သီးလည်း သရက်သီးပဲ။ မှည့်နေတဲ့သရက်သီးလည်း သရက်သီးပဲ။ ဒါက သရက်သီးတစ်လုံးတည်းမှာ ပြောင်းလဲဖြစ်တည်နေတဲ့ဖြစ်စဉ်တစ်ခုပါပဲ။ ကျင့်စဉ်တွေအပေါ်မှာ ဒီဥပမာပေးနိုင်သလို သဘာဝအမှန်တရားအပေါ်အမြင်မှာလည်း ဒီသဘောပါပဲ။
ကိုယ်ကိုယ်တိုင်မှာ ဖြစ်ပျက်ကြုံတွေ့နေရတဲ့အရာတွေဟာလည်း သရက်သီးလေးတစ်လုံး ပြောင်းလဲနေသလိုပါပဲ။ တစ်လောကလုံးမှာဖြစ်ပျက်သမ ျှတွေဟာလည်း ဒီသဘောမ ျှပါပဲ။ ကိုယ်တွေးနေတာတွေ, သူများတွေးနေတာတွေ၊ ကိုယ်လုပ်နေတာတွေ, သူများ လုပ်နေတာတွေအားလုံးဟာ မမြဲဘူး၊ ပြောင်းလဲနေတယ်၊ ဆုပ်ကိုင်ထားလို့ မရဘူး။ မြဲတယ်, မပြောင်းလဲဘူးဆိုပြီး ဆုပ်ကိုင်ထားလိုက်တာနဲ့ မငြိမ်းချမ်းမှုနဲ့ဒုက္ခနွံထဲ ဆင်းရတော့တာပဲ။ 
ကိုယ်လုပ်တာတွေ, သူလုပ်တာတွေ၊ ကိုယ်ပြောတာတွေ, သူပြောတာတွေအားလုံးအပေါ်မှာ တွယ်တာတဲ့စိတ်ကို စွန့်လွှတ်ပစ်လိုက်တဲ့ အခိုက်အတံ့တိုင်းဟာ ဘဝမှာ တန်ဖိုးအရှိဆုံးအခိုက်အတံ့တွေပါပဲ။ ဒီလိုအခိုက်အတံ့တွေ ဘဝမှာ များများစားစား ရှိလာရင်တော့ အတိုင်းထက်အလွန်ပေါ့။
အရှင်ကုသလသာမိ
၂၄ ဇွန် ၂ဝ၁၈
………………………………………………………….
အရှင်ကုသလသာမိ
၂၄ ဇွန် ၂ဝ၁၈
Wednesday, March 27, 2019
Type your summary here.Type the rest of your post here.
မြို့စားကြီးပါယာသိနှင့် တမလွန်ဘဝပြဿနာ (နိဂုံး)
အရှင်ကုမာရကဿပ၏ ဥပမာ (၁၄)
အရှင်ကုမာရကဿပက နောက်ထပ် ဥပမာတစ်ခုဖြင့် ထပ်မံပြောကြားခဲ့ပါသည်။ ထိုဥပမာသည် ယနေ့ခေတ်ကာလ အများသိဥပမာတစ်ခု ဖြစ်ပါသည်။
“တစ်ခါက သူငယ်ချင်းနှစ်ယောက် စီးပွားရှာထွက်ကြတယ်။ လမ်းမှာ ပိုက်ဆံလျှော်ထုပ်တွေကို တွေ့လို့ တစ်ထုပ်စီ ထမ်းခဲ့ကြတယ်။ နောက်တစ်နေရာမှာ ပိုက်ဆံလျှော်ချည်ထုပ်တွေ့တယ်။ အဲဒီအခါ တစ်ဦးက “သူငယ်ချင်း ဒီမှာ ပိုက်ဆံလျှော်ချည်ထုပ်ကို တွေ့နေပြီဆိုတော့ ပိုက်ဆံလျှော်ထုပ်ကြီးကို ပစ်ထားခဲ့ပြီး ပိုက်ဆံလျှော်ချည်ထုပ်ကို သယ်သွားကြရအောင်”လို့ ပြောတယ်။ အခြားသူငယ်ချင်းက “ဒီပိုက်ဆံလျှော်ထုပ်ကြီးကို အဝေးကြီးကတည်းက သယ်လာရတာ၊ လွှင့်ပစ်ရမှာ နှမြောစရာကြီး”လို့ဆိုကာ ပိုက်ဆံလျှော်ထုပ်ကိုသာ ထမ်းခဲ့လေတယ်။ တစ်နေရာမှာ ဂုံလျှော်ထုပ်ကို တွေ့ပြန်တယ်။ တစ်ဦးက ပိုက်ဆံလျှော်ချည်ကို ထားခဲ့ပြီး ဂုံလျှော်ထုပ်ကို ယူတယ်။ တစ်ဦးက မူလပိုက်ဆံလျှော်ထုပ်ကိုသာ ဆက်လက်သယ်ခဲ့တယ်။ အစဉ်အတိုင်း ဂုံလျှော်ချည်ထုပ်၊ ဂုံလျှော်ချည်အဝတ်ထုပ်၊ ဝါဂွမ်း၊ ဝါချည်၊ ဝါချည်အဝတ်၊ သံ၊ ခဲပုပ်၊ ဘင်၊ ငွေ၊ ရွှေ…တို့ကို တွေ့ခဲ့ရာ တစ်ဦးက တန်ဖိုးနည်းရာကို စွန့်ပစ်ပြီး တန်းဖိုးကြီးရာကို ယူခဲ့တယ်။ အခြားတစ်ဦးက မူလတန်ဖိုးနည်း ပိုက်ဆံလျှော်ထုပ်ကြီးသာ သိမ်းပိုက်လာခဲ့တယ်။ ဉာဏ်ပညာရှိတဲ့၊ ဆင်ခြင်ဉာဏ်ရှိတဲ့ သူကတော့ အဟောင်းကြီးကို အမြတ်တနိုး မထားတော့ဘူး။ ပိုကောင်းတဲ့အရာကို တွေ့ရင် စွန့်ပစ်နိုင်တယ်။ အသိဉာဏ်ကင်းမဲ့တဲ့သူကတော့ ကောင်းမွန်မြင့်မြတ်တဲ့အသစ်ကို တွေ့နေတာတောင် အဟောင်းကြီးကို မစွန့်ပစ်နိုင်ကြဘူး။
မြို့စားကြီး သင်ဟာလည်း ဆင်ခြင်ဉာဏ်ကင်းမဲ့တဲ့ သူလိုပဲ။ အခု ကောင်းမွန်မြင့်မြတ်တဲ့အရာတွေဖြစ်တဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မအယူအဆတွေကို တွေ့လာရပြီ။ ဒါပေမယ့် သင်က သင့်ရဲ့ အယူဝါဒအဟောင်းကြီးကို မစွန့်ပစ်နိုင်သေးဘူး။ အသိတရားရှိလာပါတော့ မြို့စားကြီး၊ သင့်အယူအဆတွေကို ပြောင်းလိုက်ပါ”
မြို့စားကြီး ဝန်ခံပြီ
ထိုအခါ မြို့စားကြီးထံမှ ရယ်ရခက်ခက်၊ ငိုရခက်ခက် စကားကို ကြားလိုက်ရလေသည်။ သူတို့ အပြန်အလှန် ပြောလိုက်ပုံကြပုံက
“အရှင်ကုမာရကဿပ… ရှေ့မှာ သင်ပြောခဲ့တဲ့ စကားတွေ၊ ဥပမာတွေကို ကြားရကတည်းက အရှင်ပြောတာတွေကို သဘောကျနေတာ”ဟူ၍။
ထိုအခါ အရှင်ကုမာရကဿပက
“အော်… ဒါနဲ့များ စကားတွေ ရှည်ရှည်ဝေးဝေး ပြောနေရသလား၊ စောစောကတည်းက အယူဝါဒဟောင်းကို စွန့်လိုက်ပါပြီ၊ အရှင်အယူအဆတွေကို လက်ခံလိုက်ပါပြီလို့ ပြောလိုက်ပါလား (အခုတော့ စာဖတ်သူတွေ မျက်စိညောင်းကုန်ကြပြီ…း) း) း)”ဟု အားမလိုအားမရ ဆိုလိုက်သည်။ ထိုအခါ မြို့စားကြီးက
“ကျွန်ုပ်က စောစောစီးစီး အရှင်ပြောတာကို လက်ခံလိုက်ရင် အရှင့်ဆီက အခုလို ထူးထူးဆန်းဆန်း တရားစကားတွေ ဘယ်လိုလုပ် ကြားရတော့မလဲ၊ အရှင့်အနေနဲ့ တပည့်တော် ကန့်လန့်တိုက်နေတာတွေကို ဘယ်လိုများ တုန့်ပြန်မလဲလို့ သိချင်တာကြောင့် ပေတေပြီး ငြင်းနေရတာပါ (သူပြောလိုက်တော့လည်း အဟုတ်သား၊ မြို့စားကြီးသာ ပေတေပြီး ငြင်းမနေခဲ့ဘူးဆိုရင် စာရေးသူတို့ ဒီလောက်ဗဟုသုတတွေ ဘယ်တိုးမလဲ)”ဟု ပြောလိုက်သည်။
မြို့စားကြီးထံမှ အဆိုပါစကားကို ကြားရသောအခါ အရှင်ကုမာရကဿပက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပြီး တရားဓမ္မများ ဆက်လက်ဟောကြားခဲ့လေသည်။ ဤမျှလောက် ကပ်သီးကပ်သပ် ဆိုတတ်သော မြို့စားကြီးကို မည်သို့သောတရားများ ဟောလေသနည်း။ မြတ်ဗုဒ္ဓ၏ တရားဓမ္မက ထူးခြားမှုတော့ မရှိပါ။ အကျဉ်းချုပ်လိုက်လျှင် ဒါန၊ သီလနှင့် ဘာဝနာသာ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတရားတော်သည် မည်၍မည်မျှ ကျယ်ကျယ်ဝန်းဝန်း ဟောနေသည်ဖြစ်စေ လိုရင်းက ဤသုံးမျိုးသာ ဖြစ်ပါသည်။ သို့ရာတွင် ထိုသုံးမျိုးသို့ သတ္တဝါများ၏ ဓလေ့စရိုက်များအရ ချဉ်းကပ်ပုံ အမျိုးမျိုး ကွဲပြားသဖြင့် သူ့နည်း၊ ကိုယ်နည်းများအဖြစ် တွေ့မြင်နေရခြင်း ဖြစ်ပါသည်။ အရှင်ကုမာရကဿပ ဟောကြားခဲ့သောတရားများက ဤသုတ်တော်တွင် ရှည်လျားစွာ ပါဝင်နေပါသည်။ ထိုတရားများကို မဖော်ပြတော့ပါ။ အကျယ်ဖတ်ရှုလိုပါက ဒီဃနိကာယ်၊ မဟာဝဂ်၊ ပါယာသိသုတ်ကို ကြည့်ရှုနိုင်ပါသည်။
စာဖတ်သူများ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဗဟုသုတ၊ မြတ်စွာဘုရားခေတ် အိန္ဒိယတွင် ဗုဒ္ဓဘာသာ လှုပ်ရှားခဲ့ပုံများ၊ သာသနာပြုခဲ့ကြပုံများ…စသော သုတများကို ရရှိကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။
မြို့စားကြီး ပါယာသိနှင့် တမလွန်ဘဝပြဿနာ….ဤနေရာတွင် ပြီးပါပြီ…
Tawfik Hamid
(အီးမေလ်ကနေ ရလာတဲ့ Tawfik Hamid ရဲ့ From the heart of a Muslim ဆိုတဲ့ ဆောင်းပါးကို ဘာသာပြန်ပါတယ်။)
ကျွန်တော်ဟာ ကျွန်တော့် ယုံကြည်ချက်နဲ့ မွတ်စလင်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဆန္ဒအရဆိုရင်တော့ ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်ပေါ့။ နှလုံးသားအရတော့ ဂျူးတစ်ယောက် ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ။ ဒေါက်တာ ဟာမစ်ဆိုတာ တယူသန် မွတ်စလင်တွေကို ဆန့်ကျင်တဲ့ စာရေးဆရာ၊ အီဂျစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အနေနဲ့ မွေးလာတယ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး အစ္စလာဟ်ဘာသာဝင်တစ်ဦးလိုပဲ နေခဲ့တယ်။ ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်နဲ့ဘ၀တူ မွတ်စလင်တွေက ကမ္ဘာ့အနေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို တွေ့ပြီးနောက်မှာ၊ ပြီးတော့ ကမ္ဘာအနှံ့အပြားက အစ္စလာဟ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုများကို တွေ့မြင်ရဖန်များလာပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။ ဒါကတော့ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို လူသားတစ်ဦးလည်းဖြစ်တဲ့အတွက် အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်ပါ။ ဒီခံစားချက်က အစ္စလာဟ်ဘာသာနဲ့ ကမ္ဘာကြီးကို ကပ်ဘေးတွေနဲ့ ယဉ်ကျေးမှုတိုက်ပွဲတွေကနေ ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်။
ကျွန်တော် ၀န်ခံပါတယ်။ လက်ရှိ အစ္စလာဟ်တရားတွေဟာ မွတ်စလင်မဟုတ်သူတွေအပေါ် အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးပေးနေတယ်ဆိုတာကိုပေါ့။ ကျွန်တော်တို့ မွတ်စလင်တွေဟာ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ဒီနေ့အချိန်အထိ မိန်းမအများကြီးယူတဲ့စနစ်ကို လက်ခံကျင့်သုံးနေကြဆဲဖြစ်တယ်။ နောက်ပြီး မွတ်စလင်ကနေ အခြားဘာသာပြောင်းသွားသူတွေကို သတ်ဖြတ်တဲ့အကျင့်တွေက ရှိနေဆဲဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်စနစ်နဲ့စစ်ပွဲတွေကို ဆန့်ကျင်တဲ့နေရာမှာ ပြတ်သားတဲ့ ရပ်တည်ချက် မရှိသေးတာပဲဖြစ်တယ်။ ဆန့်ကျင့်ကန့်ကွက်တာတွေ မလုပ်တဲ့အပြင် အဲဒီကျွန်စနစ်နဲ့စစ်ပွဲတွေကို ဖန်တီးပြီး အစ္စလာဟ်သာသနာပြန့်ပွားအောင်၊ အခြားဘာသာဝင်တွေကို မွတ်စလင်ဖြစ်လာအောင် လုပ်နေကြပါတယ်။ နောက်ပြီးတော့ ဂျိဇီယာ (Jizia)လို့ခေါ်တဲ့ မတရားအခွန်ငွေတွေ ကောက်ခံနေကြပါတယ်။ (မလေးရှားမှာ တရုတ်လူမျိုးများကို နှိမ်ထားသလိုမျိုး ဖြစ်မည်ဟု ထင်ပါတယ်…စာရေးသူ)
ကျွန်တော်တို့ မွတ်စလင်တွေဟာ “အစ္စလာဟ်ဘာသာကို လေးစားကြပါ”လို့ ကမ္ဘာ့လူသားတွေကို တောင်းဆိုနေကြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ဗလီတွေမှာ ကြာသပတေးနေ့တိုင်း အခြားအစ္စလာဟ်ဘာသာဝင် မဟုတ်သူတွေကို (အာရဗီဘာသာစကားနဲ့) ဆဲရေးတိုင်းထွာနေကြပါတယ်။ ကျွန်တော်တို့ အစ္စလာဟ်ဘာသာဝင်တွေဟာ ဂျူးတွေကို ၀က်နဲ့မျောက်ကနေဆင်းသက်သူများလို့ ဆဲရေးတိုင်းထွာကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မွတ်စလင်ဘာသာဝင်ကလေးငယ်တွေကို ဘယ်လို မက်ဆေ့တွေ (သင်ကြားချက်တွေ) ပေးချင်တာပါလဲ။ ဒါဟာ မေတ္တာတရားနဲ့ငြိမ်းချမ်းရေး လက်ဆောင်တွေလား။ အမုန်းတရားလက်ဆောင်တွေလား။ ကျွန်တော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဂျူးဘုရားကျောင်းတွေကို ရောက်ဖူးတယ်။ သူတို့က ကျွန်တော်တို့ မွတ်စလင်တွေအတွက် ဆုတောင်းပေးနေကြတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်ခေါင်းဆောင်တွေက သူတို့ကို ဆဲရေးတိုင်းထွာနေကြတယ်။ ကျွန်တော်တို့ရဲ့ မွတ်စလင်မျိုးဆက်တွေကိုလည်း သူတို့ (အခြားဘာသာဝင်တွေ)ကို မုန်းတီးရွံရှာဖို့နဲ့ မိစ္ဆာဒိဋ္ဌိများအဖြစ် ခေါ်ကြဖို့ သင်ကြားပေးနေကြပါတယ်။
ကျွန်တော်တို့ မွတ်စလင်တွေဟာ တစ်စုံတစ်ယောက်က “မိုဟာမက်ဆိုတာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးတွေအပေါ်မှာ ကာမစပ်ယှက်သူ”လို့ စွပ်စွဲတဲ့အခါ မိုဟာမက်ကို ကာကွယ်ဖို့ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မွတ်စလင်တွေဟာ အစ္စလာဟ်ကျမ်းစာမှာလာတဲ့ “တမန်တော် မိုဟာမက် အသက် ၅၀ ကျော်သောအခါ အသက် ၇-နှစ်မျှသာရှိသေးသော အမျိုးသမီးငယ်လေးကို လက်ထပ်တော်မူတယ်”ဆိုတဲ့အကြောင်းကိုတော့ ဂုဏ်ယူပြောဆိုနေကြပြန်ပါတယ်။
ပြောရမှာတော့ ၀မ်းနည်းပါတယ်။ မွတ်စလင်များစွာဟာ (အားလုံးတော့ မဟုတ်ပါဘူး) အမေရိကန်က ဝေါထရိစင်တာကို ၀င်တိုက်တဲ့ စက်တင်ဘာ ၁၁-ရက်အဖြစ်အပျက်နဲ့ ကမ္ဘာအနှံ့အပြားက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြားရတိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။ ကမ္ဘာ့မီဒီယာရှေ့မှာတော့ ကျွန်တော်တို့ မွတ်စလင်တွေဟာ ဒီလို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာကြပါတယ်။ ဒါပေမယ့် မွတ်စလင်အကြမ်းဖက်သမားတွေကို မွတ်စလင်တွေဟာ သဘောခွေ့နေကြပါတယ်။ လျစ်လျူရှုထားကြပါတယ်။ သူတို့ အကြမ်းဖက်ရခြင်းအကြောင်းကိုတောင် ရှာကြံပြီး အကြမ်းဖက်သမားတွေကို သနားနေကြပါတယ်။ ဥပမာအနေနဲ့ ဘယ်အစ္စလာဟ်အဖွဲ့အစည်းက အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို “ဘာသာရေးသွေဖီသူ၊ အစ္စလာဟ်တရားတော်ကို ချိုးဖောက်သူ”လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ပါသလဲ။ ရှေ့နောက်မညီတာတစ်ခုက စာရေးဆရာ ရပ်ခ်ျဒိုင်း (Rushdie)ကိုတော့ အစ္စလာဟ်ကို ဆန့်ကျင်တဲ့စာအုပ် ရေးသားမှုနဲ့ သေဒဏ်ပေးသင့်ကြောင်း ကြေညာပေးခဲ့တယ်။
ကျွန်တော်တို့ မွတ်စလင်တွေဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရဖို့ ကမ္ဘာအနှံ့အပြားမှာ တောင်းဆိုနေကြတယ်။ ဥပမာ ပြင်သစ်မှာ ခေါင်းမြီးခြုံခွင့် ပိတ်ပင်ခြင်းကိစ္စကို ပယ်ဖျက်ဖို့ တောင်းဆိုနေကြတယ်။ ကျွန်တော်တို့ တကယ်လုပ်သင့်တာက ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အစ္စလာဟ်အစွန်းရောက် လူသတ်သမားတွေကို ဆန့်ကျင်ကြဖို့ အားပေးအားမြှောက်မပြုကြဖို့နဲ့ အစွဲအလန်းတွေ သိပ်မကြီးကြဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်တွေဟာ အခုထိ ဒါတွေကို ဆန့်ကျင်ကြောင်း၊ အားပေးအားမြှောက်မပြုပါကြောင်းဆိုတဲ့ ဆန္ဒတွေ မဖော်ထုတ်ပေးနိုင်ကြပါဘူး။ ကျွန်တော်တို့ရဲ့သဘောထားကို မဖော်ပြဘဲ တိတ်တိတ်ကလေး နေနေကြတာဟာ အစ္စလာဟ်အကြမ်းဖက်သမားတွေကို သတ်ဖြတ်ခြင်းလုပ်ငန်းတွေ ဆက်လုပ်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ အားပေးနေတာ၊ တိုက်တွန်းနေတာ၊ စွမ်းအင်တွေ ဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။
ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်တော်တို့ ကံမကောင်းအကြောင်းမလှတာတွေအတွက် အစ္စရေးလူမျိုးတွေနဲ့အခြားသူများအပေါ်ကို အပြစ်တင်၊ လက်ညှိုးထိုးနေကြတာကို ရပ်တန့်ပစ်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော် မွတ်စလင်တစ်ယောက်အနေနဲ့ ရိုးရိုးသားသား ပြောရရင် အစ္စရေးနိုင်ငံဆိုတာ အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်တစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုရဲ့အလင်းရောင် ဖြစ်ပါတယ်။ လူ့အခွင့်အရေးများရဲ့ စံထားရာနိုင်ငံတစ်ခု ဖြစ်ပါတယ်။
မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေဟာ ကရုဏာတရားမဲ့စွာနဲ့ ဘာနစ်နာကြေးမှမပေးဘဲ ဂျူးလူမျိုးတွေကို ပထုတ်နေကြတယ်။ “လွတ်လပ်သောဂျူးနိုင်ငံတော်”ကို ခွင့်မပြုကြဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစ္စရေးလူမျိုးတွေကတော့ အာရပ်လူမျိုးသန်းပေါင်းများစွာကို သူတို့နိုင်ငံသားအဖြစ် သူတို့မြေပေါ်မှာ လက်ခံပေးထားပါတယ်။ ဂျူးလူမျိုးတွေနဲ့ အခွင့်အရေးတန်းတူ ခံစားခွင့်ပေးထားပါတယ်။ အစ္စရေးမှာ အမျိုးသားက အမျိုးသမီးတွေကို တရားဝင် ရိုက်နှက်ခွင့်မပြုပါဘူး။ လူတိုင်းလူတိုင်း ဘာသာတစ်ခုကနေ ဘာသာတစ်ခုကို လွတ်လွတ်လပ်လပ် ပြောင်းနိုင်ခွင့် ရှိပါတယ်။ အစ္စလာဟ်မှာလို ဘာသာပြောင်းလဲခြင်းဥပဒေအရ သတ်ဖြတ်ခံရမှာကိုလည်း ကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ အစ္စလာဟ်နိုင်ငံတွေမှာ ဒီလို အခွင့်အရေးမျိုးကို ရနိုင်လို့လား။ ဒီအခွင့်အရေးမျိုးကို ခံစားကြရလို့လား။ (ဒါဆိုရင် ခင်ဗျားက အစ္စရေးဘက်တော်သား မွတ်စလင်လားလို့ ကျွန်တော့်ကို မေးလိမ့်မယ်)။ ကျွန်တော်အနေနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေ ဒုက္ခခံစားနေရတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီလို ဒုက္ခခံစားနေရတာတွေဟာ အစ္စရေးတွေ(ဂျူးတွေ)ကြောင့် မဟုတ်ပါဘူး။ ပါလက်စတိုင်းက အကျင့်ပျက်ခြစားနေတဲ့ (ပျက်စီးနေတဲ့)ခေါင်းဆောင်တွေကြောင့် ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံမှာနေတဲ့ အာရပ်လူမျိုးတွေ အာရပ်တိုင်းပြည်တွေမှာ နေချင်လို့ဆိုပြီး ထွက်ပြေးတာကို တွေ့မြင်ရဖို့ ခဲယဉ်းပါတယ်။ အခြားတစ်ဖက်မှာတော့ ထောင်သောင်းများစွာသော ပါလက်စတိုင်းလူမျိုး မွတ်စလင်တွေဟာ သူတို့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ အစ္စရေးမှာ ပျော်ရွှင်စွာ အလုပ်လုပ်ဖို့ အစ္စရေးနယ်မြေထဲကို ၀င်နေကြပါတယ်။ အချို့ပုဂ္ဂိုလ်တွေ ပြောနေကြသလို အစ္စရေးတွေက ဆိုးဆိုးဝါးဝါး လူမဆန်စွာ ဆက်ဆံကြတယ်ဆိုရင် ဆန့်ကျင်ဘက်အခြေအနေ (ပါလက်စတိုင်းတွေက အစ္စရေးနယ်မြေထဲ မ၀င်ဘဲ၊ အစ္စရေးထဲက အာရပ်တွေကသာ ပါလက်စတိုင်းနယ်မြေထဲ ၀င်နေကြမယ်ဆိုတဲ့ ဆန့်ကျင်ဘက်အခြေအနေ… စာရေးသူ) တွေပဲ ကျွန်တော်တို့ တွေ့ရမှာ အသေအချာပါပဲ။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကိုယ့်ပြဿနာကိုယ်လက်ခံပြီး ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းကြရပါလိမ့်မယ်။ ဒါမှသာ လူသားထုတစ်ရပ်လုံးနဲ့ ညီညွတ်မျှတစွာနေနိုင်မယ့် ခေတ်သစ်တစ်ခုကို စတင်နိုင်ကြပါလိမ့်မယ်။
ကျွန်တော်တို့ မွတ်စလင်ဘာသာရေးခေါင်းဆောင်များအနေနဲ့
-မယားများစွာယူခြင်း၊
-အရွယ်မရောက်သူများကို လက်ထပ်ခြင်း၊
-ကျွန်စနစ်၊
-အစ္စလာဟ်ဘာသာကို သွေဖီသူများကို သတ်ဖြတ်ခြင်း၊
-အမျိုးသမီးများကို ရိုက်နှက်ခြင်းနဲ့
-အစ္စလာဟ်ဘာသာပြန့်ပွားရေးအတွက် မွတ်စလင်မဟုတ်တဲ့နိုင်ငံများကို စစ်ကြေငြာခြင်းဆိုတဲ့ အချက်တွေကို ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်နေပါပြီ။ ဒီလို လုပ်ဆောင်ပြမှသာလျှင် “ကျွန်တော်တို့ဘာသာကို လေးစားကြပါ”လို့ အခြားသူတွေကို တောင်းဆိုနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ “ကျွန်တော်တို့ရဲ့ သူတော်ကောင်းယောင်ဆောင်တတ်တဲ့အကျင့်”တွေကို ရပ်တန့်ဖို့ အချိန်ကျရောက်ပါပြီ။ ပြီးတော့ ဒီအချိန်ဟာ “ကျွန်တော်တို့ မွတ်စလင်တွေ ပြောင်းလဲရမယ်”လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ့်အချိန်ပါပဲ။
တော်ဖစ် ဟာမစ်