Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Saturday, May 2, 2020

ၿငိမ္းခ်မ္းေစရာ ဓမၼကထာ (၂) - ႀကီးမားတဲ့ အသိဉာဏ္ -



ငြိမ်းချမ်းစေရာ ဓမ္မကထာ (၂)
………………………………………………
- ကြီးမားတဲ့ အသိဉာဏ် -
………………………………..
သဘောတရားအမှန်ကို သိမြင်ဖို့၊ မှန်မှန်ကန်ကန် နားလည်ဖို့အတွက် ဆရာလိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆရာပြောပြတာက အပေါ်ယံပဲ ဖြစ်နိုင်တယ်။ ကိုယ်ကိုယ်တိုင် အသိဉာဏ်နဲ့နားလည်မှ တကယ်နားလည်တယ်လို့ ခေါ်နိုင်ပါတယ်။ ဆရာဆီကနေ အပေါ်ယံ (ယေဘုယျအသိ)အမြင်ကို သိပြီးတဲ့နောက်မှာ ကိုယ်တိုင်နားလည်အောင် ကြိုးစားရမယ်။ အချို့က ဆရာပြောတာနဲ့တင် ကိုယ့်ကိုယ်ကို သိလှပြီဆိုပြီး ရပ်တန့်ပစ်တတ်ကြတယ်။ ဆရာပြောတဲ့(စာအုပ်ကပြောတဲ့)သဘောတရားတွေနဲ့ ပိတ်မိနေတတ်ကြတယ်။ ဒါကို သတိပြုရမယ်။

အချို့က ဆရာက ထိုင်ဆိုတာနဲ့ ထိုင်လိုက်တာပဲ။ ထိုင်ပြီးတော့ ပင်ပန်းသွားတယ်။ စိတ်ပျက်သွားတယ်။ ငြီးငွေ့သွားတယ်။ အထိုင်မှာ တရားရှိတယ်လို့ ထင်သွားတာကိုး။ အမှန်တော့ ထိုင်ခြင်း၊ ရပ်ခြင်း စတာတွေမှာ တရားရှိတာ မဟုတ်ဘူး။ အထိုင်၊ အရပ်စတာတွေက ပစ်မှတ်မဟုတ်ဘူး။ ပစ်မှတ်က သတိကပ်နေဖို့၊ သတိမလွတ်စေဖို့ပါ။ သတိမလွတ်သရွေ့ တရားအမှန်က အနားမှာရှိနေပါတယ်။

မျက်စိနဲ့ ကြည့်စရာကို ကြည့်တယ်။ မျက်စိကလည်း အမှန်တရား မဟုတ်သလို ကြည့်စရာကလည်း အမှန်တရား မဟုတ်ဘူး။ နား၊ နှာ၊ လ ျှာ၊ ကိုယ်၊ စိတ်လည်း ထို့အတူပါပဲ။ မျက်စိနဲ့ကြည့်စရာ တွေ့တယ်။ ကြည့်တယ်။ မြင်တယ်။ အကြည့်လောကတစ်ခု ပေါ်ပေါက်လာတယ်။ နားနဲ့ကြားစရာ တွေ့တယ်။ အကြားလောကတစ်ခု ပေါ်ပေါက်လာတယ်။ ဒီလိုပဲ ကျန်တဲ့ နှာ၊ လ ျှာ၊ ကိုယ်၊ စိတ်တွေလည်း ဒီလို လောကအသီးသီး ရှိကြတယ်။ အကျဉ်းချုပ်ပြီးပြောရရင်တော့ အာရုံငါးပါးနဲ့ကြည့်စရာ၊ မြင်စရာ စတာတွေ တွေ့ဆုံမိကြတယ်။ အဲဒါ လောကကြီးပဲ။ လောကကြီးတစ်ခုလုံးဟာ အဲဒီအမြင်၊ အကြား၊ အနံ၊ အရသာ၊ အတွေ့အထိတို့ကနေ ပေါက်ဖွားလာတဲ့၊ ပေါက်ဖွားလာနေတဲ့ ဖြစ်စဉ်အစုအဝေးတစ်ခုမ ျှထက် ဘာမှ မပိုပါဘူး။ အဲဒီအာရုံငါးပါးဆုံတဲ့အခိုက်အတံ့တိုင်းမှာ သတိရှိနေခြင်းဟာ အမှန်တရားသိမြင်နားလည်ရေးလမ်းစဉ်ရဲ့ အဓိကအချက်ပါ။ လောကတစ်ခုလုံးဟာ အာရုံငါးပါးရဲ့ထိခတ်မှုကြောင့် ဖြစ်ပေါ်နေတဲ့အရာမ ျှသာလို့ သဘောပေါက်လိုက်ရင် အမှန်တရားကို သိမြင်ဖို့ နီးကပ်လာပြီဆိုတဲ့ သဘောပါပဲ။

အာရုံငါးပါးနဲ့ထိခတ်သမ ျှအချိန်တိုင်းမှာ ပျော်စရာ၊ ငြီးငွေ့စရာ၊ ကြည်နူးစရာ၊ စိတ်ပျက်စရာ … ဘယ်လိုအခြေအနေဖြစ်နေပါစေ၊ အရေးမကြီးပါဘူး။ အရေးကြီးတာက ဘယ်အခြေအနေပဲဖြစ်ဖြစ် ကာလတစ်ခုပြီးတာနဲ့ ပျောက်ပျက်သွားမယ်ဆိုတဲ့ အသိလေး ထားပေးလိုက်ရုံပဲ။ ဒီအသိလေးက အသိဉာဏ်ပညာလမ်းစဉ်ရဲ့ အဓိကသော့ချက်ပဲ။ 

တစ်ခါတစ်ရံ ပျော်ရွှင်ရတယ်။ တစ်ခါတစ်ရံ ဝမ်းနည်းပူးဆွေးရတယ်။ ငိုကြွေးရတယ်။ ဘယ်လိုအခြေအနေနဲ့ကြုံပါစေ … ဒါကလည်း အမြဲဖြစ်နေမယ့်အရာမဟုတ်ဘူးဆိုတဲ့ အသိလေးကို ကိုင်စွဲထားရုံလေးပါ။ ဒီအသိလေးကို ကိုင်စွဲထားတတ်တဲ့အကျင့်လေးက တစ်နေ့မှာ ကြီးမားတဲ့အသိဉာဏ်ကြီးအဖြစ် ပေါ်ထွက်လာပါလိမ့်မယ်။ ဘုရားကလည်း ဒါကို အာမခံပေးထားတယ်။ 

အရှင်ကုသလသာမိ
၂၅ ဇွန် ၂ဝ၁၈



ၿငိမ္းခ်မ္းေစရာ ဓမၼကထာ (၂)
………………………………………………
- ႀကီးမားတဲ့ အသိဉာဏ္ -
………………………………..
သေဘာတရားအမွန္ကို သိျမင္ဖို႔၊ မွန္မွန္ကန္ကန္ နားလည္ဖို႔အတြက္ ဆရာလိုတာေတာ့ မွန္ပါတယ္။ ဒါေပမဲ့ ဆရာေျပာျပတာက အေပၚယံပဲ ျဖစ္ႏိုင္တယ္။ ကိုယ္ကိုယ္တိုင္ အသိဉာဏ္နဲ႔နားလည္မွ တကယ္နားလည္တယ္လို႔ ေခၚႏိုင္ပါတယ္။ ဆရာဆီကေန အေပၚယံ (ေယဘုယ်အသိ)အျမင္ကို သိၿပီးတဲ့ေနာက္မွာ ကိုယ္တိုင္နားလည္ေအာင္ ႀကိဳးစားရမယ္။ အခ်ိဳ႕က ဆရာေျပာတာနဲ႔တင္ ကိုယ့္ကိုယ္ကို သိလွၿပီဆိုၿပီး ရပ္တန္႔ပစ္တတ္ၾကတယ္။ ဆရာေျပာတဲ့(စာအုပ္ကေျပာတဲ့)သေဘာတရားေတြနဲ႔ ပိတ္မိေနတတ္ၾကတယ္။ ဒါကို သတိျပဳရမယ္။

အခ်ိဳ႕က ဆရာက ထိုင္ဆိုတာနဲ႔ ထိုင္လိုက္တာပဲ။ ထိုင္ၿပီးေတာ့ ပင္ပန္းသြားတယ္။ စိတ္ပ်က္သြားတယ္။ ၿငီးေငြ႕သြားတယ္။ အထိုင္မွာ တရားရွိတယ္လို႔ ထင္သြားတာကိုး။ အမွန္ေတာ့ ထိုင္ျခင္း၊ ရပ္ျခင္း စတာေတြမွာ တရားရွိတာ မဟုတ္ဘူး။ အထိုင္၊ အရပ္စတာေတြက ပစ္မွတ္မဟုတ္ဘူး။ ပစ္မွတ္က သတိကပ္ေနဖို႔၊ သတိမလြတ္ေစဖို႔ပါ။ သတိမလြတ္သေရြ႕ တရားအမွန္က အနားမွာရွိေနပါတယ္။

မ်က္စိနဲ႔ ၾကည့္စရာကို ၾကည့္တယ္။ မ်က္စိကလည္း အမွန္တရား မဟုတ္သလို ၾကည့္စရာကလည္း အမွန္တရား မဟုတ္ဘူး။ နား၊ ႏွာ၊ လ ွ်ာ၊ ကိုယ္၊ စိတ္လည္း ထို႔အတူပါပဲ။ မ်က္စိနဲ႔ၾကည့္စရာ ေတြ႕တယ္။ ၾကည့္တယ္။ ျမင္တယ္။ အၾကည့္ေလာကတစ္ခု ေပၚေပါက္လာတယ္။ နားနဲ႔ၾကားစရာ ေတြ႕တယ္။ အၾကားေလာကတစ္ခု ေပၚေပါက္လာတယ္။ ဒီလိုပဲ က်န္တဲ့ ႏွာ၊ လ ွ်ာ၊ ကိုယ္၊ စိတ္ေတြလည္း ဒီလို ေလာကအသီးသီး ရွိၾကတယ္။ အက်ဥ္းခ်ဳပ္ၿပီးေျပာရရင္ေတာ့ အာရံုငါးပါးနဲ႔ၾကည့္စရာ၊ ျမင္စရာ စတာေတြ ေတြ႕ဆံုမိၾကတယ္။ အဲဒါ ေလာကႀကီးပဲ။ ေလာကႀကီးတစ္ခုလံုးဟာ အဲဒီအျမင္၊ အၾကား၊ အနံ၊ အရသာ၊ အေတြ႕အထိတို႔ကေန ေပါက္ဖြားလာတဲ့၊ ေပါက္ဖြားလာေနတဲ့ ျဖစ္စဥ္အစုအေဝးတစ္ခုမ ွ်ထက္ ဘာမွ မပိုပါဘူး။ အဲဒီအာရံုငါးပါးဆံုတဲ့အခိုက္အတံ့တိုင္းမွာ သတိရွိေနျခင္းဟာ အမွန္တရားသိျမင္နားလည္ေရးလမ္းစဥ္ရဲ႕ အဓိကအခ်က္ပါ။ ေလာကတစ္ခုလံုးဟာ အာရံုငါးပါးရဲ႕ထိခတ္မႈေၾကာင့္ ျဖစ္ေပၚေနတဲ့အရာမ ွ်သာလို႔ သေဘာေပါက္လိုက္ရင္ အမွန္တရားကို သိျမင္ဖို႔ နီးကပ္လာၿပီဆိုတဲ့ သေဘာပါပဲ။

အာရံုငါးပါးနဲ႔ထိခတ္သမ ွ်အခ်ိန္တိုင္းမွာ ေပ်ာ္စရာ၊ ၿငီးေငြ႕စရာ၊ ၾကည္ႏူးစရာ၊ စိတ္ပ်က္စရာ … ဘယ္လိုအေျခအေနျဖစ္ေနပါေစ၊ အေရးမႀကီးပါဘူး။ အေရးႀကီးတာက ဘယ္အေျခအေနပဲျဖစ္ျဖစ္ ကာလတစ္ခုၿပီးတာနဲ႔ ေပ်ာက္ပ်က္သြားမယ္ဆိုတဲ့ အသိေလး ထားေပးလိုက္ရံုပဲ။ ဒီအသိေလးက အသိဉာဏ္ပညာလမ္းစဥ္ရဲ႕ အဓိကေသာ့ခ်က္ပဲ။ 

တစ္ခါတစ္ရံ ေပ်ာ္ရႊင္ရတယ္။ တစ္ခါတစ္ရံ ဝမ္းနည္းပူးေဆြးရတယ္။ ငိုေၾကြးရတယ္။ ဘယ္လိုအေျခအေနနဲ႔ႀကံဳပါေစ … ဒါကလည္း အၿမဲျဖစ္ေနမယ့္အရာမဟုတ္ဘူးဆိုတဲ့ အသိေလးကို ကိုင္စဲြထားရံုေလးပါ။ ဒီအသိေလးကို ကိုင္စဲြထားတတ္တဲ့အက်င့္ေလးက တစ္ေန႔မွာ ႀကီးမားတဲ့အသိဉာဏ္ႀကီးအျဖစ္ ေပၚထြက္လာပါလိမ့္မယ္။ ဘုရားကလည္း ဒါကို အာမခံေပးထားတယ္။ 

အရွင္ကုသလသာမိ
၂၅ ဇြန္ ၂ဝ၁၈

1 comment:

Targeted Web Traffic said...

Buy real human website traffic at TargetedWebTraffic.com now and you will receive 24 hours a real human, targeted visitors you need, at a reasonable price, with daily customer support