Labels

Sunday, December 27, 2020

ၿငိမ္းခ်မ္းေစရာ ဓမၼကထာ (၃) … - အေတြးအလ်ဥ္ေတြကို သတိထားပါ -



Zawgyi/Unicode

ငြိမ်းချမ်းစေရာ ဓမ္မကထာ (၃)

………………………………………………

- အတွေးအလျဉ်တွေကို သတိထားပါ -

………………………………..

သဘောတရားတွေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး တည်ငြိမ်တဲ့ အပြုအမူ၊ အပြောအဆိုတွေဖြစ်လာရေးဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ဘဝမှာ အောင်မြင်ဖို့အတွက် လောကီမှာဆိုရင်လည်း တက်ကျမ်းတွေ၊ နည်းလမ်းတွေကို သုံးတယ်။ အမှီအခိုပုဂ္ဂိုလ်တွေရဲ့စကားကို နားထောင်တယ်။ လောကုတ္တရာမှာဆိုရင်လည်း ဘာသာရေးစာအုပ်တွေပြောတာကို လိုက်နာတယ်။ ဆရာတွေပြောတာကို လိုက်လုပ်တယ်။ ဒါတွေက သူ့အတိုင်းအတာနဲ့သူ အရေးပါတာ မှန်ပါတယ်။ ဒါပေမဲ့ ဆရာ(စာအုပ်)ကို အားကိုးတဲ့နေရာမှာ လှေဖောင်တွေကို ဘယ်လိုလှော်ခတ်ရမယ်ဆိုတာကို ပြောပြပေးသူအဆင့်မ ျှပဲ အားကိုးရပါမယ်။ 


အမှန်က ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု၊ ကိရိယာတွေကို အသုံးချတတ်မှု တစ်နည်းပြောရရင် ကိုယ်ပိုင်အတွေ့အကြုံကိုပဲ အားကိုးရပါတယ်။ ဒါမှ ဘုရားနည်းပါ။

စာအုပ်တွေနဲ့စာအုပ်ကပြောတဲ့အရာတွေက တစ်ဆင့်ခံအရင်းအမြစ်တွေ (Secondry Sources)ပါ။ ကိုယ်တိုင်သိမြင်ရတာတွေကမှ တကယ့်အရင်းအမြစ် (Primary Sources)တွေပါ။


စာသိနဲ့ကြားသိက ဉာဏ်သိဆီကို ရောက်မလာရင် သူ့မူလစာအုပ်၊ မူလပြောသူဆီပဲ ပြန်ရောက်သွားတာ။ ဉာဏ်သိက စာထဲမှာ မရှိဘူး။ ပြောသူစကားမှာ မရှိဘူး။ ဉာဏ်သိက ကိုယ်ပိုင်အတွေ့အကြုံ(Personal experience)ထဲမှာပဲ ရှိတာပါ။ ဗုဒ္ဓဘာသာရဲ့ ဒီအမြင်(Concept)က လောကုတ္တရာရေးအတွက်သာ ကောင်းတာမဟုတ်ဘူး။ လောကီအဆင်ပြေရေးအတွက်လည်း အရေးပါတယ်ဆိုတာကို ဆင်ခြင်ကြည့်ဖို့ လိုအပ်တယ်။ 


ဘဝမှာ ငြိမ်းချမ်းစေဖို့ သစ္စဓမ္မကို လိုအပ်တယ်ဆိုရင် အဲဒီသစ္စဓမ္မဟာ ကိုယ်စီစိတ်ကူးတွေထဲမှာ တည်နေတယ်ဆိုတာ သိဖို့ လိုတယ်။ မြင်၊ ကြား စတာတွေကနေ အချိန်တိုင်း ဖြာထွက်နေတဲ့ အတွေးအလျဉ်တွေကို သတိထားရမယ်။ ဒီအတွေးအလျဉ်တွေကပဲ ကိုယ့်ဘဝကို ပုံဖော်မှာ။ ငြိမ်းချမ်းတဲ့အတွေးအလျဉ်တွေကသာ ငြိမ်းချမ်းတဲ့ဘဝကို ဖြစ်ပေါ်စေမှာပါ။


အရှင်ကုသလသာမိ

၂ရ ဇွန် ၂ဝ၁၈


 ၿငိမ္းခ်မ္းေစရာ ဓမၼကထာ (၃)

………………………………………………

- အေတြးအလ်ဥ္ေတြကို သတိထားပါ -

………………………………..

သေဘာတရားေတြကို မွန္မွန္ကန္ကန္ သံုးသပ္ၿပီး တည္ၿငိမ္တဲ့ အျပဳအမူ၊ အေျပာအဆိုေတြျဖစ္လာေရးဟာ လူတိုင္းအတြက္ အေရးႀကီးပါတယ္။ ဘဝမွာ ေအာင္ျမင္ဖို႔အတြက္ ေလာကီမွာဆိုရင္လည္း တက္က်မ္းေတြ၊ နည္းလမ္းေတြကို သံုးတယ္။ အမွီအခိုပုဂၢိဳလ္ေတြရဲ႕စကားကို နားေထာင္တယ္။ ေလာကုတၱရာမွာဆိုရင္လည္း ဘာသာေရးစာအုပ္ေတြေျပာတာကို လိုက္နာတယ္။ ဆရာေတြေျပာတာကို လိုက္လုပ္တယ္။ ဒါေတြက သူ႔အတိုင္းအတာနဲ႔သူ အေရးပါတာ မွန္ပါတယ္။ ဒါေပမဲ့ ဆရာ(စာအုပ္)ကို အားကိုးတဲ့ေနရာမွာ ေလွေဖာင္ေတြကို ဘယ္လိုေလွာ္ခတ္ရမယ္ဆုိတာကို ေျပာျပေပးသူအဆင့္မ ွ်ပဲ အားကိုးရပါမယ္။ 

 

အမွန္က ကိုယ့္ရဲ႕ႀကိဳးစားအားထုတ္မႈ၊ ကိရိယာေတြကို အသံုးခ်တတ္မႈ တစ္နည္းေျပာရရင္ ကိုယ္ပိုင္အေတြ႕အႀကံဳကိုပဲ အားကိုးရပါတယ္။ ဒါမွ ဘုရားနည္းပါ။

စာအုပ္ေတြနဲ႔စာအုပ္ကေျပာတဲ့အရာေတြက တစ္ဆင့္ခံအရင္းအျမစ္ေတြ (Secondry Sources)ပါ။ ကိုယ္တိုင္သိျမင္ရတာေတြကမွ တကယ့္အရင္းအျမစ္ (Primary Sources)ေတြပါ။

 

စာသိနဲ႔ၾကားသိက ဉာဏ္သိဆီကို ေရာက္မလာရင္ သူ႔မူလစာအုပ္၊ မူလေျပာသူဆီပဲ ျပန္ေရာက္သြားတာ။ ဉာဏ္သိက စာထဲမွာ မရွိဘူး။ ေျပာသူစကားမွာ မရွိဘူး။ ဉာဏ္သိက ကိုယ္ပိုင္အေတြ႕အႀကံဳ(Personal experience)ထဲမွာပဲ ရွိတာပါ။ ဗုဒၶဘာသာရဲ႕ ဒီအျမင္(Concept)က ေလာကုတၱရာေရးအတြက္သာ ေကာင္းတာမဟုတ္ဘူး။ ေလာကီအဆင္ေျပေရးအတြက္လည္း အေရးပါတယ္ဆုိတာကို ဆင္ျခင္ၾကည့္ဖို႔ လိုအပ္တယ္။ 

 

ဘဝမွာ ၿငိမ္းခ်မ္းေစဖို႔ သစၥဓမၼကို လိုအပ္တယ္ဆိုရင္ အဲဒီသစၥဓမၼဟာ ကိုယ္စီစိတ္ကူးေတြထဲမွာ တည္ေနတယ္ဆိုတာ သိဖို႔ လိုတယ္။ ျမင္၊ ၾကား စတာေတြကေန အခ်ိန္တိုင္း ျဖာထြက္ေနတဲ့ အေတြးအလ်ဥ္ေတြကို သတိထားရမယ္။ ဒီအေတြးအလ်ဥ္ေတြကပဲ ကိုယ့္ဘဝကို ပုံေဖာ္မွာ။ ၿငိမ္းခ်မ္းတဲ့အေတြးအလ်ဥ္ေတြကသာ ၿငိမ္းခ်မ္းတဲ့ဘဝကို ျဖစ္ေပၚေစမွာပါ။

 

အရွင္ကုသလသာမိ

၂၇ ဇြန္ ၂ဝ၁၈

No comments: