A Buddhist Meditation Teacher and lecturer in Goethe Frankfurt University. Now living in Frankfurt, Germany. A founder of Dhammachaya Buddhist Center, Denmark.
Tuesday, November 3, 2020
Saturday, May 2, 2020
ငြိမ်းချမ်းစေရာ ဓမ္မကထာ (၂)
………………………………………………
- ကြီးမားတဲ့ အသိဉာဏ် -
………………………………..
သဘောတရားအမှန်ကို သိမြင်ဖို့၊ မှန်မှန်ကန်ကန် နားလည်ဖို့အတွက် ဆရာလိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆရာပြောပြတာက အပေါ်ယံပဲ ဖြစ်နိုင်တယ်။ ကိုယ်ကိုယ်တိုင် အသိဉာဏ်နဲ့နားလည်မှ တကယ်နားလည်တယ်လို့ ခေါ်နိုင်ပါတယ်။ ဆရာဆီကနေ အပေါ်ယံ (ယေဘုယျအသိ)အမြင်ကို သိပြီးတဲ့နောက်မှာ ကိုယ်တိုင်နားလည်အောင် ကြိုးစားရမယ်။ အချို့က ဆရာပြောတာနဲ့တင် ကိုယ့်ကိုယ်ကို သိလှပြီဆိုပြီး ရပ်တန့်ပစ်တတ်ကြတယ်။ ဆရာပြောတဲ့(စာအုပ်ကပြောတဲ့)သဘောတရားတွေနဲ့ ပိတ်မိနေတတ်ကြတယ်။ ဒါကို သတိပြုရမယ်။
အချို့က ဆရာက ထိုင်ဆိုတာနဲ့ ထိုင်လိုက်တာပဲ။ ထိုင်ပြီးတော့ ပင်ပန်းသွားတယ်။ စိတ်ပျက်သွားတယ်။ ငြီးငွေ့သွားတယ်။ အထိုင်မှာ တရားရှိတယ်လို့ ထင်သွားတာကိုး။ အမှန်တော့ ထိုင်ခြင်း၊ ရပ်ခြင်း စတာတွေမှာ တရားရှိတာ မဟုတ်ဘူး။ အထိုင်၊ အရပ်စတာတွေက ပစ်မှတ်မဟုတ်ဘူး။ ပစ်မှတ်က သတိကပ်နေဖို့၊ သတိမလွတ်စေဖို့ပါ။ သတိမလွတ်သရွေ့ တရားအမှန်က အနားမှာရှိနေပါတယ်။
မျက်စိနဲ့ ကြည့်စရာကို ကြည့်တယ်။ မျက်စိကလည်း အမှန်တရား မဟုတ်သလို ကြည့်စရာကလည်း အမှန်တရား မဟုတ်ဘူး။ နား၊ နှာ၊ လ ျှာ၊ ကိုယ်၊ စိတ်လည်း ထို့အတူပါပဲ။ မျက်စိနဲ့ကြည့်စရာ တွေ့တယ်။ ကြည့်တယ်။ မြင်တယ်။ အကြည့်လောကတစ်ခု ပေါ်ပေါက်လာတယ်။ နားနဲ့ကြားစရာ တွေ့တယ်။ အကြားလောကတစ်ခု ပေါ်ပေါက်လာတယ်။ ဒီလိုပဲ ကျန်တဲ့ နှာ၊ လ ျှာ၊ ကိုယ်၊ စိတ်တွေလည်း ဒီလို လောကအသီးသီး ရှိကြတယ်။ အကျဉ်းချုပ်ပြီးပြောရရင်တော့ အာရုံငါးပါးနဲ့ကြည့်စရာ၊ မြင်စရာ စတာတွေ တွေ့ဆုံမိကြတယ်။ အဲဒါ လောကကြီးပဲ။ လောကကြီးတစ်ခုလုံးဟာ အဲဒီအမြင်၊ အကြား၊ အနံ၊ အရသာ၊ အတွေ့အထိတို့ကနေ ပေါက်ဖွားလာတဲ့၊ ပေါက်ဖွားလာနေတဲ့ ဖြစ်စဉ်အစုအဝေးတစ်ခုမ ျှထက် ဘာမှ မပိုပါဘူး။ အဲဒီအာရုံငါးပါးဆုံတဲ့အခိုက်အတံ့တိုင်းမှာ သတိရှိနေခြင်းဟာ အမှန်တရားသိမြင်နားလည်ရေးလမ်းစဉ်ရဲ့ အဓိကအချက်ပါ။ လောကတစ်ခုလုံးဟာ အာရုံငါးပါးရဲ့ထိခတ်မှုကြောင့် ဖြစ်ပေါ်နေတဲ့အရာမ ျှသာလို့ သဘောပေါက်လိုက်ရင် အမှန်တရားကို သိမြင်ဖို့ နီးကပ်လာပြီဆိုတဲ့ သဘောပါပဲ။
အာရုံငါးပါးနဲ့ထိခတ်သမ ျှအချိန်တိုင်းမှာ ပျော်စရာ၊ ငြီးငွေ့စရာ၊ ကြည်နူးစရာ၊ စိတ်ပျက်စရာ … ဘယ်လိုအခြေအနေဖြစ်နေပါစေ၊ အရေးမကြီးပါဘူး။ အရေးကြီးတာက ဘယ်အခြေအနေပဲဖြစ်ဖြစ် ကာလတစ်ခုပြီးတာနဲ့ ပျောက်ပျက်သွားမယ်ဆိုတဲ့ အသိလေး ထားပေးလိုက်ရုံပဲ။ ဒီအသိလေးက အသိဉာဏ်ပညာလမ်းစဉ်ရဲ့ အဓိကသော့ချက်ပဲ။
တစ်ခါတစ်ရံ ပျော်ရွှင်ရတယ်။ တစ်ခါတစ်ရံ ဝမ်းနည်းပူးဆွေးရတယ်။ ငိုကြွေးရတယ်။ ဘယ်လိုအခြေအနေနဲ့ကြုံပါစေ … ဒါကလည်း အမြဲဖြစ်နေမယ့်အရာမဟုတ်ဘူးဆိုတဲ့ အသိလေးကို ကိုင်စွဲထားရုံလေးပါ။ ဒီအသိလေးကို ကိုင်စွဲထားတတ်တဲ့အကျင့်လေးက တစ်နေ့မှာ ကြီးမားတဲ့အသိဉာဏ်ကြီးအဖြစ် ပေါ်ထွက်လာပါလိမ့်မယ်။ ဘုရားကလည်း ဒါကို အာမခံပေးထားတယ်။
အရှင်ကုသလသာမိ
၂၅ ဇွန် ၂ဝ၁၈
………………………………………………
- ကြီးမားတဲ့ အသိဉာဏ် -
………………………………..
အရှင်ကုသလသာမိ
၂၅ ဇွန် ၂ဝ၁၈
ငြိမ်းချမ်းစေရာ ဓမ္မကထာ (၁) - တန်ဖိုးရှိသောအခိုက်အတံ့များ -
ငြိမ်းချမ်းစေရာ ဓမ္မကထာ (၁)
………………………………………………………….
- တန်ဖိုးရှိသောအခိုက်အတံ့များ -
အမှန်တရားဆိုတာ ဘာလဲ။ အမှန်တရားဆိုတာ သဘာဝတရားပဲ။ သဘာဝတရားဆိုတာ ဘာလဲ။ သဘာဝတရားဆိုတာ လောကမှာ ဖြစ်နေပျက်နေတဲ့အရာမှန်သမ ျှကို ခေါ်တာပဲ။ သဘောတရားတွေအပေါ်မှာ ထင်ယောင်မှားနေတာဟာ အမှန်တရားအပေါ် ထင်ယောင်မှားနေတာပဲ။ အမှန်တရားအပေါ် ထင်ယောင်မှားနေတာဟာ လောကအရှုပ်ထဲမှာ လမ်းပျောက်နေတာပါ။ ထင်ယောင်မှားမှုတွေနဲ့လမ်းမပျောက်ဖို့ သီလ၊ သမာဓိ၊ ပညာကို ဘုရားက ဟောခဲ့တယ်။ ဒီသုံးခုက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်။
သီလဆိုတာ အပြုမှား၊ အပြောမှားတွေကို စွန့်လွှတ်ခြင်း ဖြစ်ပါတယ်။ အပြုမှား၊ အပြောမှားတွေနဲ့ ကျင်လည်နေတဲ့သူဟာ သူ့ဘဝက ပူလောင်နေပါတယ်။ တစ်ပြိုင်နက်တည်းမှာ အပြုမှား၊ အပြောမှားတွေကို စွန့်လိုက်တာနဲ့ သူ့ဘဝက အေးသွားပါတယ်။ တည်ငြိမ်သွားပါတယ်။ အပြုမှား, အပြောမှားတွေကို သတိထားရင်း၊ စွန့်လွှတ်လာရင်းကနေ တည်ငြိမ်အေးဆေးတဲ့ စိတ်ဓာတ်အခြေအနေကို ရောက်သွားပါတယ်။ တည်ငြိမ်အေးချမ်းတဲ့စိတ်က ကြည်လင်တယ်၊ ဖြူစင်တယ်၊ အေးချမ်းတယ်။ ကြည်လင်ဖြူစင်တဲ့စိတ်က အမှန်တရားကို မြင်နိုင်စွမ်းတဲ့ပညာကို ဖြစ်ပေါ်လာစေတာပဲ။ ဥပမာပြောရရင် ကြည်လင်နေတဲ့ရေကန်ထဲကို လှမ်းကြည့်လိုက်ရင် ကိုယ့်မျက်နှာကို မှန်တစ်ချပ်မှာကြည့်သလို မြင်ရမှာပါ။ အောက်ခြေမှာ ဒိုက်တွေ၊ မှော်တွေ၊ ကျောက်စရစ်ခဲလေးတွေကိုလည်း မြင်ရမှာပဲ။ ကန်ဘေးက တဲလေးကိုလည်း မြင်နေရမှာပဲ။ တဲလေးအပေါ်မှာ နားနေတဲ့ ငှက်ငယ်လေးကိုတောင် မြင်နိုင်ပါတယ်။ ဒါက သီလ၊ သမာဓိ၊ ပညာရဲ့ အချင်းချင်း အပြန်အလှန် အမှီသဟဲပြုနေပုံပါ။
အမှန်တရားကို နားလည်ရေးမှာ စာအုပ်တွေက နည်းလမ်းပေါင်းစုံ ဖော်ပြနေတာပဲ။ သီလ, သမာဓိ, ပညာ ကျင့်စဉ်သုံးရပ်၊ သမထ, ဝိပဿနာကျင့်စဉ်၊ ဝိသုဒ္ဓိခုနှစ်ပါး … ဘယ်လိုပဲဖော်ပြဖော်ပြ အဆက်အစပ်ရှိရှိ တည်နေတဲ့ကျင့်စဉ်တစ်ခုပါပဲ။ ဥပမာ သရက်သီးတစ်လုံးဆိုပါတော့။ သရက်သီးအသေးလေးလည်း သရက်သီးပဲ။ တဖြည်းဖြည်း ကြီးလာတဲ့သရက်သီးလည်း သရက်သီးပဲ။ မှည့်နေတဲ့သရက်သီးလည်း သရက်သီးပဲ။ ဒါက သရက်သီးတစ်လုံးတည်းမှာ ပြောင်းလဲဖြစ်တည်နေတဲ့ဖြစ်စဉ်တစ်ခုပါပဲ။ ကျင့်စဉ်တွေအပေါ်မှာ ဒီဥပမာပေးနိုင်သလို သဘာဝအမှန်တရားအပေါ်အမြင်မှာလည်း ဒီသဘောပါပဲ။
ကိုယ်ကိုယ်တိုင်မှာ ဖြစ်ပျက်ကြုံတွေ့နေရတဲ့အရာတွေဟာလည်း သရက်သီးလေးတစ်လုံး ပြောင်းလဲနေသလိုပါပဲ။ တစ်လောကလုံးမှာဖြစ်ပျက်သမ ျှတွေဟာလည်း ဒီသဘောမ ျှပါပဲ။ ကိုယ်တွေးနေတာတွေ, သူများတွေးနေတာတွေ၊ ကိုယ်လုပ်နေတာတွေ, သူများ လုပ်နေတာတွေအားလုံးဟာ မမြဲဘူး၊ ပြောင်းလဲနေတယ်၊ ဆုပ်ကိုင်ထားလို့ မရဘူး။ မြဲတယ်, မပြောင်းလဲဘူးဆိုပြီး ဆုပ်ကိုင်ထားလိုက်တာနဲ့ မငြိမ်းချမ်းမှုနဲ့ဒုက္ခနွံထဲ ဆင်းရတော့တာပဲ။
ကိုယ်လုပ်တာတွေ, သူလုပ်တာတွေ၊ ကိုယ်ပြောတာတွေ, သူပြောတာတွေအားလုံးအပေါ်မှာ တွယ်တာတဲ့စိတ်ကို စွန့်လွှတ်ပစ်လိုက်တဲ့ အခိုက်အတံ့တိုင်းဟာ ဘဝမှာ တန်ဖိုးအရှိဆုံးအခိုက်အတံ့တွေပါပဲ။ ဒီလိုအခိုက်အတံ့တွေ ဘဝမှာ များများစားစား ရှိလာရင်တော့ အတိုင်းထက်အလွန်ပေါ့။
အရှင်ကုသလသာမိ
၂၄ ဇွန် ၂ဝ၁၈
………………………………………………………….
အရှင်ကုသလသာမိ
၂၄ ဇွန် ၂ဝ၁၈
Wednesday, March 27, 2019
မြို့စားကြီးပါယာသိနှင့် တမလွန်ဘဝပြဿနာ (နိဂုံး)
အရှင်ကုမာရကဿပ၏ ဥပမာ (၁၄)
အရှင်ကုမာရကဿပက နောက်ထပ် ဥပမာတစ်ခုဖြင့် ထပ်မံပြောကြားခဲ့ပါသည်။ ထိုဥပမာသည် ယနေ့ခေတ်ကာလ အများသိဥပမာတစ်ခု ဖြစ်ပါသည်။
“တစ်ခါက သူငယ်ချင်းနှစ်ယောက် စီးပွားရှာထွက်ကြတယ်။ လမ်းမှာ ပိုက်ဆံလျှော်ထုပ်တွေကို တွေ့လို့ တစ်ထုပ်စီ ထမ်းခဲ့ကြတယ်။ နောက်တစ်နေရာမှာ ပိုက်ဆံလျှော်ချည်ထုပ်တွေ့တယ်။ အဲဒီအခါ တစ်ဦးက “သူငယ်ချင်း ဒီမှာ ပိုက်ဆံလျှော်ချည်ထုပ်ကို တွေ့နေပြီဆိုတော့ ပိုက်ဆံလျှော်ထုပ်ကြီးကို ပစ်ထားခဲ့ပြီး ပိုက်ဆံလျှော်ချည်ထုပ်ကို သယ်သွားကြရအောင်”လို့ ပြောတယ်။ အခြားသူငယ်ချင်းက “ဒီပိုက်ဆံလျှော်ထုပ်ကြီးကို အဝေးကြီးကတည်းက သယ်လာရတာ၊ လွှင့်ပစ်ရမှာ နှမြောစရာကြီး”လို့ဆိုကာ ပိုက်ဆံလျှော်ထုပ်ကိုသာ ထမ်းခဲ့လေတယ်။ တစ်နေရာမှာ ဂုံလျှော်ထုပ်ကို တွေ့ပြန်တယ်။ တစ်ဦးက ပိုက်ဆံလျှော်ချည်ကို ထားခဲ့ပြီး ဂုံလျှော်ထုပ်ကို ယူတယ်။ တစ်ဦးက မူလပိုက်ဆံလျှော်ထုပ်ကိုသာ ဆက်လက်သယ်ခဲ့တယ်။ အစဉ်အတိုင်း ဂုံလျှော်ချည်ထုပ်၊ ဂုံလျှော်ချည်အဝတ်ထုပ်၊ ဝါဂွမ်း၊ ဝါချည်၊ ဝါချည်အဝတ်၊ သံ၊ ခဲပုပ်၊ ဘင်၊ ငွေ၊ ရွှေ…တို့ကို တွေ့ခဲ့ရာ တစ်ဦးက တန်ဖိုးနည်းရာကို စွန့်ပစ်ပြီး တန်းဖိုးကြီးရာကို ယူခဲ့တယ်။ အခြားတစ်ဦးက မူလတန်ဖိုးနည်း ပိုက်ဆံလျှော်ထုပ်ကြီးသာ သိမ်းပိုက်လာခဲ့တယ်။ ဉာဏ်ပညာရှိတဲ့၊ ဆင်ခြင်ဉာဏ်ရှိတဲ့ သူကတော့ အဟောင်းကြီးကို အမြတ်တနိုး မထားတော့ဘူး။ ပိုကောင်းတဲ့အရာကို တွေ့ရင် စွန့်ပစ်နိုင်တယ်။ အသိဉာဏ်ကင်းမဲ့တဲ့သူကတော့ ကောင်းမွန်မြင့်မြတ်တဲ့အသစ်ကို တွေ့နေတာတောင် အဟောင်းကြီးကို မစွန့်ပစ်နိုင်ကြဘူး။
မြို့စားကြီး သင်ဟာလည်း ဆင်ခြင်ဉာဏ်ကင်းမဲ့တဲ့ သူလိုပဲ။ အခု ကောင်းမွန်မြင့်မြတ်တဲ့အရာတွေဖြစ်တဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မအယူအဆတွေကို တွေ့လာရပြီ။ ဒါပေမယ့် သင်က သင့်ရဲ့ အယူဝါဒအဟောင်းကြီးကို မစွန့်ပစ်နိုင်သေးဘူး။ အသိတရားရှိလာပါတော့ မြို့စားကြီး၊ သင့်အယူအဆတွေကို ပြောင်းလိုက်ပါ”
မြို့စားကြီး ဝန်ခံပြီ
ထိုအခါ မြို့စားကြီးထံမှ ရယ်ရခက်ခက်၊ ငိုရခက်ခက် စကားကို ကြားလိုက်ရလေသည်။ သူတို့ အပြန်အလှန် ပြောလိုက်ပုံကြပုံက
“အရှင်ကုမာရကဿပ… ရှေ့မှာ သင်ပြောခဲ့တဲ့ စကားတွေ၊ ဥပမာတွေကို ကြားရကတည်းက အရှင်ပြောတာတွေကို သဘောကျနေတာ”ဟူ၍။
ထိုအခါ အရှင်ကုမာရကဿပက
“အော်… ဒါနဲ့များ စကားတွေ ရှည်ရှည်ဝေးဝေး ပြောနေရသလား၊ စောစောကတည်းက အယူဝါဒဟောင်းကို စွန့်လိုက်ပါပြီ၊ အရှင်အယူအဆတွေကို လက်ခံလိုက်ပါပြီလို့ ပြောလိုက်ပါလား (အခုတော့ စာဖတ်သူတွေ မျက်စိညောင်းကုန်ကြပြီ…း) း) း)”ဟု အားမလိုအားမရ ဆိုလိုက်သည်။ ထိုအခါ မြို့စားကြီးက
“ကျွန်ုပ်က စောစောစီးစီး အရှင်ပြောတာကို လက်ခံလိုက်ရင် အရှင့်ဆီက အခုလို ထူးထူးဆန်းဆန်း တရားစကားတွေ ဘယ်လိုလုပ် ကြားရတော့မလဲ၊ အရှင့်အနေနဲ့ တပည့်တော် ကန့်လန့်တိုက်နေတာတွေကို ဘယ်လိုများ တုန့်ပြန်မလဲလို့ သိချင်တာကြောင့် ပေတေပြီး ငြင်းနေရတာပါ (သူပြောလိုက်တော့လည်း အဟုတ်သား၊ မြို့စားကြီးသာ ပေတေပြီး ငြင်းမနေခဲ့ဘူးဆိုရင် စာရေးသူတို့ ဒီလောက်ဗဟုသုတတွေ ဘယ်တိုးမလဲ)”ဟု ပြောလိုက်သည်။
မြို့စားကြီးထံမှ အဆိုပါစကားကို ကြားရသောအခါ အရှင်ကုမာရကဿပက ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပြီး တရားဓမ္မများ ဆက်လက်ဟောကြားခဲ့လေသည်။ ဤမျှလောက် ကပ်သီးကပ်သပ် ဆိုတတ်သော မြို့စားကြီးကို မည်သို့သောတရားများ ဟောလေသနည်း။ မြတ်ဗုဒ္ဓ၏ တရားဓမ္မက ထူးခြားမှုတော့ မရှိပါ။ အကျဉ်းချုပ်လိုက်လျှင် ဒါန၊ သီလနှင့် ဘာဝနာသာ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတရားတော်သည် မည်၍မည်မျှ ကျယ်ကျယ်ဝန်းဝန်း ဟောနေသည်ဖြစ်စေ လိုရင်းက ဤသုံးမျိုးသာ ဖြစ်ပါသည်။ သို့ရာတွင် ထိုသုံးမျိုးသို့ သတ္တဝါများ၏ ဓလေ့စရိုက်များအရ ချဉ်းကပ်ပုံ အမျိုးမျိုး ကွဲပြားသဖြင့် သူ့နည်း၊ ကိုယ်နည်းများအဖြစ် တွေ့မြင်နေရခြင်း ဖြစ်ပါသည်။ အရှင်ကုမာရကဿပ ဟောကြားခဲ့သောတရားများက ဤသုတ်တော်တွင် ရှည်လျားစွာ ပါဝင်နေပါသည်။ ထိုတရားများကို မဖော်ပြတော့ပါ။ အကျယ်ဖတ်ရှုလိုပါက ဒီဃနိကာယ်၊ မဟာဝဂ်၊ ပါယာသိသုတ်ကို ကြည့်ရှုနိုင်ပါသည်။
စာဖတ်သူများ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဗဟုသုတ၊ မြတ်စွာဘုရားခေတ် အိန္ဒိယတွင် ဗုဒ္ဓဘာသာ လှုပ်ရှားခဲ့ပုံများ၊ သာသနာပြုခဲ့ကြပုံများ…စသော သုတများကို ရရှိကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။
မြို့စားကြီး ပါယာသိနှင့် တမလွန်ဘဝပြဿနာ….ဤနေရာတွင် ပြီးပါပြီ…
Tawfik Hamid
(အီးမေလ်ကနေ ရလာတဲ့ Tawfik Hamid ရဲ့ From the heart of a Muslim ဆိုတဲ့ ဆောင်းပါးကို ဘာသာပြန်ပါတယ်။)
ကျွန်တော်ဟာ ကျွန်တော့် ယုံကြည်ချက်နဲ့ မွတ်စလင်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဆန္ဒအရဆိုရင်တော့ ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်ပေါ့။ နှလုံးသားအရတော့ ဂျူးတစ်ယောက် ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ။ ဒေါက်တာ ဟာမစ်ဆိုတာ တယူသန် မွတ်စလင်တွေကို ဆန့်ကျင်တဲ့ စာရေးဆရာ၊ အီဂျစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အနေနဲ့ မွေးလာတယ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး အစ္စလာဟ်ဘာသာဝင်တစ်ဦးလိုပဲ နေခဲ့တယ်။ ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်နဲ့ဘ၀တူ မွတ်စလင်တွေက ကမ္ဘာ့အနေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို တွေ့ပြီးနောက်မှာ၊ ပြီးတော့ ကမ္ဘာအနှံ့အပြားက အစ္စလာဟ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုများကို တွေ့မြင်ရဖန်များလာပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။ ဒါကတော့ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို လူသားတစ်ဦးလည်းဖြစ်တဲ့အတွက် အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်ပါ။ ဒီခံစားချက်က အစ္စလာဟ်ဘာသာနဲ့ ကမ္ဘာကြီးကို ကပ်ဘေးတွေနဲ့ ယဉ်ကျေးမှုတိုက်ပွဲတွေကနေ ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်။
ကျွန်တော် ၀န်ခံပါတယ်။ လက်ရှိ အစ္စလာဟ်တရားတွေဟာ မွတ်စလင်မဟုတ်သူတွေအပေါ် အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးပေးနေတယ်ဆိုတာကိုပေါ့။ ကျွန်တော်တို့ မွတ်စလင်တွေဟာ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ဒီနေ့အချိန်အထိ မိန်းမအများကြီးယူတဲ့စနစ်ကို လက်ခံကျင့်သုံးနေကြဆဲဖြစ်တယ်။ နောက်ပြီး မွတ်စလင်ကနေ အခြားဘာသာပြောင်းသွားသူတွေကို သတ်ဖြတ်တဲ့အကျင့်တွေက ရှိနေဆဲဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်စနစ်နဲ့စစ်ပွဲတွေကို ဆန့်ကျင်တဲ့နေရာမှာ ပြတ်သားတဲ့ ရပ်တည်ချက် မရှိသေးတာပဲဖြစ်တယ်။ ဆန့်ကျင့်ကန့်ကွက်တာတွေ မလုပ်တဲ့အပြင် အဲဒီကျွန်စနစ်နဲ့စစ်ပွဲတွေကို ဖန်တီးပြီး အစ္စလာဟ်သာသနာပြန့်ပွားအောင်၊ အခြားဘာသာဝင်တွေကို မွတ်စလင်ဖြစ်လာအောင် လုပ်နေကြပါတယ်။ နောက်ပြီးတော့ ဂျိဇီယာ (Jizia)လို့ခေါ်တဲ့ မတရားအခွန်ငွေတွေ ကောက်ခံနေကြပါတယ်။ (မလေးရှားမှာ တရုတ်လူမျိုးများကို နှိမ်ထားသလိုမျိုး ဖြစ်မည်ဟု ထင်ပါတယ်…စာရေးသူ)
ကျွန်တော်တို့ မွတ်စလင်တွေဟာ “အစ္စလာဟ်ဘာသာကို လေးစားကြပါ”လို့ ကမ္ဘာ့လူသားတွေကို တောင်းဆိုနေကြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ဗလီတွေမှာ ကြာသပတေးနေ့တိုင်း အခြားအစ္စလာဟ်ဘာသာဝင် မဟုတ်သူတွေကို (အာရဗီဘာသာစကားနဲ့) ဆဲရေးတိုင်းထွာနေကြပါတယ်။ ကျွန်တော်တို့ အစ္စလာဟ်ဘာသာဝင်တွေဟာ ဂျူးတွေကို ၀က်နဲ့မျောက်ကနေဆင်းသက်သူများလို့ ဆဲရေးတိုင်းထွာကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မွတ်စလင်ဘာသာဝင်ကလေးငယ်တွေကို ဘယ်လို မက်ဆေ့တွေ (သင်ကြားချက်တွေ) ပေးချင်တာပါလဲ။ ဒါဟာ မေတ္တာတရားနဲ့ငြိမ်းချမ်းရေး လက်ဆောင်တွေလား။ အမုန်းတရားလက်ဆောင်တွေလား။ ကျွန်တော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဂျူးဘုရားကျောင်းတွေကို ရောက်ဖူးတယ်။ သူတို့က ကျွန်တော်တို့ မွတ်စလင်တွေအတွက် ဆုတောင်းပေးနေကြတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်ခေါင်းဆောင်တွေက သူတို့ကို ဆဲရေးတိုင်းထွာနေကြတယ်။ ကျွန်တော်တို့ရဲ့ မွတ်စလင်မျိုးဆက်တွေကိုလည်း သူတို့ (အခြားဘာသာဝင်တွေ)ကို မုန်းတီးရွံရှာဖို့နဲ့ မိစ္ဆာဒိဋ္ဌိများအဖြစ် ခေါ်ကြဖို့ သင်ကြားပေးနေကြပါတယ်။
ကျွန်တော်တို့ မွတ်စလင်တွေဟာ တစ်စုံတစ်ယောက်က “မိုဟာမက်ဆိုတာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးတွေအပေါ်မှာ ကာမစပ်ယှက်သူ”လို့ စွပ်စွဲတဲ့အခါ မိုဟာမက်ကို ကာကွယ်ဖို့ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မွတ်စလင်တွေဟာ အစ္စလာဟ်ကျမ်းစာမှာလာတဲ့ “တမန်တော် မိုဟာမက် အသက် ၅၀ ကျော်သောအခါ အသက် ၇-နှစ်မျှသာရှိသေးသော အမျိုးသမီးငယ်လေးကို လက်ထပ်တော်မူတယ်”ဆိုတဲ့အကြောင်းကိုတော့ ဂုဏ်ယူပြောဆိုနေကြပြန်ပါတယ်။
ပြောရမှာတော့ ၀မ်းနည်းပါတယ်။ မွတ်စလင်များစွာဟာ (အားလုံးတော့ မဟုတ်ပါဘူး) အမေရိကန်က ဝေါထရိစင်တာကို ၀င်တိုက်တဲ့ စက်တင်ဘာ ၁၁-ရက်အဖြစ်အပျက်နဲ့ ကမ္ဘာအနှံ့အပြားက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြားရတိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။ ကမ္ဘာ့မီဒီယာရှေ့မှာတော့ ကျွန်တော်တို့ မွတ်စလင်တွေဟာ ဒီလို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာကြပါတယ်။ ဒါပေမယ့် မွတ်စလင်အကြမ်းဖက်သမားတွေကို မွတ်စလင်တွေဟာ သဘောခွေ့နေကြပါတယ်။ လျစ်လျူရှုထားကြပါတယ်။ သူတို့ အကြမ်းဖက်ရခြင်းအကြောင်းကိုတောင် ရှာကြံပြီး အကြမ်းဖက်သမားတွေကို သနားနေကြပါတယ်။ ဥပမာအနေနဲ့ ဘယ်အစ္စလာဟ်အဖွဲ့အစည်းက အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို “ဘာသာရေးသွေဖီသူ၊ အစ္စလာဟ်တရားတော်ကို ချိုးဖောက်သူ”လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ပါသလဲ။ ရှေ့နောက်မညီတာတစ်ခုက စာရေးဆရာ ရပ်ခ်ျဒိုင်း (Rushdie)ကိုတော့ အစ္စလာဟ်ကို ဆန့်ကျင်တဲ့စာအုပ် ရေးသားမှုနဲ့ သေဒဏ်ပေးသင့်ကြောင်း ကြေညာပေးခဲ့တယ်။
ကျွန်တော်တို့ မွတ်စလင်တွေဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရဖို့ ကမ္ဘာအနှံ့အပြားမှာ တောင်းဆိုနေကြတယ်။ ဥပမာ ပြင်သစ်မှာ ခေါင်းမြီးခြုံခွင့် ပိတ်ပင်ခြင်းကိစ္စကို ပယ်ဖျက်ဖို့ တောင်းဆိုနေကြတယ်။ ကျွန်တော်တို့ တကယ်လုပ်သင့်တာက ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အစ္စလာဟ်အစွန်းရောက် လူသတ်သမားတွေကို ဆန့်ကျင်ကြဖို့ အားပေးအားမြှောက်မပြုကြဖို့နဲ့ အစွဲအလန်းတွေ သိပ်မကြီးကြဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်တွေဟာ အခုထိ ဒါတွေကို ဆန့်ကျင်ကြောင်း၊ အားပေးအားမြှောက်မပြုပါကြောင်းဆိုတဲ့ ဆန္ဒတွေ မဖော်ထုတ်ပေးနိုင်ကြပါဘူး။ ကျွန်တော်တို့ရဲ့သဘောထားကို မဖော်ပြဘဲ တိတ်တိတ်ကလေး နေနေကြတာဟာ အစ္စလာဟ်အကြမ်းဖက်သမားတွေကို သတ်ဖြတ်ခြင်းလုပ်ငန်းတွေ ဆက်လုပ်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ အားပေးနေတာ၊ တိုက်တွန်းနေတာ၊ စွမ်းအင်တွေ ဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။
ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်တော်တို့ ကံမကောင်းအကြောင်းမလှတာတွေအတွက် အစ္စရေးလူမျိုးတွေနဲ့အခြားသူများအပေါ်ကို အပြစ်တင်၊ လက်ညှိုးထိုးနေကြတာကို ရပ်တန့်ပစ်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော် မွတ်စလင်တစ်ယောက်အနေနဲ့ ရိုးရိုးသားသား ပြောရရင် အစ္စရေးနိုင်ငံဆိုတာ အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်တစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုရဲ့အလင်းရောင် ဖြစ်ပါတယ်။ လူ့အခွင့်အရေးများရဲ့ စံထားရာနိုင်ငံတစ်ခု ဖြစ်ပါတယ်။
မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေဟာ ကရုဏာတရားမဲ့စွာနဲ့ ဘာနစ်နာကြေးမှမပေးဘဲ ဂျူးလူမျိုးတွေကို ပထုတ်နေကြတယ်။ “လွတ်လပ်သောဂျူးနိုင်ငံတော်”ကို ခွင့်မပြုကြဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစ္စရေးလူမျိုးတွေကတော့ အာရပ်လူမျိုးသန်းပေါင်းများစွာကို သူတို့နိုင်ငံသားအဖြစ် သူတို့မြေပေါ်မှာ လက်ခံပေးထားပါတယ်။ ဂျူးလူမျိုးတွေနဲ့ အခွင့်အရေးတန်းတူ ခံစားခွင့်ပေးထားပါတယ်။ အစ္စရေးမှာ အမျိုးသားက အမျိုးသမီးတွေကို တရားဝင် ရိုက်နှက်ခွင့်မပြုပါဘူး။ လူတိုင်းလူတိုင်း ဘာသာတစ်ခုကနေ ဘာသာတစ်ခုကို လွတ်လွတ်လပ်လပ် ပြောင်းနိုင်ခွင့် ရှိပါတယ်။ အစ္စလာဟ်မှာလို ဘာသာပြောင်းလဲခြင်းဥပဒေအရ သတ်ဖြတ်ခံရမှာကိုလည်း ကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ အစ္စလာဟ်နိုင်ငံတွေမှာ ဒီလို အခွင့်အရေးမျိုးကို ရနိုင်လို့လား။ ဒီအခွင့်အရေးမျိုးကို ခံစားကြရလို့လား။ (ဒါဆိုရင် ခင်ဗျားက အစ္စရေးဘက်တော်သား မွတ်စလင်လားလို့ ကျွန်တော့်ကို မေးလိမ့်မယ်)။ ကျွန်တော်အနေနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေ ဒုက္ခခံစားနေရတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီလို ဒုက္ခခံစားနေရတာတွေဟာ အစ္စရေးတွေ(ဂျူးတွေ)ကြောင့် မဟုတ်ပါဘူး။ ပါလက်စတိုင်းက အကျင့်ပျက်ခြစားနေတဲ့ (ပျက်စီးနေတဲ့)ခေါင်းဆောင်တွေကြောင့် ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံမှာနေတဲ့ အာရပ်လူမျိုးတွေ အာရပ်တိုင်းပြည်တွေမှာ နေချင်လို့ဆိုပြီး ထွက်ပြေးတာကို တွေ့မြင်ရဖို့ ခဲယဉ်းပါတယ်။ အခြားတစ်ဖက်မှာတော့ ထောင်သောင်းများစွာသော ပါလက်စတိုင်းလူမျိုး မွတ်စလင်တွေဟာ သူတို့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ အစ္စရေးမှာ ပျော်ရွှင်စွာ အလုပ်လုပ်ဖို့ အစ္စရေးနယ်မြေထဲကို ၀င်နေကြပါတယ်။ အချို့ပုဂ္ဂိုလ်တွေ ပြောနေကြသလို အစ္စရေးတွေက ဆိုးဆိုးဝါးဝါး လူမဆန်စွာ ဆက်ဆံကြတယ်ဆိုရင် ဆန့်ကျင်ဘက်အခြေအနေ (ပါလက်စတိုင်းတွေက အစ္စရေးနယ်မြေထဲ မ၀င်ဘဲ၊ အစ္စရေးထဲက အာရပ်တွေကသာ ပါလက်စတိုင်းနယ်မြေထဲ ၀င်နေကြမယ်ဆိုတဲ့ ဆန့်ကျင်ဘက်အခြေအနေ… စာရေးသူ) တွေပဲ ကျွန်တော်တို့ တွေ့ရမှာ အသေအချာပါပဲ။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကိုယ့်ပြဿနာကိုယ်လက်ခံပြီး ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းကြရပါလိမ့်မယ်။ ဒါမှသာ လူသားထုတစ်ရပ်လုံးနဲ့ ညီညွတ်မျှတစွာနေနိုင်မယ့် ခေတ်သစ်တစ်ခုကို စတင်နိုင်ကြပါလိမ့်မယ်။
ကျွန်တော်တို့ မွတ်စလင်ဘာသာရေးခေါင်းဆောင်များအနေနဲ့
-မယားများစွာယူခြင်း၊
-အရွယ်မရောက်သူများကို လက်ထပ်ခြင်း၊
-ကျွန်စနစ်၊
-အစ္စလာဟ်ဘာသာကို သွေဖီသူများကို သတ်ဖြတ်ခြင်း၊
-အမျိုးသမီးများကို ရိုက်နှက်ခြင်းနဲ့
-အစ္စလာဟ်ဘာသာပြန့်ပွားရေးအတွက် မွတ်စလင်မဟုတ်တဲ့နိုင်ငံများကို စစ်ကြေငြာခြင်းဆိုတဲ့ အချက်တွေကို ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်နေပါပြီ။ ဒီလို လုပ်ဆောင်ပြမှသာလျှင် “ကျွန်တော်တို့ဘာသာကို လေးစားကြပါ”လို့ အခြားသူတွေကို တောင်းဆိုနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ “ကျွန်တော်တို့ရဲ့ သူတော်ကောင်းယောင်ဆောင်တတ်တဲ့အကျင့်”တွေကို ရပ်တန့်ဖို့ အချိန်ကျရောက်ပါပြီ။ ပြီးတော့ ဒီအချိန်ဟာ “ကျွန်တော်တို့ မွတ်စလင်တွေ ပြောင်းလဲရမယ်”လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ့်အချိန်ပါပဲ။
တော်ဖစ် ဟာမစ်
Sunday, June 24, 2018
About
VEN. KUSALASAMI
GUTLEUTSTR 127, 60327, FRANKFURT AM MAIN
Telephone: +4915214489565 Email: kusalasami@gmail.com
Venerable Kusalasami was born in 1981 at Pyawbwe Township, Mandalay Division. He was ordained as a novice at the age of 14th. From 1995 to 2001, he studied primary and elementary Buddhist education at several famous monasteries in Myanmar; Visuddharama monastery (Taungoo Township), Kankalay forest monastery (Oak Twin Township), Brahmanimmitarama monastery and Nyaung Tone Pali University (Yangon). At the age of 21st, he was ordained as a Buddhist monk.
In 2001, he passed the entrance examination and joined State Pariyatti Sasana University which is situated in Kabaraye hill, Mayangone Township, Yangon; in which he studied higher Buddhist education; B.A and M.A. In 1st and 2nd year, he passed with all distinctions in all of seven subjects and obtained 1st price. In 3rd year, 3rd price and final year 1st price again he finished successfully with flying colors. Within his education period, he sought many scholarships from that University.
In 2003 as a student of State Pariyatti Sasana University, he set Sasanadhaja examination held by the Government and passed. That’s why he is awarded Sasanadhaja Dhammacariya degree which is equivalent to B.A by the Government.
In 2008, he went to Sri Lanka and joined Buddhist Study of Kelaniya University where he obtained M.A degree.
After finished M.A degree in Kelaniya University, he entered the Cittalapabbata forest that is second biggest forest in Sri Lanka and pracitsed Buddhist meditation in the cave for 60 days. Then he wrote a book in Myanmar language about his meditation experiences. Now he has already written many articles and published four books.
In 2010, he was invited by Dhammikarama Myanmar Chinese Buddhist Temple in Penang, Malaysia where he taught Buddhist meditation for one year. In 2012, he backed to Myanmar and established Dhamma School Foundation. As a general secretary of foundation, he opened hundreds of Dhamma School throughout Myanmar. In 2014, he was invited by Myanmar community in Frankfurt, Germany.
Now he is teaching Buddhist meditation, Abhidhamma and other basic Buddhist knowledge in Germany.
GUTLEUTSTR 127, 60327, FRANKFURT AM MAIN
Telephone: +4915214489565 Email: kusalasami@gmail.com
Venerable Kusalasami was born in 1981 at Pyawbwe Township, Mandalay Division. He was ordained as a novice at the age of 14th. From 1995 to 2001, he studied primary and elementary Buddhist education at several famous monasteries in Myanmar; Visuddharama monastery (Taungoo Township), Kankalay forest monastery (Oak Twin Township), Brahmanimmitarama monastery and Nyaung Tone Pali University (Yangon). At the age of 21st, he was ordained as a Buddhist monk.
In 2003 as a student of State Pariyatti Sasana University, he set Sasanadhaja examination held by the Government and passed. That’s why he is awarded Sasanadhaja Dhammacariya degree which is equivalent to B.A by the Government.
In 2008, he went to Sri Lanka and joined Buddhist Study of Kelaniya University where he obtained M.A degree.
After finished M.A degree in Kelaniya University, he entered the Cittalapabbata forest that is second biggest forest in Sri Lanka and pracitsed Buddhist meditation in the cave for 60 days. Then he wrote a book in Myanmar language about his meditation experiences. Now he has already written many articles and published four books.
In 2010, he was invited by Dhammikarama Myanmar Chinese Buddhist Temple in Penang, Malaysia where he taught Buddhist meditation for one year. In 2012, he backed to Myanmar and established Dhamma School Foundation. As a general secretary of foundation, he opened hundreds of Dhamma School throughout Myanmar. In 2014, he was invited by Myanmar community in Frankfurt, Germany.
Now he is teaching Buddhist meditation, Abhidhamma and other basic Buddhist knowledge in Germany.
Monday, March 26, 2018
သံယောဇ်
သံယောဇဉ်
.....................
(၁)
“ဗရုက်သုက္ခကြီးနဲ့ … ဘယ်လိုဖြစ်လာတာလဲ၊ ရဟန်းမ(ဘိက္ခုနီ)လုပ်ပြီး ဒီလောက်တောင် အချစ်ကြီးရသလား”
ကြည်လင်အေးမြပြီး တည်ငြိမ်လှသော ရေကန်မျက်နှာပြင်လို ပကတိတည်ငြိမ်သော ဣန္ဒြေဖြင့် ပြောဆိုလိုက်သော်လည်း သူ့စကားသံက ကရုဏာဒေါသသံ ပါနေသည်။ ရဟန်းမကြီးသည် စိတ်အတော် ထိခိုက်သွားသည်။ “အော် ငါ့မှာဖြင့် ၁၂ - နှစ်လုံးလုံး သူ့ကို တမ်းတတဲ့စိတ်နဲ့ မျက်ရည်တွေ ကျခဲ့လိုက်ရတာ၊ သူ့ကို လွမ်းလို့ တရားနဲ့တောင် မနေနိုင်ခဲ့ဘူး၊ သူ့ကို တွေ့ချင်မြင်ချင်လွန်းလို့ မျက်ရည်နဲ့မျက်ခွက် တစ်ရက်မှ မပျက်ခဲ့ဘူး၊ သူကတော့ ပြောရက်လိုက်တာ”စသည်ဖြင့် တွေးမိပြီး သူ့အပေါ် စိတ်နာသွားသည်။
ကြမ်းတမ်းလွန်းပြီး သူ့အပေါ် ငဲ့ညှာမှုကင်းမဲ့စွာ ပြောလိုက်သည့်စကားကြောင့် ၁၂ - နှစ်လုံးလုံး ကျခဲ့ရသော၊ လွမ်းဆွေးခဲ့ရသော အချိန်များအတွက် နောင်တတွေ ရမိသည်။ “သူလည်းပဲ ငါ့ကို တမ်းတလွမ်းဆွတ်နေမယ် ထင်ထားတာ၊ အခုတော့ ပြောရက်လိုက်တာ”ဟူသော နောင်တတရားနှင့်အတူ တစ်ခုတည်းသော သံယောဇဉ်ကြိုးလေး ပျက်တောက်သွားသည်။ အခြားတွယ်နှောင်စရာသံယောဇဉ်ဟူ၍ တစ်မ ျှင်မ ျှ မရှိတော့။ ရဟန်းမကြီး၏ စိတ်တွေ တည်ငြိမ်သွားသည်။ ထိုနေ့မှာပင် ရဟန်းမကြီး တရားထူးတရားမြတ်တွေကို သိမြင်သဘောပေါက်သွားခဲ့သည်။
(၂)
ရဟန်းမကြီးကို ကရုဏာဒေါသနှင့် ကြမ်းကြမ်းတမ်းတမ်း မငဲ့မညှာ ပြောလိုက်သူမှာ “အရှင်ကုမာရကဿပ”ဖြစ်သည်။ သူ့စကားကြောင့် မိခင်ကြီး တရားထူးတရားမြတ်ရသွားသဖြင့် ပြောရကျိုးနပ်သည်ဟု ဆိုနိုင်သည်။
မိခင်ရဟန်းမကြီးသည် သာမန်အမျိုးသမီးတစ်ဦးတော့ မဟုတ်ပါ။ မြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးစဉ် သူက သူဌေးသမီးလေးတစ်ယောက်ဖြစ်သည်။ ဘဝါဘဝက ဖြည့်ကျင့်ခဲ့သော ပါရမီတွေကြောင့် ငယ်စဉ်ကတည်းက ရဟန်းမ ဝတ်ချင်သဖြင့် မိဘတွေထံမှာ ခဏခဏ ဝတ်ခွင့်တောင်းသည်။ မိဘများက ခွင့်မပြုခဲ့ပေ။ အရွယ်ရောက်သောအခါမှာတော့ ရဟန်းမ ဝတ်ခွင့် မပြုသည့်အပြင် ယောကျ်ားပေးစားလိုက်သည်။ မိဘပေးစားသဖြင့် အိမ်ထောင်ကျသော်လည်း မယားဝတ္တရားကျေပြွန်အောင် ပြုလုပ်သည်။ ဤသို့ နေထိုင်ရင်း တစ်နေ့သောအခါ သူမ၏ စိတ်ကူးဆန္ဒကို လင်ဖြစ်သူကို ဖွင့်ဟပြောမိသည်။ ထိုအခါ လင်ဖြစ်သူက ရဟန်းမ ဝတ်လိုလ ျှင် ဝတ်နိုင်ကြောင်း ခွင့်ပြုပေးလိုက်သည်။
အမျိုးသမီးလေးမှာ သူမ၏ဆန္ဒများ ပြည့်ဝတော့မည်ဖြစ်သဖြင့် ပျော်ရွှင်သွားလေသည်။ သို့ဖြင့် နီးစပ်ရာ ရဟန်းမ(ဘိက္ခုနီမ)ကျောင်းမှာ ရဟန်းမ ဝတ်ခဲ့သည်။ ကံဆိုးချင်တော့ ထိုကျောင်းကို အုပ်ချုပ်သူက အရှင်ဒေဝဒတ် ဖြစ်နေခဲ့လေသည်။
(၃)
ရဟန်းမကျောင်းတွင် အခြားသူများကဲ့သို့ စာပေသင်ကြားလိုက်၊ တရားအားထုတ်လိုက်ဖြင့် နေခဲ့သည်။ တစ်နေ့သောအခါ ကံဆိုးမှုတစ်ခု ပေါ်ပေါက်လာသည်။ သူဌေးသမီးတစ်ဖြစ်လဲ ရဟန်းမလေးမှာ ကိုယ်ဝန်ရှိလာခဲ့သည်။ ကျောင်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။ တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်မျိုး ဝေဖန်ကြသည်။ ရဟန်းမ လုပ်ပြီး ကိုယ်ဝန်ရရသလားဟုဆိုကာ ပြစ်တင်ပြောဆိုကြသည်။ ထိုထဲတွင် အကြီးအကဲဖြစ်သူ ရဟန်းမ က မေးမြန်းသောအခါ “အရှင်မ … တပည့်တော်ဟာ သီလကို လုံခြုံစွာ ထိန်းပါတယ်၊ ရဟန်းမအဖြစ်နဲ့ လွန်ကျူးပြီး ရတဲ့ ကိုယ်ဝန်မဟုတ်ပါ”ဟု ရှင်းပြသည်။ သို့ရာတွင် “ခက်ချေပြီ၊ သင့်အနေနဲ့ ဘယ်လိုပဲ ရရ၊ ဒီသင်္ကန်းကြီး ဝတ်ပြီး ကိုယ်ဝန်နဲ့ဖြစ်နေတာဟာ ဘယ်လိုမှ အဆင်မပြေဘူး၊ ငါတို့ ဆရာထံ အဆုံးအဖြတ်ခံဖို့ သွားကြမယ်”ဟုဆိုကာ အရှင်ဒေဝဒတ်ထံသို့ ခေါ်သွားခဲ့သည်။
အရှင်ဒေဝတ်ထံ ရောက်၍ အကြောင်းစုံကို တင်ပြလိုက်သည့်အခါ “အင်း …. ဒါက ဘယ်တုန်းက ရတဲ့ကိုယ်ဝန်ဖြစ်ဖြစ် သင်္ကန်းဝတ်နဲ့တော့ မသင့်တော်လှဘူး။ လူဝတ်သာ လဲပေးလိုက်တော့”ဟု ဆုံးဖြတ်ပေးလိုက်သည်။ ရဟန်းမလေးက အမျိုးမျိုးတောင်းပန်သော်လည်း အရှင်ဒေဝဒတ်က သူ့ဆုံးဖြတ်ချက်ကို မပြင်နိုင်ကြောင်းသာ တုန့်ပြန်ခဲ့သည်။ သို့ဖြင့် အရှင်ဒေဝဒတ်အဆောင်မှ အပြင်ရောက်သောအခါ “အို … အရှင်မတို့ … တပည့်တော်မကို လူဝတ်မလဲလိုက်ကြပါနဲ့၊ တပည့်တော်မ ဟာ အရှင်ဒေဝဒတ်ကို ကြည်ညိုလို့ ရဟန်းမ ဝတ်လာတာ မဟုတ်ပါ၊ မြတ်စွာဘုရားကို ကြည်ညိုလို့ ရဟန်းဝတ်လာတာပါ၊ ဒါကြောင့် မြတ်စွာဘုရားထံကိုသာ ပို့ပေးတော်မူကြပါဘုရား”ဟု တောင်းပန်သောအခါ အခြားရဟန်းမများက မြတ်စွာဘုရားထံ ပို့ပေးခဲ့ကြသည်။
(၄)
မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးကတော့ အခုလို ဆုံးဖြတ်ချက်မျိုး ပေးမှာ မဟုတ်ဘူးဟု ယုံကြည်သော်လည်း ရဟန်းမလေးခမျာ စိုးရိမ်စိတ်ကိုတော့ ပယ်ဖျောက်၍ မရ၊ ကြောက်ရွံ့စိုးထိတ်စွာဖြင့်ပင် မြတ်စွာဘုရားရှေ့ ရောက်လာခဲ့သည်။ သဗ္ဗညုတဉာဏ်ရှင် မြတ်စွာဘုရားသခင်ကတော့ ရဟန်းမလေးကို ကြည့်လိုက်ကတည်းက ဖြစ်ကြောင်းကုန်စင်ကို သိတော်မူပြီး ဖြစ်လေသည်။ ရဟန်းမ မဝတ်ခင်ကတည်းက ရခဲ့သောကိုယ်ဝန်ဖြစ်တာကိုလည်း သိတော်မူသည်။ ရဟန်းမများနှင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီးသည့်အခါ လာရင်းအကြောင်းကို လေ ျှာက်ထားကြသည်။ မြတ်စွာဘုရားက သူ သိသည့်အတိုင်း မိန့်တော်မူပြီး အပြစ်မရှိကြောင်း ဆုံးဖြတ်ပေးလိုက်မည်လား။ ဤနေရာတွင် မြတ်စွာဘုရားရှင်၏ ပြဿနာဖြေရှင်းနည်းတစ်ခုကို နာယူသင်ကြားလိုက်ရသည်။
မြတ်စွာဘုရားကိုယ်တိုင် မည်သည့်ဆုံးဖြတ်ချက်ကိုမ ျှ ပေးတော်မမူခဲ့ပေ။ ဝိနည်းကျွမ်းကျင်သူ (ဥပဒေပညာရှင်) အရှင်ဥပါလိကို အခေါ်လွှတ်လိုက်သည်။ နောက်ပြီး ကောသလမင်းကြီး၊ အနာထပိဏ်သူဌေးကြီး၊ သူဌေးငယ်၊ သာဝတ္ထိမြို့မှ ဂုဏ်သရေရှိ လူကြီးမင်းများ၊ မြို့မျက်နှာဖုံးများနှင့် ကျောင်းအစ်မကြီး ဝိသာခါတို့ကို ကျောင်းကို လာခဲ့ကြဖို့ မိန့်တော်မူသည်။ ထူးထူးခြားခြား ဘုရင်မင်းမြတ်နှင့် မြို့သူဌေးများ၊ လူကြီးမင်းများကို တစ်ပြိုင်တည်း အခေါ်လွှတ်သည်ကို ကြားသိရသော မြို့သူမြို့သားများလည်း တစ်ခုခုတော့ ထူးခြားပြီဟူသောအသိဖြင့် ဇေတဝန်ကျောင်းတော်သို့ စုရုံးရောက်လာကြလေသည်။ ဇေတဝန်ကျောင်းတော် ကွင်းပြင်ကြီးမှာ လူတွေ ပြည့်သွားသည်။ လူတွေအားလုံး၏ အလယ်တွင် ကန့်လန့်ကာဖြင့် ကာထားပြီး ရဟန်းမလေးကို နေစေသည်။ အပြင်က လူတွေက ဘာများ လုပ်ဖို့ပါလိမ့်ဟု တွေးကာ ခြံရံငေးကြည့်နေကြသည်။ မြတ်စွာဘုရားရှင်က ကျောင်းအစ်မကြီး ဝိသာခါကို အနားကို လာဖို့ ခေါ်ခိုင်းလိုက်သည်။
ဝိသာခါသည် မြတ်စွာဘုရားစကားကို နားထောင်ပြီး ကန့်လန့်ကာအတွင်း ပြန်ဝင်သွားသည်။ ရဟန်းမလေး၏ သားမြတ်၊ ဗိုက်၊ ချက် စသော ကိုယ်အင်္ဂါတို့ကို ဝိသာခါက အသေးစိတ် စစ်ဆေးကြည့်ရှုသည်။ ထို့နောက် ကိုယ်ဝန်စဖြစ်သည့် ရက်၊ လ၊ အချိန်တို့ကို တွက်ဆသည်။ ကောက်ချက်ချကြည့်သည့်အခါ ကိုယ်ဝန်သည် ရဟန်းမ မဝတ်မီ အချိန်ကဖြစ်ကြောင်း ထင်ရှားစွာ သိလိုက်ရသည်။ အရှင်ဥပါလိ က ကန့်လန့်ကာအပြင်မှ စောင့်နေသည်။ “ကျောင်းအစ်မကြီး … တွေ့ရှိသည့်အတိုင်း ပြောပါဦး”ဟု မြတ်စွာဘုရား၊ ဘုရင်နှင့်တကွ ပရိသတ်အားလုံးရှေ့တွင် မေးလိုက်သည်။ ဝိသာခါက “ဤရဟန်းမလေး၏ ကိုယ်ဝန်သည် ရဟန်းမ ဝတ်ပြီးနောက် သီလပျက်ပြားပြီး ဖောက်ပြန်သဖြင့် ရသည့်ကိုယ်ဝန်မဟုတ်ပါ၊ ရဟန်းမ မဝတ်မီကတည်းက ရလာခဲ့သောကိုယ်ဝန်ဖြစ်ပါသည်ဘုရား”ဟု ဖြေကြားလိုက်လေသည်။
မြတ်စွာဘုရားရှင်၏ ပြဿနာဖြေရှင်းနည်း ကောင်းမွန်မှုကြောင့် ကိုယ်ဝန်ကြီးတကားကားနှင့် ရဟန်းမလေးလည်း နာမည်မပျက်၊ သာသနာလည်း သိက္ခာကျစရာ မရှိတော့ဘဲ သာဝတ္ထိမြို့တွင် လွတ်လပ်စွာ သွားလာ၍ အဆင်ပြေသွားခဲ့သည်။
(၅)
နေ့စေ့လစေ့ရှိသောအခါ ရဟန်းမလေး မီးဖွားသည်။ ရဟန်းမကျောင်းမှာ ကလေးထိန်းရ၊ ကလေးအနှီးလေ ျှာ်ရ စသည်ဖြင့် မသင့်လျော်သောကြောင့် ကောသလမင်းကြီးက ကလေးကို မွေးစားလိုက်သည်။ “ကုမာရကဿပ”ဟု အမည်ပေးလိုက်သည်။ နန်းတော်ထဲတွင် ဘုရင့်သားလေးလို ကြီးပျင်းခဲ့ရသော်လည်း သူ နည်းနည်းမှ မပျော်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကလေးသဘာဝ ဆော့ကစားသည့်အခါတိုင်း အခြားကလေးများက “မိဘမဲ့ အဖေမရှိ၊ အမေမရှိ”ဟု စကြနောက်ကြသောကြောင့် ဖြစ်လေသည်။ ကောသလမင်းကြီးကို မေးတိုင်း အမျိုးမျိုး စိတ်ကျေနပ်အောင် လှည့်ပတ်ပြောဆိုခဲ့သည်ချည်း ဖြစ်သည်။ တိတိကျကျ အဖြေမရခဲ့ပေ။
အရွယ်ရောက်သည့်တစ်နေ့သောအခါ ကောသလမင်းကြီးသည် “သင့်အမေသည် ရဟန်းမတစ်ပါးဖြစ်ကြောင်း အမှန်အတိုင်း ပြောပြလိုက်လေသည်။ ထိုအခါ ကုမာရကဿပသည် သို့ဆိုလ ျှင် သူလည်းပဲ နန်းတော်ထဲ မနေလိုတော့ကြောင်း၊ ရဟန်းပြုလိုကြောင်း ခွင့်တောင်းသဖြင့် ကြီးကျယ်သောအခမ်းအနားဖြင့် ရဟန်းပြုပေးလိုက်လေသည်။ ရဟန်းပြုပြီးနောက် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းနည်းများကို နာကြားကာ တောထဲ၌ တရားအားထုတ်သည်။ ၁၂ -နှစ်တိုင်တိုင် ကြာသွားခဲ့သည်။ ၁၂ - နှစ်ပြည့်မှ တရားထူးတရားမြတ် ရသွားခဲ့သည်။ သူ တရားအားထုတ်နေသည့် ၁၂ - နှစ်တာ ကာလအတွင်း သူ့မိခင် ရဟန်းမကြီး သူ့သားကို သတိရလွမ်းဆွတ်စိတ်ဖြင့် တငိုငို တယိုယိုဖြစ်နေသည်ကို သတိမထားမိဘဲ တရားကိုသာ စိတ်နှစ်ပြီး အားထုတ်နေခဲ့လေသည်။ ဖြစ်ချင်တော့ သူ တရားထူးတရားမြတ်ရပြီး မြို့ထဲ ဆွမ်းခံထွက်သည့်အချိန်တွင် သူ့မိခင် ရဟန်းမကြီးက အမှတ်မထင် တွေ့မြင်သွားခဲ့ခြင်း ဖြစ်လေသည်။
(၆)
မိခင်ရဟန်းမကြီးသည် သားအပေါ်ထားသည့် သံယောဇဉ်က ပြင်းထန်လွန်းသဖြင့် သားရဟန်းကို တွေ့သည်နှင့် ဣန္ဒြေမဆည်နိုင်တော့ဘဲ သပိတ်ကြီးပိုက်လျက် သားဆီသို့ အူယားဖားယား ပြေးသွားလေသည်။ သားဇောဖြင့် ပြေးသွားရာ ခလုတ်တိုက်ကာ လဲလိုက်သေးသည်။ တစ်ကိုယ်လုံးလည်း ချွေးများဖြင့် ပေကျံကုန်သည်။ သားဟူသော အသိစိတ်ကြောင့် သားမြတ်မှ နို့ရည်များလည်း လ ျှံထွက်လာသည် (ဟု ဆိုသည်)။ ရဟန်းမကြီးမှာ မည်သို့မ ျှ ကြည့်မကောင်းတော့။ သားရဟန်းဆီရောက်သည့်အခါ တစ်ကိုယ်လုံး ညစ်ပတ်ပေရေပြီး မြင်မကောင်းအောင် ဣန္ဒြေပျက်လျက် ရှိလေသည်။
မိခင်ရဟန်းမကြီး၏ မြင်မကောင်းအောင် ဖြစ်ပျက်နေပုံကို တွေ့လိုက်ရသဖြင့် မိခင်ကြီး၏ သားဟူသော သံယောဇဉ်ကို ပျက်တောက်သွားစေဖို့အတွက် စိတ်နာသွားအောင် ခပ်ကြမ်းကြမ်း ပြောလိုက်ခြင်း ဖြစ်လေသည်။ သူ့ရည်ရွယ်ချက် အထမြောက်သည်ဟု ဆိုရမည်။ သူပြောလိုက်သည့်နေ့မှာပင် သူ့မိခင်ကြီး တရားထူးတရားမြတ်တွေ ရသွားခဲ့သည် မဟုတ်ပါလား။
(၇)
အထက်ပါ သားအမိနှစ်ယောက်တို့၏ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က “ချစ်သား၊ ချစ်သမီးတို့ … လောကမှာ သူတစ်ပါးကို သွားပြီး အားမကိုးနဲ့၊ ကိုယ့်ကိုကိုယ်သာ အားကိုးကြ၊ သူတစ်ပါးတွေ လုပ်တဲ့ ကောင်းမှုနဲ့ သင်တို့ကို နတ်ပြည်ပို့လို့ မရနိုင်ဘူး၊ သူတစ်ပါးတွေ အားထုတ်တဲ့တရားနဲ့ သင့်မှာ တရားထူးမရနိုင်ဘူး၊ ကိုယ်တိုင်လုပ်မှသာ အကျိုးရလဒ်ကို ကိုယ်တိုင် ရမှာဖြစ်တယ်”စသည်ဖြင့် “အတ္တာဟိ အတ္တနော နာထော” အစဖြာသော ဓမ္မဒေသနာကို ဟောကြားတော်မူခဲ့ရာ ပရိသတ်များစွာတို့ တရားအသိတွေ ထူးကုန်ကြလေသည်။
(၈)
သားအမိနှစ်ယောက်ကို အခြေခံသော တရားဒေသနာကို သိရှိပြီးသောအခါ “သံယောဇဉ်”ဆိုသော စကားတစ်ခွန်း၏ အကျိုးသက်ရောက်မှုအကြောင်းကို မေးခွန်းထုတ်ကာ အဖန်ဖန် တွေးနေမိသည်။ မိခင်ဖြစ်သူ ရဟန်းမကြီးမှာ “သံယောဇဉ်”ဟူသောအရာလေးတစ်ခု ရင်ထဲမှာ ရှိနေချိန်မှာ ၁၂ - နှစ်လုံးလုံး အလွမ်းမျက်ရည်တွေနှင့် သောကတွေ ဝေခဲ့ရသည်။ ထိုအရာလေးတစ်ခု ပျက်တောက်သွားချိန်မှာတော့ အငြိမ်းဓာတ်ပြည့်ဝစွာ ဘဝက ရှင်သန်လာခဲ့ရသည်။ “သံယောဇဉ်မှာ ဘာကောင်းကျိုးတွေ ရှိနေပါသလဲ”၊ “ပူလောင်ခြင်းအပြင် ဘာအကျိုးတွေ ပေးတတ်ပါသေးသလဲ”။ စာရေးသူကတော့ ဖြေပြီးပါပြီ။ စာဖတ်သူများလည်း အားလုံး ဝိုင်းဖြေကြဖို့ ဖြစ်ပါသည်။
ချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ …
အရှင်ကုသလသာမိ(ပျော်ဘွယ်)
ကျမ်းကိုး ... ကုမာရကဿပမာတုထေရီဝတ္ထု၊ ဓမ္မပဒ
Wednesday, March 14, 2018
Tuesday, March 21, 2017
စာအုပ်စာပေ လူ့မိတ်ဆွေ (စာဖတ်ကြဖို့ လိုပါတယ်)
“စာအုပ်စာပေ လူ့မိတ်ဆွေ”။ မြန်မာစကား အလွန်နားထောင်၍ ကောင်းပါ၏။ ဘဝတွင် ရရှိလာသည့် အသိအမြင်အတွေးအခေါ်များသည် စာအုပ်စာပေအပေါ်တွင် များစွာ မူတည်နေ၏။ ဘဝအတွေ့အကြုံများမှ ရရှိလာသော အသိအမြင်၊ အတွေ့အကြုံ၊ သင်္ခန်းစာတို့လည်း တန်ဖိုးရှိပါ၏။ သို့ရာတွင် လူတစ်ဦးတစ်ယောက်သည် အတွေ့အကြုံများစွာကို တစ်ပြိုင်တည်း မရနိုင်ပါ။ အကန့်အသတ်များက မြောက်မြားစွာ ရှိနေသည်။
ရဟန်းတစ်ပါးသည် ရဟန်းနှင့်သက်ဆိုင်သော အတွေ့အကြုံများကိုသာ များသောအားဖြင့် ရနိုင်၏။ လူတစ်ဦးတစ်ယောက်သည် လူလောကနှင့်သက်ဆိုင်သမျှကိုသာ ကိုယ်တွေ့ကြုံနိုင်၏။ ကျောင်းဆရာတစ်ယောက်သည် ကျောင်းဆရာအတွေ့အကြုံ၊ မိဘဖြစ်ဖူးသူသာ မိဘ၏ အတွေ့အကြုံ၊ ယောကျ်ားတစ်ယောက်သည် ယောက်ျားတစ်ယောက်၏အတွေ့အကြုံကိုသာ တွေ့ကြုံနိုင်ပြီး မိန်းမတို့၏ ခံစားချက်နှင့်ဘဝအတွေ့အကြုံများကို မည်သို့မျှ ကိုယ်တွေ့မကြုံနိုင်ပါ။ ကိုယ်တွေ့မကြုံနိုင်သဖြင့် သူတစ်ပါးတို့ တွေ့ကြုံထားသောအဖြစ်အပျက်များ၊ ခံစားချက်များကို တစ်ဆင့်စကားဖြင့်သာ နားလည်ရ၏။ တွေ့ကြုံကြရ၏။
စာပေကပေးသောအတွေ့အကြုံကား အကန့်အသတ်မဲ့၏။ ကာလမဲ့၏။ စာပေထဲတွင် နယ်ပယ်ပေါင်းစုံက သက်ရှိများ၊ သက်မဲ့များ၏ ဖြစ်တည်မှု၊ ခံစားမှု၊ အတွေးအကြံ၊ အတွေ့အကြုံများကို ရှာဖွေနိုင်၏။ မိမိကိုယ်တိုင် တွေ့ကြုံရခြင်း မဟုတ်သော်လည်း တကယ့်လက်တွေ့ဘဝတွင် ဖြစ်ပျက်တတ်သော အဖြစ်သနစ်များကို တွေ့ကြုံခံစားနိုင်၏။ ထိုမှတစ်ဆင့် ဘဝအသိအမြင်အဆင့်သို့ ပြောင်းလဲနိုင်၏။
“စာပေမြင့်မှ လူမျိုးတင့်မည်”ဟူသော မြန်မာစကားမှာလည်း အလွန်မှတ်သားဖွယ်ကောင်း၏။ ထိုစကားအတိုင်းပင် ရှေးမြန်မာတို့လက်ထက်တွင် မြန်မာ့စာပေသည် အဆင့်အတန်း အလွန်မြင့်မား၏။ စာပေအဆင့်အတန်းမြင့်သဖြင့် ယဉ်ကျေးမှုလည်း မြင့်ခဲ့၏။ တိုင်းပြည်က အသူရာချောက်ကမ်းပါးထဲ ပြုတ်ကျခဲ့သဖြင့်သာ ဂုဏ်ယူဖွယ်ရာကောင်းသော မြန်မာ့သမိုင်းအစဉ်အလာများလည်း အထင်သေးအမြင်သေးအဆင့်သို့ လျှောကျသွားခဲ့ရသည်။ ကမ္ဘာမှာ လူမသိသူမသိအနေအထား ဖြစ်သွားခဲ့သည်။
စာပေမြင့်ဖို့ ဘာလုပ်ရမည်နည်း။ စာဖတ်ရပါမည်။ စာဖတ်ဖို့အတွက် နည်းမျိုးစုံသုံးရပါမည်။ စာပေအဆင့်အတန်းမြင့်စေဖို့ စာပေအဝန်းအဝိုင်းများကို ပြုစုပျိုးထောင်ရမည်။ တစ်ပိုင်တစ်နိုင်အားဖြင့်ဖြစ်စေ၊ အသင်းအဖွဲ့အလိုက်ဖြစ်စေ စာပေအဝန်းအဝိုင်းလေးများ ဖြစ်ဖို့ လိုသည်။ ဒါတောင် မပြည့်စုံပါ။ တကယ်တော့ အမျိုးသားရေးဦးတည်ချက်အနေဖြင့် စာပေမြင့်အောင် ကြိုးပမ်းရမည်။ တာဝန်ရှိအစိုးရက ပညာပါပါ၊ အမြော်အမြင်ရှိရှိဖြင့် တာဝန်ယူကြိုးစားမှ တိုးတက်နိုင်မည်။
မျိုးဆက်သစ်လူငယ်များ ငယ်စဉ်ကလေးဘဝမှ စတင်ပြီး စာဖတ်သည့်အလေ့အကျင့်ရအောင် ပြုစုပျိုးထောင်ပေးရမည်။ နိုင်ငံတကာစာကြည့်တိုက်စနစ်ကို ပညာရေးတွင် ထည့်သွင်းပြီး သင်ကြားစေသင့်သည်။ ထိုပညာရေးမှတစ်ဆင့် စာကြည့်တိုက်များ၏ အရေးပါမှုကို သိလာမည်။ စာကြည့်တိုက်ကို လူငယ်များအမြင်တွင် လာချင်စဖွယ်ဖြစ်အောင်၊ စိတ်အေးချမ်းသာစွာ စာဖတ်နိုင်အောင်၊ ဖတ်သည့်အခါမှာလည်း စနစ်ကျအောင် လုပ်ကိုင်တတ်သောပညာရှင်များ ပေါ်လာမည်။
စာရေးဆရာကြီးများ၏ စာပေဟောပြောပွဲများတွင်လည်း ပရိသတ်လက်ခုပ်သံများစွာ ရနိုင်သော အစိုးရမကောင်းကြောင်း (အစိုးရကောင်းခြင်း၊မကောင်းခြင်းကို ဆိုလိုခြင်း မဟုတ်ပါ) စကားလုံးများကိုသာ အဓိက ကြားရတတ်၏။ စာကြည့်တိုက်များ၏အရေးပါမှု၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာကြည့်တိုက်လုပ်ထုံးလုပ်နည်းများ၊ စာကြည့်တိုက်ကို ဆွဲဆောင်မှုရှိအောင် လုပ်သည့်နည်းများ၊ စနစ်ကျအောင်နှင့် ရေရှည်တည်တံ့အောင်လုပ်ရမည့်နည်းများကို ဟောပြောမှုများက မကြားရသလောက်ပင် ဖြစ်၏။
မြန်မာနိုင်ငံတွင် တစ်ပိုင်တစ်နိုင် စာကြည့်တိုက်များကတော့ အလျှိုအလျှို ပေါ်ထွက်နေသည်ကိုတော့ တွေ့မြင်နေရ၏။ ဝမ်းမြောက်ဖွယ် ကောင်းပါ၏။ အကျိုးရှိတန်သလောက်ရှိသော်လည်း ထိထိရောက်ရောက်၊ အောင်အောင်မြင်မြင် အကျိုးဖြစ်ထွန်းမှုကား နည်းပါးလှသည်။ စာကြည့်တိုက်ဦးဆောင်သူများ၏ စေတနာနှင့် အနစ်နာခံမှုကြောင့် ဖြစ်ပေါ်လာသည်က များသည်။ ရေရှည်တည်တံ့ရေးနှင့် စာဖတ်သူများကို ဆွဲဆောင်နိုင်အားကတော့ အများအားဖြင့် နည်းပါးလှပေသည်။ စာကြည့်တိုက်ဖွင့်ခြင်းနှင့် စာဖတ်ခြင်းကို နည်းမျိုးစုံဖြင့် တားဆီးပိတ်ပင်ခံခဲ့ရခြင်း၏ ဆိုးကျိုးများဟုလည်း ဆိုနိုင်သည်။ အမျိုးသားရေးအသိစိတ်ဓာတ်၊ အမျိုးသားရေးအမြင်၊ အမျိုးသားရေးဦးတည်ချက်အနေဖြင့် အစိုးရက အားကြိုးမာန်တက် ဦးဆောင်ကြိုးပမ်းမှသာ အောင်မြင်ပေါက်ရောက်နိုင်ပါလိမ့်မည်။
ဥရောပရှိစာကြည့်တိုက်အတော်များများကို ရောက်ဖူးသည်။ ရောက်သည့်စာကြည့်တိုက်တိုင်းတွင် ထူးခြားပြီး အံ့သြမင်သက်ဖွယ်များစွာကို တွေ့မြင်သိရှိခံစားရမြဲဖြစ်သည်။ စာကြည့်တိုက်အတွင်း စာဖတ်၍အဆင်ပြေအောင် အပြင်အဆင်များများ ကောင်းမွန်သည်။ စာအုပ်များကိုလည်း သူ့အမျိုးအစားအလိုက် စနစ်ကျစွာ ထားရှိသည်။ စာအုပ်များသာမက ကွန်ပြူတာဖြင့် ဖတ်၍ရအောင်လည်း ကွန်ပြူတာများ ထားရှိပေးထားသည်။
ကလေးများစာကြည့်တိုက်အတွင်း ပျော်ရွှင်ဖွယ်ဖြစ်အောင် ကလေးကစားကွင်းလည်း ထားရှိပေးသည်။ ကလေးများ ဂိမ်းဆော့ရန်အတွက်လည်း ကွန်ပြူတာများ၊ တတ်ဘလက်လေးများ ထားရှိသည်။ ကလေးများအတွက် ရောင်စုံစာအုပ်များ၊ အရုပ်ဖြတ်ဆက်ပုံးများ၊ ဂိမ်းစီဒီများ၊ ကစားနည်းအမျိုးမျိုး၊ ရုပ်ပုံအမျိုးမျိုးကို စနစ်တကျ စီစဉ်ထားပေးသည်။ ဝန်ထမ်းမလိုဘဲ စက်ဖြင့်လည်း စာအုပ်ငှါးနိုင်သည်။ စာအုပ်တွင် ပါဝင်သော ဘားကုဒ်လိုအရာကို စက်အတွင်းမှ ရောင်ခြည်အောက်တွင် ထားပေးလိုက်ရုံသာဖြစ်သည်။ ပြန်ပို့သည့်အခါတွင်လည်း စက်အတွင်း ထည့်လိုက်ရုံသာဖြစ်သည်။ စာကြည့်တိုက်ကို ၂၄ နာရီ ဝင်ကြည့်နိုင်အောင်လည်း စီစဉ်ပေးထားတတ်သည်။ စာကြည့်တိုက်အတွင်း မီးများကိုတော့ လူလာလျှင် မီးပွင့်ပြီး လူက ငြိမ်သွားလျှင် မီးပြန်မှိတ်သွားသောစနစ်ကို အသုံးပြုထားတတ်ကြသည်။ ထိုကဲ့သို့ ငယ်စဉ်ကတည်းက စာဖတ်ကျင့်ရအောင် ပြုစုပျိုးထောင်ခဲ့ကြသဖြင့် ရောက်လေရာရာ ရထားပေါ်၊ ကားပေါ်၊ ပန်းခြံစသည်တို့တွင် စာဖတ်နေကြခြင်း ဖြစ်သည်ဟု ယူဆမိသည်။ သူတို့ဆီတွင် စာအုပ်စာပေ၏တန်ဖိုးကို အလေးထားတတ်ခြင်း၊ စာရေးဆရာများကို အထင်ကြီးလေးစားခြင်း စသည်တို့မှာလည်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးများပင် ဖြစ်ပေလိမ့်မည်။
စာရေးသူတို့ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ခေတ်မီအောင် မပြုလုပ်နိုင်ကြသေးလျှင်သော်မှ စာရေးဆရာများနှင့်အသိပညာရှင်၊ အတတ်ပညာရှင်များက စာကြည့်တိုက်များ၏ အရေးပါမှုကို သိမြင်သဘောပေါက်အောင် အသိအမြင်ပေးခြင်းများ ပြုလုပ်သင့်ကြပါသည်။ လူမျိုးတင့်ဖို့ စာဖတ်ကြရပါမည်။ စာဖတ်ဖို့ စာကြည့်တိုက်များ ရှိရပါမည်။ စာကြည့်တိုက်များရှိဖို့ စာကြည့်တိုက်များ၏ အရေးပါမှုကို သိမြင်သဘောပေါက်သောခေါင်းဆောင်များ လိုပါသည်။
ယနေ့မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများ ဖတ်သော စာပေများကိုကြည့်လျှင် ချစ်ကွဲညားဝတ္ထုများ၊ ဟာသစာအုပ်များနှင့် ဘာသာရေးစာအုပ်များကသာ နေရာယူထားသည်။ ချစ်ကွဲညားဝတ္ထုများ၊ ဟာသစာအုပ်များ ဖတ်ခြင်းဖြင့် အကျိုးမရှိဟု မဆိုနိုင်သော်လည်း အသိအမြင်၊ အတွေးအခေါ်၊ အထွေထွေဗဟုသုတအတွက် အကျိုးမများဟု ဆိုချင်သည်။ ဘာသာရေးစာအုပ်များကတော့ စိတ်ချမ်းသာဖို့၊ စိတ်အေးချမ်းဖို့ကလွဲပြီး အကျိုးမများပါ။ အဆိုပါစာပေအမျိုးအစားများသည် ကမ္ဘာကြည့် ကြည့်မြင်ဖို့အတွက် အထောက်အကူ မရှိသလောက် နည်းပါသည်။ စာကြီးပေကြီးများ ဖတ်ဖို့ လိုပါသည်။ ဂန္ထဝင်စာပေများ လေ့လာဖို့ လိုပါသည်။ မိမိတို့နိုင်ငံသမိုင်း၊ ကမ္ဘာ့သမိုင်းများကို ဖတ်ဖို့ လိုပါသည်။
စာမဖတ်လျှင် ဗဟုသုတမရှိနိုင်။ စာမဖတ်သော၊ ဗဟုသုတမရှိသောပြည်သူများသည် စိတ်ထားဆိုးညစ်သောအုပ်ချုပ်သူများ၏ အလိမ်အညာအလှည့်အဖျားကို ခံရနိုင်သည်။ ဘာသာရေးဖြင့် လှည့်စားနိုင်သည်။ နိုင်ငံရေးဖြင့် လှည့်စားနိုင်သည်။ လူမျိုးရေးဖြင့် လှည့်စားနိုင်သည်။ စာဖတ်သော၊ ဗဟုသုတရှိသောပြည်သူများဖြစ်လျှင် အလိမ်အညာအလှည့်အဖျားများကို နားလည်သဘောပေါက်နိုင်သည်။ သို့ဖြစ်၍ စာကြည့်တိုက်များနှင့်စာဖတ်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ကို ပညာရှိနည်းဖြင့် ပုံဖော်နေခြင်းဟုဆိုချင်ပါသည်။ စာဖတ်သူများကသာ နိုင်ငံ၏အနာဂတ်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပြီး စာမဖတ်၊ ဗဟုသုတမရှိသောသူများကတော့ အလိမ်အညာ လှည့်ကွက်များအောက်ဝယ် စမ်းတဝါးဝါးသာ ဖြစ်နေပေလိမ့်မည်။
ဒိန်းမတ်နိုင်ငံ၊ ရွာတစ်ရွာက စာကြည့်တိုက်ကို ရောက်ရှိစဉ်က တွေးမိခံစားမိသော အတွေ့အကြုံလေးများကို ဆောင်းပါးအသွင် ချရေးမိခြင်း ဖြစ်ပါသည်။ “နေပျော်သောဝန်းကျင်၊ နေပျော်သောဘဝတွေ တည်ဆောက်ဖို့ စာတွေ ဖတ်ကြစို့”ဟု တိုက်တွန်းချင်ပါသည်။
အရှင်ကုသလသာမိ
Saturday, May 7, 2016
ဗုဒ္ဓဘုရားရှင်၏ မွေးနေ့ပွဲ ကျင်းပမည်
.......................................................
ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ …. ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝက ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းတွင် ဗျာဒိတ်ခံယူတော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသော သဗ္ဗညု ဘုရားအဖြစ်သို့ ရောက်တော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ ဘုရားအဆူဆူတို့၏ ဖြစ်တော်စဉ်များ ပါရှိသည့် မဟာဗုဒ္ဓဝင် ဟောတော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံ တော်မူခြင်းကို အာရုံပြု၍လည်းကောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို ကမ္ဘာ့နေရာအနှံ့အပြားတွင် ဆင်ယင်ကျင်းပလျက်ရှိပါသည်။
ထို့အတူ ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်များသည်လည်း ဖရန့်ဖွတ် မြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့ကြပါသည်။ ဤနှစ်တွင်လည်း ဖွား,ပွင့်,ဟော,စံ,ဗျာဒိတ်ခံဟူသော ဖြစ်တော်စဉ်ကြီးများကို စိတ်မှာ အာရုံပြုလျက် ဗုဒ္ဓနေ့ပွဲတော်ကို စီစဉ် ကျင်းပသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများသည် မြတ်ဗုဒ္ဓ ၏ဖြစ်တော်စဉ်ကြီးများကို စိတ်မှာ ထုံလျက် ဗုဒ္ဓနေ့ပွဲတော်ကို ကုသိုလ်သဒ္ဓါဖြစ်ရေး စိတ်မှာတွေးကာ ပါဝင် ဆင်နွှဲကုသိုလ်ယူနိုင်ကြပါကြောင်း အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်။
နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ်၊ မေလ ၂၂ ရက်၊ တနင်္ဂနွေနေ့
အစီအစဉ်
မနက် ၁ဝး ဝဝ .............................. အခမ်းအနားပြင်ဆင်ခြင်း
မနက် ၁ဝး ၃ဝ .............................. သံဃာတော်များအား စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းခြင်း
မနက် ၁၁း ၃ဝ .............................. ဧည့်ပရိသတ်များအားလုံး နေ့လည်စာ စားသောက်ခြင်း
နေ့လယ် ၁း ဝဝ ............................. အခမ်းအနား စတင်ခြင်း (သီလပေး၊ ရေစက်ချ၊ တရားနာခြင်း)
ညနေ ၃း ဝဝ …………………………. အခမ်းအနားပြီးဆုံးခြင်း
လှူဒါန်းနိုင်သည့်အရာများ ...............
အခမ်းအနားတွင်
- သံဃာတော်များအတွက် ဆွမ်းအလှူ၊ ဆွမ်းဟင်းအလှူ၊
- ကြွရောက်လာမည့် မြန်မာမိသားစုဝင်များအတွက် အစားအသောက်အလှူ၊
- သံဃာတော်များအတွက် ဘေသဇ္ဇဒါန (ကျန်းမာရေးအာမခံ)အလှူ၊
- ကျောင်းဖြစ်မြောက်ရေးအလှူ ....
စသည်ဖြင့် မိမိတို့ အားသန်ရာ၊ သဒ္ဓါပေါက်ရာအလှူဒါနများကို ပြုလုပ်နိုင်ကြပါသည်။
ဆွမ်းဟင်း၊ ဘောဇဉ်၊ အချိုရည် အလှူရှင်များအနေဖြင့် ကြိုတင်စာရင်းပေးလှူဒါန်းနိုင်ပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။
ကျင်းပမည့်နေရာ ......................
Saalbau Gutleut ခန်းမ,
Rottweiler Straße 32,
60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz
မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ခြမ်းသို့ ကူးလျှင် Gutleutstr. ကိုတွေ့ပါမည်။
Rottweiler Straße 32,
60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz
မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ခြမ်းသို့ ကူးလျှင် Gutleutstr. ကိုတွေ့ပါမည်။
Friday, November 20, 2015
ကထိန်အလှူတော်မင်္ဂလာ ဖိတ်ကြားခြင်း
ကထိန်အလှူတော်မင်္ဂလာ ဖိတ်ကြားခြင်း
.........................................................
အလှူမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်၊ ရတနာမှာ စိန်၊ ကျောင်းမှာ သိမ် ဟူသော ဆိုရိုးစကားအတိုင်း အလှူတကာ့အလှူတို့တွင် ကထိန်အလှူသည် အမြတ်ဆုံးအလှူဟု ရှင်တော်ဘုရား ဟောကြားထားသည်။ထိုသို့ မြတ်စွာဘုရားရှင် ဟောကြားထားသည့်အတွက် ကျွန်ုပ်တို့ ဓမ္မဒူတမြန်မာကျောင်းကလည်း နှစ်စဉ်နှစ်တိုင်း ကထိန်အလှူပွဲတော်ကို ဆင်ယင်ကျင်းပခဲ့ကြသည်။
ထိုသို့ နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှာ တစ်ကြိမ်တစ်ခါ ပြုလုပ်ကျင်းပလေ့ရှိသော ကထိန်ပွဲအချိန်အခါ ကျရောက်လို့ လာခဲ့ပြန်ပါပြီ။ ဒီနှစ်အချိန်အခါ ကထိန်ပွဲတော်ကိုလည်း ယခင်နှစ်များလို ပါဝင်ဆင်နွှဲပြီး ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကထိန်အလှူရှင်များ
၁။ မမာလာမြင့် (၂၅ ယူရို) နှင့် သင်္ကန်းတစ်စုံ
၂။ ကိုရောဘတ်ဦး (၂ဝ ယူရို)
အထွေထွေအလှူရှင်များ
၁။ .ကိုဖြူခိုင် (ဆန်တစ်အိတ်)
ကျင်းပမည့်နေ့ရက် ............... ၂၉ ရက် နိုဝင်ဘာ ၂ဝ၁၅၊ တနင်္ဂနွေနေ့
နေရာ ......................Saalbau Gutleut ခန်းမ,Rottweiler Straße 32,60327 Frankfurt am Main Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။ မှတ်တိုင် Baseler Platz
အခမ်းအနားအစီအစဉ် .............
နံနက် ၁၀ နာရီခွဲ .......... ဆွမ်းပွဲများပြင်ရန် ခန်းမသို့ အရောက်လာကြပါရန်
နံနက် ၁၁ နာရီ ........ ဗုဒ္ဓမြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်လှူပြီး သံဃာတော်များအား ဆွမ်းကပ်ခြင်း
နေ့လယ် ၁၂ နာရီ .......... ကြွရောက်လာသောတရားနာ အလှူ ရှင်ဓမ္မမိတ်ဆွေအပေါင်းအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း
နေ့လယ် ၁ နာရီခွဲ .......... သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူပြီး ပရိတ်တရားတော်နှင့် ကထိန်တရားတော်များ နာယူခြင်း ၊ ပဒေသာပင် နှင့်ကထိန်သင်္ဃန်းကပ်လှူ ခြင်း
နေ့လယ် ၃ နာရီ .............. စုပေါင်းအမျှဝေခြင်း နှင့် အခမ်းအနားပြီးဆုံးခြင်း
ဆွမ်းအလှူ ရှင်များ စာရင်း
၁။ ဒေါ်ခင်မာလွင် မိသားစု (ပဲကြီးနှပ်)
၂။ ခွန်လွန်းကျော် + နန်းသီလာ ၊သမီး ဆုလဒ်လွန်း ပဲပုတ်ငပိချက်
၃။ မစံပယ်လွင် ချဉ်ရည်ပာင်း
အချို ပွဲ အလှူ
၁။ ဦးလှစု + ဒေါ်စိုးစိုးသိမ်း မိသားစု (ကြက်ဥပူတင်း)
၂။ .................
သောက်ရေ ၊အအေးအလှူ ရှင်များ
၁။ မစံပယ်လွင်
ပန်းအလှ အလှူ ရှင်များ
၁။ ကိုဂျူးနီ + မမေမြတ်နိုး မိသားစု
နှစ်စဉ်ကျင်းပမြဲအတိုင်း- မြတ်စွာဘုရားရှင်နှင့်သံဃာတော်များအား ဆွမ်းအလှူဒါနတွင် ပါဝင်လှူဒါန်းခြင်း၊- ကထိန်သင်္ကန်းလှူဒါန်းခြင်း၊- ကြွရောက်လာသည့်သံဃာတော်များအတွက် နဝကမ္မနှင့် ခရီးစရိတ်များ လှူဒါန်းခြင်း၊- ဓမ္မဒူတမြန်မာကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် တတ်စွမ်းသမျှ ပါဝင်လှူဒါန်းခြင်း စသည့် ကောင်းမြတ်သည့် အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
Monday, January 5, 2015
စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၉)
ယခင်အပတ်မှ အဆက် .........
တိုင်းသူပြည်သားများကို ကျောသားရင်သား မခွဲခြားဘဲ၊ အာဏာရှိ,အာဏာမဲ့ မခွဲခြားဘဲ၊ ဆင်းရဲသား,ချမ်းသာသူ မခွဲခြားဘဲ အပြစ်နှင့်ထိုက်တန်စွာ တရားစီရင်ခြင်းများ မရှိသေးသရွေ့ “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု … သုခီ အတ္တာနံ ပရိဟရန္တု”ကို တစ်ထိုင်တည်း အကြိမ်တစ်သန်းရွတ်လည်း ကိုယ်စိတ်နှစ်ပါး မငြိမ်းချမ်းပါ၊ မချမ်းသာပါ။
ထို့ထက်ပိုရွတ်လည်း ရွတ်သူကတော့ သမာဓိရပြီး ငြိမ်းချမ်းချင် ငြိမ်းချမ်းမည်၊ တိုင်းပြည်ကတော့ ဘာမှ ထူးလာမည် မဟုတ်ပါ၊ ငြိမ်းချမ်းသော၊ အေးချမ်းသောတိုင်းပြည် ဖြစ်လာလိမ့်မည် မဟုတ်ပါ။
ဘုရားပေးသောနည်းလမ်းများကို လိုက်နာကျင့်သုံးမှုမရှိဘဲ "အေးချမ်းပါစေ" မည်မျှပင် မေတ္တာပို့နေသော်လည်း အေးချမ်းမှုက ရောက်ရှိလာမည်မဟုတ်ပါ။ အလုပ်မေတ္တာမပါဘဲ နှုတ်မေတ္တာသာ ပို့နေခြင်းသက်သက်သည် တစ်ခါတစ်ရံ မြတ်စွာဘုရားရှင်ကို စော်ကားနေခြင်းတစ်မျိုးဖြစ်သည်ဟုပင် ဆိုချင်သည်။
(၃၈)
“အရှင်ဘုရား … ခဏနေ ရောက်တော့မယ်ဘုရား”။ ကိုစိုးစိုးမောင် အသံကြားမှ ပတ်ဝန်းကျင်ကို သတိပြုမိသည်။ မိုးက အတော်လေး သည်းလာသည်။ ကားနောက်ခန်းက ဟောက်သံကြား၍ ကြည့်လိုက်သည့်အခါ ကိုစိုးစိုးမောင်၏ သမီးငယ်လေး ဟောက်နေသည်ကို တွေ့ရသည်။ အသက် ၅ နှစ်ခန့်သာ ရှိသော်လည်း လူကြီးတစ်ယောက်လို ထူးထူးခြားခြား ဟောက်တတ်နေသည်။ ခဏကြာတော့ ရွှေညဝါဆရာတော် တရားဟောနေသည့်အိမ်သို့ ရောက်သည်။ ဆရာတော်က တရားဟောနေပြီ။ ဆရာတော်နှင့်တပည့်ဦးသူရိယတို့က အပြုံးဖြင့် ဆီးကြိုသည်။ တရားပွဲက ညနေ ၄ နာရီခန့်ကျမှ ပြီးသည်။
အမြဲတမ်း ရွှင်လန်းတက်ကြွနေသော ကပ္ပိယပြောင်ကြီးခေါ် ကိုမောင်မောင်သိန်းတို့ ဇနီးမောင်နှံလည်း အပြုံးမပျက်။ ဆရာတော့်တရားပွဲတွင် ရပ်ဝေးရပ်နီးမှ မြန်မာအယောက် ၄ဝ ခန့် တရားနာလာကြသည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံး သံဃာတစ်ပါးမျှ မရှိသဖြင့် ဆရာတော်များကို ဖူးတွေ့ရသဖြင့် အားလုံး ပျော်ပျော်ပါးပါး တက်တက်ကြွကြွ ဖြစ်နေကြသည်ကို တွေ့ရသည်။ တရားပွဲပြီးသောအခါ တစ်ညတာ ခိုနားမည့် ကိုဘလိုင်၏အိမ်သို့ ထွက်ခွါရန် ပြင်ဆင်ကြသည်။
မထွက်ခွါမီ နော်ဝေသို့ သွားမည့်ခရီးစဉ်ကို ဆွေးနွေးကြသည်။ အင်တာနက်မှ သင်္ဘောလက်မှတ်များ ဖြတ်ကြသည်။ ဒိန်းမတ်မိုးက သဲကြီးမဲကြီး ရွာချလိုက်၊ ဖွဲဖွဲ ဖွဲဖွဲ ရွာနေလိုက်၊ လုံးဝရပ်သွားလိုက်။ ရွှေညဝါဆရာတော်နှင့်စာရေးသူတို့အားလုံး ကားလေးဖြင့် ကိုဘလိုင်တို့အိမ်သို့ သွားခဲ့ကြသည်။
(၃၉)
မိနစ် ၄ဝ ခန့်ကားမောင်းပြီးသောအခါ ကိုဘလိုင်တို့ အိမ်သို့ ရောက်သည်။ ဆရာတော်များအတွက် ထပ်ခိုးလေးတွင် နေရာချထားသည်။ ထပ်ခိုးဆိုသော်လည်း ဥရောပအိမ်များ၏ထုံးစံအတိုင်း နေပျော်ဖွယ်ရှိပါသည်။
ဤနိုင်ငံတွင် မည်မျှဆင်းရဲသည့်မိသားစုပင် ဖြစ်စေ မိသားစုနေဖို့ မသင့်တော်သော အလွန်သေးငယ်ကျဉ်းမြောင်းသောအိမ်များနှင့် နေခွင့်မပြုဟု ဆိုသည်။ တစ်ဦးတစ်ယောက်သမားဆိုလျှင် တစ်ဦးတစ်ယောက်သမားနှင့် သင့်လျော်သည့်အိမ်မျိုးတွင်သာ နေနိုင်သည်။ မိသားစုဆိုလျှင် မိသားစုနှင့်သင့်တော်သောအိမ်မျိုးတွင်သာ နေရသည်။ ကိုဘလိုင်တို့မှာ မိသားစုဖြစ်သဖြင့် အပေါ်ထပ်၊ အောက်ထပ် ရေချိုးခန်း၊ အိမ်သာ၊ မီးဖို၊ ဧည့်ခန်း၊ အိပ်ခန်း စသဖြင့် အပြည့်အစုံ ရှိသည်။
စာရေးသူတို့ အထပ်နံရံများတွင် ၈ လေးလုံးအမှတ်တရ ပန်းချီများ၊ ဓာတ်ပုံများ၊ ရွှေဝါရောင်လှုပ်ရှားမှုပုံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံများနှင့် NLD ပုံများ အပြည့်ကပ်ထားသည်။ ထူးထူးခြားခြား ဦးသန်းရွှေပုံကို ဟစ်တလာနှုတ်ခမ်းမွေးတပ်ပြီး အောက်တွင် စာရေးထားသော ဓာတ်ပုံကိုလည်း ရယ်ရွှင်ဖွယ် တွေ့ရသည်။ ခဏနားပြီးသောအခါ ဗဟုသုတအနေဖြင့် ရှော့ပင်းစင်တာတစ်ခုသို့ လိုက်ပြသည်။
ရာသီဥတုအေးသဖြင့် ဦးသူရိယနှင့်အတူ ဆွယ်တာဝယ်ဖို့ လိုက်ရှာသည်။ လူကြီးများဝတ်သောဆွယ်တာများမှာ စာရေးသူတို့နှင့် မည်သို့မျှ ဝတ်မဖြစ်ပါ။ သို့ဖြင့် ၁၃ နှစ်သားများအတွက်ဟူသော စာတန်းချိတ်ထားသောနေရာမှ ဆွယ်တာများကို ဝယ်ခဲ့ရသည်။ သူတို့အတွက် ၁၃ နှစ်သားဆွယ်တာသည် စာရေးသူနှင့် အံကိုက်ဖြစ်နေသည်။ ရှမ်းဒကာလေးက ဆွယ်တာဖိုး လှူသည်။ တယ်လီနောကုမ္ပဏီအရောင်းစင်တာတစ်ခုကိုလည်း စင်တာအတွင်း တွေ့ခဲ့ရသည်။
(၄ဝ)
မြို့တွင်းရှိ လူများ သွားလာလှုပ်ရှားနေကြပုံမှာ အလွန်အေးဆေးလွန်းသည်ဟု ထင်သည်။ စာရေးသူတွေ့ဖူးသည့် ပြာယာခတ်ကာ ခပ်သုတ်သုတ်သွားလာနေကြသော စင်္ကာပူမှ လူများ၊ ဂျာမနီမှ လူများနှင့်လည်း မတူဟု ထင်သည်။ နိုင်ငံက ကျယ်ပြီး လူဦးရေနည်းပါးခြင်း၊ စားဝတ်နေရေးအတွက် ကြောင့်ကြကင်းခြင်း စသည်တို့ကြောင့် ဖြစ်ဟန်ရှိသည်။
ဒိန်းမတ်တွင် လူဦးရေ စုစုပေါင်း ၅ သန်းကျော် ၆ သန်းခန့်သာ ရှိသည်။ အများစုကိုးကွယ်သည့် ခရစ်ယာန်လူသာရင်ဂိုဏ်းကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသည်။ လူဦးရေ၏ ၈ဝ% ရာခိုင်နှုန်းမှာ ခရစ်ယာန်များဖြစ်ပြီး မွတ်စလင်က ဒုတိယအများဆုံး ဖြစ်သည်။ ၄% ရာခိုင်နှုန်းခန့်ရှိသည်။
မူလခရစ်ယာန်အဖြစ်မှ မွတ်စလင်များဖြစ်သွားခြင်း မဟုတ်ဘဲ စီးပွားရေးအရ၊ နိုင်ငံရေးအရ ခိုလှုံလာကြသူများ ဖြစ်သည်ဟု ဆိုသည်။ အခြားဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာတို့လည်း အနည်းငယ်ရှိသည်။
အခြားနိုင်ငံများ အထူးသဖြင့် တူရကီ၊ ယူဂိုဆလားဗီးယား၊ ပါကစ္စတန်၊ မော်ရိုကို၊ အီရက်၊ အီရန်၊ လစ်ဘနွန်၊ ဆိုမာလီယာ၊ သီရိလင်္ကာနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံရေးခိုလှုံလာကြသူများ မြောက်မြားစွာ ရှိသည်။ ၁ သန်းဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။
ခိုလှုံလာကြသူများအနက် ဗီယက်နမ်တစ်နိုင်ငံတည်းမှ ခိုလှုံလာကြသူများသာ ဗုဒ္ဓဘာသာဖြစ်ဖို့၊ ခရစ်ယာန်ဖြစ်ဖို့ အလားအလာရှိသည်။ ကျန်သည့်နိုင်ငံများမှ ခိုလှုံလာကြသူများမှာ မွတ်စလင်များသာ ဖြစ်ကြသည်။ မြန်မာနိုင်ငံက နိုင်ငံရေးခိုလှုံကြသူများကား အနည်းငယ်မျှ (ထောင်ဂဏန်းသာသာ)သာ ရှိပေသည်။
အဆိုပါ ထောင်ဂဏန်းတွင်လည်း ချင်း၊ ကချင် စသည့် ခရစ်ယာန်ဘာသာဝင်များကသာ အများစု ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ကတော့ အနည်းငယ်သာ ရှိသည်။ ဤနေရာမှာတော့ လူ့အခွင့်အရေးသမားဆိုသူများကို ပြောစရာရှိလာပါသည်။ လွတ်လပ်ခွင့်၊ တန်းတူညီမျှရေး သို့မဟုတ် လူ့အခွင့်အရေးကို လက်ကိုင်ပြုနေသည်၊ ရှေ့တန်းတင်ထားသည်ဟု မည်မျှပင် ကြွေးကြော်နေပါစေ စစ်အစိုးရနှင့်မခြား ဖောက်ပြားနေသူများ များစွာရှိပါသည်။
ဒုက္ခသည်ချင်းအတူတူ ချင်းမဟုတ်လို့ ခရစ်ယာန်မဟုတ်လို့ အခွင့်မရကြရှာသော ဗမာလူမျိုးများ၊ ဗုဒ္ဓဘာသာများကို အခွင့်အရေး မပေးချင်ကြပေ။ တတိယနိုင်ငံရောက် မြန်မာအများစုမှာ ဗုဒ္ဓဘာသာက ၃ဝ ဦးဆိုလျှင် ခရစ်ယာန်က ၃ဝဝ ဦးလောက်ရှိသည်။ ထို့ထက်ပင် ကွာဟများနိုင်စရာရှိပါသည်။ ပညာသင်ဆုပေးသည့်နေရာတွင်လည်း ဘာသာရေးခွဲခြားမှုက ရှိနေပါသည်။
လူ့အခွင့်အရေးနှင့်တရားမျှတရေးဆောင်ပုဒ်များ ကိုင်ဆောင်ထားသူများ၏ ဘာသာရေး၊ လူမျိုးရေးဘက်လိုက်မှုများကို တတိယကမ္ဘာရောက် မြန်မာများ၏အခြေအနေက မီးမောင်းထိုးပြနေသည်ဟု ဆိုချင်သည်။
တတိယနိုင်ငံများသည် ယခင်အချိန်များက စစ်ပွဲများကြောင့်သော်လည်းကောင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းကြောင့်သော်လည်းကောင်း၊ တင်းကျပ်သောလူမှုအဖွဲ့အစည်းမှ ရုန်းထွက်လိုခြင်းကြောင့်သော်လည်းကောင်း မွတ်စလင်တိုင်းပြည်များမှ ဒုက္ခသည်များကို ရက်ရက်ရောရော ကြည်ကြည်ဖြူဖြူ လက်ခံပြီး ကျွေးမွေးပေးကမ်းထောက်ပံ့လာခဲ့သည်။
ယနေ့အချိန်အထိ ဆိုမာလီယာနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများမှ မွတ်စလင်များ တဖွဲဖွဲ ရောက်ရှိနေကြဆဲပင် ဖြစ်သည်။ ယခုအချိန်မှာကား အစိုးရ၏ ထိုပေါ်လစီကို မေးခွန်းထုတ်သူများ တဖြည်းဖြည်း များလာပြီဟု ဆိုသည်။
မွတ်စလင်တိုင်းပြည်များ၏အန္တရာယ်ကို တစ်ကမ္ဘာလုံး ကြောက်လန့်နေကြပါလျှက် အဘယ့်ကြောင့် မွတ်စလင်များကို ခိုလှုံခွင့်ပေးလေသနည်း။
မွတ်စလင်တိုင်းပြည်များ၏အန္တရာယ်ကို တစ်ကမ္ဘာလုံး ကြောက်လန့်နေကြပါလျှက် အဘယ့်ကြောင့် မွတ်စလင်များကို ခိုလှုံခွင့်ပေးလေသနည်း။
အတော်များများကို မေးကြည့်ဖူးသည်။ ကျေနပ်လောက်သည့် အဖြေမရပါ။ အမှန်တကယ်ပင် မေတ္တာ၊ ကရုဏာတရားများ ထားရှိကြခြင်းကြောင့်လော။ မသေချာပါ။ မသေချာသော်လည်း သူတို့တိုင်းပြည်များ၏ လုပ်ရပ်များကတော့ ဗြဟ္မစိုရ်တရားများ၏ ထင်ဟပ်ချက်များနှင့် တူနေသည်ကိုကား မည်သူမျှ ငြင်းရမည် မထင်ပါ။ စာရေးသူလည်း ဤကိစ္စကို အဖြေရှာကြည့်ဖူးသည်။
မသေချာမှုများထဲက မြန်မာဒကာတစ်ဦး၏ အဖြေတစ်ခုကိုတော့ စဉ်းစားစရာဖြစ်သည်။ မွတ်စလင်တိုင်းပြည်များ၏အန္တရာယ်ကို ကြောက်ခြင်းကြောင့်သာလျှင် မွတ်စလင်များကို လက်ခံနေခြင်းဖြစ်သည်ဟူသော အမြင်ဖြစ်ပါသည်။
တစ်နေ့နေ့ တစ်ချိန်ချိန် ကမ္ဘာကြီးတွင် မွတ်စလင်များနှင့်အခြားလူသားများ စစ်ပွဲကြီးများ အကြီးအကျယ် ဖြစ်လာနိုင်စရာ ရှိသည်။ ထိုအချိန်မျိုးအတွက် ကြိုတင်ပြင်ဆင်ခြင်းပေလော။ သူ့အတွေးမျှသာ ဖြစ်သည်။ မသေချာပါ။
တစ်နေ့နေ့ တစ်ချိန်ချိန် ကမ္ဘာကြီးတွင် မွတ်စလင်များနှင့်အခြားလူသားများ စစ်ပွဲကြီးများ အကြီးအကျယ် ဖြစ်လာနိုင်စရာ ရှိသည်။ ထိုအချိန်မျိုးအတွက် ကြိုတင်ပြင်ဆင်ခြင်းပေလော။ သူ့အတွေးမျှသာ ဖြစ်သည်။ မသေချာပါ။
ဘာသာတရားကို အလေးအနက်မထားလိုတော့သော ဥရောပသားတို့၏ စိတ်ကူးစိတ်သန်းကြောင့်ဟုလည်း ဆိုလျှင် ဆိုနိုင်စရာအကြောင်းများ ရှိနေသည်။ ဒုက္ခသည်အဖြစ်ရောက်လာသည်နှင့် ဥရောပယဉ်ကျေးမှုကို နည်းအမျိုးမျိုးဖြင့် ပုံစံသွင်းသည့်အနေအထားများ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။
အခြားအကြောင်းတစ်ခုကတော့ အောက်ခြေလုပ်ငန်းများ လုပ်မည့် အလုပ်သမားလူတန်းစား လိုအပ်ချက်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူတို့နိုင်ငံသားများ အများစုမှာ ပညာတတ်၊ လူချမ်းသာများ ဖြစ်ကြသည့်အတွက် အောက်ခြေအလုပ်များကို မလုပ်ချင်ကြသည့်အတွက် ထိုအလုပ်များ လုပ်ကိုင်နိုင်မည့် အခြားနိုင်ငံသားများကို ခေါ်သွင်းကြဟန်ရှိသည်။
(၄၁)
ဒိန်းမတ်နိုင်ငံ လူဦးရေ ၈ဝ ရာခိုင်နှုန်းက ခရစ်ယာန်များ ဖြစ်သည်ဟု စာရင်းဇယားအရ ဆိုသော်လည်း ယနေ့အချိန်တွင် မိရိုးဖလာမျှသာ ကျန်ရှိတော့သည်ကို တွေ့ရသည်။ ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူအတွက်ဆိုလျှင် ဝမ်းနည်းဖွယ်ပင် ကောင်းလှသည်။
၂ဝ၁ဝ ခုနှစ်တွင် ပညာရှင်များ စုပေါင်းပြီး စစ်တမ်းတစ်ခု ကောက်ယူခဲ့ဖူးသည်။ အဆိုပါ စစ်တမ်းအရ … ၂၈ ရာခိုင်နှုန်းသော ဒိန်းမတ်ပြည်သူများကသာ ထာဝရဘုရားကို ယုံကြည်သည်။ ၄၇ ရာခိုင်နှုန်းက ဘဝကိုတွန်းအားပေးနေသော တစ်စုံတစ်ရာ သို့မဟုတ် စွမ်းအားတစ်ခုရှိသည်ကို ယုံကြည်သည်။ ၂၇ ရာခိုင်နှုန်းက ထာဝရဘုရားလည်း မယုံကြည်၊ စွမ်းအားတစ်ခုခုရှိသည်ဆိုတာကိုလည်း မယုံကြည်ဟု ဆိုသည်။ ဘာသာမဲ့များကလည်း တဖြည်းဖြည်း တိုးပွားလာသည်ဟု ဆိုသည်။
အချို့တက္ကသိုလ်ဝန်းကျင်မှ ပါမောက္ခများ၊ သိပ္ပံပညာရှင်များနှင့် ပညာတတ်များကတော့ ဗုဒ္ဓဘာသာကို တဖြည်းဖြည်း စိတ်ဝင်စားလာကြသည်ဟု ဆိုသည်။
........................
ဆက်လက်ဖော်ပြပါမည်
.........................................
ဆက်လက်ဖော်ပြပါမည်
.........................................
အရှင်ကုသလသာမိ (အတည်မဲ့)
၂၇၊ ၁ဝ၊ ၂ဝ၁၄
၂၇၊ ၁ဝ၊ ၂ဝ၁၄
Subscribe to:
Posts (Atom)