A Buddhist Meditation Teacher and lecturer in Goethe Frankfurt University. Now living in Frankfurt, Germany. A founder of Dhammachaya Buddhist Center, Denmark.
Tuesday, April 29, 2014
အညတြ ခရီးသည်
(၁)
ဂျာမဏီကို ရောက်ပြီးကတည်းက ဆွမ်းခံထွက်တာနှင့်လမ်းလျှောက်သည်ကလွဲ၍ ခရီးဝေး တစ်ခါမှ မသွားရသေး။ အခု သွားမည့်သွားရတော့ တစ်ပါးတည်း။ ရထားခရီး။ ခရီးက နေ့ဝက်လောက်ကြာမည်။ ပိုဆိုးသည်မှာ ရထားက ၂ ဆင့်ပြောင်းစီးရမည်။ ရာသီဥတုက နည်းနည်းပူလာသည်။ ရောက်စက အနွေးထည် ၅ ထည်၊ ခြေအိတ် ၂ ထည်၊ သင်္ကန်း၊ ခြုံထည် စသဖြင့် အထူကြီး ဝတ်ထားရသည်။ အခုတော့ နည်းနည်းပူလာသဖြင့် (ဒီဂရီ ၁၅ ခန့်) အနွေးထည် ၂ ထည်သာ ဝတ်ဖြစ်သည်။
ဂျာမနီကိုယ်တော်က ရထားလက်မှတ်နှင့် မြေပုံစာရွက်ကြီး ယူလာသည်။ မင်း စိတ်လှုပ်ရှားနေပြီလားဟု ဆိုသည်။ ထုံးစံအတိုင်း နည်းနည်းမှ အလျှော့မပေးချင်တာနဲ့ အေးဆေးပါဟု ဖြေလိုက်သည်။ သူက ခရီးစဉ်အကြောင်း၊ ဟိုရောက်ရင် တည်းရမည့်နေရာအကြောင်း၊ ဟိုကျောင်းက သံဃာများ၏ ဝိနည်းစည်းကမ်း လိုက်နာကြပုံများအကြောင်း၊ ရထားပြောင်းစီးတဲ့အခါ တက်တက်ကြွကြွနဲ့ အခြားသူများကို မေးသင့်ကြောင်း … စသည်ဖြင့် အစစအရာရာ မှာနေခဲ့သည်။ သူ့ကို ဘယ်လိုပင် ပြောလိုက်ပြောလိုက်၊ မသွားဖူးသည့်ခရီး၊ အသွင်မတူ၊ အစားမတူ၊ အနေမတူ၊ အတွေးမတူ … ဘာဆိုဘာမျှ မတူသည့်အခြေအနေများအတွက် စိတ်လှုပ်ရှားနေသည်က အမှန်ပင် ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် ယခု သွားရမည့်နေရာသည် ရဟန်းတော်များ ကပ္ပိယမပါဘဲ ခရီးမသွားရပါ။ ကပ္ပိယမပါခဲ့သော် ငွေ ယူမလာရပါ။ ထို့ကြောင့် သူတို့ စည်းကမ်းကို လိုက်နာသည့်အနေဖြင့် ဘာငွေကြေးမှ ယူမလာခဲ့ပါ။ ငွေမပါသည့်အတွက် တစ်ခုခု ဖြစ်ခဲ့သော် ဥပမာ ရထားလွဲစီးပြီး နောက်ရထားတစ်စီးကို လက်မှတ်ဖြတ်ရမည်ဆိုသော် ဒုက္ခရောက်ဖို့ သေချာသလောက် ရှိသည်။ ငွေမပါဘဲ ခရီးရှည်မသွားဖူးသော မြန်မာရဟန်းတစ်ပါးအတွက် ဟာတာတာ ဖြစ်နေခဲ့သည်ကိုတော့ ဝန်ခံရပေလိမ့်မည်။
(၂)
ရထားက နေ့လည် ၁ နာရီ ခွဲ ထွက်မည်။ ၁ နာရီကျော်လောက်မှာ ဘူတာကို ရောက်သည်။ ဘူတာရောက်သည်နှင့် ဂျာမန်ရဟန်းက ငါ သွားတော့မယ်၊ ရမလားဟု မေးသည်။ အိုကေဟုသာ ပြောလိုက်သည်။ အမှန်မှာ ရထားရောက်လာသည်အထိ စောင့်စေချင်သည်။ ရထားထွက်သွားမှ ပြန်စေချင်သည်။ သို့ရာတွင် မြန်မာပီပီ အလျှော့မပေးချင်ပါ။ သူက မြန်မာလို ဆင်းရဲသားနိုင်ငံက လာတဲ့ စာရေးသူဟာ အစစအရာရာ အားငယ်လိမ့်မည်၊ စိတ်လှုပ်ရှားနေလိမ့်မည်၊ ကြောက်ရွံ့နေလိမ့်မည်၊ အခုသွားမည့်နေရာလို ဝိနည်းစည်းကမ်းတင်းကျပ်သောနေရာမှာလည်း အနည်းငယ် ဒုက္ခတွေ့လိမ့်မည်ဟု ထင်နေခဲ့သည်။
စာရေးသူကလည်း ပြောပြဖြစ်သည်။ အဲဒီကျောင်းက တင်းကျပ်တယ်ဆိုတာ ငါတို့ မြန်မာနိုင်ငံက စာသင်တိုက်အချို့ကို မမီပါဘူးဟု ပြောပြသည်။ သို့ရာတွင် သူက ယုံချင်သည့်လက္ခဏာမပြပေ။ ဘာပဲဖြစ်ဖြစ် ဘူတာမှာ စာရေးသူကို ထားခဲ့ပြီး သူ ပြန်သွားသည်။
အနီးစပ်ဆုံး ဘယ်သူ့ကို မိတ်ဖွဲ့ရမလဲ လိုက်ကြသည်။ ကပ္ပလီနှင့်ဂျာမန်သူစုံတွဲ၊ အဖိုးကြီးနှင့်အဘွားကြီးစုံတွဲ၊ ကျောင်းသူအရွယ်ကောင်မလေးတစ်ယောက်၊ အမျိုးသားတစ်ယောက်။ ကပ္ပလီစုံတွဲက ပတ်ဝန်းကျင်ကို လုံးဝဂရုစိုက်ပုံ မရ။ ကျောင်းသူမလေးနှင့်အမျိုးသားတစ်ယောက်ကတော့ စာရေးသူကို အနည်းငယ်သာ စောင်းကြည့်ပြီး ဖုန်းကလိနေကြသည်။ အဖိုးကြီးအဖွားကြီးတို့ကသာ စာရေးသူကို စိတ်ဝင်စားပုံ ရသည်။ ဒါကြောင့် သူတို့အနား ကပ်သွားပြီး နှုတ်ဆက်ဖြစ်သည်။ သို့ရာတွင် ကံမကောင်းခဲ့ပါ။ ဟလိုတစ်လုံးကလွဲပြီး အင်္ဂလိပ်လို လုံးဝပြောမရ၍ အားရပါးရပြုံးပြကာ အခြားတစ်ယောက်ဆီ သွားဖို့ ပြင်လိုက်သည်။
စုံတွဲဆီလည်း သွားလို့ မဖြစ်၊ ဖုန်းကလိနေသော ကောင်မလေးဆီလည်း သွားရမှာ တစ်မျိုးဖြစ်။ ဒါနဲ့ အမျိုးသားတစ်ဦးနား သွားပြီး ဟလိုဟု နှုတ်ဆက်လိုက်သည်။ သူက ဟလို နှုတ်ဆက်ရင်း လက်ကလည်း အားရပါးရ ဆွဲယမ်းနှုတ်ဆက်သည်။ သို့ရာတွင် သူလည်း အင်္ဂလိပ်လို မပြောတတ်။ ဘာပဲဖြစ်ဖြစ် သူက အတော်ခင်မင်ပုံရသဖြင့် သူ့နားမှာ ခဏထိုင်လိုက်သည်။
လက်ဟန်ခြေဟန်များဖြင့် စကားပြောကြသည်။ ကိုယ်သွားမည့် ခရီးစဉ်ကို လက်မှတ်ပြရင်း၊ မြေပုံပြရင်း သူ့ကို ပြောပြသည်။ သူကလည်း ဝမ်းသာအားရဖြင့် ရထား ဒုတိယအကြိမ် ပြောင်းစီးရမည့် ဘူတာအထိ သူလည်း လိုက်မှာဖြစ်ကြောင်း ပြောပြသည်။ စာရေးသူလည်း အတော်ဝမ်းသာသွားသည်။
သတ်မှတ်ထားသောအချိန်ထက် ၁ မိနစ်နောက်ကျပြီး ရထားရောက်လာသည်။ ရထားပေါ်တွင် ပထမတန်းနှင့်ဒုတိယတန်းဟု ၂ မျိုးသာရှိသည်။ ဒုတိယတန်းဆိုသော်လည်း ဆိုဖာနှင့်အတော်အတန်ကောင်းသော ခုံများ ဖြစ်သည်။ ရထားက အလုံဆိုတော့ အနည်းငယ် မွန်းကြပ်သလို ခံစားရသည်။ ရထားနံရံတွင် အပူပေးသံဇကာများကို တွေ့ရသည်။ ရထားက ၂/၃ မိနစ်ခန့်သာ ရပ်သည်။ ပြေးလမ်းပေါ်တွင် အရှိန်ဖြင့် မောင်းနှင်အားယူနေသော လေယာဉ်နှင့်တူလှသည်။
ရထားလမ်းဘေးဝဲယာတွင် စိမ်းလန်းစိုပြေလှသည်။ အိမ်များ၊ ဘုရားရှိခိုးကျောင်းများ၊ လမ်းများ၊ သစ်တောများ၊ စိုက်ခင်များ၊ ပန်းခင်းများဖြင့် အလွန်သာယာလှသည်။ ဟိုတုန်းက ကိုယ့်နိုင်ငံကို စိမ်းလန်းတဲ့မြေ စသည်ဖြင့် သီချင်းလုပ်ဆိုကြသည်။ သို့ပေတည့် အော် … တို့ဆီမှာ ဒီလောက် မစိမ်းလန်း၊ မလှပပါလားလို့ တွေးနေမိသည်။ လမ်းတစ်လျှောက် သွေ့ခြောက်သည့်နေရာဟူ၍ တစ်နေရာမှ မတွေ့ပါတကား။
ရထားပေါ်တွင် ဘူတာတွင် မိတ်ဆက်ခဲ့သူကို မင်းက ဘယ်ကလဲဟု မေးသည့်အခါ သူက ကမ္ဘာ့မြေပုံကြီးကို ထုတ်ကာ ပြသည်။ ကိုဆိုဗိုကဟု ဆိုသည်။ မင်းက မွတ်စလင်လားဟု စာရေးသူကို မေးသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဗုဒ္ဓဘာသာဟု မဖြေရဲပါ။ မွတ်စလင်မဟုတ်ဟုသာ ဖြေလိုက်သည်။ မွတ်စလင်မဟုတ်ဘဲ ဘာဖြစ်လို့ ခေါင်းပေါ်က အဝိုင်းကြီး ဆောင်းထားတာလဲတဲ့။ စာရေးသူဆောင်းခဲ့သော ခေါင်းစွပ်အသေးလေးကို ဆိုချင်ပုံရသည်။
လမ်းတစ်လျှောက်တွင် စာရေးသူက ရထားဘူတာများကို တစ်ခုပြီးတစ်ခု မှတ်သည်။ ရထားလက်မှတ်တွင်ပါသော ရထားဘူတာနာမည်များကို နိုင်ငံမြေပုံနှင့် တိုက်ကြည့်သည်။ ထိုကဲ့သို့ ခဏခဏ ကြည့်သည်ကို သူက စိုးရိမ်လို့ မြေပုံကြည့်သည်ထင်၍လား မသိ။ ဘာမှ မပူနဲ့၊ မင်း သွားမည့်နေရာကို ငါ သိတယ်။ အဲဒီရထားသွားတဲ့နေရာအထိ ငါ လိုက်ပို့မယ်၊ အဲဒီစာရွက်တွေကို ခဏခဏ ထုတ်မကြည့်နေပါနဲ့ဟု လက်ဟန်ခြေဟန်ဖြင့် ပြောပြသည်။ စာရေးသူကလည်း ငါ စိုးရိမ်လို့ မဟုတ်၊ ဗဟုသုတအဖြစ် ကြည့်ခြင်းဖြစ်ကြောင်း ပြောသော်လည်း နားမလည်၍ ထင်သည်၊ စာရွက်တွေကို သေချာခေါက်ပြီး စာရေးသူ၏ လွယ်အိတ်ထဲကို ထည့်လေသည်။
(၃)
၄၅ မိနစ်ခန့် ကြာသောအခါ ရထားပြောင်းစီးရမည့်ဘူတာသို့ ရောက်သည်။ သူကပင် လက်ဆွဲခေါ်လိုက်၊ လက်တို့ခေါ်လိုက် လုပ်သည်။ စာရေးသူက သေချာအောင် ဘူတာရဲများကို မေးမည်ပြုသောအခါ အတင်းဆွဲတားသည်။ မမေးနဲ့၊ ငါ့နောက်ပဲ လိုက်ဟု ဆိုသည်။ တစ်ခြားဗဟုသုတမေးချင်လို့ပါဟု ပြောသော်လည်း နားလည်ပုံမရ၊ ဒီနားမှာပဲ ရပ်နေ၊ ရထားက ဒီနား ရပ်မှာဟု ဆိုသည်။ ဘူတာတွင် ရထားများစွာ တန်းစီနေကြသည်။ အချို့ရထားများမှာ ၂ ထပ်ရထားများ ဖြစ်သည်။
တစ်ပါးတည်းခရီးသွားရသည်မှာ အနေခက်လှသည်။ ဘူတာမှာရော၊ ရထားပေါ်မှာပါ အတော်များများက အထူးအဆန်းသဖွယ် ကြည့်ကြသည်။ မီဒီယာခေတ်ဟု ဘယ်လောက်ပင်ဆိုဆို လက်တွေ့မြင်ရသောအခါ ဝတ်ပုံနေပုံက အတော်ပင် ထူးဆန်းနေပေလိမ့်မည်။ သတ်မှတ်ချိန်ရောက်သောအခါ ရထားဆိုက်လာသည်။ ဒီလိုနဲ့ နောက်ရထားပေါ် ရောက်သွားပြန်သည်။ အချိန်အလွန်တိကျသော ရထားများ ဖြစ်သည်။ နောက်ရထားပြောင်းစီးရမည့်ဘူတာရောက်ဖို့ ၂ နာရီကျော် အချိန်ကြာဦးမည်ဖြစ်သဖြင့် ခဏတာ မှေးဖို့ ပြင်လိုက်သည်။
(၄)
နောက် ၂ နာရီကျော် စီးပြီး သတ်မှတ်ချိန်ရောက်သည့်အခါ နောက်ထပ်ပြောင်းစီးရမည့်ဘူတာသို့ ဆိုက်လာသည်။ ဘူတာက ဆင်းဆင်းချင်း စာရေးသူနဲ့အတူ စီးလာသူက အတင်းဆွဲပြီး နောက်ရထားရှိသည့်ပလက်ဖောင်းသို့ ခေါ်သည်။ ဘာဖြစ်လို့ အမြန်ကြီး လုပ်နေတာလဲဟု မေးရာ သူကလည်း သူ့ဘာသာစကားဖြင့် ပြောရှာသည်။ သို့သော် ဘာမှ နားမလည်။ သူခေါ်ရာနောက်ကို လိုက်သွားလိုက်သည်။ စာရေးသူကို ရထားပေါ်ထိ လိုက်ပို့ပြီး ပွေ့ဖက်နှုတ်ဆက်သည်။ ပြီးလျှင် သူက အခြားရထားရှိရာသို့ ပြေးထွက်သွားလေသည်။ အဲဒီအချိန်ကျမှ သူ ဘာဖြစ်လို့ လောနေသလဲဆိုတာကို သဘောပေါက်သည်။
ဗုဒ္ဓဘာသာဘုန်းကြီး မမြင်ဖူးတဲ့ မွတ်စလင်တစ်ဦးနှင့် တွေ့ကြုံခဲ့ရပုံတစ်ခုကတော့ အမှတ်တရ ဖြစ်လှသည်။
နာရီဝက်ခန့် စီးပြီးသောအခါ စာရေးသူဆင်းရမည့်ဘူတာသို့ ဆိုက်သည်။ တောရကျောင်းက ဘုန်းကြီးနှင့် ဒကာတစ်ယောက်က အသင့်စောင့်နေသည်။ ရထားက ခဏလေး ငြိမ့်ရုံသာ ငြိမ့်သည်။ နှုတ်ဆက်ပြီးသောအခါ တောရကျောင်းလေးဆီသို့ ဦးတည်သွားကြသည်။ ဒါက ရွာဟု ပြောသည်။ သူတို့ ရွာကလည်း ရန်ကုန်က လမ်းမတွေထက် ညီညာသည်။ သန့်ရှင်းသည်။ ရွာက အိမ်တွေထဲ ကြည့်လိုက်သောအခါ နွားတွေ၊ ကျွဲတွေ မတွေ့ရဘဲ ထွန်စက်တွေ၊ ဇိမ်ခံကားတွေကိုသာ တွေ့ရသည်။
စိုက်ပျိုးရေးလုပ်သည့် တောသားကြီးများကို တွေ့ချင်လှပါဘိနှယ်။ ထင်းရူးတောတန်းများ၊ စိုက်ခင်းများ၊ ကျို့တို့ကျဲတဲ အိမ်ခြေအချို့ကို ဖြတ်သန်းပြီး ၁ဝ မိနစ်ခန့်ကြာသောအခါ တောရကျောင်းလေးကို ရောက်သည်။ ဟိုးကတည်းက ဗွီဒီယိုကလစ်လေးကို ကြည့်ဖူးထားသော နေရာလေးကို တွေ့ရသောအခါ ရင်ထဲတွင် ဝမ်းသာခြင်း၊ စိတ်လှုပ်ရှားခြင်းများ ဖြစ်ရသည်။
(အရှည်ကြီး ဖတ်ရတာ ပျင်းသွားမှာစိုးလို့ အပိုင်းခွဲပြီး တင်လိုက်တယ်။ စိတ်ဝင်စားရင် မျှော်စေသတည်း)။
Wednesday, April 23, 2014
ခဝါချခြင်း
ရန်ကုန်မှာ စတင်ဆွမ်းခံစဉ်က အသက် ၁၆ နှစ်။ ဆွမ်းခံထွက်ရတာ အလွန်ရှက်သည်။ နောက်ပိုင်း နေသားကျလာသည့်အခါမှသာ သွားရလာရ အဆင်ပြေသွားသည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ၆ နှစ်၊ သီရိလင်္ကာ ၂ နှစ်၊ မလေးရှားရောက်၊ ရန်ကုန်ပြန်ရောက် ၁ဝ နှစ်ကျော်လောက် ဆွမ်းမခံဖြစ်တော့။
အခု ဂျာမနီရောက်မှ ဆွမ်းခံဖြစ်ပြန်သည်။ ဂျာမနီတွင် ဆွမ်းခံရသည့် ခံစားချက်သည့် တကယ့်ကို ပြောမပြတတ်လောက်အောင် ထွေပြားသည်။ အမှန်အားဖြင့် ဂျာမနီတွင် သာမန်သင်္ကန်းရုံပြီး လမ်းသွားလျှင်တောင် လူများက ထူးထူးဆန်းဆန်း ကြည့်ကြသည်။
အခုတော့ ရှူးဖိနပ်၊ ခြေအိတ် ၂ ထပ်၊ ဆွယ်တာ ၅ ထပ်၊ ခေါင်းစွပ်များ ဝတ်ထားရသည့်အပြင် သင်္ကန်းကိုပါ မြန်မာဆန်ဆန် ရုံရသေးသည်။ သပိတ်ကြီးကိုလည်း လွယ်ထားရသေးသည်။ အများအမြင်တွင် မည်သို့များ ထင်လေမည်နည်း။
ကလေးများဆိုလျှင် ခပ်ဝေးဝေးရောက်သည်အထိ သမင်လည်ပြန် ကြည့်ကြသည်။ စိတ်ဝင်စားကြသည်။
အကြွေစေ့လေးများ ကိုင်ပြီး သပိတ်ပေါ်တင်ဖို့ ကြိုးစားလာတိုင်း ရင်ထဲတွင် တစ်မျိုးဖြစ်သည်။ ရှက်စိတ်လိုလို ဖြစ်လာတိုင်း သတိရမိတာတစ်ခုကတော့ ဘာကြောင့် မြတ်စွာဘုရားက ဆွမ်းခံဝတ်ကို မွန်မြတ်သောအလုပ်ဆိုပြီး ချီးမွမ်းခဲ့၊ အားပေးခဲ့သလဲဆိုတာကို သွားသတိရမိခြင်း ဖြစ်သည်။
မြတ်စွာဘုရားသည် အသိအမြင်ရဖို့၊ ဉာဏ်ပညာအဆင့်မြင့်ဖို့အတွက် အကြီးမားဆုံး အတားအဆီးမှာ မာနဖြစ်သည်ကို မြင်တော်မူသဖြင့် ဆွမ်းခံဝတ်ကို ဖြည့်ကျင့်စေခြင်းပင် ဖြစ်သည်။ မြတ်စွာဘုရားခေတ်ဆိုသည်မှာ အယူဝါဒမျိုးစုံ၊ အကျင့်မျိုးစုံ၊ အလှူခံမျိုးစုံ ပေါများသော ခေတ်ဖြစ်သည်။ အားလုံးက သူ့ဓာတ်ခံနှင့်သူ ကိုးကွယ်ကြခြင်းဖြစ်သည်။ ဆိုလိုသည်မှာ မြတ်စွာဘုရား ဆွမ်းခံဝတ်စတင်စဉ်က လောင်းလှူမည့်သူ၊ လောင်းလှူရကောင်းမှန်း သိသူ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။
မြတ်စွာဘုရား ဘုရားမဖြစ်မီ ရာဇဂြိဟ်ပြည်သို့ ဆွမ်းခံချိန်ကဆိုလျှင် အခု ဂျာမနီမှာ ဆွမ်းခံခြင်းထက် ပိုမိုထူးဆန်းနေလိမ့်မည်ဟု ခန့်မှန်းမိသည်။
ယနေ့ ကုန်တိုက်တစ်ခုရှေ့တွင် ၁ နာရီကျော်ခန့် ကြာသည်။ စာရေးသူကတော့ မေတ္တာကမ္မဋ္ဌာန်းပွားများလိုက်၊ ရှေ့တည့်တည့်က ကြွေပြားအဖြူလေးကို မမှိတ်မသုန် ကြည့်ရင်း ကသိုဏ်းဆန်ဆန် ရှုနေလိုက်ဖြင့် ရှက်စိတ်ကို ဖြေဖျောက်ရသည်။
အချို့ဆိုလျှင် ရေဗူးကတ်လိုက်ကြီးကို လူရှေ့ကို ဗုန်းဆို ပစ်ချပေးသွားသည်။ အချို့ဆိုလျှင် ကိတ်မုန့်တစ်ခုစီကို သပိတ်ပေါ်ကို မပြောမဆို အတင်းတင်ပေးသွားသည်။ အကြွေစေ့ လာလှူသူများ၊ အချို့ ယူရို ၁ဝ တန်၊ ၅ဝ တန် များ ကိုင်လာသူများ အတော်များများ တွေ့ရသည်။ မြန်မာနိုင်ငံက အချို့ကျောင်းတွေမှာလို ဖိုးသူတော်တစ်ပါးလောက် ခေါ်ထားပြီး ကပ္ပိယကာရကနှင့်အလှူငွေ လက်ခံတဲ့စနစ်ကျင့်သုံးရလျှင် ခရီးများ ပိုရောက်လေမလားဟု တွေးမိသောအခါ ကိုယ့်ကိုကိုယ် ပြုံးမိသည်။
ငွေ ယူလာသူတိုင်းကို ငွေ လက်မခံကြောင်း၊ ဗုဒ္ဓဘာသာရဟန်းဖြစ်ကြောင်း၊ အလှူပစ္စည်းကိုလည်း အများကြီး အလှူမခံကြောင်း၊ နေ့လယ်စာ စားလောက်လျှင် ပြန်မည်ဖြစ်ကြောင်း ရှင်းပြ၊ ပြောပြရသည်။ စိတ်ဝင်စားသူများ အတော်များသည်။ အသိဒကာမကြီးတစ်ယောက် ရောက်လာသဖြင့် မှတ်တမ်းတင်ထားနိုင်သည်။
အော် ဆွမ်းခံခြင်းဆိုတာ မာနတွေ ခဝါချရခြင်းပါလား။
အီစတာပွဲတော်ရက်မှာ
အီစတာပွဲတော်ရက်မှာ ကြက်ဥလေးတွေကို ဆေးရောင်စုံသုတ်ပြီး လာလှူကြတယ်။ သကြားလုံးရောင်စုံတွေရယ်။ ကျောင်းမှာတော့ ကြက်ဥပုံပေါ်မှာ ဘုရားဆင်းတုတော်ပုံကို ဆွဲထားပြတယ်။ အဓိပ္ပာယ်ကတော့ အဝိဇ္ဖာတည်းဟူသော ဥခွံကို မြတ်စွာဘုရားက ဖောက်ခွဲပြီးတော်မူပြီဆိုတဲ့ အဓိပ္ပာယ်ပါ။ လမ်းမှာ ဖြတ်သွားသူတွေက ရပ်ကြည့်ပြီး ဓာတ်ပုံလေးတွေ ရိုက်သွားကြတယ်။ ဗုဒ္ဓဘာသာအကြောင်းရေးထားတဲ့ လက်ကမ်းစာစောင်လေးတွေလည်း ဝေခွင့်ရခဲ့တယ်။
အထင်နဲ့အမြင်
ဒါနသီရိလင်္ကာအသင်း စင်္ကာပူမယ်တော်ကြီးက စာပို့တယ်။ သားတော်အတွက်
ဂုဏ်ယူပါတယ်။ အခုလို ဥရောပမှာ သာသနာပြုခွင့် ကြုံတဲ့အတွက်တဲ့။ အရမ်းလည်း
ဝမ်းသာပီတိ ဖြစ်မိပါတယ်တဲ့။ ဒီတော့ ဒါနသီရိလင်္ကာအသင်း၊
သီရိလင်္ကာစာသင်သားများအတွက် အလှူငွေလေးဘာလေး ပေးမယ်လို့ မျှော်လင့်ပါတယ်တဲ့။
အော် မယ်တော်ကြီး ပြောရက်ပလေ။ ဥရောပသာသနာပြု ဝတ္ထုငွေတွေ အများကြီး ရနေပြီထင်တယ်နဲ့ တူပါတယ်။ မြန်မာအယောက် ၂ဝ လောက်သာ မရှိရင် အလှူငွေတစ်ကျပ်တစ်ပြားမှ မရှိရပါဘူး။ အဖြူတွေက လှူကြတာ မဟုတ်ဘူး မယ်တော်ကြီးရေ။ သီရိလင်္ကာကို လှူဖို့ မပြောနဲ့ သီရိလင်္ကာကနေတောင် ပြန်အလှူခံရဦးမယ်။
မြန်မာနိုင်ငံမှာတုန်းက ဓမ္မစကူးလ်ဖောင်ဒေးရှင်း လုပ်တော့လည်း အချို့တွေက ပြောကြတယ်။ ဦးဇင်း ဘုန်းကြီးနေပြီ၊ လာဘ်လာဘတွေ ပေါနေပြီလို့ ကြားပါတယ်လို့ ပြောကြတယ်။ ဖောင်ဒေးရှင်းမှာပါတဲ့ ဆရာတော်အချို့ကတောင် ဦးကုသလကြီး သင်တန်းတွေ အောင်မြင်တော့ ဘုန်းကြီးနေပြီ မဟုတ်လားလို့ စသလို နောက်သလို ပြောသေးတယ်။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းက အောင်မြင်တော့ ဦးဇင်းလည်း အလှူရှင်တွေ အများကြီး ရှိနေပြီလို့ ထင်ပုံရတယ်။
တကယ်တော့ ဖောင်ဒေးရှင်း ၂ နှစ်လုပ်တာ ပုဂ္ဂလိကကိစ္စ (ကိုယ့်ဒကာတွေရဲ့ အလှူအတန်း၊ ပညာရေး၊ လူမူရေး စသည်)တွေ အားလုံးကို မေ့ပြီးလုပ်ရတာပါ။ ဖောင်ဒေးရှင်းမှာ ပါဝင်တဲ့ ဘယ်ဆရာတော်မှ ကိုယ့်ရဲ့ ပုဂ္ဂလိကလုပ်ငန်းကိစ္စအဝဝကို စွန့်လွှတ်ပြီး မလုပ်ကြပါဘူးလို့ဆိုရင် ဘယ်သူမှ ငြင်းနိုင်မယ်မထင်ဘူး။ အားလုံးက ကိုယ့်ကိစ္စပထမဦးစားပေးပြီးမှ ဖောင်ဒေးရှင်းကို ကူပေးကြတာပါ။ မြိတ်ကျားကျောင်းဆွမ်းစားကွမ်းစားတောင် ဖောင်ဒေးရှင်းကိစ္စရှိနေရင် မလိုက်ဖြစ်ပါဘူး။
အဲဒီ ၂ နှစ်တာမှာ ကိုယ့်ဒကာတွေက ဒေါက်တာဘွဲ့လုပ်ဖို့ဆိုပြီး လှူထားတဲ့ အလှူငွေလေးတွေကို အသုံးပြုခဲ့ရတာ။ ၂ နှစ်လည်းကုန်ရော ဒေါက်တာဘွဲ့အတွက် စုထားတဲ့ အလှူငွေများလည်း ကုန်ရော။ အထင်နဲ့အမြင် ကွာပုံများ ပြောပါတယ်။ သီရိလင်္ကာစာသင်သားများအတွက် နောက်များမှာ လှူနိုင်အောင် ကုသိုလ်များများ ပြုနေပါတယ် မယ်တော်ကြီးရေ ....။
မှတ်ချက်။ ။
မယ်တော်ကြီးရဲ့စကားနဲ့စပ်လို့ ပြောဖြစ်ခြင်းမျှသာ။ အရိပ်အမြွတ်အားဖြင့် ကိုယ့်အတွက် အလှူခံခြင်း မဟုတ်ကြောင်း။ လောလောဆယ်မှာ ဘာအလှူငွေမှ မလိုအပ်သေးပါကြောင်း။ ဒါနသီရိလင်္ကာအသင်း မယ်တော်ကြီးများမှ တစ်ဆင့် သီရိလင်္ကာရောက် မြန်မာသံဃာတော်များသို့ ပညာရေးအလှူ ပေးလိုလျှင် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း။ ဦးဇင်းလှဆန်းတို့လို မရှိမဲ့ရှိမဲ့ စာသင်သားများလည်း များစွာ ရှိပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
မယ်တော်ကြီးများ ဒီလောက်ဆို တာဝန်ကျေပါတယ်နော်။
အော် မယ်တော်ကြီး ပြောရက်ပလေ။ ဥရောပသာသနာပြု ဝတ္ထုငွေတွေ အများကြီး ရနေပြီထင်တယ်နဲ့ တူပါတယ်။ မြန်မာအယောက် ၂ဝ လောက်သာ မရှိရင် အလှူငွေတစ်ကျပ်တစ်ပြားမှ မရှိရပါဘူး။ အဖြူတွေက လှူကြတာ မဟုတ်ဘူး မယ်တော်ကြီးရေ။ သီရိလင်္ကာကို လှူဖို့ မပြောနဲ့ သီရိလင်္ကာကနေတောင် ပြန်အလှူခံရဦးမယ်။
မြန်မာနိုင်ငံမှာတုန်းက ဓမ္မစကူးလ်ဖောင်ဒေးရှင်း လုပ်တော့လည်း အချို့တွေက ပြောကြတယ်။ ဦးဇင်း ဘုန်းကြီးနေပြီ၊ လာဘ်လာဘတွေ ပေါနေပြီလို့ ကြားပါတယ်လို့ ပြောကြတယ်။ ဖောင်ဒေးရှင်းမှာပါတဲ့ ဆရာတော်အချို့ကတောင် ဦးကုသလကြီး သင်တန်းတွေ အောင်မြင်တော့ ဘုန်းကြီးနေပြီ မဟုတ်လားလို့ စသလို နောက်သလို ပြောသေးတယ်။ ဓမ္မစကူးလ်ဖောင်ဒေးရှင်းက အောင်မြင်တော့ ဦးဇင်းလည်း အလှူရှင်တွေ အများကြီး ရှိနေပြီလို့ ထင်ပုံရတယ်။
တကယ်တော့ ဖောင်ဒေးရှင်း ၂ နှစ်လုပ်တာ ပုဂ္ဂလိကကိစ္စ (ကိုယ့်ဒကာတွေရဲ့ အလှူအတန်း၊ ပညာရေး၊ လူမူရေး စသည်)တွေ အားလုံးကို မေ့ပြီးလုပ်ရတာပါ။ ဖောင်ဒေးရှင်းမှာ ပါဝင်တဲ့ ဘယ်ဆရာတော်မှ ကိုယ့်ရဲ့ ပုဂ္ဂလိကလုပ်ငန်းကိစ္စအဝဝကို စွန့်လွှတ်ပြီး မလုပ်ကြပါဘူးလို့ဆိုရင် ဘယ်သူမှ ငြင်းနိုင်မယ်မထင်ဘူး။ အားလုံးက ကိုယ့်ကိစ္စပထမဦးစားပေးပြီးမှ ဖောင်ဒေးရှင်းကို ကူပေးကြတာပါ။ မြိတ်ကျားကျောင်းဆွမ်းစားကွမ်းစ
အဲဒီ ၂ နှစ်တာမှာ ကိုယ့်ဒကာတွေက ဒေါက်တာဘွဲ့လုပ်ဖို့ဆိုပြီး လှူထားတဲ့ အလှူငွေလေးတွေကို အသုံးပြုခဲ့ရတာ။ ၂ နှစ်လည်းကုန်ရော ဒေါက်တာဘွဲ့အတွက် စုထားတဲ့ အလှူငွေများလည်း ကုန်ရော။ အထင်နဲ့အမြင် ကွာပုံများ ပြောပါတယ်။ သီရိလင်္ကာစာသင်သားများအတွက် နောက်များမှာ လှူနိုင်အောင် ကုသိုလ်များများ ပြုနေပါတယ် မယ်တော်ကြီးရေ ....။
မှတ်ချက်။ ။
မယ်တော်ကြီးရဲ့စကားနဲ့စပ်လို့ ပြောဖြစ်ခြင်းမျှသာ။ အရိပ်အမြွတ်အားဖြင့် ကိုယ့်အတွက် အလှူခံခြင်း မဟုတ်ကြောင်း။ လောလောဆယ်မှာ ဘာအလှူငွေမှ မလိုအပ်သေးပါကြောင်း။ ဒါနသီရိလင်္ကာအသင်း မယ်တော်ကြီးများမှ တစ်ဆင့် သီရိလင်္ကာရောက် မြန်မာသံဃာတော်များသို့ ပညာရေးအလှူ ပေးလိုလျှင် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း။
မယ်တော်ကြီးများ ဒီလောက်ဆို တာဝန်ကျေပါတယ်နော်။
အီစတာမှသည်
ဥရောပမှာ အီစတာပွဲတော်တွေ ကျင်းပနေကြတယ်။ အီစတာပွဲတော်မှာ အထူးသဖြင့်
သိုးတွေကို သတ်ပြီး ပူဇော်ကြ၊ စားသောက်ကြတယ်။ ကျောင်းက ဂျာမန်ဘုန်းကြီးက
အီစတာပွဲမှာ သိုးလေးတွေကို သတ်တာ မကောင်းကြောင်း၊
သူ ဒီဓလေ့ကို မနှစ်သက်ကြောင်း ပြောပြတယ်။ နောက်ပြီး
သိုးရုပ်မုန့်လေးတွေလည်း ပြုလုပ်ကြတယ်။ တစ်ဦးနဲ့တစ်ဦး
သိုးရုပ်မုန့်လေးတွေ လက်ဆောင်ပေးကြတယ်။
ဒါနဲ့ သိုးရုပ်မုန့်လေးတွေ ကျောင်းကို ရောက်လာတယ်။ ဆွမ်းစားအပြီးမှာ သိုးရုပ်မုန့်လေးကို လှီးပြီးတော့ စားကြတော့မယ်။ မစားခင်မှာ ဘယ်သူ အရင် လှီးမလဲလို့ မေးကြတယ်။ မင်းက အခုမှ ရောက်တာ၊ အသစ်ဖြစ်တယ်၊ ဒါကြောင့် မင်း လှီးပါလို့ ပြောလာသဖြင့် ဓားကို ကိုင်လိုက်တယ်။ အဲဒီတော့မှ မေးမိတယ်။ အဲ … သိုးရုပ်လေး လှီးပစ်ရမှာ နှမြောစရာကြီး၊ ဘယ်က စ လှီးရမလဲလို့ မေးကြတော့ တဝါးဝါး တဟားဟား ရယ်ကြတယ်။ ဘာဖြစ်လို့ ရယ်ကြတာလဲဆိုတော့ မုန့်ပဲ လှီးချင်တဲ့ နေရာက စလှီးပေါ့တဲ့။ ဒါပေမဲ့ ကျေးဇူးပြု၍ လည်ပင်းကတော့ စမလှီးပါနဲ့တဲ့။ ဟ ဘာဖြစ်လို့လဲ၊ မင်းတို့ပဲ လှီးချင်တဲ့နေရာက စလှီးပါဆိုလို့ ပြောမိတယ်။
မဟုတ်ပါဘူး။ လည်ပင်းက စ လှီးရင် “အလာ ဝက္ကမာ…”လို့ အော်မိမှာစိုးလို့ပါတဲ့။ အီစတာပွဲတော် ဆွေးနွေးခန်းကနေ ကမ္ဘာနဲ့မွတ်စလင်အကြောင်းကို ရောက်သွားတယ်။ မင်းတို့ နိုင်ငံက မွတ်စလင်တွေနဲ့ဗုဒ္ဓဘာသာပြဿနာဖြစ်တော့ အခု ဘုန်းကြီးတွေ ကမ္ဘာအနှံ့လျှောက်သွားရင် သိပ်မလုံခြုံတော့ဘူး။ မွတ်စလင်တွေနဲ့ပြဿနာမဖြစ်တာ ကောင်းတယ်။ သူတို့က ကမ္ဘာကြီးကို ချုပ်ကိုင်ထားတာတဲ့။ အမေရိကန်၊ ဥရောပ၊ ကုလ ဘယ်သူမှ မွတ်စလင်ကို ပစ်ပစ်ခါခါ မပြောရဲဘူးတဲ့။ (always hesitate or reluctant to talk about …..mization of the world)။
ဦးဝီရသူကို တိုင်းမ်မဂ္ဂဇင်းက ဖော်ပြတဲ့ကိစ္စဆိုရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။ ငါ ယုံကြည်တယ်။ ဦးဝီရသူဆိုတာ ဥရောပကို လာကြည့်။ ဒီက ပြည်သူတွေက အရမ်းသဘောကျကြမှာပဲ။ ဒါပေမဲ့ မီဒီယာကိုတော့ ငါတို့က မယုံဘူး။ မီဒီယာကတော့ သူတို့ ပြောချင်သလို ပြောမှာပဲ။ သေချာတာကတော့ ဥရောပပြည်သူတွေကော၊ ကမ္ဘာအနှံ့က လူသားတွေကပါ မွတ်စလင်အန္တရာယ်ကို ကြောက်နေကြပြီ။ အခု တို့နေတဲ့နေရာတောင် မွတ်စလင်သိပ်မရှိသေးလို့ ငြိမ်းချမ်းနေတာ။
ငါတို့ ဥရောပသားတွေဟာ ဘယ်လို ဖြစ်နေသလဲဆိုတော့ ငါတို့ ထောင်ထားတဲ့ ထောင်ချောက်ထဲမှာ ငါတို့ ပိတ်မိနေကြတယ်။ အကြောင်းကြောင်းကြောင့် ငါတို့ ရုန်းမထွက်နိုင်ကြဘူး။ ဥပမာ ငါတို့က ဒီမိုကရေစီနဲ့လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုတာတွေကို ရှေ့တန်းတင်ထားတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အစ္စလာမ်မိုက်ဇေးရှင်းအန္တရာယ်နဲ့ ကြုံလာတယ်။ ဒါကို တိုက်ခိုက်မယ်လို့ ကြံလိုက်တော့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိုတာနဲ့၊ လူသားချင်းစာနာထောက်ထားမှုဆိုတာတွေက ကြားဝင်လာတယ်။ ငါတို့ ဘာမှ ပြောလို့ မရဘူး။ လက်ပိုက်ကြည့်နေရုံပဲ။ ဦးဝီရသူလို ရဲရဲဝံ့ဝံ့ ပြောတဲ့သူကို ငါတို့ သဘောကျတယ်။
ဒါပေမဲ့ ယဉ်ကျေးစွာ၊ ပါးနပ်စွာ ပြောတတ်ဖို့တော့ လိုမလား မသိဘူး။ ဒါက ငါတို့က သူ ဗမာလိုပြောတာဆိုတော့ အပြည့်အစုံ မှန်ချင်မှ မှန်လိမ့်မယ်။
ပြီးတော့ ရက်ရက်စက်စက် လည်လှီးဖြတ်တာတွေ၊ ကျောက်ခဲနဲ့ပေါက်သတ်တာတွေ၊ သေနတ်နဲ့ဦးနှောက်တွေ ထွက်သည်အထိ သတ်ဖြတ်တာတွေ ပါတဲ့ ဗွီဒီယိုကို ပြတယ်။ ငါတို့ ဥရောပသားတွေလည်း လူသတ်ကြပါတယ်။ စစ်ပွဲဆိုတာ လူတွေကို သတ်ရတာ။ ဒါပေမဲ့ အဲဒီလို သတ်တာကျတော့ လူမဆန်တော့ဘူး။
..................................………… သူတို့အမြင်လေးတွေ ပြောပါတယ်။ အင်း အမြင်တစ်မျိုး ရသွားတာပေါ့လေ။ သဘောထားကြီးလွန်းပြနေတဲ့ အချို့တို့မြန်မာတွေအတွက်လည်း နည်းနည်းတွေးစရာ ရသွားတာပေါ့လေ။

ဒုက္ခအဖုံဖုံ
နက်ဖြန်ရောက်လာမယ့်
ဧည့်သည်များကို ဘာများ ပြောရရင် ကောင်းမလဲလို့ တွေးပြီး ဘိက္ခုဗောဓိ
အင်္ဂလိပ်ပြန်ထားတဲ့ အင်္ဂုတ္တိုရ်ပါဠိတော်ကို ဖတ်နေဖြစ်တယ်။ အဲဒီမှာ
စတုက္ကနိပါတ်ထဲက အနုသောတသုတ်ကို သဘောကျမိတယ်။ အဲဒီထဲက
စာသားလေးအချို့ကြောင့်ပါ။ ဘာလဲဆိုတော့ .....
Even with pain and dejection, weeping with a tearful face, he lives the complete and purified spiritual life.
ဒုက္ခအဖုံဖုံ
မကျေနပ်ဖွယ်က အမျိုးမျိုး
မျက်ရည်နဲ့မျက်ခွက် ဖြစ်နေတာတောင်
သူက
သူ့ဘဝကို ဖြူဖြူစင်စင် မြင့်မြင့်မြတ်မြတ်
ဖြတ်သန်းနေဆဲပဲ။
(အဲဒီလို ဘာသာပြန်နိုင်မယ် ထင်တယ်။)
ပါဠိလိုကတော့ သဟာပိ ဒုက္ခေန၊ သဟာပိ ဒေါမနေဿန၊ အဿမုခေါပိ ရုဒမာနော ပရိပုဏ္ဏံ ပရိသုဒ္ဓံ ဗြဟ္မစရိယံ စရတိ။တဲ့။

ဒေါ်ကေတုမာလာ ဘဝအကြောင်း
ဟန်ဂေရီက ဧည့်သည်တွေနဲ့
ဒီက လူတွေက မေးတယ်။ သူတို့အတွက် အကျိုးတစ်ခုခုဖြစ်မယ့်
ဗွီဒီယိုကလစ်လေးများ မရှိဘူးလားတဲ့။ အရင်ရက်က ပြောထားတာတစ်ခုလည်း ရှိတယ်။
မင်းတို့ ဟန်ဂေရီလူမျိုး ဘုန်းကြီး၊ ကိုရင်၊ ဆရာလေးတွေ မပေါ်ထွက်သေးသရွေ့ မင်းတို့နိုင်ငံ သာသနာမထွန်းကားနိုင်ဘူးလို့။ မင်းတို့ ဟန်ဂေရီဘုန်းကြီး၊ ဆရာလေးတွေ ပေါ်ပေါက်အောင် တိုက်တွန်းသင့်တယ်လို့ ပြောထားတော့။ ဘုန်းကြီးက ၂ ပါး၊ ကိုရင်တစ်ပါး။ အခုမှ ဝတ်ကာစပဲ ရှိသေးတယ်။ ဆရာလေးမရှိသေးဘူးတဲ့။
ဒါနဲ့ နည်းနည်း တွန်းအားလေးတစ်ရပ်ဖြစ်အောင် ဆရာလေး ဒေါ်ကေတုမာလာရဲ့ ဘဝအကြောင်း အပိုင်းအစ ဗွီဒီယိုအပိုင်း (၂)ပိုင်းကို ပြဖြစ်တယ်။ မနက် ၅ ခွဲလောက်မှာ ပြတယ်။ ၂ ကြိမ် ပြန်ပြခိုင်းတယ်။ အားလုံး အငေးသားနဲ့။
ဆရာလေးအမေနဲ့အစ်မပြောတဲ့နေရာမှာ
ကာယကံရှင်တွေက ဝမ်းသာမျက်ရည်တွေ ကျတော့ သူတို့ထဲက အချို့ကလည်း မျက်ရည်တွေ
ဝဲတယ်တဲ့။ ဒီကပြန်ရင် ဒါကို ဒေါင်းလုပ်ပြီး သူတို့ဆီကလူတွေကို ပြမယ်တဲ့။
အခု ဟန်ဂေရီမှာက ဗုဒ္ဓဘာသာကျောင်းတစ်ခု ဆောက်နေတယ်။ ဆရာလေးတွေပါ
နေနိုင်အောင် အဆောင်ထပ်ဆောက်မယ်တဲ့။ အားတက်သရော ပြောသွားကြတယ်။
ဗွီဒီယိုကလစ်လေးတွေရဲ့ ကျေးဇူးက အတော်ထိရောက်ပါတယ်။
မင်းတို့ ဟန်ဂေရီလူမျိုး ဘုန်းကြီး၊ ကိုရင်၊ ဆရာလေးတွေ မပေါ်ထွက်သေးသရွေ့ မင်းတို့နိုင်ငံ သာသနာမထွန်းကားနိုင်ဘူးလို့။ မင်းတို့ ဟန်ဂေရီဘုန်းကြီး၊ ဆရာလေးတွေ ပေါ်ပေါက်အောင် တိုက်တွန်းသင့်တယ်လို့ ပြောထားတော့။ ဘုန်းကြီးက ၂ ပါး၊ ကိုရင်တစ်ပါး။ အခုမှ ဝတ်ကာစပဲ ရှိသေးတယ်။ ဆရာလေးမရှိသေးဘူးတဲ့။
ဒါနဲ့ နည်းနည်း တွန်းအားလေးတစ်ရပ်ဖြစ်အောင် ဆရာလေး ဒေါ်ကေတုမာလာရဲ့ ဘဝအကြောင်း အပိုင်းအစ ဗွီဒီယိုအပိုင်း (၂)ပိုင်းကို ပြဖြစ်တယ်။ မနက် ၅ ခွဲလောက်မှာ ပြတယ်။ ၂ ကြိမ် ပြန်ပြခိုင်းတယ်။ အားလုံး အငေးသားနဲ့။
ဆရာလေးအမေနဲ့အစ်မပြောတဲ့နေရာမှာ
ဗွီဒီယိုကလစ်လေးတွေရဲ့ ကျေးဇူးက အတော်ထိရောက်ပါတယ်။
ဖိတ်စာလေး
ဟန်ဂေရီနိုင်ငံ Dhamma Gate Buddhist Collage မှ ပေးတဲ့ပင့်စာလေးပါ။
စနစ်တကျ ပြင်ဆင်ထားတာလေး သဘောကျမိတယ်။
ဗုဒ္ဓဘာသာပန်း ပွင့်လန်းစေလိုသူများ
အနောက်တိုင်း ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ စာအုပ်ထဲနှင့်လူပြောသူပြောအဆင့်သာ သိရသည်။ အခု ကိုယ်တိုင် အနောက်တိုင်းရောက်ပြီး သူတို့၏ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ဘာသာကိုးကွယ်မှုဆိုင်ရာ အပြောင်းအလဲများကို စတင်သိခွင့်ရသည်။ အနောက်တိုင်းတွင် သူတို့၏ မူလဘာသာတရားကိုးကွယ်မှုနှင့်ပတ်သက်၍ အားရကျေနပ်မှု မရှိကြတော့သည်ကို တွေ့ရသည်။
လက်တွေ့နှင့်အလှမ်းကွာဝေးလှသော ယုံကြည်ခြင်းသက်သက်နှင့်သာ တည်ဆောက်ရသော ဘာသာတရားအခြေခံမူများကို မေးခွန်းထုတ်လာကြသည်။ ထိုကဲ့သို့ မေးခွန်းထုတ်သောအခါ သူတို့ လိုချင်သောအဖြေကို သူတို့ဘိုးဘွားများ ကိုးကွယ်သော ဘာသာတရားက မပေးနိုင် ဖြစ်လာသည်။ ထိုအခါ သူတို့သည် လက်ရှိဘာသာတရားကို တန်ဖိုးမထားသော လူနေမှုစနစ်တစ်ခုကို ဖန်တီးပစ်ကြသည်။ သို့မဟုတ် ကိုးကွယ်မှုအသစ်ကို သူတို့ ငံ့လင့်လာကြသည်။
ဧပြီလ ၁၆ ရက်နေ့ ညနေတွင် ဟန်ဂေရီနိုင်ငံ Dhamma Gate Buddhist Collage နှင့် European Buddhist Training Centre မှ ကိုယ်စားလှယ်များ ရောက်လာသည်။ ဟန်ဂေရီနိုင်ငံ ဗုဒ္ဓဘာသာအခြေအနေများ၊ ဥရောပဗုဒ္ဓဘာသာအခြေအနေများကို လေ့လာမေးမြန်းခွင့်ရသည်။ သူတို့အုပ်စုတွင် ဗုဒ္ဓဘာသာ ၃ဝဝဝ ကျော် ရှိသည်။ ယခုအခါ ပိုမိုတိုးပွားလာသည်ဟု ဆိုသည်။ သို့ရာတွင် သူတို့ကို စနစ်တကျ ဦးဆောင်နိုင်မည့်သူ မရှိဖြစ်နေသည်။ အင်္ဂလန်နိုင်ငံသားဘုန်းကြီးတစ်ပါးက လာရောက်ပြီး နွေရာသီဓမ္မသင်တန်း ပို့ချပေးမည်ဟု ဆိုသည်။
Dhamma Gate Buddhist Collage သည် ထိုင်းနိုင်ငံ၊ မဟာချူလာလောင်ကွန်တက္ကသိုလ်နှင့် ချိတ်ဆက်ထားသော ကောလိပ်တစ်ခုဖြစ်သည်။ ၁၉၉၁ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့ကြသော်လည်း ၁၉၉၉ ခုနှစ်အချိန်မှ ဟန်ဂေရီအစိုးရ အသိအမှတ်ပြုကောလိပ်တစ်ခု ဖြစ်လာသလို မဟာချူဟာလောင်ကွန်တက္ကသိုလ်နှင့်လည်း ချိတ်ဆက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ဆရာတော်ဒေါက်တာဓမ္မသာမိသည်လည်း တစ်နှစ်တစ်ကြိမ်ခန့် ကြွရောက်ပြီး တရားဟောလေ့ရှိသည်ဟု ဆိုသည်။
ယခုနှစ်တွင် M.A တန်း စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။ ကျောင်းစရိတ်မှာ အလွန်ဈေးကြီးလှသည်။ M.A အပြီးအထိ ဒေါ်လာ ၁၅ဝဝဝ ခန့် ဖြစ်နေသည်။ ကျောင်းစရိတ်လျှော့ချနိုင်မှသာ ဗုဒ္ဓဘာသာစိတ်ဝင်စားသူများအတွက် အကျိုးရှိနိုင်ကြောင်း၊ စပွန်ဆာရဖို့ ကြိုးစားစေလိုကြောင်း အကြံပေးလိုက်သည်။
သူတို့အဆိုအရ ဟန်ဂေရီနိုင်ငံရှိ လူငယ်များသည် ဗုဒ္ဓဘာသာအပေါ် အလွန်တရာ စိတ်ဝင်စားလာနေကြသည်ဟု ဆိုသည်။ စာရေးသူကိုလည်း အတင်းဖိတ်သည်။ သူတို့ဆီမှာ ကျောင်းဆောက်ပေးမယ်ဟုပင် ဆိုသည်။ စာရေးသူကလည်း ငါ ဒီမှာ အနည်းဆုံး တစ်နှစ်နေဖို့ ကတိပေးထားတယ်။ ဂျာမန်စကားလည်း တတ်အောင် သင်ချင်သေးတယ်။ နောက်နှစ်မှ လာနေဖြစ်ချင် နေဖြစ်မှာပေါ့ဟု ပြောလိုက်သည်။
သူတို့နှင့် ဆွေးနွေးသဖြင့် အကျိုးတစ်ခု ရလိုက်သည်မှာ စာရေးသူတို့ မြန်မာရဟန်းများသည် အင်္ဂလိပ်စကား အတော်အတန် ပြောတတ်သော်လည်း မိမိတို့ကိုယ်ကို အဆင့်မြင့်မြင့် မပြောတတ်ဟုဆိုပြီး အင်္ဂလိပ်ပြောခြင်းကို လက်ရှောင်နေတတ်ကြသည်။ ယခု ဟန်ဂေရီနိုင်ငံမှ ကိုယ်စားလှယ်များသည် အင်္ဂလိပ်စကားကို အဆင့်မြင့်မြင့် မပြောတတ်ကြပါ။ သာမန်အလုပ်ဖြစ်ရုံလောက်သာ ပြောတတ်ကြသည်။ သို့သော် မိမိရည်ရွယ်ရင်းကို ရောက်အောင် ပြောတတ်သဖြင့် အဆင်ပြေပါသည်။
စာရေးသူဆိုလျှင် ဦးဇင်း အင်္ဂလိပ်လို ကျွမ်းမှာပေါ့ဟု မေးလာသူတိုင်းကို အမြဲတမ်း ပြောတတ်သည်။ အလုပ်ဖြစ်ရုံပါပဲဟု။ မိမိကိုယ်ကို အလုပ်ဖြစ်ရုံလောက်ဟု အောက်မေ့မိသော်လည်း ဟန်ဂေရီနိုင်ငံသားများနှင့် တွေ့မှ မင်း အင်္ဂလိပ်စာအရမ်းကောင်းတာပဲဟု ဆိုကြသည်။ သို့အတွက်ကြောင့် မိမိတို့ မြန်မာရဟန်းများအနေဖြင့် ရဲရဲတင်းတင်း ပြောဆိုဖို့ လိုအပ်လှသည်။
အခမ်းအနားပြီးသောအခါ ပင့်ဖိတ်လွှာကို ပေးအပ်ပြီး ပျော်ရွှင်စွာ နှုတ်ဆက်ခဲ့ကြသည်။ အခန်းပြန်ရောက်သောအခါ ဟန်ဂေရီနိုင်ငံက ဗုဒ္ဓဘာသာဝင်များကို မြင်ယောင်မိသည်။ အလားတူ ဥရောပနေရာအနှံ့အပြားမှ ဗုဒ္ဓဘာသာစိတ်ဝင်စားသူများကိုလည်း မြင်ယောင်မိသည်။ အလွန်ကြီးမားကျယ်ပြန့်သော ဂျာမဏီနိုင်ငံမှာပင်လျှင် ဗုဒ္ဓဘာသာရဟန်းတော် ၈ ပါး(နိုင်ငံသား)နှင့် မြန်မာရဟန်း ၃ ပါးမျှသာ ရှိသည်ဟု သိရသည်။ ဂျာမန်ရဟန်းအချို့မှာလည်း တောထဲတွင် တရားအားထုတ်ပြီး ဘုရားခေတ်သံဃာများလို နေလိုကြသဖြင့် သာသနာပြန့်ပွားရေးအတွက် အနည်းငယ်မျှသော အထောက်အကူသာ ရသည်ဟု ဆိုသည်။
လိုအပ်နေသောနိုင်ငံများအတွက် သာသနာပြုပုဂ္ဂိုလ်ကောင်းဖြစ်အောင် ကိုယ်တိုင်ကြိုးစားဖို့ လိုအပ်သလို ဂုဏ်ပကာသနနှင့်ပစ္စည်းလာဘ်လာဘ မငဲ့ကွက်သောသာသနာပြုများ များစွာ ပေါ်ထွက်နိုင်ပါစေလို့ ဆုတောင်းမိခဲ့ပါသည်။ ဟန်ဂေရီနိုင်ငံမှ ကိုယ်စားလှယ်များသည် သူတို့နိုင်ငံတွင် ဗုဒ္ဓဘာသာပန်းများ ပွင့်လန်းစေလိုသူများ ဖြစ်သည်။ ထိုပန်းလေးများ ပွင့်လန်းစေဖို့ မြန်မာရဟန်းတော်များလည်း အလားတူ ဆန္ဒရှိနေလိမ့်မည်ဟု ထင်ပါသည်။
ဒီနေ့အတွေ့အကြုံတစ်ခု
ဂျာမနီမှာ ကျောင်းတက်နေတဲ့ သြစတီးယားသူတစ်ယောက် ရောက်လာတယ်။
ဘူတန်ကို သွားခဲ့တုန်းက ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာခဲ့တယ်။ ဒီက ကြော်ညာလေးကို တွေ့လို့ လာခဲ့တာတဲ့။ ဗုဒ္ဓဘာသာစာတွေ အများကြီးဖတ်ဖူးတယ်ဆိုပေမဲ့
တိဗက်တန်တွေ၊ ဥုံဖွတွေ များနေတာ သိရတယ်။ ဆွေးနွေးချင်တယ်ဆိုတော့ မင်းဖတ်ထားတာကို ငါ အရင် သိချင်တယ်။ ဒါကြောင့် မေးခွန်းအချို့မေးချင်တယ်လို့ ပြောတော့ မေးပါလို့ ဆိုတယ်။
ဗုဒ္ဓဆိုတာ ဘာလဲ။
ဗုဒ္ဓဆိုတာ ဂျီးဇပ်လိုပေါ့တဲ့။
ဒါဆိုရင် ခဏ ဆိုပြီး စာကြည့်ခန်းထဲ သွားပြီး What the Buddha Taught စာအုပ်ကို ယူခဲ့တယ်။
အဲဒီထဲက The Buddha ဆိုတဲ့ ခေါင်းစဉ်ကို ဖတ်ကြည့်ပါ။ တစ်မျက်နှာတည်းရှိပါတယ်လို့ ပြောတော့ ထိုင်ဖတ်တယ်။ ဖတ်ရင်းနဲ့ အိုး အင်ထရက်စတင်းနဲ့ ခဏခဏ ထအော်နေတယ်။ ဘာကို ကြည့်ပြီး အံ့သြနေတာလဲဆိုတော့ သူသိထားတဲ့ ဗုဒ္ဓနဲ့တကယ်ဗုဒ္ဓ တော်တော်ကွာနေတယ်တဲ့။ ကယ်တင်ရှင်လို ထင်ထားတာတဲ့။
ဒါနဲ့ မင်းအပန်းမကြီးဘူးဆိုရင် အဲဒီစာအုပ် စာမျက်နှာ ၁ ကိုပဲ ဖတ်ကြည့်ပေးပါဆိုတော့ သူ့မျက်နှာမှာ ဝမ်းသာတဲ့ပုံတွေ တော်တော်ပေါက်တာ တွေ့ရတယ်။ သူတော်တော် သဘောကျတယ်။ ဒီစာအုပ်ကို ငှါးပါရစေတဲ့။ ငါ အခုမှ ရောက်တာ ငှါးခွင့်ရှိမရှိ မသိသေးဘူး။ နောက်မှ ဖတ်ပါလို့ ပြောလိုက်တယ်။ ဒါနဲ့ အဲဒီထဲက မင်း ဘာကို သဘောအကျဆုံးလဲဆိုတော့ "A man and only a man can become a Buddha" လူသားကပဲ ဘုရားဖြစ်နိုင်တယ်ဆိုတဲ့ အမြင်ရယ်။
နောက်ပြီး Man's position according to Buddhism is supreme. Man is his own master, and there is no higher being or power that sits in judgment over his destiny. ဗုဒ္ဓဘာသာအရ လူသားဆိုတာ လောကမှာ အမြင့်မြတ်ဆုံးပဲ။ လူတိုင်းဟာ အရှင်သခင်ပဲ။ လူသားထက်ပိုမိုမြင့်မြတ်တဲ့ လူသားရဲ့ ကံကြမ္မာကို စီရင်ဆုံးဖြတ်ပေးနေတဲ့ ပုဂ္ဂိုလ်သတ္တဝါ၊ တန်ခိုးရှင်ဆိုတာ မရှိဘူး။ ဆိုတဲ့ စကားကိုလည်း အတော်ကြီးကို နှစ်သက်မိပါတယ်တဲ့။
နောက်ပြီး Be a refuge to themselves, and never to refuge in or help from anybody else. ကိုယ့်ကိုကိုယ် ကိုးကွယ်ပါ။ အခြားသူကို မကိုးကွယ်နဲ့။ အခြားသူဆီက မ စ မှုကို မရှာနဲ့။ ဆိုတာကလည်း သူကို တော်တော်ပြောင်းလဲစေပါသတဲ့။
ဗုဒ္ဓနေ့အပြီးမှာ ငါ သင်တန်းတွေ ပို့ချပေးမယ်။ အဲဒီကျရင် လာတတ်နိုင်မလားဆိုတော့ တက်မယ်တဲ့။ မင်းတို့ တက္ကသိုလ်က စိတ်ဝင်စားသူတွေရှိရင်လည်း ပြောလိုက်ပါလို့။ ငါက စာသင်ကောင်းပါတယ်လို့ စသလိုလိုနဲ့ ပြောလိုက်တယ်။ သူကလည်း ပြောလိုက်မယ်။ တက်ဖို့ကတော့ ငါပဲ သေချာပြောနိုင်မယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသူတစ်ယောက် ရပြီပေါ့။
ဒါကတော့ ဒီနေ့ ဒိုင်ယာရီရဲ့ အမှတ်တရတစ်ခုပေါ့။
မှတ်ချက်။ ။ မနေ့က ဂျာမန်ရဟန်းတော်နဲ့ ဆွေးနွေးပြီး သဘောတူညီချက်တစ်ခု ယူခဲ့တယ်။ ကိုယ်က အားလုံးအသစ်အဆန်းဆိုတော့ လူတွေ့တွေ့၊ ဆွမ်းခံသွားသွား၊ ရှုခင်းတွေ့တွေ့ ဓာတ်ပုံရိုက်နေခဲ့တာပေါ့။ ဒါကို သူက ဆွေးနွေးပါရစေ။ ဓာတ်ပုံရိုက်တာ မသင့်တော်ဘူးလို့ ထင်ပါတယ်တဲ့။ ဒီတော့ ကန့်ကွက်တာပေါ့။ ငါက ဓာတ်ပုံဝါသနာပါလို့ ရိုက်တာ မဟုတ်ဘူး။ ဒီမှတ်တမ်းလေးတွေက တို့လုပ်ဆောင်ချက်တွေရဲ့ မှတ်တမ်းတွေ ဖြစ်လာမှာ။ ပြီးတော့ ဒီပုံတွေက လူတွေကို နိုးကြားစေတယ်လို့ ပြောလိုက်တယ်။ သူကလည်း ပြောတယ်။ ဒါဆိုရင် သဘောတူညီချက်တစ်ခု ယူရအောင်။ ဆွမ်းခံချိန်မှာ ကင်မရာ၊ ဖုန်း မယူရ။ ဓာတ်ပုံ မရိုက်ရ။ နောက်ပြီး လူသစ်တစ်ယောက် ရောက်လာရင် ၃ ကြိမ်အထိ ဓာတ်ပုံ မရိုက်ရ။ ၃ ကြိမ်တွေ့ပြီး အခြေအနေပေးမှ ရိုက်ရမယ်။ စသည်စသည် သဘောတူညီချက် ယူထားလို့ ဒီနေ့ ရိုက်ချင်တဲ့ပုံကို မရိုက်ဖြစ်ခဲ့ခြင်းပါ။ နောက် စာသင်တဲ့အချိန်ကျမှ သူ့ပုံကို တင်ပေးတော့မယ်။
ဆွမ်းခံခြင်း
ကလေးများက ဘေးကနေ တခစ်ခစ် ရယ်ရင်းပြုံးရင်းနဲ့ ဖြတ်လျှောက်သွားကြသည်။
အချို့လူကြီးများက ခပ်လှမ်းလှမ်းမှ ထူးဆန်းသလို ပြူးတူးပြဲတဲ ကြည့်သွားကြသည်။
အချို့ကတော့ လူကို အနီးကပ် လာကြည့်ပြီး ပြုံးစိစိဖြင့် ပြန်လှည့်သွားကြသည်။
အချို့ကတော့ အကြွေစေ့လေးများ လာထည့်ရန် ဟန်ပြင်သည်။ သို့ရာတွင် ငါတို့က ငွေ အလှူခံနေတာ မဟုတ်ပါ။ စားစရာအလှူခံနေတာဖြစ်ပါတယ်။ ဒါက ဗုဒ္ဓမြတ်စွာရဲ့ မြင့်မြတ်တဲ့လမ်းညွှန်ချက်တစ်ခုပါဟု ပြောလိုက်ရသည်။
သပိတ်လွယ်ပြီး အသွင်ဖြင့် ဗုဒ္ဓဘာသာကို မိတ်ဆက်ပေးနိုင်ရန် ကုန်တိုက်တစ်ခုရှေ့တွင် မတ်တပ်ရပ်နေခြင်းဖြစ်သည်။ တဝှီးဝှီး တိုက်ခတ်လာသောလေက ပါးပြင်ကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေသည်။ လက်ဝါးနှစ်ဖက်ကို ပွတ်နေရသည်။ သို့ရာတွင် မကြာခဏ ဘာလဲ၊ ဘယ်လိုလဲ လာမေးကြသူတွေကြောင့် အကျိုးတော့ မယုတ်ဟု ထင်သည်။
ကုန်တိုက်ကို ရောက်ဖို့ နာရီဝက်လောက် လမ်းလျှောက်ရသည်။ ကုန်တိုက်ရှေ့တွင် ၄၅ မိနစ်ကျော် မတ်တပ်ရပ်သည်။ အချို့ငွေလှူသူများက ငါတို့ ကုန်တိုက်က ထွက်လာရင် မုန့်လှူမယ်ဟု ပြောသောကြောင့် စောင့်နေရခြင်း ဖြစ်သည်။
အချို့က ကုန်တိုက်ထဲက ဘာဝယ်ခဲ့ပေးရမလဲဟု မေးသည်။ ဗုဒ္ဓဘာသာရဟန်းဆိုတာ လူကျွေးတာ စားရတာဟု ပြောပြသဖြင့် သဘောကျဟန် ရှိသည်။
လူတစ်ယောက်က ဂျာမန်ဘုန်းကြီးနှင့်စကားပြောသည်။
တအံ့တသြ ပုံစံတွေ့ရသဖြင့် မေးကြည့်သည်။ ဒီလို သူတောင်းစားမျိုး တစ်ခါမှ
မတွေ့ဖူးကြောင်း၊ ခေတ်သစ်သူတောင်းစားပဲဟု သုံးသပ်သွားကြောင်း၊ ကျောင်းကို
အချိန်ရရင် လာခဲ့မယ်ဆိုတဲ့အကြောင်း ပြောသည်ဟု ဆိုသည်။ ဘိက္ခု ရဟန်းဆိုတဲ့
ပါဠိစကားလုံးအဓိပ္ပာယ်ကိုက သူတောင်းစားဟု အဓိပ္ပာယ်ရနေတော့ ဘာတတ်နိုင်မလဲ။
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အင်း ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။
အချို့လူကြီးများက ခပ်လှမ်းလှမ်းမှ ထူးဆန်းသလို ပြူးတူးပြဲတဲ ကြည့်သွားကြသည်။
အချို့ကတော့ လူကို အနီးကပ် လာကြည့်ပြီး ပြုံးစိစိဖြင့် ပြန်လှည့်သွားကြသည်။
အချို့ကတော့ အကြွေစေ့လေးများ လာထည့်ရန် ဟန်ပြင်သည်။ သို့ရာတွင် ငါတို့က ငွေ အလှူခံနေတာ မဟုတ်ပါ။ စားစရာအလှူခံနေတာဖြစ်ပါတယ်။ ဒါက ဗုဒ္ဓမြတ်စွာရဲ့ မြင့်မြတ်တဲ့လမ်းညွှန်ချက်တစ်ခုပ
သပိတ်လွယ်ပြီး အသွင်ဖြင့် ဗုဒ္ဓဘာသာကို မိတ်ဆက်ပေးနိုင်ရန် ကုန်တိုက်တစ်ခုရှေ့တွင် မတ်တပ်ရပ်နေခြင်းဖြစ်သည်။ တဝှီးဝှီး တိုက်ခတ်လာသောလေက ပါးပြင်ကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေသည်။ လက်ဝါးနှစ်ဖက်ကို ပွတ်နေရသည်။ သို့ရာတွင် မကြာခဏ ဘာလဲ၊ ဘယ်လိုလဲ လာမေးကြသူတွေကြောင့် အကျိုးတော့ မယုတ်ဟု ထင်သည်။
ကုန်တိုက်ကို ရောက်ဖို့ နာရီဝက်လောက် လမ်းလျှောက်ရသည်။ ကုန်တိုက်ရှေ့တွင် ၄၅ မိနစ်ကျော် မတ်တပ်ရပ်သည်။ အချို့ငွေလှူသူများက ငါတို့ ကုန်တိုက်က ထွက်လာရင် မုန့်လှူမယ်ဟု ပြောသောကြောင့် စောင့်နေရခြင်း ဖြစ်သည်။
အချို့က ကုန်တိုက်ထဲက ဘာဝယ်ခဲ့ပေးရမလဲဟု မေးသည်။ ဗုဒ္ဓဘာသာရဟန်းဆိုတာ လူကျွေးတာ စားရတာဟု ပြောပြသဖြင့် သဘောကျဟန် ရှိသည်။
လူတစ်ယောက်က ဂျာမန်ဘုန်းကြီးနှင့်စကားပြောသည
ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အင်း ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ။
မြန်မာမိသားစုများ
ဒေါ်နီနီအောင်၊ ကိုစိုးမိုးသိမ်း၊ မသင်ဇာလွင်၊ မစန်းစန်း၊ အင်းသူ၊ ရွှေမန်းသူတို့ ရွှေမြန်မာများနှင့် ပျော်ပျော်ပါးပါး။
အားလုံးကို ကျေးဇူးတင်ပါ၏။ ပထမဆုံးတွေ့ဆုံခွင့်ရသော မြန်မာများပါပေ။
အစစအရာရာ လိုအပ်တာများကို လှူဒါန်းသွားကြပါတယ်။
အကူညီဆိုတာထက် ရင်ဖွင့်စရာ တိုင်ပင်စရာရှိလျှင် ရင်ဖွင့်တိုင်ပင်ဖို့က အရေးပါတယ်လို့ ပြောပါရစေ။
အစစအရာရာ အဆင်ပြေကြပါစေ။
Subscribe to:
Posts (Atom)