Labels

Thursday, November 29, 2012

ဘဝထဲက အမြင်၊ အမြင်ထဲက ဘဝ

ဘဝထဲက အမြင်၊ အမြင်ထဲက ဘဝ

(၁)

ဇင်ဆရာကြီး ဟက်ကူအင် (Hakuin)ကို အနီးအနားဝန်းကျင်က အိမ်ထောင်မပြုဘဲနေတဲ့ သူတော်စင်ကြီးတစ်ဦးလို့ ချီးကျူးထောမနာပြုကြတယ်။ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ လှပကြော့ရှင်းတဲ့ ဂျပန်မလေးကလည်း သူ့ကျောင်းအနီးအပါးမှာ နေပါတယ်။ တစ်နေ့မှာ သူ့မိဘတွေဟာ သမီးလေးမှာ ကိုယ်ဝန်ရှိနေကြောင်း မမျှော်လင့်ဘဲ ဗြုန်းစားကြီး သိလိုက်ရတယ်။ ဒါက သူ့မိဘတွေအတွက် အလွန် ဒေါသထွက်စရာကောင်းတယ်။ ဘယ်လိုမေးမေး ဘယ်သူနဲ့ရတဲ့ ကိုယ်ဝန်ဆိုတာကို မပြောဘူး။ နောက် ခြိမ်းခြောက်မေးမြန်းကြည့်တော့မှ ဟက်ကူအင်နဲ့ ရတာပါလို့ ပြောလိုက်တယ်။

ဂျပန်မလေးမိဘတွေဟာ ဒေါသူပုန်ထပြီး ဟက်ကူအင်ဆီကို သွားခဲ့တယ်။ “သင့်ကြောင့် ကျွန်ုပ်တို့သမီး ကိုယ်ဝန်ရနေပြီ”လို့ ဆိုတော့ ဟက်ကူအင်က တစ်လုံးပဲ ပြန်ပြောတယ်။

“အော်…ဒီလိုလား”

ဒီလိုနဲ့ ကလေးလေး မွေးဖွားလာတယ်။ သူ့မိဘတွေက “ဒါ မင်းနဲ့ရတဲ့ ကလေး မင်းမွေးစား”ဆိုပြီး ဟက်ကူအင်ဆီကို ခေါ်သွားပြီး ပေးလိုက်တယ်။ ဟက်ကူအင်က ဘာစကားမှ မပြောဘဲ မွေးစားထားလိုက်တယ်။ ဒီလို လုပ်လိုက်ခြင်းကြောင့် ကလေးအဖေအဖြစ် ဝန်ခံတယ်လို့ သဘောရပြီး လူတွေက သူ့ကို မကြည်ညိုတော့ဘူး။ ဂုဏ်သတင်းတွေလည်း မှေးမှိန်သွားခဲ့တယ်။ ဒါပေမယ့် ဟက်ကူအင်ဟာ နည်းနည်းမှ စိတ်အနှောက်အယှက်မဖြစ်ဘူး။ ကလေးကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ခဲ့တယ်။ အိမ်နီးချင်းအချို့ဆီကနေ နို့နဲ့ အခြားလိုအပ်တာလေးတွေ တောင်းရတယ်။

ဒီလိုနဲ့ ကာလတွေ ကြာညောင်းသွားတော့ ကလေးအမေဖြစ်တဲ့ ဂျပန်မလေးဟာ မနေနိုင်တော့ဘူး။ ဟက်ကူအင် သူ့ကြောင့် ဒီလို ဒုက္ခတွေ ခံစားနေရတာ၊ နာမည်တွေ ပျက်နေရတာကို မကြည့်ရက်တော့ဘူး။ နောင်တတွေ ရလာတယ်။ သူ့မိဘတွေကို ငါးဈေးမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ အဲဒီကလေးရဲ့အဖေဖြစ်ကြောင်း အဖြစ်မှန် ပြောပြလိုက်တယ်။ အဲဒီစကားကိုလည်း ကြားလိုက်ရော ဂျပန်မလေးရဲ့ မိဘနှစ်ပါးဟာ ဟက်ကူအင်ဆီကို ချက်ချင်း သွားရောက်ပြီး ခွင့်လွှတ်ဖို့ အနူးအညွတ်တောင်းပန်တယ်။ ကလေးကိုလည်း ပြန်တောင်းပါတယ်။ ဟက်ကူအင်ကလည်း လိုလိုလားလား ခွင့်ပြုပါတယ်။ စကားတော့ တစ်ခွန်းမှ မပြောပါဘူး။ ဒါပေမယ့် ကလေးကို လှမ်းပေးရင်း တစ်ခွန်းတော့ ပြောလိုက်ပါသေးတယ်။

“အော်…ဒီလိုလား”

(၂)

ဒီဇာတ်လမ်းလေးကို ကောင်မလေးတစ်ယောက်ကို ပြောပြတော့ “ဒီကောင်မ တော်တော်ဆိုးတာပဲ၊ ကိုယ့်ဟာကိုယ် ကမြင်းပြီးတော့၊ ဘုန်းကြီးတော့ သနားစရာပဲ”လို့ ပြောပါတယ်။ နောက်တစ်နေ့ကျတော့ သူက ဆက်ပြောတယ်။ “ညက အိပ်ယာဝင်တော့ ဒီဇာတ်လမ်းလေးကို မျက်စိထဲမြင်ယောင်လာတယ်၊ စိတ်ထဲမှာ ဘယ်လိုလေးမှန်း မသိဘူး၊ ဇင်ဘုန်းကြီးရဲ့ “အော်…ဒီလိုလား”ဆိုတဲ့ အသံက နားထဲမှာ ကြားယောင်လာတယ်၊ အေးချမ်းမှုတစ်ခု ကူးစက်ခံလိုက်ရသလိုပဲ”တဲ့။ တွေးတွေးလေး ပြောပြပါတယ်။

(၃)

တစ်ယောက်ကတော့ “ငါကတော့ ဒီဇာတ်လမ်းလေးကြည့်ပြီး မြတ်စွာဘုရားရှင်ကို သတိရတယ်။ စိဉ္စမာနကိုလည်း သတိရတယ်။ စိဉ္စမာနဟာ မြတ်စွာဘုရားကို နာမည်ဖျက်ချင်တော့ ညနေစောင်းပြီဆိုတာနဲ့ ဘုရားကျောင်းတော်ကို ဝင်၊ လူမသိအောင် ပြန်ထွက်၊ မနက်မိုးလင်းခါနီးကျတော့ ဘုရားကျောင်းတော်ကို ပြန်သွားပြီး ကျောင်းထဲမှာပဲ ညအိပ်ခဲ့သလိုလို လူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်၊ စာတွေမှာ သူ့ကြောင့် ဘုရား နာမည်ပျက်တယ်လို့ မရေးပေမယ့်၊ ငါကတော့ သေချာပြောနိုင်တယ်၊ အနည်းအကျဉ်းတော့ နာမည်ပျက်ခဲ့မှာပဲ၊ ဘုရားရှင်အပေါ်မှာ အကြွင်းမဲ့ယုံကြည်သူတွေကတော့ သူဒီလိုလုပ်နေတာကို ဘယ်ယုံမလဲ၊ မြတ်စွာဘုရားကို မယုံကြည်သူတွေကတော့ စိဉ္စမာနဟာ ဘုရားရှင်နဲ့ ဘာညာဘာညာ စွပ်စွဲကြမှာပဲ၊ ဒီတော့ ဘုရားရှင်လည်း အနည်းအကျဉ်းတော့ နာမည်ပျက်မှာပဲ။ ဒါပေမယ့် အဖြစ်မှန်ပေါ်တဲ့အခါကျမှ အားလုံး သဘောပေါက်သွားခဲ့ကြရတာ။

အခုလည်း ကြည့်လေ။ ဟက်ကူအင်ဟာ ဒီစိဉ္စမာနအဖြစ်မျိုးထက်ဆိုးတဲ့အဖြစ် ကြုံရတာပဲ။ ဂျပန်မလေးက စွပ်စွဲတော့လည်း မငြင်းခဲ့ဘူး။ အဲဒီလို မငြင်းလိုက်လို့ သူ နာမည်ပိုပျက်မှာလဲ သိမှာပါ။ မွေးလာတဲ့ကလေးကို လာပေးတော့လည်း မငြင်းပြန်ဘူး။ ကလေးလက်ခံလိုက်လို့ သူနာမည် ထိပါးသွားမှာ၊ ဂုဏ်သိက္ခာကျဆင်းရမှာကိုလည်း သူ သိမှာပါ။ ဒါပေမယ့် သူ ဘာမှ ဖြေရှင်းချက် မပေးဘူး။ ဒီတော့ ငါ ပြောချင်တာက အမှန်တရားလမ်းပေါ်က လူတွေဟာ ဘယ်တော့မှ ကြာရှည် ကျရှုံးမှု မဖြစ်ဘူးဆိုတာပဲ”ဟု ပြောရင်း နံရံထက်က ပြက္ခဒိန်တစ်ချပ်ကို လှမ်းငေးနေခဲ့တယ်။

(၄)

တစ်ချိန်လုံး ငြိမ်လာခဲ့တဲ့ ဘေးကသူငယ်ချင်းက စကားစဖို့ ဟန်ပြင်တယ်။ အားလုံးက သူဘာပြောမလဲဆိုတာကို စောင့်နေလိုက်တယ်။ “ငါ့ကို ကွမ်းတစ်ယာလောက် ပေးစမ်းပါ”လို့ ဆိုလိုက်တော့ ရယ်မောလိုက်ကြတယ်။ “ငါတို့က တစ်ခုခု ပြောတော့မယ် ထင်နေကြတာ”လို့ ဆိုလိုက်တော့ “အေး … ငါလည်း ပြောဖို့ စောင့်နေတာ၊ ဒါပေမယ့် မင်းတို့ ပြောနေတာတွေက ကောင်းလွန်းတော့ ငါ စကားပြတ်သွားမှာ စိုးလို့ ငြိမ်နေတာ”လို့ ဆိုတယ်။ “အေးပါကွာ… နိဒါန်းတွေ ဒီလောက်ပျိုးမနေတော့နဲ့ ပြောချင်တာ ပြောလိုက်ကွာ”လို့ အားမလို အားမရသံနဲ့ တစ်ယောက်က ဆိုတယ်။

“ငါ မြင်မိတာက ဒီလိုကွ၊ မင်းတို့ပြောနေတဲ့ ဇာတ်လမ်းလေးရယ်၊ မင်းတို့ သုံးသပ်တဲ့ စကားတွေရယ်၊ ငါ ရလိုက်တဲ့အတွေးလေးရယ်… ဒါတွေကို ပေါင်းလိုက်တော့ ငါ့ရင်ထဲမှာ စကားစုလေးနှစ်ခုက ပဲ့တင်လာထပ်တယ်။ -ဘဝထဲက အမြင်၊ အမြင်ထဲက ဘဝ-”
“ဟ ဆန်းလှချည်လား၊ ပြောပါအုံး”လို့ အားရပါးရအသံနဲ့ တစ်ယောက်က ဝင်ထောက်တယ်။ “ပထမဆုံး အမြင်ထဲက ဘဝပေါ့။ ဘဝဆိုတာက တိုက်ရိုက်အားဖြင့် ဇာတ်လမ်းထဲက ဇင်ဘုန်းကြီး ဟက်ကူအင်၊ ဂျပန်မလေး၊ မိဘများနဲ့ ပတ်ဝန်းကျင်လူများရဲ့ ဘဝ၊ သွယ်ဝိုက်သောအားဖြင့် လူသားအားလုံးရဲ့ ဘဝ။ အဲဒီမှာ အားပြိုင်မှုနှစ်ခုက ဟက်ကူအင်နဲ့အခြားသူများပေါ့။ နှစ်ဘက်၊ ဟက်ကူအင်ရဲ့ဘဝဟာ ဖြူစင်တယ်၊ မြင့်မြတ်တယ်။ ဒါပေမယ့် ဂျပန်မလေးရဲ့မိဘတွေရဲ့ အမြင်မှာတော့ ကြောင်သူတော် ကြွက်သူခိုး ဖြစ်နေတယ်။ အဲဒီတော့ ကြည့်စမ်း၊ ဘယ်လောက်တောင် ဆန့်ကျင်နေလိုက်သလဲ။ အဲဒီတော့ ငါ ကောက်ချက်ချမိတာက ငါတို့တွေကော ကိုယ့်အမြင်ကို ဟုတ်လှပြီဆိုပြီး ဘဝင်တွေ မြင့်နေလိုက်ကြတာလေ။ တကယ်တော့ အမြင်ထဲက ဘဝတွေဟာ အစစ်အမှန်ဖြစ်ဖို့ မသေချာဘူး။ အတွေးထဲကဘဝတွေဟာ အဖြစ်မှန်နဲ့ ဝေးနေတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့ အတွေးတွေထဲကို အင်ဖော်မေးရှင်းအမှား၊ အချက်အလက်မှားတွေက တရစပ် ဝင်လာနေတယ်။ အဲဒီအမှားတွေ ရောစပ်လိုက်တဲ့ ငါတို့အမြင်၊ ငါတို့အတွေးတွေဟာ တစ်ယူသန်လာတယ်၊ တစ်ဖက်သက်ဆန်လာတယ်။ တစ်ခါ နောက်တစ်ခုက ဘဝထဲက အမြင်ပေါ့။ ဒါကို ငါ သဘောကျနေမိတယ်။ ငါတို့တွေ ပြောကြမယ်၊ လုပ်ကြမယ်ဆိုရင် တကယ့်ဘဝထဲမှာ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်အပေါ်မှာ အခြေခံတဲ့ အမြင်မျိုးကိုသာ အားကိုးသင့်တယ်လို့ ငါထင်တယ်။ ဘဝထဲက အမြင်သာ ဖြစ်သင့်တယ်လို့ ငါတွေးနေမိတာ”လို့ ပြောပါတယ်။

(၅)

စကားဝိုင်းလေး ပြီးသွားတော့ စကားလုံးလေးတစ်လုံးက သူ့ဆီမှာ တရစ်ဝဲဝဲ ဖြစ်နေတယ်။ “အမြင်ထဲက ဘဝ၊ ဘဝထဲက အမြင်”လို့ ထပ်ခါထပ်ခါ တီးတိုးရွတ်ဆိုနေမိတယ်။ “ငါလည်း ငါ့အမြင်၊ ငါ့အတွေး သက်သက်လေးနဲ့ ဖြူစင်တဲ့ အခြားသူတွေရဲ့ဘဝကို မှားမှားယွင်းယွင်း ဘယ်လောက်များများ ယူဆမိခဲ့သလဲ”။ ပြီးတော့ “ငါ့ဘဝကိုရော အမြင်မှားတွေနဲ့ မှားမှားယွင်းယွင်း ကောက်ချက်ချနေမိသူတွေ ဘယ်လောက်များများ ရှိနေနိုင်မလဲ”။ သူနှင့်လောကကြီး အပြန်အလှန် မြင်နေမိပုံကို သုံးသပ်နေမိတယ်။ အမြင်ထဲက ဘဝကို အာရုံမထားဘဲ ဘဝထဲက အမြင်တွေသာ မြင်မိအောင် ကြိုးစားရမယ်။ ဘဝတွေကို အစစ်အမှန်အတိုင်း သိမြင်ဖို့ ဘယ်လို လုပ်မလဲလို့ စဉ်းစားကြည့်တော့ မေတ္တာတရားက ထိုးဖောက်ဝင်ရောက်နိုင်ကောင်းရဲ့လို့ အဖြေတစ်ခု ရသည့်ပမာ ခံစားလိုက်ရတယ်။

အရှင်ကုသလသာမိ
ဥရောပသာသနာပြု

Zawgyi  Version ............

ဘ၀ထဲက အျမင္၊ အျမင္ထဲက ဘ၀

(၁)

ဇင္ဆရာႀကီး ဟက္ကူအင္ (Hakuin)ကို အနီးအနားဝန္းက်င္က အိမ္ေထာင္မျပဳဘဲေနတဲ့ သူေတာ္စင္ႀကီးတစ္ဦးလို႔ ခ်ီးက်ဴးေထာမနာျပဳၾကတယ္။ စားေသာက္ဆိုင္ပိုင္ရွင္ရဲ႕ လွပေၾကာ့ရွင္းတဲ့ ဂ်ပန္မေလးကလည္း သူ႔ေက်ာင္းအနီးအပါးမွာ ေနပါတယ္။ တစ္ေန႔မွာ သူ႔မိဘေတြဟာ သမီးေလးမွာ ကိုယ္ဝန္ရွိေနေၾကာင္း မေမွ်ာ္လင့္ဘဲ ျဗဳန္းစားႀကီး သိလိုက္ရတယ္။ ဒါက သူ႔မိဘေတြအတြက္ အလြန္ ေဒါသထြက္စရာေကာင္းတယ္။ ဘယ္လိုေမးေမး ဘယ္သူနဲ႔ရတဲ့ ကိုယ္ဝန္ဆိုတာကို မေျပာဘူး။ ေနာက္ ၿခိမ္းေျခာက္ေမးျမန္းၾကည့္ေတာ့မွ ဟက္ကူအင္နဲ႔ ရတာပါလို႔ ေျပာလိုက္တယ္။

ဂ်ပန္မေလးမိဘေတြဟာ ေဒါသူပုန္ထၿပီး ဟက္ကူအင္ဆီကို သြားခဲ့တယ္။ “သင့္ေၾကာင့္ ကြၽႏ္ုပ္တို႔သမီး ကိုယ္ဝန္ရေနၿပီ”လို႔ ဆိုေတာ့ ဟက္ကူအင္က တစ္လုံးပဲ ျပန္ေျပာတယ္။

“ေအာ္…ဒီလိုလား”

ဒီလိုနဲ႔ ကေလးေလး ေမြးဖြားလာတယ္။ သူ႔မိဘေတြက “ဒါ မင္းနဲ႔ရတဲ့ ကေလး မင္းေမြးစား”ဆိုၿပီး ဟက္ကူအင္ဆီကို ေခၚသြားၿပီး ေပးလိုက္တယ္။ ဟက္ကူအင္က ဘာစကားမွ မေျပာဘဲ ေမြးစားထားလိုက္တယ္။ ဒီလို လုပ္လိုက္ျခင္းေၾကာင့္ ကေလးအေဖအျဖစ္ ဝန္ခံတယ္လို႔ သေဘာရၿပီး လူေတြက သူ႔ကို မၾကည္ညိဳေတာ့ဘူး။ ဂုဏ္သတင္းေတြလည္း ေမွးမွိန္သြားခဲ့တယ္။ ဒါေပမယ့္ ဟက္ကူအင္ဟာ နည္းနည္းမွ စိတ္အေႏွာက္အယွက္မျဖစ္ဘူး။ ကေလးကို ေကာင္းေကာင္းမြန္မြန္ ျပဳစုေစာင့္ေရွာက္ခဲ့တယ္။ အိမ္နီးခ်င္းအခ်ိဳ႕ဆီကေန ႏို႔နဲ႔ အျခားလိုအပ္တာေလးေတြ ေတာင္းရတယ္။

ဒီလိုနဲ႔ ကာလေတြ ၾကာေညာင္းသြားေတာ့ ကေလးအေမျဖစ္တဲ့ ဂ်ပန္မေလးဟာ မေနႏိုင္ေတာ့ဘူး။ ဟက္ကူအင္ သူ႔ေၾကာင့္ ဒီလို ဒုကၡေတြ ခံစားေနရတာ၊ နာမည္ေတြ ပ်က္ေနရတာကို မၾကည့္ရက္ေတာ့ဘူး။ ေနာင္တေတြ ရလာတယ္။ သူ႔မိဘေတြကို ငါးေဈးမွာ အလုပ္လုပ္ေနတဲ့ ေကာင္ေလးတစ္ေယာက္ဟာ အဲဒီကေလးရဲ႕အေဖျဖစ္ေၾကာင္း အျဖစ္မွန္ ေျပာျပလိုက္တယ္။ အဲဒီစကားကိုလည္း ၾကားလိုက္ေရာ ဂ်ပန္မေလးရဲ႕ မိဘႏွစ္ပါးဟာ ဟက္ကူအင္ဆီကို ခ်က္ခ်င္း သြားေရာက္ၿပီး ခြင့္လႊတ္ဖို႔ အႏူးအၫြတ္ေတာင္းပန္တယ္။ ကေလးကိုလည္း ျပန္ေတာင္းပါတယ္။ ဟက္ကူအင္ကလည္း လိုလိုလားလား ခြင့္ျပဳပါတယ္။ စကားေတာ့ တစ္ခြန္းမွ မေျပာပါဘူး။ ဒါေပမယ့္ ကေလးကို လွမ္းေပးရင္း တစ္ခြန္းေတာ့ ေျပာလိုက္ပါေသးတယ္။

“ေအာ္…ဒီလိုလား”

(၂)

ဒီဇာတ္လမ္းေလးကို ေကာင္မေလးတစ္ေယာက္ကို ေျပာျပေတာ့ “ဒီေကာင္မ ေတာ္ေတာ္ဆိုးတာပဲ၊ ကိုယ့္ဟာကိုယ္ ကျမင္းၿပီးေတာ့၊ ဘုန္းႀကီးေတာ့ သနားစရာပဲ”လို႔ ေျပာပါတယ္။ ေနာက္တစ္ေန႔က်ေတာ့ သူက ဆက္ေျပာတယ္။ “ညက အိပ္ယာဝင္ေတာ့ ဒီဇာတ္လမ္းေလးကို မ်က္စိထဲျမင္ေယာင္လာတယ္၊ စိတ္ထဲမွာ ဘယ္လိုေလးမွန္း မသိဘူး၊ ဇင္ဘုန္းႀကီးရဲ႕ “ေအာ္…ဒီလိုလား”ဆိုတဲ့ အသံက နားထဲမွာ ၾကားေယာင္လာတယ္၊ ေအးခ်မ္းမႈတစ္ခု ကူးစက္ခံလိုက္ရသလိုပဲ”တဲ့။ ေတြးေတြးေလး ေျပာျပပါတယ္။

(၃)

တစ္ေယာက္ကေတာ့ “ငါကေတာ့ ဒီဇာတ္လမ္းေလးၾကည့္ၿပီး ျမတ္စြာဘုရားရွင္ကို သတိရတယ္။ စိၪၥမာနကိုလည္း သတိရတယ္။ စိၪၥမာနဟာ ျမတ္စြာဘုရားကို နာမည္ဖ်က္ခ်င္ေတာ့ ညေနေစာင္းၿပီဆိုတာနဲ႔ ဘုရားေက်ာင္းေတာ္ကို ဝင္၊ လူမသိေအာင္ ျပန္ထြက္၊ မနက္မိုးလင္းခါနီးက်ေတာ့ ဘုရားေက်ာင္းေတာ္ကို ျပန္သြားၿပီး ေက်ာင္းထဲမွာပဲ ညအိပ္ခဲ့သလိုလို လူေတြ ထင္ေယာင္ထင္မွား ျဖစ္ေအာင္ လုပ္၊ စာေတြမွာ သူ႔ေၾကာင့္ ဘုရား နာမည္ပ်က္တယ္လို႔ မေရးေပမယ့္၊ ငါကေတာ့ ေသခ်ာေျပာႏိုင္တယ္၊ အနည္းအက်ဥ္းေတာ့ နာမည္ပ်က္ခဲ့မွာပဲ၊ ဘုရားရွင္အေပၚမွာ အႂကြင္းမဲ့ယုံၾကည္သူေတြကေတာ့ သူဒီလိုလုပ္ေနတာကို ဘယ္ယုံမလဲ၊ ျမတ္စြာဘုရားကို မယုံၾကည္သူေတြကေတာ့ စိၪၥမာနဟာ ဘုရားရွင္နဲ႔ ဘာညာဘာညာ စြပ္စြဲၾကမွာပဲ၊ ဒီေတာ့ ဘုရားရွင္လည္း အနည္းအက်ဥ္းေတာ့ နာမည္ပ်က္မွာပဲ။ ဒါေပမယ့္ အျဖစ္မွန္ေပၚတဲ့အခါက်မွ အားလုံး သေဘာေပါက္သြားခဲ့ၾကရတာ။

အခုလည္း ၾကည့္ေလ။ ဟက္ကူအင္ဟာ ဒီစိၪၥမာနအျဖစ္မ်ိဳးထက္ဆိုးတဲ့အျဖစ္ ႀကဳံရတာပဲ။ ဂ်ပန္မေလးက စြပ္စြဲေတာ့လည္း မျငင္းခဲ့ဘူး။ အဲဒီလို မျငင္းလိုက္လို႔ သူ နာမည္ပိုပ်က္မွာလဲ သိမွာပါ။ ေမြးလာတဲ့ကေလးကို လာေပးေတာ့လည္း မျငင္းျပန္ဘူး။ ကေလးလက္ခံလိုက္လို႔ သူနာမည္ ထိပါးသြားမွာ၊ ဂုဏ္သိကၡာက်ဆင္းရမွာကိုလည္း သူ သိမွာပါ။ ဒါေပမယ့္ သူ ဘာမွ ေျဖရွင္းခ်က္ မေပးဘူး။ ဒီေတာ့ ငါ ေျပာခ်င္တာက အမွန္တရားလမ္းေပၚက လူေတြဟာ ဘယ္ေတာ့မွ ၾကာရွည္ က်ရႈံးမႈ မျဖစ္ဘူးဆိုတာပဲ”ဟု ေျပာရင္း နံရံထက္က ျပကၡဒိန္တစ္ခ်ပ္ကို လွမ္းေငးေနခဲ့တယ္။

(၄)

တစ္ခ်ိန္လုံး ၿငိမ္လာခဲ့တဲ့ ေဘးကသူငယ္ခ်င္းက စကားစဖို႔ ဟန္ျပင္တယ္။ အားလုံးက သူဘာေျပာမလဲဆိုတာကို ေစာင့္ေနလိုက္တယ္။ “ငါ့ကို ကြမ္းတစ္ယာေလာက္ ေပးစမ္းပါ”လို႔ ဆိုလိုက္ေတာ့ ရယ္ေမာလိုက္ၾကတယ္။ “ငါတို႔က တစ္ခုခု ေျပာေတာ့မယ္ ထင္ေနၾကတာ”လို႔ ဆိုလိုက္ေတာ့ “ေအး … ငါလည္း ေျပာဖို႔ ေစာင့္ေနတာ၊ ဒါေပမယ့္ မင္းတို႔ ေျပာေနတာေတြက ေကာင္းလြန္းေတာ့ ငါ စကားျပတ္သြားမွာ စိုးလို႔ ၿငိမ္ေနတာ”လို႔ ဆိုတယ္။ “ေအးပါကြာ… နိဒါန္းေတြ ဒီေလာက္ပ်ိဳးမေနေတာ့နဲ႔ ေျပာခ်င္တာ ေျပာလိုက္ကြာ”လို႔ အားမလို အားမရသံနဲ႔ တစ္ေယာက္က ဆိုတယ္။

“ငါ ျမင္မိတာက ဒီလိုကြ၊ မင္းတို႔ေျပာေနတဲ့ ဇာတ္လမ္းေလးရယ္၊ မင္းတို႔ သုံးသပ္တဲ့ စကားေတြရယ္၊ ငါ ရလိုက္တဲ့အေတြးေလးရယ္… ဒါေတြကို ေပါင္းလိုက္ေတာ့ ငါ့ရင္ထဲမွာ စကားစုေလးႏွစ္ခုက ပဲ့တင္လာထပ္တယ္။ -ဘဝထဲက အျမင္၊ အျမင္ထဲက ဘဝ-”
“ဟ ဆန္းလွခ်ည္လား၊ ေျပာပါအုံး”လို႔ အားရပါးရအသံနဲ႔ တစ္ေယာက္က ဝင္ေထာက္တယ္။ “ပထမဆုံး အျမင္ထဲက ဘဝေပါ့။ ဘဝဆိုတာက တိုက္႐ိုက္အားျဖင့္ ဇာတ္လမ္းထဲက ဇင္ဘုန္းႀကီး ဟက္ကူအင္၊ ဂ်ပန္မေလး၊ မိဘမ်ားနဲ႔ ပတ္ဝန္းက်င္လူမ်ားရဲ႕ ဘဝ၊ သြယ္ဝိုက္ေသာအားျဖင့္ လူသားအားလုံးရဲ႕ ဘဝ။ အဲဒီမွာ အားၿပိဳင္မႈႏွစ္ခုက ဟက္ကူအင္နဲ႔အျခားသူမ်ားေပါ့။ ႏွစ္ဘက္၊ ဟက္ကူအင္ရဲ႕ဘဝဟာ ျဖဴစင္တယ္၊ ျမင့္ျမတ္တယ္။ ဒါေပမယ့္ ဂ်ပန္မေလးရဲ႕မိဘေတြရဲ႕ အျမင္မွာေတာ့ ေၾကာင္သူေတာ္ ႂကြက္သူခိုး ျဖစ္ေနတယ္။ အဲဒီေတာ့ ၾကည့္စမ္း၊ ဘယ္ေလာက္ေတာင္ ဆန႔္က်င္ေနလိုက္သလဲ။ အဲဒီေတာ့ ငါ ေကာက္ခ်က္ခ်မိတာက ငါတို႔ေတြေကာ ကိုယ့္အျမင္ကို ဟုတ္လွၿပီဆိုၿပီး ဘဝင္ေတြ ျမင့္ေနလိုက္ၾကတာေလ။ တကယ္ေတာ့ အျမင္ထဲက ဘဝေတြဟာ အစစ္အမွန္ျဖစ္ဖို႔ မေသခ်ာဘူး။ အေတြးထဲကဘဝေတြဟာ အျဖစ္မွန္နဲ႔ ေဝးေနတတ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ငါတို႔ အေတြးေတြထဲကို အင္ေဖာ္ေမးရွင္းအမွား၊ အခ်က္အလက္မွားေတြက တရစပ္ ဝင္လာေနတယ္။ အဲဒီအမွားေတြ ေရာစပ္လိုက္တဲ့ ငါတို႔အျမင္၊ ငါတို႔အေတြးေတြဟာ တစ္ယူသန္လာတယ္၊ တစ္ဖက္သက္ဆန္လာတယ္။ တစ္ခါ ေနာက္တစ္ခုက ဘဝထဲက အျမင္ေပါ့။ ဒါကို ငါ သေဘာက်ေနမိတယ္။ ငါတို႔ေတြ ေျပာၾကမယ္၊ လုပ္ၾကမယ္ဆိုရင္ တကယ့္ဘဝထဲမွာ ျဖစ္ေနတဲ့ အေျခအေနအရပ္ရပ္အေပၚမွာ အေျခခံတဲ့ အျမင္မ်ိဳးကိုသာ အားကိုးသင့္တယ္လို႔ ငါထင္တယ္။ ဘဝထဲက အျမင္သာ ျဖစ္သင့္တယ္လို႔ ငါေတြးေနမိတာ”လို႔ ေျပာပါတယ္။

(၅)

စကားဝိုင္းေလး ၿပီးသြားေတာ့ စကားလုံးေလးတစ္လုံးက သူ႔ဆီမွာ တရစ္ဝဲ၀ဲ ျဖစ္ေနတယ္။ “အျမင္ထဲက ဘဝ၊ ဘဝထဲက အျမင္”လို႔ ထပ္ခါထပ္ခါ တီးတိုး႐ြတ္ဆိုေနမိတယ္။ “ငါလည္း ငါ့အျမင္၊ ငါ့အေတြး သက္သက္ေလးနဲ႔ ျဖဴစင္တဲ့ အျခားသူေတြရဲ႕ဘဝကို မွားမွားယြင္းယြင္း ဘယ္ေလာက္မ်ားမ်ား ယူဆမိခဲ့သလဲ”။ ၿပီးေတာ့ “ငါ့ဘဝကိုေရာ အျမင္မွားေတြနဲ႔ မွားမွားယြင္းယြင္း ေကာက္ခ်က္ခ်ေနမိသူေတြ ဘယ္ေလာက္မ်ားမ်ား ရွိေနႏိုင္မလဲ”။ သူႏွင့္ေလာကႀကီး အျပန္အလွန္ ျမင္ေနမိပုံကို သုံးသပ္ေနမိတယ္။ အျမင္ထဲက ဘဝကို အာ႐ုံမထားဘဲ ဘဝထဲက အျမင္ေတြသာ ျမင္မိေအာင္ ႀကိဳးစားရမယ္။ ဘဝေတြကို အစစ္အမွန္အတိုင္း သိျမင္ဖို႔ ဘယ္လို လုပ္မလဲလို႔ စဥ္းစားၾကည့္ေတာ့ ေမတၱာတရားက ထိုးေဖာက္ဝင္ေရာက္ႏိုင္ေကာင္းရဲ႕လို႔ အေျဖတစ္ခု ရသည့္ပမာ ခံစားလိုက္ရတယ္။

အရွင္ကုသလသာမိ
ဥေရာပသာသနာျပဳ

No comments: