Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Sunday, May 15, 2011

ပီနန်ကျွန်းမှာ သာတဲ့လ (၁)

ရွှေစေတီကျောင်းဖွင့်ပွဲ အစောပိုင်း ဓာတ်ပုံအချို့ ဖြစ်ပါတယ်။ အခြေအနေအရ အဓိကဖွင့်ပွဲ ဓာတ်ပုံများကို မတင်နိုင်သေးပါ။ ယနေ့ မေလ၊ ၁၅-ရက်နေ့တွင် ခမ်းနားကြီးကျယ်စွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြပါတယ်။ ဓမ္မိကာရာမမြန်မာကျောင်း တစ်ဝန်းလုံး လက်ခုပ်လက်ဝါးသံ၊ သာဓုခေါ်သံများဖြင့် ဆူညံ ဝေစည်နေခဲ့ပါတယ်။ မိမိကိုယ်မှာ ၀တ်ဆင်လာတဲ့ လက်ဝတ်ရတနာများကို အားတက်သရော ချွတ်လှူနေကြသော အလှူရှင်များ၏ အပြုံးမျက်နှာများမှာလည်း တစ်သက်မမေ့နိုင်စရာ မြင်ကွင်းများ အဖြစ်ကျန်ရစ်နေပါလိမ့်မယ်။

ကင်မရာများအားလုံး စုံတဲ့အခါမှာ ဖွင့်ပွဲအခမ်းအနားဓာတ်ပုံများကိုလည်း တင်ပြပေးသွားပါမယ်။ အောက်က ဓာတ်ပုံအများစုကတော့ ဖွင့်ပွဲ မဏ္ဍပ်၊ ဌပနာပစ္စည်းများ၊ ရတနာပေါင်းများစွာကို ပရိသတ်များရှေ့မှာ ချွတ်လှူပြီး ကြည်နူးလွန်း၍ သီချင်းဆို ကခုန်နေသော နယူးဇီလန်နိုင်ငံမှ ဦးဝင်းမြင်တို့ ဇနီးမောင်နှံ၊ ဌပနာပစ္စည်းများကို ဌပနာတိုက်အတွင်းသို့ ထည့်သွင်းနေကြသော  စေတနာရှင်များ... စသော ပုံများ ဖြစ်ပါတယ်။ နောက်များမှာ ဓာတ်ပုံတွေ ဆက်လက်တင်ပေးသွားပါမယ်....
သာဓု ... သာဓု ... သာဓု























No comments: