A Buddhist Meditation Teacher and lecturer in Goethe Frankfurt University. Now living in Frankfurt, Germany. A founder of Dhammachaya Buddhist Center, Denmark and co-founder of IBEC, Netherlands.
Wednesday, May 4, 2011
ရွှေစေတီကျောင်း ဖွင့်ပွဲအတွက် သတင်းထောက်များနှင့် တွေ့ဆုံပွဲ
ယနေ့ ၂၀၁၁-ခုနှစ်၊ မေလ၊ ၄-ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ပီနန်းမြို့၊ ဓမ္မိကာရာမမြန်မာကျောင်းအတွင်း အသစ်ဆောက်လုပ်ပြီးစီးသွားသော ရွှေစေတီကျောင်းဖွင့်ပွဲအတွက် Star News Agency မှ သတင်းထောက်များနှင့် တွေ့ဆုံပွဲတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်းဆရာတော်ဘုရားကြီးမှ ဤရွှေစေတီကျောင်း ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်၊ မျှော်လင့်ချက်နှင့် ဤကဲ့သို့ ကြီးကျယ်ခမ်းနားလှသော ကျောင်းတော်ကြီး ဖြစ်မြောက်အောင် မည်သို့မည်ပုံ ကြိုးပမ်းခဲ့ရပုံများကို အကျယ်တ၀င့် ရှင်းလင်းမိန့်ကြားခဲ့ပါသည်။ ထို့အပြင် ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ မစ္စတာ တိုးခဘိန်း၊ မစ္စတာ ယပ်ပ်နှင့် မစ္စတာ ဒါတို တန်ဂျင်ဆွန်းတို့က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့ကြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment