Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Saturday, October 2, 2010

Tawfik Hamid ရဲ့ From the heart of a Muslim

(Tawfik Hamid ရဲ့ From the heart of a Muslim ဆိုတဲ့ ဆောင်းပါးကို ဘာသာပြန်ပါတယ်။)

ကျွန်တော်ဟာ ကျွန်တော့် ယုံကြည်ချက်နဲ့ မွတ်စလင်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဆန္ဒအရဆိုရင်တော့ ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်ပေါ့။ နှလုံးသားအရတော့ ဂျူးတစ်ယောက် ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ။ ဒေါက်တာ ဟာမစ်ဆိုတာ တယူသန် မွတ်စလင်တွေကို ဆန့်ကျင်တဲ့ စာရေးဆရာ၊ အီဂျစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အနေနဲ့ မွေးလာတယ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး အစ္စလာဟ်ဘာသာဝင်တစ်ဦးလိုပဲ နေခဲ့တယ်။ ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်နဲ့ဘ၀တူ မွတ်စလင်တွေက ကမ္ဘာ့အနေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို တွေ့ပြီးနောက်မှာ၊ ပြီးတော့ ကမ္ဘာအနှံ့အပြားက အစ္စလာဟ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုများကို တွေ့မြင်ရဖန်များလာပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။ ဒါကတော့ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို လူသားတစ်ဦးလည်းဖြစ်တဲ့အတွက် အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်ပါ။ ဒီခံစားချက်က အစ္စလာဟ်ဘာသာနဲ့ ကမ္ဘာကြီးကို ကပ်ဘေးတွေနဲ့ ယဉ်ကျေးမှုတိုက်ပွဲတွေကနေ ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်။

ကျွန်တော် ၀န်ခံပါတယ်။ လက်ရှိ အစ္စလာဟ်တရားတွေဟာ မွတ်စလင်မဟုတ်သူတွေအပေါ် အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးပေးနေတယ်ဆိုတာကိုပေါ့။ ကျွန်တော်တို့ မွတ်စလင်တွေဟာ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ဒီနေ့အချိန်အထိ မိန်းမအများကြီးယူတဲ့စနစ်ကို လက်ခံကျင့်သုံးနေကြဆဲဖြစ်တယ်။

နောက်ပြီး မွတ်စလင်ကနေ အခြားဘာသာပြောင်းသွားသူတွေကို သတ်ဖြတ်တဲ့အကျင့်တွေက ရှိနေဆဲဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်စနစ်နဲ့စစ်ပွဲတွေကို ဆန့်ကျင်တဲ့နေရာမှာ ပြတ်သားတဲ့ ရပ်တည်ချက် မရှိသေးတာပဲဖြစ်တယ်။ ဆန့်ကျင့်ကန့်ကွက်တာတွေ မလုပ်တဲ့အပြင် အဲဒီကျွန်စနစ်နဲ့စစ်ပွဲတွေကို ဖန်တီးပြီး အစ္စလာဟ်သာသနာပြန့်ပွားအောင်၊ အခြားဘာသာဝင်တွေကို မွတ်စလင်ဖြစ်လာအောင် လုပ်နေကြပါတယ်။ နောက်ပြီးတော့ ဂျိဇီယာ (Jizia)လို့ခေါ်တဲ့ မတရားအခွန်ငွေတွေ ကောက်ခံနေကြပါတယ်။ (မလေးရှားမှာ တရုတ်လူမျိုးများကို နှိမ်ထားသလိုမျိုး ဖြစ်မည်ဟု ထင်ပါတယ်…စာရေးသူ)

ကျွန်တော်တို့ မွတ်စလင်တွေဟာ “အစ္စလာဟ်ဘာသာကို လေးစားကြပါ”လို့ ကမ္ဘာ့လူသားတွေကို တောင်းဆိုနေကြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ဗလီတွေမှာ ကြာသပတေးနေ့တိုင်း အခြားအစ္စလာဟ်ဘာသာဝင် မဟုတ်သူတွေကို (အာရဗီဘာသာစကားနဲ့) ဆဲရေးတိုင်းထွာနေကြပါတယ်။ ကျွန်တော်တို့ အစ္စလာဟ်ဘာသာဝင်တွေဟာ ဂျူးတွေကို ၀က်နဲ့မျောက်ကနေဆင်းသက်သူများလို့ ဆဲရေးတိုင်းထွာကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မွတ်စလင်ဘာသာဝင်ကလေးငယ်တွေကို ဘယ်လို မက်ဆေ့တွေ (သင်ကြားချက်တွေ) ပေးချင်တာပါလဲ။ ဒါဟာ မေတ္တာတရားနဲ့ငြိမ်းချမ်းရေး လက်ဆောင်တွေလား။ အမုန်းတရားလက်ဆောင်တွေလား။

ကျွန်တော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဂျူးဘုရားကျောင်းတွေကို ရောက်ဖူးတယ်။ သူတို့က ကျွန်တော်တို့ မွတ်စလင်တွေအတွက် ဆုတောင်းပေးနေကြတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်ခေါင်းဆောင်တွေက သူတို့ကို ဆဲရေးတိုင်းထွာနေကြတယ်။ ကျွန်တော်တို့ရဲ့ မွတ်စလင်မျိုးဆက်တွေကိုလည်း သူတို့ (အခြားဘာသာဝင်တွေ)ကို မုန်းတီးရွံရှာဖို့နဲ့ မိစ္ဆာဒိဋ္ဌိများအဖြစ် ခေါ်ကြဖို့ သင်ကြားပေးနေကြပါတယ်။

ကျွန်တော်တို့ မွတ်စလင်တွေဟာ တစ်စုံတစ်ယောက်က “မိုဟာမက်ဆိုတာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးတွေအပေါ်မှာ ကာမစပ်ယှက်သူ”လို့ စွပ်စွဲတဲ့အခါ မိုဟာမက်ကို ကာကွယ်ဖို့ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မွတ်စလင်တွေဟာ အစ္စလာဟ်ကျမ်းစာမှာလာတဲ့ “တမန်တော် မိုဟာမက် အသက် ၅၀ ကျော်သောအခါ အသက် ၇-နှစ်မျှသာရှိသေးသော အမျိုးသမီးငယ်လေးကို လက်ထပ်တော်မူတယ်”ဆိုတဲ့အကြောင်းကိုတော့ ဂုဏ်ယူပြောဆိုနေကြပြန်ပါတယ်။

ပြောရမှာတော့ ၀မ်းနည်းပါတယ်။ မွတ်စလင်များစွာဟာ (အားလုံးတော့ မဟုတ်ပါဘူး) အမေရိကန်က ဝေါထရိစင်တာကို ၀င်တိုက်တဲ့ စက်တင်ဘာ ၁၁-ရက်အဖြစ်အပျက်နဲ့ ကမ္ဘာအနှံ့အပြားက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြားရတိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။ ကမ္ဘာ့မီဒီယာရှေ့မှာတော့ ကျွန်တော်တို့ မွတ်စလင်တွေဟာ ဒီလို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာကြပါတယ်။ ဒါပေမယ့် မွတ်စလင်အကြမ်းဖက်သမားတွေကို မွတ်စလင်တွေဟာ သဘောခွေ့နေကြပါတယ်။ လျစ်လျူရှုထားကြပါတယ်။ သူတို့ အကြမ်းဖက်ရခြင်းအကြောင်းကိုတောင် ရှာကြံပြီး အကြမ်းဖက်သမားတွေကို သနားနေကြပါတယ်။

ဥပမာအနေနဲ့ ဘယ်အစ္စလာဟ်အဖွဲ့အစည်းက အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို “ဘာသာရေးသွေဖီသူ၊ အစ္စလာဟ်တရားတော်ကို ချိုးဖောက်သူ”လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ပါသလဲ။ ရှေ့နောက်မညီတာတစ်ခုက စာရေးဆရာ ရပ်ခ်ျဒိုင်း (Rushdie)ကိုတော့ အစ္စလာဟ်ကို ဆန့်ကျင်တဲ့စာအုပ် ရေးသားမှုနဲ့ သေဒဏ်ပေးသင့်ကြောင်း ကြေညာပေးခဲ့တယ်။

ကျွန်တော်တို့ မွတ်စလင်တွေဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရဖို့ ကမ္ဘာအနှံ့အပြားမှာ တောင်းဆိုနေကြတယ်။ ဥပမာ ပြင်သစ်မှာ ခေါင်းမြီးခြုံခွင့် ပိတ်ပင်ခြင်းကိစ္စကို ပယ်ဖျက်ဖို့ တောင်းဆိုနေကြတယ်။

ကျွန်တော်တို့ တကယ်လုပ်သင့်တာက ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အစ္စလာဟ်အစွန်းရောက် လူသတ်သမားတွေကို ဆန့်ကျင်ကြဖို့ အားပေးအားမြှောက်မပြုကြဖို့နဲ့ အစွဲအလန်းတွေ သိပ်မကြီးကြဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်တွေဟာ အခုထိ ဒါတွေကို ဆန့်ကျင်ကြောင်း၊ အားပေးအားမြှောက်မပြုပါကြောင်းဆိုတဲ့ ဆန္ဒတွေ မဖော်ထုတ်ပေးနိုင်ကြပါဘူး။ ကျွန်တော်တို့ရဲ့သဘောထားကို မဖော်ပြဘဲ တိတ်တိတ်ကလေး နေနေကြတာဟာ အစ္စလာဟ်အကြမ်းဖက်သမားတွေကို သတ်ဖြတ်ခြင်းလုပ်ငန်းတွေ ဆက်လုပ်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ အားပေးနေတာ၊ တိုက်တွန်းနေတာ၊ စွမ်းအင်တွေ ဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။

ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်တော်တို့ ကံမကောင်းအကြောင်းမလှတာတွေအတွက် အစ္စရေးလူမျိုးတွေနဲ့အခြားသူများအပေါ်ကို အပြစ်တင်၊ လက်ညှိုးထိုးနေကြတာကို ရပ်တန့်ပစ်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော် မွတ်စလင်တစ်ယောက်အနေနဲ့ ရိုးရိုးသားသား ပြောရရင် အစ္စရေးနိုင်ငံဆိုတာ အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်တစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုရဲ့အလင်းရောင် ဖြစ်ပါတယ်။ လူ့အခွင့်အရေးများရဲ့ စံထားရာနိုင်ငံတစ်ခု ဖြစ်ပါတယ်။

မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေဟာ ကရုဏာတရားမဲ့စွာနဲ့ ဘာနစ်နာကြေးမှမပေးဘဲ ဂျူးလူမျိုးတွေကို ပထုတ်နေကြတယ်။ “လွတ်လပ်သောဂျူးနိုင်ငံတော်”ကို ခွင့်မပြုကြဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစ္စရေးလူမျိုးတွေကတော့ အာရပ်လူမျိုးသန်းပေါင်းများစွာကို သူတို့နိုင်ငံသားအဖြစ် သူတို့မြေပေါ်မှာ လက်ခံပေးထားပါတယ်။ ဂျူးလူမျိုးတွေနဲ့ အခွင့်အရေးတန်းတူ ခံစားခွင့်ပေးထားပါတယ်။

အစ္စရေးမှာ အမျိုးသားက အမျိုးသမီးတွေကို တရားဝင် ရိုက်နှက်ခွင့်မပြုပါဘူး။ လူတိုင်းလူတိုင်း ဘာသာတစ်ခုကနေ ဘာသာတစ်ခုကို လွတ်လွတ်လပ်လပ် ပြောင်းနိုင်ခွင့် ရှိပါတယ်။ အစ္စလာဟ်မှာလို ဘာသာပြောင်းလဲခြင်းဥပဒေအရ သတ်ဖြတ်ခံရမှာကိုလည်း ကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ အစ္စလာဟ်နိုင်ငံတွေမှာ ဒီလို အခွင့်အရေးမျိုးကို ရနိုင်လို့လား။ ဒီအခွင့်အရေးမျိုးကို ခံစားကြရလို့လား။ (ဒါဆိုရင် ခင်ဗျားက အစ္စရေးဘက်တော်သား မွတ်စလင်လားလို့ ကျွန်တော့်ကို မေးလိမ့်မယ်)။

ကျွန်တော်အနေနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေ ဒုက္ခခံစားနေရတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီလို ဒုက္ခခံစားနေရတာတွေဟာ အစ္စရေးတွေ(ဂျူးတွေ)ကြောင့် မဟုတ်ပါဘူး။ ပါလက်စတိုင်းက အကျင့်ပျက်ခြစားနေတဲ့ (ပျက်စီးနေတဲ့)ခေါင်းဆောင်တွေကြောင့် ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံမှာနေတဲ့ အာရပ်လူမျိုးတွေ အာရပ်တိုင်းပြည်တွေမှာ နေချင်လို့ဆိုပြီး ထွက်ပြေးတာကို တွေ့မြင်ရဖို့ ခဲယဉ်းပါတယ်။ အခြားတစ်ဖက်မှာတော့ ထောင်သောင်းများစွာသော ပါလက်စတိုင်းလူမျိုး မွတ်စလင်တွေဟာ သူတို့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ အစ္စရေးမှာ ပျော်ရွှင်စွာ အလုပ်လုပ်ဖို့ အစ္စရေးနယ်မြေထဲကို ၀င်နေကြပါတယ်။ အချို့ပုဂ္ဂိုလ်တွေ ပြောနေကြသလို အစ္စရေးတွေက ဆိုးဆိုးဝါးဝါး လူမဆန်စွာ ဆက်ဆံကြတယ်ဆိုရင် ဆန့်ကျင်ဘက်အခြေအနေ (ပါလက်စတိုင်းတွေက အစ္စရေးနယ်မြေထဲ မ၀င်ဘဲ၊ အစ္စရေးထဲက အာရပ်တွေကသာ ပါလက်စတိုင်းနယ်မြေထဲ ၀င်နေကြမယ်ဆိုတဲ့ ဆန့်ကျင်ဘက်အခြေအနေ… စာရေးသူ) တွေပဲ ကျွန်တော်တို့ တွေ့ရမှာ အသေအချာပါပဲ။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကိုယ့်ပြဿနာကိုယ်လက်ခံပြီး ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းကြရပါလိမ့်မယ်။ ဒါမှသာ လူသားထုတစ်ရပ်လုံးနဲ့ ညီညွတ်မျှတစွာနေနိုင်မယ့် ခေတ်သစ်တစ်ခုကို စတင်နိုင်ကြပါလိမ့်မယ်။

ကျွန်တော်တို့ မွတ်စလင်ဘာသာရေးခေါင်းဆောင်များအနေနဲ့
-မယားများစွာယူခြင်း၊
-အရွယ်မရောက်သူများကို လက်ထပ်ခြင်း၊
-ကျွန်စနစ်၊
-အစ္စလာဟ်ဘာသာကို သွေဖီသူများကို သတ်ဖြတ်ခြင်း၊
-အမျိုးသမီးများကို ရိုက်နှက်ခြင်းနဲ့
-အစ္စလာဟ်ဘာသာပြန့်ပွားရေးအတွက် မွတ်စလင်မဟုတ်တဲ့နိုင်ငံများကို စစ်ကြေငြာခြင်းဆိုတဲ့ အချက်တွေကို ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်နေပါပြီ။ ဒီလို လုပ်ဆောင်ပြမှသာလျှင် “ကျွန်တော်တို့ဘာသာကို လေးစားကြပါ”လို့ အခြားသူတွေကို တောင်းဆိုနိုင်ပါလိမ့်မယ်။

ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ “ကျွန်တော်တို့ရဲ့ သူတော်ကောင်းယောင်ဆောင်တတ်တဲ့အကျင့်”တွေကို ရပ်တန့်ဖို့ အချိန်ကျရောက်ပါပြီ။ ပြီးတော့ ဒီအချိန်ဟာ “ကျွန်တော်တို့ မွတ်စလင်တွေ ပြောင်းလဲရမယ်”လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ့်အချိန်ပါပဲ။

တော်ဖစ် ဟာမစ်

37 comments:

Unknown said...

I get some knowledge more. thanks u,u zin!

မိုးယံ said...

သူတို့ မွတ်စလင် တွေထဲမှာ လူပီသတဲ့ စိတ် ရှိသူတွေ များစွာရှိပါတယ် ဒီလို ပြောရဲတဲ့သူ (အနည်းငယ်) ရှိနေတာကို က ၀မ်းသာစရာပါပဲ။

အမှန်ကို မမြင်နိုင်သေး လို့ အမြင်မှန် မရသေးပဲ လူမပီသ တဲ့ လူတွေကို သနားလဲ သနားမိပါတယ်။

သိပ်ဆိုးဝါးလွန်းတဲ့ ကျမ်းစာလာ ဥပဒေတွေ ၊ လုပ်ထုံးလုပ်နည်းတွေက တော့ လူသားကမ္ဘာ အတွက် လုံးဝ အကျိုးမရှိပါဘူး လို့ပဲမြင်မိပါတယ်။

Anonymous said...

ဦးဇင်းရေ-ကူးယူဖော်ပြခွင့်ပြုပါ။

မိုးယံ said...

အရှင်ဘုရား ကူးယူဖော်ပြခွင့် ပြပါ ဘုရား။

Soe Min said...

Dear Sayardaw,
I am devoted buddhist following Kanni Method (via) Myazin. I'd like to suggest not to mention about other religions good or bad. This is just my humble request for the sake of a good Buddhist. Let's mind our own business (tayar)
by the way please see arnapanna steps translated (by me) in English and used it if appropriate.
https://sites.google.com/site/bohdiwisdom/meditation/anapanasati

Zaw From Myanmar said...

အရှင်ဘုရား ကူးယူဖော်ပြခွင့် ပြပါ ဘုရား

Unknown said...

ဒီပို့စ်မှာ ရေးသားမှုများသည် မမှန်ကန် ပါ .. သက်သက်မဲ့ လုပ်ကြံ ကာ ရေးသားထားခြင်းဖြစ်ပါသည် ..
ရေးသူမှာလည်း မွတ်စလင်မ် မဟုတ်ပါ .. မွတ်စလင်မ် အမည်ခံကာ ရေးသားထားခြင်းဖြစ်ပါသည်..
ဂျုးဘာသာ ဝင်များမှ ဘက် မှ ရေးသားထားပုံထောက်လျှင် .. အစ္စလာမ် ဆန့်ကျင့်ရေး ကို တစ်စိုက်မက်မက်
ကမ္ဘာ နှင့် အဝှမ်း လုပ်ဆောင်နေသော ဂျုးများ ၏ အရေးအသားပင် ဖြစ်သည် ..

ဗုဒ္ဓဘာသာ ၏ ဘုန်းတော်ကြီး တစ်ယောက်အနေနှင့် ယခုလို ပို့စ်မျိုး မရေးသားသင့်ပါ ..

ko said...
This comment has been removed by the author.
ko said...

ှုဦးဇင်းရေ............အမှန်အတိုင်းလျှောက်ချင်ပါသည်။ကျွန်တော်သည်အဖေ[budish]နှင့်အမေက[islam]ဖြစ်ပါသည်။ကျွန်တော်အဖေအမေသည်အယူသီးသူများမဟုတ်ပါ။ငယ်စဉ်ကပင်ဘာသာနှစ်ခုကြားမှာကြီးလာသူပါ။ဘာသာတခုကိုယခုလိုမဟုတ်မမှန်ပြောဆိုသည်ပိုစ့်ကိုဦးဇင်းရေတင်ရန်မသင့်ကြောင်းပါ။ISLAMသည်ငြိမ်းချမ်းသည်ဘာသာဖြစ်ပါသည်။ ရေးသားချက်များဟာမမှန်ကန်အပါဦးဇင်းရေbudishအဆိုကိုယ်ပြုသောကံကိုယ်ထံပြန်လာမည်။အမှန်ကိုမြင်ပါစေ.....ဦးဇင်းရေ

Myo Chit Thwe said...

မဟုတ်ဘူးဆိုရင် မဟုတ်တဲ့အကြောင်းအရာတွေကို တစ်ချက်ချင်း ပြန်ရှင်းသင့်ပါတယ်။ မဟုတ်လို့ မဟုတ်ဘူးပြောပေမယ့် အထောက်အထားမပါရင် ဘယ်သူမှ မယုံပါဘူး။ ဒါ အစ္စလာမ်အတွက် ကိုယ့်အပေါ်မှာ အထင်မှားနေသူတွေကို ပြန်ရှင်းပြဖို့ အခွင့်ကောင်းပါ။

La Min Tun (ကိုဝဏ) said...

ဘယ်လိုအထောက်ထားလည်း .........ပြောပြမယ်နော်
လူဆိုတာဥဏ်၇ှိတယ် သေခြာစဉ်းစားပေါ့နော်။
ခ၇စ်ယာန်နှိင်ငံ တော်တော်များများမှ ဗလီတွေ ဒုနဲ ဒေး၇ှိပါတယ်......ကိုလူမျိုးကိုထိုင်ဆဲ နေတယ်ဆိုတာ အဲ့ လို နှိင်ငံက ခ၇စ်ယာန်တွေ ကလက်ခံမလား။ဘာသက်သေအထောက်ထားမ၇ှိပဲေ၇းချင်သလိုေ၇းထားတဲ့ စာကို အရှင်ကုသလသာမိ (ပျော်ဘွယ်)လို ပုဂ္ဂိုလ်က အခြားလူတွေဖို့ massage ပေးထားတာ ၀မ်းနည်းစ၇ပဲ။ပညာမဲ့  လူတန်းစားက လုပ်၇င်နားလည်ပေးလို့၇သေးတယ်။မိမိပညာကိုတန်ဖိုးထားပါ။အမှန်တ၇ားကိုလည်းမြတ်နှိးပါ အမှားကိုဟုတ်သယောင်ယောင်မလုပ်ပါနဲ့  ဆ၇ာတော်၇ယ်။ဘာသာေ၇းကိုကျွန်တော်တို့ ထက်ပိုနားလည်မှာပါ အစ္စလာမ်ဘာသာကိုလေ့လာဖူးမှာပါ။အ၇ူးကွက်မနင်းပါနဲ့ ။၇င်ထဲမှာ စိတ်၇ှင်းရှင်းထားပါ ။အဖြူသက်သက်လေးနေပါ။

Myo Chit Thwe said...

မောင် killer ဖြေရှင်းတာ မဟုတ်သေးဘူးထင်တယ်။ မွတ်စလင်ဘုရားဝတ်တတ်တာ အာရဘီလိုဝတ်တတ်တာ ဘယ်သူကနားလည်မှာလဲ။ ဗုဒ္ဓဘာသာဝင်တွေပါဠိနားမလည်သလိုပေါ့။ ဦးဆန်းလွင်တောင် သူငယ်ငယ်က မွတ်စလင်ဘုရားဝတ်တတ်စာကို နားမလည်ဘဲဆိုနေရလို့ တတ်သိတဲ့ ဆရာတွေကို ချဉ်းကပ်ပြီး နားလည်အောင်လုပ်ရတယ်ဆိုပဲ။ စူးစမ်းလိုစိတ်ရှိတဲ့မွတ်စလင်တစ်ယောက်တောင် ဘုရားဝတ်တတ်စာကို နားလည်အောင်ဆရာကိုမေးပြီး ကြိုးစားခဲ့ရတာ၊ ဘာသာခြားတွေက ဘယ်လိုလုပ်နားလည်နိုင်မှာလဲ။ မပင်ပမ်းဘူးဆိုရင် (ကိုယ့်ဘာသာတရားရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ချင်ရင်) ဘာသာခြားမြန်မာတွေနားလည်အောင် မောင် killer အနေနဲ့ မွတ်စလင်တွေ ဘုရားဝတ်တတ်စဉ်မှာ ရွတ်ဆိုရတဲ့စာသားတွေကို မြန်မာလိုရှင်းပြပေးစေချင်တယ်။ ကိုယ်ကိုယ်တိုင်နားမလည်ရင် နားလည်တဲ့သူကို မေးပြီး ပြန်ရှင်းပြပါ။ အထောက်အထားနဲ့ ပြောပါဆိုတာက အပေါ်ယံ အပေါစား လူပြိန်းတွေ အပေါ်အယံအမြင်နဲ့ လျောက်ပြောတာတွေမဟုတ်ဘူး။ ကိုရမ်အထောက်အထား၊ အခြားမွတ်စလင်ဆိုင်ရာ ပညာရှင်တွေ ပြုစုထားတဲ့ ကျမ်းကိုးကျမ်းကား အထောက်အထားကိုပြောတာပါ။ မွတ်စလင်အတွက် အခွင့်အရေးဆိုတာ ဒါကိုပြောတာ။ ပြန်လည်ဖြေရှင်းခွင့်ရတဲ့အတွက် ဘာသာပြန်သူ (စာရေးသူမဟုတ်ပါ) ကိုတောင် ကျေးဇူးတင်ရဦးမယ်။

AKM Tourism said...

မွတ်ဆလင်တိုင်းသည်အကြမ်းဖက်သမားများမဟုတ်ကြပါ၊ သို့သော်အကြမ်းဖက်သမားတိုင်းသည်မွတ်ဆလင်များဖြစ်ကြသည်။

eooelecom said...

ဒီပို့စ် သင်တဲ့သူက ရူးနေလို့ပါ
စိတ်မရှိပါနဲ့ သူကဒီလိုပါပဲ ကလားမနိုင်ရခိုင်မဲတဲ့တဘောပါ
ကလားဆိုတာ(အစ္စလာမ်)ကိုပြောတာမဟုတ်ဖူးနော်
အရူးစကားနားမယောင်ကြပါနဲ့လို့ပြောစရာမလိုလောက်ပါဘူး

eooelecom said...
This comment has been removed by the author.
eooelecom said...

(မွတ်စလင်ဘုရားဝတ်တတ်တာ အာရဘီလိုဝတ်တတ်တာ ဘယ်သူကနားလည်မှာလဲဆိုရင်)

နားမလည်တလိုနေလိုက်ပါ ဦးဇင်း


(မပင်ပမ်းဘူးဆိုရင် (ကိုယ့်ဘာသာတရားရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ချင်ရင်)

ဆိုတယ်ပြောရအောင် အစ္စလာမ်
သာတနာဟာ မြင့်တင်စရာမလိုအောင်
မြင့်မြတ်ပြီးသားပါ
ဒါကို ဦးဇင်းလဲ ကောင်းကောင်းသိမှာပါ
အစ္စလာမ် ဘာသာဝန်တွေဟာ ဖန်ဆင်းခံ လူသားခြင်း
မကိုး ကွယ်တာကိုက မြင့်မြတ်ကြောင်း သက်သေ ပြနေတာပါ မသိရင်မှတ်ထားလိုက်ပါ

ALin said...

စိတ် မရှိနဲ့နော် ဦးဇင်း .. ကျွှန်တော်က ကလေး ပါ .. ။ :) .. ကလေး အတွေးနဲ့ တစ်ခု လောက် မေးချင်လို့ .. ။

ရမလား .. ။

ALin said...

ဦးဇင်း (သို့) ဘုန်းကြီး .. ။ ဆိုတာက ဘုန်းကြီးကျောင်းမှာ တရား မမှတ်ပဲ အွန်လိုင်းမှာ ဘာ တွေ များ လာမှတ် နေတာလဲ ဟင် .. ။

ဦးဇင်း ဆိုဒ်မှာ တင်ထားတဲ့ အရာမှန်သမျှ .. သင်္ကန်းမဝတ်ထား လူမှန်သမျှ သိပြီးသားတွေပဲလေ သူတို့ တင်လည်း ရတာပဲကိုးး .. တင်ထားတဲ့ ဆိုဒ်တွေလဲ ရှိပါတယ် .. ။ ဦးဇင်း (သို့) ဘုန်းကြီး တို့ က ကျောင်းထိုင် ဆရာ တော် ဖြစ်ဖြစ် ရိုးရိုး ဦးဇင်း ဖြစ်ဖြစ် ကိုယ်ရင် ဖြစ်ဖြစ် ကျောင်းမှာ မှတ်တဲ့ တရား ကျောင်းမှာ ပြန်ဟော လို့ ဦးဇင်းတို့ ဘာသာဝင်တွေ သိနားလည်း မှတ်သား ယူပြီး စာအုပ်ထုပ်ဝေ နေကြတာပဲလေ .. ။ အင်တာ နက်ဆိုတာက ဝါမရှိတဲ့လူ တရား မရှိတဲ့ သူတွေ သုံးတာ များပါတယ်ဗျာ (ကျွန်တော်အပါအဝင်ပေါ့ :O ).. လူဆိုတာက လူပါပဲ မွေးတုန်းကလဲ ခေါင်းပါတယ် ကိုယ်ခန္ဓာ ပါတယ် သေတော့လေ ခေါင်းကော ကိုယ်ခန္ဓာ ကော် ပါမယ် .. ။ သေရင် ပါ သွားမှာ အမုန်းတရားမဟုတ်ဘူး မေတ္တာ တရား .. ။
အကောင်းမြင်တဲ့ စိတ်နဲ့ မကောင်းမြင်တဲ့ စိတ် နှစ်ခု မှာ ဘယ်တစ်ခုက ဘယ်လို မြတ်လဲ ဆိုတာ .. ဝါရှိတဲ့ ဦးဇင် တစ်ယောက် အနေနဲ့ သိနားလည် သဘောပေါက် မြင်တက်မယ် ထင်ပါတယ် .. ။

ALin said...

http://www.google.com/search?hl=en&tbs=sbi:AMhZZiv43YC5sllLROgrYFO9IsiOSAGD-KCrVhT4OLIoQ7GH6WvYiJ6oqDYhuT7at3CUIds0b3VHj5JFDGsq7pZDTcBi9-Ac3vHFkBiGkcNf0Y4Q34mdOT2sbq4RnK9coWMYDpHi29VZvtaMIrQPT1iqnJ_1NTXUpNkNlBjD64uWOCUlULFxCz_18egq85Plt0ZhYFQKgzmleaNFjUH89K3Y7SYVUnHhR1EOu7gvkizmxwnjIfn8YQ3VRH-XsBKbARGzMvarpb3rAUi0lC-9m0y7te4myLKQa-BpoDqZ1KYzOkZAQfRRV752X0SKZ4ZqSGcEpu48Wc4qGdRbo-fDSkrRqu9hbXECMzZzkkgEjtrRp1_1nrcT4uijeyyCFcAWwG3MIVW_1Uhy1nKdZkQDX-4mboeWqDs3fptxOf7nzd4GnT4R8JJkkunbsHDzRkC5dlVQyTPGXybcSGfMNi7DyXDMCiwmDtFF9fQVOtcnsc3ewT1InOGr1P8Rvg7eqeooB_19uzTWYmGLeYGicTv9lYpNP25fxjEBI4dJA0_154_1I-dcxgVrFC8LavpsXtkJyqwqpKIeI-YUnrc8bB42JVL72cDiJnjwvhtMxl25WaWZZPgl3dXiXxRe1m9mT3aDFge6royQ6ampphQuJmgxAdlfH6SxhTrPTJR5HF3nNNQMX_1YT07lg25jhGhP_16zU2h36XNDhjzCl3vYZcylAtIwCa1Wnr2mnXwY8q0sO2frGP24S9dnEEiWzkdWOL3mdajJkuB9aPxTReOknMvSswYV8mKJIcZOpXz4ZnnPyaxDk1H95O3tJjfBWAi2-3HnxQM52FgljzeL0AaGMmN8l2PzixZ12mi1bbQhwxw-GQqgCyowBdY4n4BNSBJ2pvfG7bpOkNEixZdpAw8JcFhNdFCPXt5Z3kABJ9hSrVZY2J3EBN0sUvreYKc3Uxgsj-CQCWaghJcSj5rqC9fhKjT86g5PLcAg5mxFjdXEu9ngkofSjvieQvnh2nmktxxpJDjJ2azN46KkWKEC3uBM8AfFg0MIqIQoL9RhKi5e6d0UNgk56Lbczfu42j8vq1Bq565RXWv2omBI1CPh-nBQfwYj_1u2aQ7FWM8RC6VRlRPP7qvBhp3JI-4_17OP56-LtbtanL07jh5RrBuX63wjjRaKjmZqxf3ec9-w6ONHvJiDhKba3PaaC64iRLAFuG3ZtLtSL4EX-csDhbhnNw8ctAY6i7mWDWABC1g60ZRuEH3zlpSQSrW9SiuEf5WGVGP_1rkRn4gkqwtz3K9R-ZcRwbu0_11OCry4F7SPQ977wuHOekEWAqL6My_1pri9R8hKSTwuedSftLizsGF5Iklh-RT87_18haCs1r-2QnwFMkA9muep4-DYg&prmd=imvns&ei=JZK9T5T6FenRiAKesYXBCw&start=0&sa=N&biw=1152&bih=749

အပုံတစ်ပုံကို ဘယ်လို အသုံးချရမလဲ ဆိုတာ နည်းနည်း စဉ်စား တက်ဖို့လိုတယ်လေ ဦးဇင်းရယ် တွေ့ကရာအပုံ အဟုတ် ထင်လို့ လျှောက် တင်မနေပါနဲ့ဗျာ နစ်နာမဲ့ သူတွေက နစ်နာ သွားပါလိမ့်မယ် .. ။ ကိုယ်ဘက်ကြီးပဲ မကြည့်ရဘူးလေ ဂဏန်းဖြစ် သွားမှာပေါ့ .. :P

ဒါနဲ့ မွတ်စလင်(မ်) တွေ ဆိုတာ ဘယ်လို တရား ဟောတဲ့ နေရာပဲ ဖြစ်ဖြစ် ဘယ်လို ဟောပြောခန်းမှာပဲ ဖြစ်ဖြစ် အင်္ဂလိပ်လို မပြောကြပါဘူးဗျာ .. အာရဗီ စကား နဲ့ပဲ ပြောကြတာပါ ဒါကို အင်္ဂလိပ် လို ပြန်လည် ဘာသာ ပြန်ထားတာတွေ လဲ ရှိပါတယ် .. ။

ခု ဦးဇင်းက မြန်မာ လို တောင် ဘာသာ ပြန်ထားတယ်ဆိုတော့ အင်္ဂလပ် ဘာသာပြန်က နေ ပြန်ပြီး မြန်မာလို ဘာသာ ပြန်ထားတယ် ထင်တယ်နော် .. ။ အစ္စလာမ့် သမိုင်းမှာ အတည်ယူလို့ ရတာ အာရဗီ စကား ပဲ ရှိပါတယ် ဗျာ .. ခု ဦးဇင်း က အင်္ဂလိပ်လို ဘာသာ ပြန်ထားတာတွေကိုလဲ မဖော်ပြ အာရဗီလို မူရင်း နဲ့လည်း မဖော်ပြ သမင်မြင်လို့ ခြင်္သ့အမှီကုပ် ဆိုသလို ဖြစ်နေပါပြီးဗျာ .. ။ ဟဲဟဲ .. ဦးဇင်းကိုတော့ လေးစား ပါတယ် ဝက်ဆိုဒ် တစ်ခု ထောင်နိုင်လို့လေ... ဟိဟိ ဘလော့ဂါ အချင်းချင်း ဘာပဲ ဖြစ်ဖြစ် ကြိုဆိုပါတယ် .. ။ ကျွန်တော်က ဘာသာရေး ဆရာကြီး မဟုတ်တဲ့ အတွက်တော့ အင်တာနက်ဆိုတာကြီးကို ရှောင်ရှားစရာ မလိုဘူးပေါ့ဗျာ .. ဟိဟိ .. ။ ဘယ် ငရဲ ကြီးတော့မလဲ နော့ .. တပည့်တွေထက် တော်တဲ့ ဆရာတွေ ဆိုတာ ပိုပြီး အရည်အချင်းရှိ အရေးပါ အရာရောက်မို့ပါဗျ .. ။

သာမန်လူ သား ထက် ဝါကြီးတဲ့ ဦးဇင်း(ဘုန်းကြီး) တွေက တော့ ကောင်းတဲ့ အလုပ်လုပ်ရင်း ကောင်းတဲ့ အကျိုး ခံစားခွင့် ပိုရလိမ့်မယ် .. မကောင်းတာ လုပ်ရင်တော့ သာမန်လူသားတွေ ထက် မကောင်းတဲ့ အကျိုး ပိုလို့ သာ ခံစား ရလိမ့်မယ် .. ။ ဗုဒ္ဓက ဂေါတမ မြတ်စွာ(ဘုရား) ဟောကြားခဲ့လေသည်မှာ ဘာတွေ များလဲ ဦးဇင်းက ပိုသိမှာပါ ... ။ ကျွန်တော် မပြောပြတော့ဘူးလေနော်. .. ကျွန်တော်မသိလို့ပါ .. ဟဲဟဲ ... မင်းကွာ မင်း ဘာ မှ မသိပဲ လာပြောနေသေးတယ် မင်းက ငါ့လောက် ဘာသိလဲ ခုပဲ ကြည့်လေ မင်း ဘာသိတာ တစ်ခု ရှိလဲ လို့တော့ ပြန်မချေပလိုက်ပါနဲ့ဗျာ .. ကလေးအတွေး .. ကလေး အမြင်လေးတွေ ချပြသွားတာပါ .. ကျေးဇူးနော် .. လက်အညောင်းခံ အမုန်းပွား သူ့ဘက်သား ကိုယ့်ဘက်ပါ ကိုယ့်ဘက်သား သူ့ဘက် အား ဆိုတဲ့

ALin said...

လူ့လောကကြီးက ဘာသာတရားကြီးတွေရယ် .. ။

ko oo said...

အဒါဆိုအလာက ကိုမေကိုပြန်လိုးတာကို မင်းတို့မွတ်စလင်တွေ ဘယ်လိုနားလည်ပေးလည်း

ko oo said...

အဒါဆိုအလာက ကိုမေကိုပြန်လိုးတာကို မင်းတို့မွတ်စလင်တွေ ဘယ်လိုနားလည်ပေးလည်း

ko oo said...

အဒါဆိုအလာက ကိုမေကိုပြန်လိုးတာကို မင်းတို့မွတ်စလင်တွေ ဘယ်လိုနားလည်ပေးလည်း

ko oo said...

အဒါဆိုအလာက ကိုမေကိုပြန်လိုးတာကို မင်းတို့မွတ်စလင်တွေ ဘယ်လိုနားလည်ပေးလည်း

ko oo said...

အဒါဆိုအလာက ကိုမေကိုပြန်လိုးတာကို မင်းတို့မွတ်စလင်တွေ ဘယ်လိုနားလည်ပေးလည်း

ko oo said...

အဒါဆိုအလာက ကိုမေကိုပြန်လိုးတာကို မင်းတို့မွတ်စလင်တွေ ဘယ်လိုနားလည်ပေးလည်း

ko oo said...

အဒါဆိုအလာက ကိုမေကိုပြန်လိုးတာကို မင်းတို့မွတ်စလင်တွေ ဘယ်လိုနားလည်ပေးလည်း

ko oo said...

အဒါဆိုအလာက ကိုမေကိုပြန်လိုးတာကို မင်းတို့မွတ်စလင်တွေ ဘယ်လိုနားလည်ပေးလည်း

Anonymous said...

.'အစ္စလာမ်sucks'လို့'Google'မှာရိုက်ထည့်ပြီး'IslamSucksislamsucks.wordpress.com/Cached Thanks fordroppingbyIslamSucks!Takea...အင်တာနက်သတင်းလွတ်လပ်ခွင့်သည်အစ္စလာမ်..အစ္စလာမ်ဟာဘာသာတရားတွေအားလုံးကို..'ဆိုတဲ့wegpageကိုပုတ်ခတ်လာရင်ဒိုင်းတစ်ခုလိုကာကွယ်လို့ရအောင်တခြားဘာသာဝင်တွေမသိစေဘဲဗုဒ္ဓဘာသာဝင်တွေဆီမျှဝေပေးစေလိုပါတယ်..ဘာကြောင့်လဲဆိုတော့"ဗုဒ္ဓဘာသာဝင်များအတွက်စေတမန်"လို့'Google'မှာရိုက်ပြီးဝင်ဖတ်စေလိုပါတယ်..ဗုဒ္ဓဘာသာကိုတော်တော်မိုက်ရိုင်းစော်ကားထားပါတယ်..သာသနာကိုချစ်သူတိုင်းသာသနာ့ရန်စွယ်တွေကိုဓမ္မစက်နဲ့ပြန်လည်ချေပကာကွယ်နိုင်ကြပါစေ..

ခွေးအလာ said...

စောက်ပက်ကိုအူး

Unknown said...

မူရင်း http://www.islamreview.com/articles/From_the_heart_of_a_Muslim.shtml

Unknown said...

ဘယ်သူ.ကိုဘာမှမပြောသေးဘဲ
မိမိတို့ရဲ့ ဘာသာရေးတွေရဲ့ လုပ်ဆောင်ခဲ့
လုပ်နေဆဲ လုပ်လာအုံးမဲ့ ဆိုးကျိုးကောင်းကျိုးတွေကို
ကိုယ့်ဖာသာလေ့လာတာအကောင်းဆုံးပါ
ယနေ့ ကမ္ဘာကြီးကို ကြည့်လိုက်ပါ
ဘယ်ဘာသာဝင်တွေက အေးချမ်းမှုကို
ဖျက်ဆီးနေတာလဲ
ဘယ်ဘာသာဝင်တွေက
အသေခံဗုံးခွဲနေတာလဲ
မည်သည့်ဘာသာဝင်တွေအများဆုံးနေတဲ့
နိုင်ငံတွေမှာ လူသားတွေကို
အများဆုံးခြိမ်းခြောက်နေလဲ
ဒါတွေကို စဉ်းစားပါ
မိမိဘာသာရဲ့အမှန်ဆိုတာဘာလဲ
ဘယ်လိုလုပ်နေလဲ
ဘယ်ကိုဦးတည်လဲ
မိမိမှာ ဒီသဘောတရားတွေကို ဆန်းစစ်နိုင်တဲ့ညဏ်ရှိရဲ့လား
ညဏ်ဆိုတာဘာလဲ
ဘာကြောင့်လူလို့ ခေါ်လဲ
မိမိဘာသာတရား
ကောင်းတယ်
မှန်တယ်
သန့်ဇင်တယ်လို့ထင်ရင်
english.မြန်ဘာသာနဲ့ ပြော ဟော
စာအုပ်ထုတ်ဝေရဲလား
ကမ္ဘာမှာ ဘာသာမပြန်နိုင်(translate)တဲ့
စာပေမရှိဘူး
လူသားအားလုံး
လူနဲ့ တန်တဲ့စိတ်ရှိကြပါစေလို့
(ခရောင်း)


ဒာ

Unknown said...

အဲဒီစာကိုဖက်မိတော့ ဦးဇင်းတစ်ပါးပြောတဲ့စာကို
သတိရမိတယ်ဗျာ '' တပည့်မကောင်း ဆရာခေါင်းဆိုပေမယ့်လည်း ဆရာမကောင်းခဲ့ရင်တော့ တပည့်တွေရဲ့ ဘဝလုံးလုံးပျက်မယ်ဆိုတာ ပေါ့ဗျာ''

Unknown said...

လူတစ်စုလုပ်တာကိုပဲကြည့်ပြီး ဘာသာတစ်ခုလုံးကိုပြောလို့မရ ပါဘူး အစ္စလာမ် ဘာသာကဘယ်လို ဆုံးမထားလဲဘယ်လိုသွန်သင်ထားလဲ ဆိုတာကိုသာလေ့လာကြည့်သင့်ပါတယ် drkokogyi.wordpress.com မှာမမေးလဲဖြေ ဆိုပြီးရေးထားတာလေး ဖတ်ကြည့်မယ်ဆို နားလည်လိမ့်မယ်လို့ထင်ပါတယ်

Unknown said...

ခရစ်​ယန်​နိုင်​ငံ​တွေမှာဗလီ​တွေဒုနဲ့​ဒေးရှိပြီးမင်းတို့အာရပ်​နိုင်​ငံ​တွေမှာဘာလို့ဒုနဲ့​ဒေးမရှိတာလဲအရှင်းဆုံး​ပြောရရင်​မက္ကာမှာအစ္စာလာမ်​မဟုတ်​တဲ့ဘာသာ​ရေးအ​ဆောက်​အအုံရှိလား​ပေါ့

Unknown said...

သောကြာ​နေ့ဗလီတက်​ချိန်​ရွတ်​တဲ့စာ​တွေမင်းတို့သိမှာ​ပေါ့

Unknown said...

ဘုန်းကြီးကအလကားရတဲံ့ထမင်းစား
ပြီးအေးဆေးမနေ အလကာရတဲ့ပိုက်ဆံနဲ့
မဟုတ်မမှန်ဝါဒဖြန့်နေပါလာ
မသိလို့မေးပါရစေ ဂေါတမ ကအင်တာနက်ပေါ်
အစ္စလာမ်မကောင်းကြောင်ရေးဖို့မှာသွားလိုလား
ဂေါတမက လမ်းဘေးမှာထိုင်ပြီး အစ္စလာမ်နဲ့အခြား
ဘာသာတွေကိုစော်ကားပုတ်ခတ်တဲ့တရားဟောခဲ့လို့လား
ဂေါတမ ကြတော့မယားနဲ့သားကကိုပစ်ပြီးတောထွက်တာ
တရားသလား
ဂေါတမ သိဒ္ဓထ္တ ဘဝက နန်းတွင်းကိုယ်လုပ်တော်{လက်မထပ်ဘဲfreeချလို့ရသောမိန်းမ}
၃၀ ကျော်ရှိတာဘယ်လိုရှင်မလည်
ဂေါတမ ၉၆၉ ဂိုဏ်ထပ်ခွဲပါလို့မှာခဲ့သလား
ဂေါတမ နိဗ္ဗာန်ရောက်နေတယ်ဆိုတော့
အဲဒီနိဗ္ဗာန်ကို ဘယ်သူကလုပ်ထားတာလည်
ဂေါတမက ဘဝပေါင်းစုံအောင်ကြင်လည်ခဲ့တယ်ပြောကြတယ်
သူခွေးဘဝတုန်းက ချေးစားခဲ့သလား
တော်သလင်လဆိုရင်ခွေးမဘယ်နှစ်ကောင်ကို
မိတ်လိုက်ခဲ့သလဲ
ကဲသမိုင်းသိပါတယ်ဆိုတဲ့ဦပဇင်းဖြေပါဦး
အသိပညာရှင်ကြီးရဲ့လူများဘာသာကိုတောင်လေ့လာ
နေတာဆိုတော့ ကိုယ့်ဘာသာမှာလေ့လာစရာ
သမိုင်းကြောင်းကုန်သွားလို့ပေါ့
ဖြေသွာဦးနော်