Wednesday, September 19, 2012

အမှန်တရားက ဘယ်လောက် တန်ဖိုးရှိသလဲ


(၁)
ငယ်ငယ်က စာတွေ သင်ရသည်။ စာတွေ ဖတ်ရသည်။ အမှန်တရားက စာသင်ဆရာတို့၏ လက်သုံးစကားတစ်ခု ဖြစ်သည်။ ဆရာတို့သည် ပုံပြင်များ၊ ဇာတ်ဝတ္ထုများကို ပြောကြားပြီး အမှန်တရားအကြောင်းကို သုံးသပ်ပြတတ်ကြသည်။ အမှန်တရားက အမြဲတမ်း အနိုင်ရသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ပုံပြင်တိုင်း၊ ဇာတ်ဝတ္ထုတိုင်းတွင် အမှန်တရားဘက်မှ ထာဝရ ရပ်တည်တတ်သော ဇာတ်လိုက်များသာ အနိုင်ရတတ်သည်ကို တွေ့ရသည်။ စိတ်ကောင်းမရှိသော၊ စာရိတ္တ ညံ့ဖျင်းသော မည်သည့်ဗီလိန်ကမှ စိတ်ထားကောင်းသော၊ စာရိတ္တကောင်းမွန်သော ဇာတ်လိုက်ကို အနိုင်ရသည်ဟူ၍ မကြားမိစဖူးပေ။ လက်တွေ့ဘ၀များမှာရော ပုံပြင်ထဲကလို အမှန်တရားက အမြဲအနိုင်ရတတ်လေသလော။

အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

(၂)
“အရှင်ဘုရားရာ အတော်ကို ခံရခက်ပါတယ်။ ဒီပြဿနာမှာ တပည့်တော် မှန်တယ်ဆိုတာ အလုပ်သမားတွေ အကုန်သိတယ်”ဟု ဆိုလာရင်း မှန်ရာကို လုပ်သော်လည်း အလုပ်ထွက်လိုက်ရသော မြန်မာလူငယ်လေးက ညည်းချင်းထုတ်သည်။ သူသည် အလုပ်တွင် ထူးချွန်သည်။ မတရားတာကို လက်ပိုက်ကြည့်တတ်သူမဟုတ်၊ မဟုတ်ရင် မခံ။ သူ့ကို တိုက်ရိုက်စော်ကားမော်ကား မဟုတ်မတရား လာလုပ်လျှင် ပြောလှန်ပြောတတ်ရုံမျှမက အခြားလုပ်ဖော်ကိုင်ဖက်များအပေါ် မတရားလုပ်လျှင်လည်း ကိုယ့်အသားထိသလို နာတတ်ပြီး အမှန်တရားဘက်မှ အမြဲတမ်း ရပ်တည်တတ်သူတစ်ယောက်ဖြစ်သည်။ ထိုသို့ အမှန်တရားကို ချစ်လွန်းသဖြင့် အခု သူ အလုပ်ထုတ်ခံရသည်။ သူ အခု ငြီးတွားနေရသည်။ အမှန်တရားသည် ပုံပြင်များ၊ ဇာတ်ဝတ္ထုများထဲကလို မဟုတ်လေသလော။ အမှန်တရားက လက်တွေ့ဘ၀မှာ ရှုံးတတ်လေသလော။

အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

(၃)
“လူဆိုတာ ဘ၀အတက်အကျ၊ အနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရတာပဲ ဦးဇင်းရ၊ တပည့်တော်ဆိုရင် အလုပ်အမျိုးမျိုး ဘ၀အမျိုးမျိုးကို ဖြတ်သန်းခဲ့ရတယ်။ တပည့်တော်က ဘယ်လို လောကဓံမျိုးကိုပဲ ကြုံကြုံ အမြဲတမ်း အမှန်တရားဘက်ကပဲ ရပ်တည်တယ်။ စကားလုံးခပ်ကြီးကြီး သုံးပြောရမယ်ဆိုရင် တပည့်တော်က သမာသမတ်ကျတယ်၊ တည်ကြည်တယ်။ ဒီလို အမြဲတမ်း မှန်တဲ့ဘက်က တရားတဲ့ဘက်က ရပ်တည်လုပ်ကိုင်လာခဲ့တော့ အားလုံးက လေးစားကြတယ်လေ။ ဒီတော့ တပည့်တော်မှာ မိတ်ဆွေကောင်းတွေ တိုးပွားတယ်။ ဒီတော့ တပည့်တော်အတွက် အောင်မြင်မှုရတာပေါ့။ ဒါကြောင့် တပည့်တော်က လူငယ်လေးတွေ၊ မျိုးဆက်သစ်လေးတွေ တွေ့တိုင်း တရားတဲ့ဘက်က အမှန်တရားဘက်က ရပ်တည်ဖို့ ပြောတာပဲ”ဟု မလေးရှားမှာ အထိုက်အလျှောက် အောင်မြင်ရနေသော လူငယ်လုပ်ငန်းရှင်တစ်ယောက် အားရပါးရပြောသည်။ လူငယ်လုပ်ငန်းရှင်စကားဆုံးတော့ အမှန်တရားဘက်က ရပ်တည်လို့ ဒုက္ခရောက်ရသော လူငယ်လေးမျက်နှာကို မြင်ယောင်မိပြန်သည်။ သူတို့ နှလုံးသားဇာတ်ရုပ်နှစ်ခုကို နှိုင်းယှဉ်ကြည့်သောအခါ ဘယ်သူ့စကားကို အောင်မှတ်ပေးရမလဲ စဉ်းစားမရ ဖြစ်နေပြန်လေသည်။

အမှန်တရား ဖွင့်ဆိုချက်သည် မည်မျှ ကျယ်ပြန့်လေသနည်း။ အမှန်တရားက စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း သူ့အကြောင်းကို အကဲခတ်မရ ဖြစ်နေပြန်သည်။

အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

(၃)
“ဘုရား … ဘုရား … ကြည့်စမ်း ကြည့်စမ်း၊ အုတ်ပုံကြီးပဲ ကျန်ပါလားနော်၊ ကျန်တဲ့ အိမ်တွေကလည်း ကျည်ပေါက်တွေနဲ့ချည်းပဲ”

ဂြိုဟ်တုစလောင်းက လွှင့်နေသော တီဗွီဖန်သားပြင်မှ ကဒါဖီအလွန် လစ်ဗျားနိုင်ငံ ရှုခင်းများကို ငေးရင်း မောရင်း စုတ်တသက်သက်ဖြစ်နေသော လူငယ်လေးက ပြောနေသည်။ ကဒါဖီ မတရား ရက်စက်သည်။ အနိုင်ကျင့် ဗိုလ်ကျသည်။ အဖိနှိပ်ခံတို့ မခံစားနိုင်။ ပြည်သူက အမှန်တရား၊ ကဒါဖီက အမှားဘက်တော်သား။ ကဒါဖီ၏ အမှားများက အမှန်တရားဘက်တော်သားများအတွက် ခါးသက်လွန်းသည်။ မခံမရပ်နိုင်အောင် ခါးလွန်းတော့ ပြည်သူများ လွန့်လူးထွက်လာကြသည်။

 “အမှန်တရား အောင်ပွဲခံရမည်”ဟု သူတို့ ကြွေးကျော်ကြသည်။ သူတို့ အခု အနိုင်ရသွားသည်။ သေနတ်များ၊ လက်နက်ကြီးများ ပစ်ဖောက်လျှက် အောင်ပွဲခံကြသည်။ ပျော်ကြသည်။ အုတ်ခဲအကျိုးအပဲ့များ၊ ကျည်ပေါက်များ ပြည့်နေသော တိုက်အိမ်များ၊ ပျက်စီးနေသော တံတားများ၊ လမ်းများ၊ ဆွေးဆုံးမျိုးဆုံးလို့ သွေးပျက်မတက် အော်ဟစ်မြည်တမ်းနေသော ပုံရိပ်များအကြားမှ အမှန်တရားအောင်ပွဲက သွေးပျက်စရာ ကောင်းလွန်းမနေဘူးလားဟု တွေးနေမိသည်။

အမှန်တရားသည် အသက်ပေါင်း မည်မျှ တန်သနည်း။

အမှန်တရားသည် ချစ်စရာကောင်းသည်၊ ကျက်သရေရှိသည်ဟုဆိုလျှင် အသက်ပေါင်းများစွာ၊ မျက်ရည်ပေါက်များစွာ၊ သွေးစက်ပေါင်းများစွာတို့ကြားက အမှန်တရားသည် ချစ်စရာကောင်းသေးပါသလော၊ ကျက်သရေ မည်မျှရှိပါသေးသနည်း။

အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

(၅)
ရာဇ၀င်ထဲမှ တိုက်ပွဲများစွာကို ကြည့်လိုက်တိုင်း အမှန်တရားသည် အမြဲတမ်း အရှုံးဘက်ကသာ ရှိနေသည်။ အမှားတရားများ၊ မတရားမှုများက အားရအောင် ခြယ်လှယ်အနိုင်ကျင့်ပြီးသောအခါမှသာ အမှန်တရားက သွေးစက်များဖြင့် ခေါင်းထောင်ထလာတတ်သည်။ အမှန်တရားက အ, သလော၊ တုံးသလော။ နမော်နမဲ့ နိုင်လွန်းသလော။ ချောင်ပိတ်ရိုက်မှ ပြန်ကိုက်တတ်သော ခွေးလိုများ ဖြစ်နေသလော။ အမြဲတမ်း သွေးစက်များ၊ မျက်ရည်များ၊ အပျက်အစီးများဖြင့်သာ ရုန်းကြွလာတတ်သော အမှန်တရားကို စိတ်နာမိသလို ခံစားရသည်။ သို့ဆိုလျှင် အမှားတရားများ၊ မတရားမှုများကို ကောင်းချီးထောမနာပြုရမည်လော။

အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

(၆)
ယုတ်မာဆိုးရွားသော အမှားတရားများ၊ မတရားမှုများသည် ညစ်ပတ်မှုများ၊ မသတီစရာများ၊ မုသားများဖြင့် ခြံရံနေတတ်သည်။ နှစ်မြို့စရာတစ်ခုမျှ ရှာတွေ့ဖို့ မရှိ။ အခြားတစ်ဖက်တွင် အမှန်တရားလေးတစ်ခု ပေါ်လာဖို့အတွက် တန်ဖိုးပေါင်းများစွာ ပေးဆပ်ရသည်။ “အမှန်တရားက အောင်ပွဲခံခဲ့ပြီ”ဟူသော ၀ါကျလေးတစ်ကြောင်း ဖြစ်ပေါ်လာဖို့အတွက် သွေးအိုင်ထဲမှ ဖြတ်လျှောက်ရသည်။ သွေးအိုင်ထဲမှ တလွှားလွှားဖြစ်နေသော အလံသည် လှသလော။ သွေးအိုင်နှင့်အမှန်တရားအောင်ပွဲကို ညီမျှခြင်း ချဖို့အတွက် အခက်အခဲများစွာ ကြုံနေရသည်။

ထိုအကြောင်းတရားများကို တလှပ်လှပ်ဖြစ်နေသော ရင်ဘက်အစုံဖြင့် တွေးကြည့်နေမိသည်။

အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။

မစ္စတာကြွက်နဲ့ ထောင်ချောက်



ကြွက်လေးတစ်ကောင်ဟာ လယ်သမားဇနီးမောင်နှံ အထုပ်လေးတစ်ထုပ် ဖြည်နေကြတာကို နံရံအက်ကြောင်းလေးထဲကနေ ကြည့်နေတယ်။ ဘယ်လို စားစရာလေးများ ပါလိမ့်မလဲပေါ့။
သေချာကြည့်လိုက်တော့ ကြွက်ထောင်ချောက်တစ်ခုဖြစ်နေတာကို တွေ့လိုက်တယ်။ သူကိုယ်တိုင်တွေ့လိုက်ရတော့ အံ့သြတုန်လှုပ်သွားတယ်။ 

ဒီလိုနဲ့ ကြွက်လေးဟာ လယ်တောတစ်ခွင် လှည့်လည်ပြီးတော့ “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်ဟေ့” “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်ဟေ့”လို့ လိုက်အော်ပြီး သတိပေးပါတယ်။

ကြွက်လေးရဲ့ သတိပေးသံကို ကြားတော့ ကြက်မကြီးက “ကတော့ ကတော့”နဲ့ အော်ပြီး သူ့အမွေးတွေကို ပွတ်သပ်ရင်း ခေါင်းထောင်ကာ “မစ္စတာ ကြွက်ရေ … ဒါက ရှင့်အတွက်တော့ တကယ့် စိုးရိမ်စရာကြီး တစ်ခုပေါ့။ ကျွန်မတို့အတွက်တော့ ဘာအကျိုးသက်ရောက်မှုမှ မရှိပါဘူးရှင်၊ ကျွန်မတို့ကို ဘာအနှောက်အယှက်မှ မပေးနိုင်ပါဘူးရှင်”လို့ ပြောလိုက်ပါတယ်။

ဒါနဲ့ ကြွက်လေးဟာ မစ္စတာဝက်ဆီကို သွားခဲ့ပြီး “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်။ အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်”လို့ ဆိုပြန်တယ်။ ထိုအခါ မစ္စတာဝက်က “ဟေ … အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်၊ ဟုတ်လား။ ၀မ်းနည်းပါတယ် မစ္စတာကြွက်။ ဒါတော့ ကျုပ်လည်း ဘာမှ မတတ်နိုင်ပေါင်”လို့ သူနဲ့မဆိုင်သလို ပြောလိုက်တယ်။

ဒါနဲ့ ကြွက်လေးဟာ မစ္စတာနွားဆီကို သွားပြန်တယ်။ “မစ္စတာနွား … မစ္စတာနွား … အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရှိတယ်ဗျ”လို့ ပြောလိုက်တဲ့အခါ မစ္စတာနွားက “အိုး … မစ္စတာ ကြွက် … ၀မ်းနည်းပါတယ်ဗျာ၊ ကျုပ်နှာခေါင်းကိုတော့ ကြွက်ထောင်ချောက်က ဘာမှ မဖြစ်စေပါဘူး”လို့ မထီမဲ့မြင်ပုံစံနဲ့ ပြောလိုက်တယ်။

ဒါနဲ့ ကြွက်လေးဟာ သူ့စကားကို ဘယ်သူမှ အရေးတယူ မလုပ်ကြတဲ့အတွက် တိုက်နံရံကြားက သူ့နေရာလေးမှာ ခေါင်းငိုက်စိုက်နဲ့ စိတ်ပျက်နေရှာတယ်။

အဲဒီည တိတ်ဆိတ်နေတဲ့အချိန်မှာ ကြွက်ထောင်ချောက်လေးဆီမှ ဖျောက်ခနဲ ကျယ်လောင်တဲ့အသံကို ကြားလိုက်ကြရတယ်။ အိမ်ရှင်မဟာ ကြွက်တစ်ကောင်တော့ မိပြီဆိုတဲ့အတွေးနဲ့ ထောင်ချောက်ရှိရာကို လာခဲ့တယ်။ ညကလည်း မှောင်မဲနေတော့ ဘာကိုမှ မမြင်ရဘူးလေ။ တကယ်တော့ ကြွက်ထောင်ချောက်မှာ မိနေတာက ကြွက်မဟုတ်ဘဲ မြွေတစ်ကောင်ရဲ့ အမြီးပိုင်းဖြစ်နေခဲ့တယ်။ ဒါနဲ့ စိတ်ဆိုးနေတဲ့ မြွေဟာ အိမ်ရှင်မကို ကိုက်လိုက်ပါတော့တယ်။

လယ်သမားဟာ အိမ်ရှင်မဖြစ်သူကို ဆေးရုံကို အမြန်ပို့တယ်။ ချက်ချင်းတော့ သေမသွားခဲ့ဘူး။ အပြင်းအထန် ဖျားနာလျက် အိမ်ကို ပြန်ခဲ့တယ်။ အပြင်းအထန် အဖျားတက်နေပြီဆိုရင် ဖျားနာသူကို လတ်ဆတ်တဲ့ ကြက်စွပ်ပြုတ်လေး တိုက်တတ်ကြတယ် မဟုတ်လား။ ဒါနဲ့ လယ်သမားဟာ ပေါက်ဆိန်ကို ယူပြီး လယ်တဲထဲက ကြက်ကို သတ်ပြီး စွပ်ပြုတ်လုပ်ကာ အိမ်ရှင်မကို တိုက်ကျွေးလိုက်ပါတယ်။

ဒါပေမယ့် အိမ်ရှင်မဟာ ပိုပိုပြီး ဆိုးလာခဲ့တယ်။ အိမ်နီးနားချင်းတွေကလည်း စိုးရိမ်စိတ်နဲ့ အိမ်ရှင်မနားက မခွါဘူး။ ၂၄-နာရီလုံး အမြဲတမ်း လာစောင့်ပေးကြတယ်။ ဒါနဲ့ သူတို့ကို ဧည့်ခံဖို့ အိမ်မှာမွေးထားတဲ့ ၀က်ကို သတ်ပြီး ချက်ကျွေးလိုက်ရတယ်။

အိမ်ရှင်မဟာ ဘယ်လိုပဲ ကုသကုသ၊ မသက်သာလာခဲ့ဘဲ နောက်ဆုံးမှာ သေဆုံးသွားခဲ့တယ်။ သူမရဲ့ အသုဘကို လူတွေ အများကြီး လာကြတယ်။ အကျွေးအမွေးအတွက် မလုံလောက်တဲ့အတွက် လယ်သမားဟာ အိမ်မှာရှိတဲ့ နွားကို သတ်ပြီး ကျွေးမွေးခဲ့ရတယ်။ ထိုအချိန်မှာ ကြွက်လေးဟာ တိုက်နံရံအက်ကွဲကြားကနေ ၀မ်းနည်းပူဆွေးစွာနဲ့ ကြည့်နေခဲ့တယ်။

ကဲ … ဘယ်လိုလဲ ….
သင့်ရဲ့ ပတ်ဝန်းကျင်၊ သင့်အပေါင်းအသင်းတွေထဲက တစ်ယောက်ယောက်ဟာ ပြဿနာ အခက်အခဲတစ်ခုခုကို ရင်ဆိုင်နေရပြီဆိုရင် သင့်အနေနဲ့ ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆအုံးမလား။ အဲဒီလို ယူဆနေမိတယ်ဆိုရင် ပြင်လိုက်ပါ။ ဒီပုံပြင်ထဲက ကြက်လို၊ ၀က်လို၊ နွားလို ဒုက္ခရောက်ရပါလိမ့်မယ်။

သင် မှတ်ထားဖို့က သင့်ပတ်ဝန်းကျင်က တစ်ဦးတစ်ယောက် ဒုက္ခတွေ၊ ပြဿနာတွေ ရင်ဆိုင်နေရပြီဆိုရင် သင်တို့အားလုံးဟာ ပြဿနာကို ရင်ဆိုင်နေရကြတာ ဖြစ်ပါတယ်။ ကိုယ်နဲ့မဆိုင်ဘူးလို့ ပစ်ထားရင်တော့ သင်လည်းပဲ ဒုက္ခရောက်ရပါလိမ့်မယ်။

ဘ၀ဆိုတဲ့ ခရီးရှည်ကြီးမှာ ကျွန်ုပ်တို့အားလုံးဟာ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ တစ်ဦးကိုတစ်ဦး ဖေးမကူညီမှုမရှိရင် ဘ၀လမ်းခရီးတွေဟာ ဖြောင့်တန်းဖို့ မလွယ်ပါဘူး။ 

Ref: Social Plan ဆိုတဲ့ စာတိုလေးကို ဆီလျော်အောင် ဘာသာပြန်တယ်။

အမှားများနဲ့လူ


အခုတစ်လော အမှားတွေအကြောင်း ပြောဖြစ်ကြပါတယ်။ အမှားဆိုတာ လူတိုင်း ကြုံတွေ့တတ်တဲ့အရာ ဖြစ်သလို အမှန်နဲ့ယှဉ်ပြီး အပြောအများဆုံး စကားလုံးတစ်ခုလည်း ဖြစ်ပါတယ်။ အလုပ်တစ်ခုကို စတင်ပြီဟေ့ဆိုတာနဲ့ လူတိုင်းဟာ အမှန်ဆိုပြီး လုပ်ကြတာပါပဲ။ အမှန်တွေကို လုပ်ရင်းနဲ့ အမှားတွေ ကြုံတွေ့၊ အမှားတွေကနေ သင်္ခန်းစာယူပြီး အမှန်လမ်းကို ပြန်ရောက်အောင် ကြိုးစားလျှောက်လှမ်းကြရတာပါပဲ။ အမှားတွေ များပေမယ့် ခြုံကြည့်လိုက်ရင် စိတ်ကူးအမှား၊ အပြောအဆိုအမှား၊ အပြုအမူအမှားဆိုတဲ့ သုံးမျိုးကိုပဲ တွေ့ရပါလိမ့်မယ်။

အမှားဆိုတာ လူတိုင်း၊ နေရာတိုင်း ကြုံရတတ်တယ်၊ လုပ်မိတတ်တယ်ဆိုပေမယ့် သိတဲ့အချိန်မှာ ရပ်တန့်ပစ်နိုင်ဖို့ လိုပါတယ်။ အမှားတွေထဲက စိတ်ကူးမှားအဆင့်မှာ ရပ်တန့်ပစ်နိုင်ရင် အကောင်းဆုံးပါပဲ။ စိတ်ကူးအဆင့်မှာ လူမမြင်နိုင်သေးတဲ့အတွက်ရယ်၊ အခြားသူတွေကို အကျိုးသက်ရောက်မှု မရှိသေးတဲ့အတွက်ရယ် အန္တရာယ်မကြီးလှသေးပါဘူး။ ဒီအဆင့်မှာ ပြင်လိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ အပြောမှားနဲ့အပြုအမူမှားကျတော့ သူတစ်ပါးနဲ့ ထိတွေ့လိုက်ရပြီ။ ကြားရသူ၊ ခံရသူဆီက အမှားရဲ့ တုန့်ပြန်မှုတွေ ရလာတော့မယ်။ 

အချို့က အမှားတစ်ခု ကျူးလွန်မိပြီဆိုတာနဲ့ ချက်ချင်းသိတယ်။ သိသိချင်း တောင်းပန်သင့်တာ တောင်းပန်ပြီး ပြင်လိုက်တယ်။ အချို့ကတော့ ခံရသူထံက တုန့်ပြန်မှုကို ရမှ သိတယ်။ သိသိချင်း ပြင်နိုင်ရင် သို့မဟုတ် သိသိချင်း အမှားကို ၀န်ခံလိုက်ရင် အမှားကျူးလွန်မိပေမယ့် အကျိုးဆက်က ကျေနပ်စရာအတိ ဖြစ်နေလိမ့်မယ်။ 

အမှားတွေအကြောင်း ပြောကြတိုင်း မြတ်စွာဘုရားရှင်ရဲ့ မဟာအမှားကြီးကို ထည့်ထည့်ပြောတတ်ကြတယ်။ ထမင်းမစား၊ ရေမသောက်၊ အပေါ့အပါး မသွားဘဲ ပြင်းထန်စွာ ကျင့်ခဲ့တဲ့ ဒုက္ကရစရိယာအကျင့်အကြောင်း ပြောတတ်ကြတယ်။ မြတ်စွာဘုရားလောင်းဟာ ဒီအကျင့်မှားကြီးနဲ့ ၆-နှစ်လောက် ကျင်လည်ခဲ့တာပါ။ ဒါပေမယ့် သူဟာ အာဇာနည်ပီပီ သူ့အမှားကို သူကိုယ်တိုင် သိမြင်ပြီး ပြင်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားဖြစ်သွားတယ်။ ဒါကို ကြည့်ပြီး ဒို့ဘုရားတောင် မှားခဲ့သေးတာပဲဆိုပြီး အမှားလုပ်သူတွေ ဖြေတတ်ကြတယ်။ သေချာတာကတော့ အမှားဆိုတာက ပြဿနာမဟုတ်ဘူး။ အမှားကို ၀န်ခံဖို့နဲ့ ပြုပြင်လိုက်ဖို့ပါပဲ။

ဝီလျံအာသာဝက် ပြောတဲ့ To make mistake is human, to stumble is common place, to be able to laugh at yourself is maturity ဆိုတဲ့ စကားလေးက မှတ်သားဖို့ ကောင်းတယ်။ လူဆိုတာ အမှားနဲ့ မကင်းဘူး၊ အမှားဆိုတာ နေရာတိုင်းမှာ ဖြစ်မြဲပဲ၊ အမှားလုပ်မိတဲ့အခါတိုင်း ကိုယ့်ကိုကိုယ် ပြန်ရယ်(လှောင်)နိုင်စွမ်းရှိတာကတော့ ရင့်ကျက်မှုပဲ လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ အမှားကို ၀န်ခံလိုက်တာ၊ ကိုယ်မှားလိုက်ပြီဆိုတာကို သိလိုက်နိုင်တာဟာ တန်ဖိုးရှိပါတယ်။ 

အမှားတွေအကြောင်း သို့မဟုတ် အမှားတွေကို ၀န်ခံလိုက်ဖို့ ပြောကြဆိုကြတိုင်း ပါဝင်တတ်တဲ့ စကားလေးတစ်လုံး ရှိပါတယ်။ အဲဒါကတော့ မာန။ အချို့က ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲပြီး ငါပြောလိုက်ရင် မမှားဘူး၊ ငါ လုပ်လိုက်ရင် မမှားဘူးဆိုတဲ့ အတွေးမျိုးတွေ ကိန်းနေတတ်တယ်။ အခြားသူက သူ့အမှားတွေကို ထောက်ပြလိုက်ရင် ငါ့အမှားတော့ လာပြောနေတယ်၊ မင်းကရော မမှားတဲ့သူမို့လို့လားလို့ ခွန်းတုန့်ပြန်တတ်ကြတယ်။ 

အချို့ပုဂ္ဂိုလ်များကျတော့ ကိုယ့်အမှားကို လာထောက်ပြရင် ကျေနပ်ကြတယ်။ ကျေးဇူးတင်ကြတယ်။ ၀င်စတန်ချာချီက If you simply take up the attitude of defending a mistake, there will be no hope of improvement. အမှားတွေအတွက် အမြဲတမ်း ခုခံကာကွယ်နေတဲ့ သဘောထားရှိနေရင် တိုးတက်ဖို့ဆိုတာ ဘယ်တော့မှ မျှော်လင့်လို့ မရနိုင်တော့ဘူး….လို့ ဆိုပါတယ်။ ကိုယ်ကိုကိုယ် ခပ်မြင့်မြင့်အဆင့်မှာ ရှိနေစေချင်တယ်ဆိုရင်တော့ ဘယ်သူမှားမှား အရေးမကြီးဘူး ငါမမှားဖို့ အရေးကြီးတယ်ဆိုတဲ့ ခံယူချက်ရှိရပါမယ်။ သူများတွေ အမှားလုပ်တိုင်း ကိုယ်ကလည်း အရေးမစိုက် ဆက်မှားနေမယ်ဆိုရင်တော့ ကိုယ်လည်း သူတို့လို ဖြစ်မှာပေါ့။

အမှားလုပ်မိပြီဆိုတာနဲ့ အခြားသူတွေက အပြုသဘောနဲ့ ထောက်ပြလာရင် ၀န်ခံတတ်ဖို့ လက်ခံတတ်ဖို့ လိုပါတယ်။ မာနကြောင့် ၀န်မခံနိုင်ဘူး၊ လက်မခံနိုင်ဘူးဆိုတာ အမှားပေါ်မှာ အမှားဆင့်တာပါပဲ။ အမှားကို ၀န်ခံလိုက်လို့ သိက္ခာကျသွားတယ်ဆိုတာ မရှိပါဘူး။ အမှားကို ၀န်မခံတာ၊ လက်မခံတာကမှ သိက္ခာကျတာပါ။ အဖွဲ့အစည်းတစ်ခုမှာ လက်တွဲလုပ်ဆောင်ဖို့၊ ညီညီညွတ်ညွတ်ရှိဖို့ဆိုတာ အမှားကို ၀န်ခံတတ်ဖို့လိုသလို အမှားတွေ ကျူးလွန်မိတိုင်း ဆင်ခြေလက်ခြေတွေ ပေးတတ်တဲ့အကျင့်တွေ ဖျောက်ဖို့ လိုပါတယ်။ Successful people admit faults but never make excuses အောင်မြင်သူတွေဟာ ကိုယ့်အပြစ်ကို ၀န်ခံကြတယ်။ ဒါပေမယ့် ဘယ်တော့မှ ဆင်ခြေမပေးဘူးတဲ့။ 

အမှားတွေထဲမှာမှ အမှားအစစ်နဲ့ နားလည်မှုလွဲတဲ့ အမှားဆိုတာတွေလည်း ရှိနေနိုင်သေးသေတယ်။ နားလည်မှုလွဲလို့ မှားတဲ့အမှားကတော့ နှစ်ဦးနှစ်ဖက် နားလည်လိုက်တာနဲ့ ပျောက်သွားပေလိမ့်မယ်။ အမှားအစစ်တွေကတော့ ၀န်ခံခြင်း၊ ပြင်ဆင်ခြင်းများနဲ့သာ အမှန်ဖြစ်နိုင်ပေလိမ့်မယ်။

အမှားတွေအကြောင်း ဟိုဟိုဒီဒီ ပြောပြီးတော့ ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြည့်ဖြစ်တယ်။ ငါကော အမှားတွေ ကင်းရဲ့လား။ မကင်းတာ သေချာတယ်။ ဒါဆို အဲဒီအမှားတွေကို ၀န်ခံဖြစ်ခဲ့လား၊ အမှားထောက်ပြလာသူတွေကို လက်ခံကြည်ဖြူပေးနိုင်ခဲ့ရဲ့လား။ အမှားကို ၀န်ခံသလိုလိုနဲ့ အကြောင်းအမျိုးမျိုး ပြခဲ့တာတွေကရော တကယ့်အကြောင်းပြချက်တွေ ဖြစ်နေရဲ့လား။ ဆင်ခြေတွေများ ဖြစ်နေခဲ့လား။ 

အမှားမကင်းတဲ့လောကမှာ အမှားတွေတော့ ကျူးလွန်နေအုံးမှာပဲ။ ဒါပေမယ့် မှားသွားတာတွေအတွက် ရဲရဲဝံ့ဝံ့ ၀န်ခံတတ်ဖို့နဲ့ အမှန်ကို ဆက်လက်သွားနိုင်ဖို့တော့ ကြိုးစားသွားရမှာပဲ မဟုတ်လား။

Tuesday, August 21, 2012

ဒီအရေး သွေးအေးမနေသင့်ပြီ ...


ဘာသာရေးခွဲခြားဆက်မှုအကြောင်းကို အခုတလော အတော်တွေးဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်မှုတွေ ပြုလုပ်နေပါသတဲ့။ ဘာသာရေးခွဲခြားမှုတွေ ပြုလုပ်နေပါသတဲ့။ အထူးသဖြင့် မြန်မာနိုင်ငံမှာက ဗုဒ္ဓဘာသာအများစု ဖြစ်လေတော့ ဗုဒ္ဓဘာသာကပဲ အခြားဘာသာတွေကို ရက်စက်သတ်ဖြတ်နေသလို၊ အခြားဘာသာတွေကို ဘာအခွင့်အရေးမှ မပေးဘဲ၊ ဗလီတွေ ဆောက်ခွင့် မပေးဘဲ၊ ချာပ်ကျောင်းတွေ ဆောက်ခွင့်မပေးဘဲ ဖိနှိပ်ထားသလို ပြောနေကြတယ်။ ဗုဒ္ဓဘာသာတွေအပေါ်မှာ အမုန်းတရားတွေ ပွားနေကြတယ်။ ပြစ်တင်ဝေဖန်နေကြတယ်။ အထူးသဖြင့် မွတ်ဆလင်တွေပေါ့။ မြန်မာနိုင်ငံမှာ နေရာတစ်ခုခုမှာ ဗုဒ္ဓဘာသာဘုန်းကြီးနဲ့ခရစ်ယာန်ဘုန်းကြီး တွေ့ရင် တစ်ဦးနဲ့တစ်ဦး ပြုံးပြုံးရွှင်ရွှင် မိတ်ဖွဲ့စကားပြောလေ့ရှိတယ်။ ဒါပေမယ့် မွတ်ဆလင်ဘုန်းကြီးများ မပြောနဲ့ သာမန်မုတ်ဆိတ်တစ်ယောက်နဲ့တွေ့ရင်တောင် သူတို့ မျက်နှာတွေမှာ အမုန်းတရားတွေက ပေါ်လွင်နေတယ်။ သူတို့မျက်နှာမှာ (မွတ်ဆလင်အချင်းချင်းတော့ မပြောတတ်ပါ) အမုန်းတရားတွေ၊ အမုန်းမျက်လုံးတွေပဲ တွေ့ရတယ်။

ထိုင်းနိုင်ငံရောက်တော့ ထိုင်းက လူတွေကလည်း ထို့အတူပဲလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲ။ မြန်မာမှာ ဗလီတွေ ဆောက်ခွင့်မပေးလို့လား။ ကမ္ဘာ့(ခရစ်ယာန်)နိုင်ငံအများစုမှာလည်း ဒီလိုပဲ။ အမေရိကန်လို၊ အင်္ဂလန်လို နိုင်ငံတွေမှာရော ဗလီတွေ ဆောက်ခွင့်မပေးလို့လား။ ဘာသာရေးဖိနှိပ်မှုတွေ လုပ်နေလို့လား။ ကမ္ဘာမှာ ဗလီဆောက်ခွင့်မရှိတဲ့ တိုင်းပြည်ရယ်လို့ ရှိပါသလား။

မွတ်ဆလင်တွေဟာ သူတို့ကို ကမ္ဘာကြီးက ဖိနှိပ်လို့၊ ခွဲခြားဆက်ဆံလို့ ပြန်ပြီး တုန့်ပြန်တာလို့ ဆိုတတ်ကြတယ်။ အဲဒီလို ပြောဆိုနေတာဟာ တကယ်မှန်ရဲ့လား။ ကမ္ဘာကြီးက သူတို့ကို ခွဲခြားဆက်ဆံတာလား၊ သူတို့က ကမ္ဘာကြီးကို ခွဲခြားဆက်ဆံနေတာလား။ သမာသမတ်ကျကျ စဉ်းစားကြည့်ပါ။ မွတ်ဆလင်တွေကသာ ကမ္ဘာကြီးကို ခွဲခြားဆက်ဆံနေတာပါ။ တစ်နေ့ကပဲ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ ဆော်ဒီနိုင်ငံမှာ သီရိလင်္ကာအမျိုးသမီးလေးကို ဘုရားပုံဆောင်ထားတဲ့အတွက် အရေးယူတယ်။ ဒါမျိုးအဖြစ်တွေ အများကြီး တွေ့နေရတယ်။ အီရန်နိုင်ငံမှာ အနောက်တိုင်းသူတစ်ယောက်ကို အီရန်သားတစ်ယောက်က မုဒိန်းကျင့်တယ်။ အနောက်တိုင်းသူကို အရေးယူတယ်။ ဘာကြောင့်လဲဆိုတော့ အနောက်တိုင်းသူဟာ လုံလုံခြုံခြုံ မ၀တ်ထားလို့ပါတဲ့။ ဘာတွေလဲ။ ဘယ်လောက် အောက်တန်းကျတဲ့ ဥပဒေများလဲ။ ဒါတွေဟာ မွတ်ဆလင်ကမ္ဘာမှာပဲ ရှိပါတယ်။

ခရစ်ယာန်တိုင်းပြည်တွေမှာ၊ ဗုဒ္ဓဘာသာတိုင်းပြည်တွေမှာ ဗလီတွေ မြောက်မြားစွာ ဆောက်လုပ်ထားပြီးဖြစ်နေတာ ထင်ရှားပါတယ်။ မွတ်ဆလင်ကြီးစိုးတဲ့ အရှေ့အလယ်ပိုင်းဒေသတွေ မပြောပါနဲ့၊ မလေးရှားလို နိုင်ငံတွေမှာ ဗုဒ္ဓဘာသာကျောင်းဆောက်လုပ်ဖို့အတွက် ဘယ်လောက်အထိ ကန့်သတ်ချက်တွေ ထားထားသလဲ။ ယနေ့ခေတ်မှာ ဗုဒ္ဓဘာသာကျောင်းဆောက်လုပ်ဖို့အတွက် အကန့်အသတ်တွေ ဘယ်လောက်တောင် ထားထားသလဲ။ အနောက်တိုင်းခရစ်ယာန်နိုင်ငံတွေ၊ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ကိုရမ်ကျမ်းကို ပုံနှိပ်ခွင့်ပေးထားပေမယ့် မလေးရှားနိုင်ငံမှာ ဘိုင်ဘယ်လ်ပုံနှိပ်ခွင့်နဲ့ပတ်သက်ပြီး ပြဿနာတွေ၊ အခက်အခဲတွေ ဘယ်လောက်တောင် ရှိနေသလဲ။ ဒါဟာ အရှေ့တောင်အာရှမှာပဲ ရှိပါသေးတယ်။ အစွန်းရောက်တွေများတဲ့ အီရန်တို့၊ ဆော်ဒီတို့လို့ အရှေ့အလယ်ပိုင်းဒေသတွေ မဟုတ်သေးပါဘူး။

ဆော်ဒီနိုင်ငံမှာဆိုရင် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဟာ ဘိုင်ဘယ်လ်ကျမ်းကို ကိုင်ဆောင်ထားမိရင် အရေးယူခံရမယ်။ အမေရိကမှာ၊ အနောက်တိုင်းမှာ၊ မြန်မာနိုင်ငံမှာ မွတ်ဆလင်တစ်ယောက် ကိုရမ်ကျမ်းကိုင်နေရင် ဘယ်လိုများ အရေးယူခံရပါသလဲ။ ဒီတော့ မွတ်ဆလင်တွေအနေနဲ့ သူတို့ကိုယ်သူတို့ ပြန်ပြီး မေးခွန်းထုတ်စေချင်ပါတယ်။

“သူတို့ဟာ ခွဲခြားဆက်ဆံခံနေရတာလား၊ သူတို့ကပဲ ခွဲခြားဆက်ဆံနေကြတာလား” “တစ်ကမ္ဘာလုံးက သူတို့ကို နှိပ်ကွပ်ချင်နေတာလား၊ သူတို့ကပဲ တစ်ကမ္ဘာလုံး(အလ္လာဟ်ကို မယုံကြည်သူများ)ကို နှိပ်ကွပ်ချင်နေတာလား” ဒါတွေဟာ သူတို့ကိုယ်သူတို့ မေးခွန်းထုတ်သင့်တဲ့အရာတွေပါ။

နောက်ပြီးတော့ တာလီဘန်တွေ ဗုဒ္ဓဘာသာသမိုင်းအမွေအနှစ်ဖြစ်တဲ့ ရုပ်ပွားတော်ကြီးကို ဖျက်ဆီးခဲ့စဉ်က မွတ်ဆလင်ကမ္ဘာကြီးတစ်ခုလုံးဟာ ကြည်နူးနေကြတယ်။ ဆန့်ကျင်ကန့်ကွက်တဲ့အသံလေးများ ကြားမိရင် ပြောကြပါ။ အားလုံး တိတ်ဆိတ်နေကြတယ် မဟုတ်လား။ ဒီလောက် ယုတ်မာရိုင်းစိုင်းတဲ့ အပြုအမူကိုကျတော့ သူတို့တွေဟာ တိတ်ဆိတ်စွာ နေခြင်းဖြင့် သဘောတူညီခဲ့ကြတယ်။ မွတ်စလင်တွေ သူတို့ကိုယ်သူတို့ မေးသင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ မက္ကာက မွတ်ဆလင်တွေ အထွတ်အမြတ်ထားတဲ့အရာကို ဖျက်ဆီးရင် ဘယ်လိုများ ခံစားကြရမလဲ။ အခုလိုပဲ တိတ်ဆိတ်နေကြအုံးမလား။

          အမေရိကန်နိုင်ငံ၊ မျှော်စင်ညီနောင် ဝေါထရိစင်တာကြီးကို ဗုံးဖောက်ခွဲတော့ တစ်ကမ္ဘာလုံးက ၀မ်းနည်းပူဆွေးခဲ့ကြတယ်။ ဒါပေမယ့် မွတ်ဆလင်တွေ အပျော်ကြီး ပျော်ခဲ့ကြတယ်။ ဘင်လာဒင်ဆိုတာ အကြမ်းဖက်သမားစစ်စစ်ကြီးလို့ လူတိုင်း လက်ခံတယ်။ ဒါပေမယ့် သူသေတော့ မွတ်ဆလင်တွေ အများကြီး ၀မ်းနည်းပူဆွေးကြတယ်။ အချို့နိုင်ငံတွေမှာ သူသေတဲ့သတင်းကို ပုံနှိပ်ခွင့်မပေးခဲ့ကြဘူး။ မလေးရှားမှာ ၀မ်းနည်းသူတွေ အများကြီး တွေ့ခဲ့တယ်။ ဘင်လာဒင်ကို အကြမ်းဖက်သမားလို့ ရေးလို့ဆိုပြီး မလေးရှားမှာ ထုတ်တဲ့ ဂျာနယ်တစ်စောင် အနှိပ်ကွပ်ခံခဲ့ရတယ်။ ဘာတွေလဲ။ ဘယ်လိုတွေလဲ။

လက်ရှိဖြစ်နေတာကို ကြည့်ရအောင် ….။ မြန်မာနိုင်ငံ ဘင်္ဂါလီအရေး။ မွတ်ဆလင်ကမ္ဘာကြီးတစ်ခုလုံး လူသားချင်းတွေ စာနာနေလိုက်ကြတာ။ ကရုဏာတရားတွေ ကြီးမားနေလိုက်ကြတာ။ ကမ္ဘာလုံးဆိုင်ရာ မွတ်ဆလင်အဖွဲ့အစည်းကြီးဆိုရင် မဟုတ်ရမ်းတရားတွေ ပြော၊ သပုတ်လေလွင့်တွေ ပြောပြီး ဗုဒ္ဓဘာသာတွေကပဲ မွတ်ဆလင်တွေကို သတ်နေသလိုလို ပြော။ ဘယ်လောက်တောင် အောက်တန်းကျတဲ့ ဘာသာရေးသမားတွေလဲ။ မွတ်ဆလင်ကို ထိမှ နာတာဟာ လူသားချင်းစာနာတာတော့ ဖြစ်မှာ မဟုတ်ဘူး။ မွတ်နာပဲ ဖြစ်လိမ့်မယ်။ စာရေးသူဟာ အေးအေးဆေးဆေးနေရင် ဘယ်ဘာသာဝင်နဲ့မဆို ငြိမ်းချမ်းစွာ အတူလက်တွဲနေသွားဖို့ အသင့်ပါပဲ။ အဲဒီလို မဟုတ်မတရားတွေနဲ့ ကိုယ့်ဘာသာကို ထိပါးလာရင်တော့ မညှာတမ်းပြောဖို့ အသင့်ပဲ။ တကယ်ဆိုရင် ဘင်္ဂလီအရေးဟာ တစ်ဖက်သတ် အနှိပ်စက်ခံနေရတာ မဟုတ်ဘူး။

ကဲ ဆက်ကြည့်ရအောင် … မွတ်ဆလင် မကြီးစိုးသေးတဲ့ နိုင်ငံတွေမှာ မွတ်ဆလင်တွေ အော်တတ်ကြတယ်။ သူတို့ဟာ လွတ်လွတ်လပ်လပ် ဘာသာရေး လုပ်ခွင့်မရပါဘူး၊ ခွဲခြားခံနေရပါတယ်။ အနှိမ်ခံနေရပါတယ်လို့ အော်တတ်ကြတယ်။ မွတ်ဆလင်ကြီးစိုးတဲ့ နိုင်ငံတွေမှာ ငါတို့ အခု ရနေတဲ့ အခွင့်အရေးမျိုးတွေ အခြားဘာသာဝင်တွေ ရနေပါသလားလို့ သူတို့တွေ ခေါင်းနဲ့ စဉ်းစားမိဖူးသလား။ သမာသမတ်ကျကျ စဉ်းစားတတ်သူတိုင်း သဘောပေါက်ပါလိမ့်မယ်။ နောက်ပြီးတော့ အနောက်နိုင်ငံတွေမှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ် မွတ်ဆလင်တွေဟာ အခြားဘာသာဝင်တွေကို မွတ်ဆလင်အဖြစ် လွတ်လပ်စွာ ပြောင်းလဲပေးခွင့် ရှိပါတယ်။ မွတ်ဆလင်တွေဟာ အဲဒီလို အခွင့်အရေးမျိုး အခြားဘာသာဝင်တွေကို ပေးထားပါသလား။ စဉ်းစားကြည့်ဖို့ပါ။ မွတ်ဆလင်နိုင်ငံအများစုမှာ မွတ်ဆလင်တစ်ယောက်ဟာ အခြားဘာသာဝင် ပြောင်းသွားခဲ့မယ်ဆိုရင် ဥပဒေအရ တရားမ၀င်ပါဘူး။ ဒါကကော ဘာသဘောလဲ။ ဒါနဲ့များ အခြားဘာသာဝင်တွေနေတဲ့ နိုင်ငံကို လွတ်လပ်ခွင့်မရှိဘူး ဘာဘူး ပြောနေတာ ဘယ်လောက်အောက်တန်းကျသလဲ။ ဒီတော့ အနောက်ကမ္ဘာမှာပဲဖြစ်ဖြစ်၊ အရှေ့ကမ္ဘာမှာပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ နာမည်ဆိုးထွက်အောင် သူတို့ပဲ လုပ်နေတာပါ။

ပရောဖတ်မိုဟာမက်ကို ကြည့်ပါ။ သူဟာ ခေါင်းဖြတ်အသတ်ခံရတဲ့ အဖေနဲ့အစ်ကိုကို ကြည့်ခိုင်းဖို့ အမျိုးသမီးတစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် သိမ်းယူခဲ့တယ်။ ဒါဟာ စံပြဖြစ်ပါရဲ့လား။ နောက်ပြီး မိုဟာမက် ပြောထားတာ တစ်ခုရှိပါတယ်။ “ကမ္ဘာလောကကြီးတစ်ခုလုံး အစ္စလာဟ်ဘာသာအောက်မှာ အညံ့မခံမချင်း ကမ္ဘာကြီးတစ်ခုလုံးကို တိုက်ခိုက်ဖို့ အလ္လာဟ်အရှင်မြတ်က ငါ့ကို စေလွှတ်သည်”တဲ့။ နောက်ပြီးတော့ ရှိသေးတယ်။ မွတ်ဆလင်တွေဟာ မွတ်ဆလင်မဟုတ်သူတွေကို စစ်ကြေညာရမယ်။ ဒါမှမဟုတ် အောက်ပါအချက်သုံးခုအနက် တစ်ခုကို ရွေးရမယ် …
၁။ မွတ်ဆလင်အဖြစ် ပြောင်းမလား
၂။ အခွန်အတုတ် ပေးမလား
၃။ အသတ်အသေခံမလား
ဒီသုံးချက်ကို ရွေးရမယ်လို့ ဆိုပါတယ်။ ကဲ … ဒီလိုဆိုတော့ အစ္စလာဟ်ဟာ ငြိမ်းချမ်းရေးဘာသာတစ်ခုပါလို့ ဘယ်လို မျှော်လင့်လို့ ရနိုင်တော့မလဲ။

အခြားဘာသာဝင်တွေက သူတို့ လုပ်သလို လိုက်လုပ်နေရင် မွတ်ဆလင်တွေအနေနဲ့ အဲဒီအခြားဘာသာတွေကို ငြိမ်းချမ်းရေးဘာသာလို့ ပြောကြအုံးမလား။ မွတ်ဆလင်တွေအနေနဲ့ ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားဆင်ခြင်သင့်ပါတယ်။ ပရောဖတ်မိုဟာမက်အနေနဲ့ အခြားမယုံကြည်သူများကို သတ်ဖြတ်ခဲ့သောသာဓကများလည်း မြောက်မြားစွာ ရှိနေပါတယ်။
မိုဟာမက်ဟာ ၉-နှစ်သမီးလေးကို လက်ထပ်ပြီး ကာမဆက်ဆံခဲ့တယ်။ ၉-နှစ်ဇနီးလေး ကစားဖို့အတွက် အရုပ်ကလေးတွေပါ ၀ယ်ပေးတော်မူတယ်လို့ ဆိုပါတယ်။ မိုဟာမက်ဟာ တစ်ညမှာ ဇနီး ၉-ယောက်နဲ့ ကာမဆက်ဆံလေ့ရှိတယ်။ ဒါဟာ ယနေ့ကမ္ဘာအတွက် လူသားတွေရဲ့ စံပြလို့ ဆိုနိုင်ပါအုံးမလား။ မွတ်ဆလင်တစ်ယောက်ဟာ အခြားဘာသာကို ပြောင်းသွားရင် ရာဒ်ဓဥပဒေ Redda Law (killing the apostates)အရ အသတ်ခံရမယ်လို့ ဆိုပါတယ်။ ဒီဥပဒေကို အစ္စလာဟ်ဂိုဏ်းအားလုံးက လက်ခံအတည်ပြုထားပါတယ်။ ဒီဥပဒေမျိုးရှိတဲ့ အစ္စလာဟ်ဟာ အခြားဘာသာတွေကို လေးစားမှုရှိတယ်လို့ ဘယ်သူ ပြောနိုင်သလဲ။

အစ္စလာဟ်ကျမ်းစာအရ မိမိရဲ့ ဇနီးမယားကို ရိုက်နှက်ပြီး ဆုံးမတာကို ခွင့်ပြုထားတယ်။ “ဇနီးမယားတစ်ယောက်ဟာ ပြည်တွေ တစက်စက်ကျနေတဲ့ ယောက်ကျားရဲ့အနာကို လျှာနဲ့လျှက်ပေးတာတောင် ယောက်ျားကို ပြုစုတာ တာဝန်မကျေနိုင်သေးဘူး”လို့ ဆိုတယ်။ ဒါဟာ အမျိုးသမီးအခွင့်အရေးကို ဘယ်လောက်တောင် နှိမ်ချထားသလဲဆိုတာ သိဖို့ပါ။

“ပရောဖက်မိုဟာမက်ရဲ့ သေးကို သောက်ရတာဟာ တပည့်တွေအတွက် ကောင်းချီးတစ်ခုပဲ”။
အစ္စလာဟ်ကျမ်းစာမှာ မွတ်ဆလင်တွေဟာ နိုင်ငံပေါင်းများစွာကို ကျူးကျော်ပြီး ဘာသာပြန့်ပွားအောင် လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဒေသခံမွတ်ဆလင်မဟုတ်သူတွေကို အမျိုးမျိုး ခွဲခြားအနိုင်ကျင့်ဆက်ဆံခဲ့တယ်။ ဥပမာ … မွတ်ဆလင်တွေ မတ်တပ်ရပ်နေချိန်မှာ မွတ်ဆလင်မဟုတ်သူတွေမှာ ထိုင်နေခွင့် မရှိဘူး။ လူသေအလောင်းကို သယ်ဆောင်သွားချိန်မှာ အသံကျယ်ကျယ် ငိုခွင့်မရဘူး။ ဒီတော့ မွတ်ဆလင်တွေဆီကနေ သည်းခံခြင်းတရားကို ဘယ်လို မျှော်လင့်လို့ ရနိုင်မလဲ။

ဒီတော့ ပြောရမယ်ဆိုရင် မွတ်ဆလင်တွေဟာ သူတို့ အနှိမ်ခံနေရပါတယ်။ ခွဲခြားဆက်ဆံခံနေရပါတယ်လို့ ပြောနေတာဟာ ဘာအခြေအမြစ်မှ မရှိပါဘူး။ နောက်ပြီးတော့ သူတို့တွေဟာ “မွတ်ဆလင်အစွန်းရောက်တွေ ရှိတာ မှန်တယ်။ ဒါပေမယ့် ဒီမွတ်ဆလင်အစွန်းရောက်တွေ ဖြစ်အောင် အနောက်နိုင်ငံတွေက ဖန်တီးတာပါ၊ မွတ်ဆလင်တွေ နာမည်ဆိုးထွက်တာဟာ ကမ္ဘာကြီးကိုက သူတို့ကို ခွဲခြားဆက်ဆံနေလို့ပါ”လို့ ဆိုတတ်တဲ့စကားဟာ ပြန်ပြီးမေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

 ဒီလောက်ဆိုရင် ကိုရွှေမြန်မာတို့ ဘာဆက်လုပ်သင့်သလဲ။ ဘယ်လို ရပ်တည်သင့်သလဲဆိုတာ ဆုံးဖြတ်နိုင်လောက်ပြီ ထင်တယ်။ နိုးကြားဖို့ အချိန်ကျပြီလို့ ထင်တယ်။ အမျိုးဘာသာသာသနာ မတိမ်ကောစေဖို့ စည်းစည်းလုံးလုံး နိုးနိုးကြားကြား မျက်စိဖွင့်နားစွင့် နေကြဖို့ တိုက်တွန်းပါတယ်။ ဒီအရေး သွေးအေးမနေသင့်ကြတော့ဘူး။

Tuesday, June 12, 2012

အခေါ်အဝေါ် အချိုအခါး


(၁)
တစ်နေ့က ဆရာတော်တစ်ပါးနှင့် အိမ်တစ်အိမ်သို့ သွားဖြစ်ခဲ့သည်။ ထိုအိမ်တွင် အသက် ၇၀-ခန့် ဒကာကြီးနှင့် ဒကာမကြီးတို့ ရှိသည်။ သူတို့နှစ်ဦးလုံးသည် အသက်အရွယ်အိုမင်းနေသော်လည်း တစ်ဦးကိုတစ်ဦး ကြည့်သောအကြည့်၊ ပြောသောစကားများက ဆယ်ကျော်သက်လေးများလို နူးညံ့သိမ်မွေ့နေဆဲပင် ဖြစ်သည်။ တစ်ဦးကိုတစ်ဦး ကြင်ကြင်နာနာ အမူအရာဖြင့် ပြောဆိုဆက်ဆံနေကြသည်။ တစ်ဦးအပေါ်တစ်ဦး နားလည်မှုအပြည့်ဖြင့် ဘ၀လက်တွဲဖော် ပီသနေကြသူများဖြစ်လိမ့်မည်ဟု တွေးမိခဲ့သည်။ သူတို့နှစ်ဦးသည် ဆရာတော်ကို တွေ့သည်နှင့် “သားသား”ဟု ခေါ်သည်။ ဆရာတော်ကလည်း ပါးပါး၊ မာမားဟု ခေါ်သည်။ 

အမြင်အရ တစ်မျိုးထူးဆန်းနေခဲ့သည်။ ပြုံးချင်စရာတစ်မျိုးဟု သဘောထားမိ၍ ပြုံးခဲ့မိသေးသည်။ နောက်ပိုင်းတွင် သိလာရသည်မှာ သူတို့အခေါ်အဝေါ် အပြောအဆိုများမှာ နောက်ကြောင်းကင်းသည်။ အခြားကွယ်ဝှက်ထားသော အဓိပ္ပာယ်များ မရှိ။ သူတို့နှစ်ဦးက ဆရာတော့်အပေါ်မှာ တကယ့်သားအရင်းကို သားသားဟု ခေါ်ချင်သည်။ ထို့အပြင် ဆရာတော်က ခေါ်သောအခါတွင်လည်း ပါပါး၊ မာမားဟု ခေါ်မှ သဘောကျသည်ဟု ဆိုသည်။

(၂)
ဘုန်းကြီးလောကတွင် အချင်းချင်းကြားမှာ ပြောနေကြသည်များ ရှိသည်။ “ဒီကိုယ်တော်က ဘုန်းကံကြီးမှာပေါ့၊ ဒကာမကြီးတွေ တွေ့ရင် မေမေ မေမေ၊ မယ်တော်ကြီး မယ်တော်ကြီး လို့ ပြောတာကိုး”ဟု ဆိုတတ်ကြသည်။ အချို့ကတော့ ပိုပြီးရင်းနှီးချင်လို့၊ ရင်းနှီးမှုပိုရမှ ဆက်ဆံရေးနှင့် အခြားလုပ်ငန်းကိစ္စများ အဆင်ပြေနိုင်တယ်လို့ ယုံကြည်သည့်အတွက် ဒကာ၊ ဒကာမများအကြိုက် ခေါ်ဝေါ်သုံးနှုန်းလေ့ရှိကြသည်။ အချို့ကတော့ ဘာရည်ရွယ်ချက်၊ ဘာအကြောင်းတရားမှမရှိဘဲ အမေတစ်ယောက်လို ချစ်ခင်မိသဖြင့် မာမား၊ မယ်တော်ကြီး စသည် ခေါ်ကြသည်။ အစ်မ စသည် ခေါ်ဝေါ်ပြောဆိုကြသည်။ 

အချို့ကတော့ ဒကာဒကာမများကို ဒကာဒကာမအသုံးအနှုန်းမှလွဲ၍ အခြားအခေါ်အဝေါ်ဖြင့် ခေါ်ဝေါ်ပြောဆိုကြသည်ကို မနှစ်သက်ကြပေ။ ရယူလိုမှုကို အခြေမခံဘဲ မေတ္တာတရားကြောင့် အရင်းနှီးဆုံး အခေါ်အဝေါ် အပြောအဆိုများ သုံးနှုန်းခြင်းသည် ဘုရားအလိုတော်နှင့် မကိုက်ညီဟု စာရေးသူတော့ မယူဆပါ။

(၃)
မြတ်စွာဘုရား တရားတော်များတွင် ယဉ်ကျေးသူတို့၏ အသုံးအနှုန်းဟူသော ဟောကြားချက်များကို တွေ့ရသည်။ ဘုရားရှင်က ဖခင်အရွယ်ကို ဖခင် (ဖေဖေ၊ ပါပါး)၊ မိခင်အရွယ်ကို မိခင် (မေမေ၊ မာမား)၊ အစ်မအရွယ်ကို အစ်မ၊ ညီမအရွယ်ကို ညီမ စသဖြင့် ခေါ်ဝေါ်ပြောဆိုခြင်းသည် ယဉ်ကျေးသူတို့၏စကား၊ မြို့ကြီးသူတို့၏စကားဟု ညွှန်ပြထားသည်။ စာရေးသူ သိသလောက်ဆိုရလျှင် လူဒကာဒကာမများကို “ဒကာကြီး၊ ဒကာမကြီး”ဟု ခေါ်ဝေါ်ပြောဆိုခြင်းသည် ဘုရားအလိုအရ သက်မှတ်ထားခြင်း မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုသက်သက်သာ ဖြစ်သည်။

(၄)
စာသင်သားဘ၀က ဆရာတော်ကြီးတစ်ပါးကို ရှုတ်ချခဲ့ဖူးသည်။ ထိုဆရာတော်သည် သူဌေးကြီးများ ကျောင်းလာလျှင် “သူဌေးကြီး”၊ ဗိုလ်ချုပ်ကြီးများ ကျောင်းလာလျှင် “ဗိုလ်ချုပ်ကြီး” စသဖြင့် ခေါ်ဝေါ်သုံးနှုန်းတတ်သည်။ အမှန်စဉ်းစားကြည့်လျှင် မြတ်စွာဘုရားနည်းအတိုင်း သုံးနှုန်းခေါ်ဝေါ် ပြောဆိုနေခြင်းပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မြတ်စွာဘုရားရှင်နှင့် သူဌေးများ၊ ဘုရင်မင်းများနှင့် စကားပြောခန်းများကို လေ့လာကြည့်ပါက မြတ်စွာဘုရားရှင်သည် သူဌေးကြီးနှင့်တွေ့ပါက “သူဌေးကြီး၊ သူကြွယ်ကြီး (သေဋ္ဌိ)”၊ ရှင်ဘုရာများနှင့် စကားပြောဆိုရာတွင် “မြတ်သော မင်းကြီး၊ မင်းမြတ် (မဟာရာဇ)” စသည်ဖြင့် ပြောဆိုသည်ကိုသာ တွေ့ရသည်။ သို့အတွက်ကြောင့် မြတ်စွာဘုရားရှင်သည် နားထောင်သူ နားဝင်ချိုစေမည့် အခေါ်အဝေါ် အသုံးအနှုန်းကို သဘောကျကျ သုံးနှုန်းလေ့ရှိသည်ဟု ဆိုနိုင်မည်ဟု ယူဆမိသည်။

(၅)
မြတ်စွာဘုရားရှင်နှင့်စပ်လျဉ်း၍ အများကြားဖူးသည့် အဖြစ်အပျက်တစ်ခု ရှိသည်။ နကုလပိတာ၊ နကုလမာတာ ဟူသော လင်မယားနှစ်ယောက်အကြောင်း ဖြစ်သည်။ သူတို့နှစ်ဦးသည် မြတ်စွာဘုရားရှင်အပေါ်တွင် မိမိ၏ သားအရင်းကဲ့သို့ ချစ်ခင်ကြင်နာကြသူများ ဖြစ်သည်။ မြတ်စွာဘုရားကလည်း သူတို့၏ ချစ်ခြင်းကို လက်ခံသည့်အနေအထား တွေ့ရသည်။ 

စာထဲတွင် နကုလပိတာ၊ နကုလမာတာဆိုသည်မှာ နာမည် (just name)မျှသာ ဖြစ်နေသော်လည်း စာရေးသူက ဝေါဟာရအဓိပ္ပာယ်ကိုလိုက်ပြီး စဉ်းစားမိသည်။ န = မဟုတ် +ကုလ = အမျိုး +ပိတာ = အဖေ၊ န = မဟုတ်၊ ကုလ = အမျိုး + မာတာ = အမေ။ ဟု အဓိပ္ပာယ်အသီးသီး ထွက်ရာ “အမျိုးမတော်သော အဖေနှင့် အမျိုးမတော်သော အမေ”ဟု အဓိပ္ပာယ်ရလေသည်။ အမှန်အားဖြင့်လည်း ထိုလင်မယားနှစ်ယောက်သည် ဘုရားရှင်နှင့်အမျိုးမတော်စပ်သူများ ဖြစ်သည်။ သို့ရာတွင် မိဘအရင်းအခြာများလို သံယောဇဉ်ကြီးမားသူများ ဖြစ်လေသည်။

(၆)
အထက်ပါ ဇာတ်လမ်းနှင့်ဆင်တူသော ဇာတ်လမ်းတစ်ပုဒ်လည်း ရှိပါသေးသည်။ လင်မယားနှစ်ယောက်သည် မြတ်စွာဘုရားကို တွေ့သည်နှင့် “ချစ်သားလေး၊ မိဘတွေကို မလုပ်ကျွေးဘဲနဲ့ ဘယ်တွေ သွားနေတာလဲ”ဟု ဆိုသည်။ ထို့အပြင် “အိမ်မှာ အမေလည်း ရှိနေတယ်၊ လာ၊ လိုက်ခဲ့၊ အမေ့ကို သွားတွေ့လိုက်အုံး”ဟု ဆိုသည်။ အိမ်ရောက်သောအခါ သူ၏ သားသမီးတို့ကိုလည်း “သားတို့ သမီးတို့ လာကြ၊ မင်းတို့ အစ်ကို လာပြီ၊ ရှိခိုးကြ”ဟု ဆိုပြန်သည်။

 မြတ်စွာဘုရားရှင်ကလည်း ထိုလင်မယားတို့၏ ချစ်ခြင်းမေတ္တာကို အသိအမှတ် ပြုတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်သည် သူ့ထံသို့ ဆွမ်းစားလာပင့်ပါက ထိုလင်မယားအိမ်သို့ သွားခိုင်းပြီး အခွင့်တောင်းခိုင်းလေ့ ရှိသည်။ ဆွမ်းဖိတ်သူမရှိသောနေ့တိုင်း မြတ်စွာဘုရားသည် ထိုလင်မယားအိမ်သို့ သွားရောက်ပြီး ဆွမ်းဘုဉ်းပေးတော်မူခဲ့သည်။

(၇)
ထိုဇာတ်လမ်းများတွင် မြတ်စွာဘုရားရှင်က အလိုလို ဖြစ်ပေါ်လာတတ်သော ချစ်ခြင်းမေတ္တာအကြောင်းကို ထုတ်ဖော်ဟောကြားခဲ့သည်။ ချစ်ခြင်းမေတ္တာသည် ၁။ ရှေးဘ၀များက အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ဖူးခြင်း၊ ၂။ ပစ္စုပ္ပန်ဘ၀တွင် အကျိုးစီးပွား အပြန်အလှန် ဖြစ်ထွန်းနိုင်ခြင်းဟူသော အကြောင်းနှစ်ချက်ကြောင့် ဖြစ်ပေါ်လာတတ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအချက်နှစ်ချက်ရှိလျှင် မြင်ကာမျှနှင့် ချစ်ခြင်းမေတ္တာများ ဖြစ်တတ်ကြောင်း ဟောကြားခဲ့သည်။

(၈)
အခေါ်အဝေါ်များက ပြောပြသော အဓိပ္ပာယ်များအကြောင်းကို စဉ်းစားရင်း အခေါ်အဝေါ်များ၏ အရေးပါမှုကိုပါ တစ်ပါတည်း စဉ်းစားမိခဲ့သည်။ လူ့လောကတွင် နေနေရသည့် လူတို့သည် အစစအရာရာ စိတ်ချမ်းမြေ့စေဖို့အတွက် ပြောဆိုဆက်ဆံရာတွင် ပထမဦးစွာ အခေါ်အဝေါ်များ ယဉ်ကျေးသိမ်မွေ့နေသင့်သည်။ တစ်နည်းအားဖြင့် မေတ္တာသံပါသော အခေါ်အဝေါ်လေးများကို အသားကျအောင် လေ့ကျင့်ခေါ်ဝေါ်သင့်ပါသည်။ 

မည်မျှနူးညံ့သော အခေါ်အဝေါ်ပင်ဖြစ်စေကာမူ အခေါ်အဝေါ်များ၏ နောက်တွင် ရိုးသားမှုတစ်ခု ရှိဖို့တော့ အထူးလိုအပ်လှပြန်သည်။ ရိုးသားမှုနောက်ခံထားခြင်းမရှိသော အခေါ်အဝေါ်များသည် ဓားသွားပေါ်က ပျားရည်စက်လေးများသဖွယ် ကြောက်စဖွယ် ကောင်းနေပါလိမ့်မည်။

Monday, May 28, 2012

ကျောက်ကွင်းရွာသို့ ရောက်ခဲ့ရာဝယ်



ကျောက်ကွင်းဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ မြန်မာ့သမိုင်းမှာ အထင်ကရ ရှိခဲ့တဲ့ ကျောက်ကွင်းအရေးတော်ပုံ သို့မဟုတ် ကျောက်ကွင်းဝါဒပြိုင်ပွဲကြီးကို ပြေးမြင်မိကြပါလိမ့်မယ်။ စာရေးသူရဲ့ဘ၀မှာ အရောက်ချင်ဆုံး နေရာလေးဆိုလည်း မမှားပါဘူး။ 

တစ်နေ့က အိန္ဒိယမှာ ဒေါက်တာဘွဲ့အတွက် ကျမ်းပြုစုနေတဲ့ သူငယ်ချင်းဆိုလည်း ဟုတ်၊ နောင်တော်ဆိုလည်း မှန်တဲ့ ဦးဉာဏ၀ံသ မြန်မာပြည် ပြန်ရောက်လာတယ်။ သူက 2000 Group အဖွဲ့နဲ့ ကျောက်ကွင်းရွာကို သွားမယ်လို့ ပြောတယ်။  

 2000 Group အဖွဲ့အကြောင်းကတော့ နောက်မှ ဆောင်းပါးသီးသန့်ရေးရတော့မှာပဲ။ အခုဆောင်းပါးကလည်း လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေကြောင့် ပင်းပန်းနေဆဲဖြစ်နေတော့ အားရပါးရတော့ ဖြစ်မှာ မဟုတ်ဘူး။ နောက်ကျမှ ဒီခေါင်းစဉ်နဲ့ပဲ သေသေချာ ရေးပါအုံးမယ်။ အခု ဒီဆောင်းပါးကတော့ ခရီးစဉ်အပေါ်မှာ ဖြစ်ခဲ့တဲ့ ခံစားချက်တွေရဲ့ အပေါ်ယံလွှာလေးပါပဲ။ 

ဒီခရီးစဉ်အကြောင်း စကြားကတည်းက လိုက်ချင်စိတ်ဖြစ်နေပြီ။ အဖွဲ့နဲ့သွားမှာဆိုတော့ ဘာမှမဆိုင်တဲ့ ကိုယ်က ပါဝင်ခွင့် မရခဲ့ဘူး။ ဒါပေမယ့် အဖွဲ့ခေါင်းဆောင်ကို ပြောကြည့်တဲ့အခါ ထိုင်ခုံတစ်လုံး ပိုနေတယ်ဆိုတာကို ဦးဉာဏ၀ံသက လှမ်းဖုန်းဆက်တယ်။ လိုက်မလားတဲ့။ အဲဒီအချိန်မှာ ဓမ္မစကူးလ်ဖောင်ဒေးရှင်းကိစ္စတွေကို လုပ်နေတဲ့ အချိန်မှာပါ။ ဒါပေမယ့် ဖုန်းဆက်ဆက်ချင်းမှာပဲ လိုက်မယ်လို့ ပြောလိုက်တယ်။ အဲဒီအချိန်ကတည်းက ဘာအလုပ်မှ ဆက်မလုပ်နိုင်တော့ဘူး။ သွားရမယ့်ခရီးအတွက်ပဲ စိတ်လှုပ်ရှားနေမိတယ်။

ည ၈-နာရီကားနဲ့ သွားကြမယ်။ သွားမယ့်အဖွဲ့အားလုံးပေါင်း ၁၆-ယောက်။ ကားဂိတ်ကို အစောကြီး ၁း၃၀ ခန့် စောရောက်နေခဲ့တယ်။ မိုးက အနည်းငယ်ရွာထားတဲ့အတွက် ရန်ကုန်ရာသီဥတုလေးက နေရတာ ကောင်းနေတယ်။ ည ၈-နာရီထိုးခါနီးမှ 2000 Group အဖွဲ့ခေါင်းဆောင် ဒကာမကြီး ဒေါ်မေအေးဦးတို့ ရောက်လာကြတယ်။ ပြည်မြို့ကို မနက် ၂-နာရီလောက်မှာ ရောက်တယ်။

 ပြည်မြို့က အမှောင်ကျနေတယ်။ ကားဂိတ်မှာတွေ့ရတဲ့သူတွေကို မေးမိတယ်။ ဒါ ပြည်မြို့မှ ဟုတ်ရဲ့လား။ ပြည်နားက ရွာတစ်ရွာ မဟုတ်ဘူးလား။ မဟုတ်ဘူးတဲ့။ ဒါ ပြည်မြို့မှ ပြည်မြို့အစစ်ပါတဲ့။
ပြည်မြို့ ကားဂိတ်မှာ ကျောက်ကွင်းရွာကို သွားဖို့ light track ကားလေးက အသင့်ကြိုနေခဲ့တယ်။ ကားပေါ်မှာ စကားတစ်ပြောပြောနဲ့ဖြစ်လိုက်၊ အိပ်ငိုက်သွားလိုက်နဲ့ ၂-နာရီဝန်းကျင်ခန့် အကြာမှာ ကျောက်ကွင်းရွာဦးကျောင်းကို ရောက်ခဲ့တယ်။ 

ရွာဦးကျောင်းရောက်တော့ အားလုံးဟာ ဖုန်တွေ အဖွေးသားနဲ့။ ဆရာ၊ ဆရာမလေးတွေဆို သူတို့ခေါင်းမှာ ဖုန်တွေ အလိပ်လိပ်။ ရွာဦးကျောင်းဆရာတော်နဲ့ စကားပြော၊ အဖွဲ့ခေါင်းဆောင် ဒကာမကြီးနဲ့ စကားအတန်ငယ်ပြောပြီး အိပ်လိုက်ကြတယ်။ အားလုံးက တက်ကြွနေခဲ့တယ်။ ၀ါဒပြိုင်ပွဲကြီး ကျင်းပတဲ့နေရာကို ကြည့်ချင်စိတ်တွေ ဖြစ်နေရင်းနဲ့ အိပ်ပျော်သွားခဲ့တယ်။ 

ဟိုတုန်းက စာအုပ်ထဲမှာ ကျောက်ကွင်းရွာကြီးက တစ်ရွာလုံး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သွားခဲ့တာတဲ့။ အခုတော့ ဗုဒ္ဓဘာသာဝင်တစ်ဝက်၊ ခရစ်ယာန်တစ်ဝက်တဲ့။ ဘယ်လို ဖြစ်ပြန်တာလဲ။ ၀ါဒပြိုင်ပွဲကြီး ပြီးတဲ့နောက်ပိုင်းနှစ်တွေမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေ အဲဒီဘက်မှာ နှစ်ပေါင်း ၅၀ ကျော်လောက် အဆက်ပြတ်သွားခဲ့တယ်။ ကျောက်ကွင်းရွာမှာက ဘုန်းကြီးကျောင်းလည်း မရှိဘူး။ 

ဒီအခြေအနေလေးရောက်ဖို့အတွက်တောင်မှ လွန်ခဲ့တဲ့ ၁၀-နှစ်ခန့်က တည်ထောင်ခဲ့တဲ့ လက်ရှိရွာဦးကျောင်းလေးကြောင့်ဆိုလည်း မမှားပါဘူး။ ဒီကျောင်းလေးကိုတောင်မှ လက်ရှိဆရာတော်က ဗုဒ္ဓဘာသာဘုန်းကြီးတွေ ၀ိုင်းဝန်းတိုက်ခိုက်ကြတဲ့အထဲကနေ ခက်ခက်ခဲခဲ တည်ထောင်ခဲ့ရတာဖြစ်တယ်လို့ ဆရာတော်က အမိန့်ရှိပါတယ်။ အခုထိတောင်မှ ထောက်ပံ့သူတွေ မရှိလို့ ရွာဦးကျောင်းလေးက တည်ဆောက်ဆဲအခြေအနေပဲ ရှိပါသေးတယ်။ 

ဒီအခြေအနေထိရောက်အောင်လည်း 2000 Group ကပဲ ဦးဆောင် လှူဒါန်းပေးခဲ့တယ်လို့ သိရတယ်။ ဒီအဖွဲ့လေးသာ မရှိရင် ဟိုယခင်က ခက်ခက်ခဲခဲ သာသနာပြုခဲ့ရတဲ့ ကျောက်ကွင်းရွာလေးဟာ တစ်ရွာလုံး ခရစ်ယာန်ရွာလေး ဖြစ်ဖို့ သေချာသလောက်ပါပဲ။ 

စာရေးသူတို့ ဗုဒ္ဓဘာသာတွေဟာ ဓမ္မာစရိယဘွဲ့တွေ၊ အဘိဝံသဘွဲ့တွေ၊ ဘီအေ၊ အမ်အေ၊ ဒေါက်တာတွေကို သာသနာ့အာဇာနည်တဲ့။ ၀ိုင်းဝန်းပံ့ပိုးလိုက်ကြတာ။ ဒီလို ဘာသာခြားတွေကြားမှာ အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ သာသနာပြုနေတဲ့ ရဟန်းတော်တွေကိုတော့ သာသနာ့အာဇာနည် ခေါ်ရကောင်းမှန်း မသိကြဘူး။ လှူဒါန်းထောက်ပံ့ရကောင်းမှန်း မသိကြဘူး။ သာသနာ့အာဇာနည်ဆိုတဲ့ အသိနဲ့ အားရပါးရ ရှိခိုးခဲ့မိသလို ၀ိုင်းဝန်းပံ့ပိုးပေးနေတဲ့ 2000 Group အဖွဲ့ ဒကာမကြီး ဒေါ်မေအေးဦးနဲ့ ညီငယ်၊ ညီမငယ်များကိုလည်း လေးစားမိခဲ့ပါတယ်။

စာရေးသူတို့ ဗုဒ္ဓဘာသာတွေဟာ သံဃာ ၁၀ ပါးလောက်ရှိတဲ့ကျောင်းတွေမှာ သိန်းထောင်တန်တဲ့ ကျောင်းဆောင်တွေ ဆောက်လှူနေလိုက်ကြတာ။ ဒီလို ခက်ခက်ခဲခဲနဲ့ သာသနာပြုနေရတဲ့ နေရာတွေမှာတော့ သစ်သားကျောင်းလေးတောင် ဆောက်လှူဖို့ စိတ်ကူးမရှိကြဘူး။ ကျောက်ကွင်းရွာ ရွာဦးကျောင်းအဆောက်အအုံလေးအတွက် လှူဒါန်းနေတဲ့၊ ကျောက်ကွင်းရွာ မူလွန်ကျောင်းလေးဖြစ်မြောက်အောင် ကြိုးစားပေးရုံမျှမက မူလွန်ကျောင်းအဆောက်အအုံ တည်ဆောက်ရေးအတွက် ကမကထပြုပေးတဲ့ 2000 Group အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေအတွက် သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်။ 

စာရေးသူတို့ ဗုဒ္ဓဘာသာတွေဟာ အစစအရာရာ ပြည့်စုံနေတဲ့ ကလေးတွေကို ထောက်ပံ့ပေးပြီး အဆင့်အတန်းမြင့်မြင့်တွေ ၀ိုင်းဝန်းချီးမြှောက်လေ့ရှိကြတယ်။ ဒီကျောက်ကွင်းရွာလေးမှာတော့ ၄ တန်းအောင်ရင် ကျောင်းပြီးသွားပါပြီ။ အခု ကျောက်ကွင်းကျောင်းဆရာတော်နဲ့ 2000 Group အဖွဲ့ရဲ့ ကျေးဇူးပြုမှုကြောင့် မူလွန်ကျောင်း ဖြစ်သွားပြီဆိုတော့ ၆ တန်းဆိုရင် ကျောင်းပြီးပြီပေါ့။ (ဒါက ကျောက်ကွင်းရွာအကြောင်း ဖြစ်နေလို့ပါ။ တကယ်တော့ မြန်မာနိုင်ငံမှာ များသောအားဖြင့် ၄ တန်းအောင်ရင် ကျောင်းပြီးကြသူက များပါတယ်။ မြို့ကလူတွေကတော့ သိချင်မှ သိမှာပါ)။ အခု ကျောက်ကွင်းဆရာတော်ရဲ့ ဦးဆောင်မှု၊ 2000 Group အဖွဲ့ရဲ့ စေတနာတွေကြောင့် ကျောက်ကွင်းရွာက ကလေးတွေ ပညာသင်ခွင့် ရနေပါပြီ။ ရွာကျောင်းက ပြီးရင်လည်း အထက်အထက် ဆက်တက်နိုင်အောင် ကြိုးစားနေကြတာလည်း တွေ့ရတယ်။ 

ဒီကြိုးပမ်းမှုတွေရဲ့ ရလဒ်အနေနဲ့ ကျောက်ကွင်းရွာလေးဟာ တဖြည်းဖြည်းနဲ့ သာသနာ့အာဇာနည် ဆရာတော်ကြီး ဦးဥက္ကဋ္ဌတို့ ကြိုးပမ်းခဲ့ရကျိုး နပ်တော့မယ့်အလားအလာတွေ တွေ့နေရပါပြီ။ 

အခုဆိုရင် ကျောက်ကွင်းရွာလေးလို အကူအညီတွေ လိုအပ်နေတဲ့ ရွာတွေ အများကြီး ရှိနေပါလားဆိုတာ သိခဲ့ရတယ်။ မွတ်စလင်က စီးပွားရေးနဲ့ အိမ်ထောင်သားမွေးရေးနဲ့ ဗုဒ္ဓဘာသာကို စည်းရုံးတယ်။ ခရစ်ယာန်က အကူညီတွေနဲ့ သာသနာပြုနေတယ်။ ကြားထဲမှာ ဗုဒ္ဓဘာသာတွေက ဆင်းရဲမှုနဲ့ ကြားညပ်ပြီး လုံးပါးပါးနေရတာကို သဘောပေါက်လာခဲ့တယ်။ ဒီလိုဒေသတွေမှာ ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာအတွက် ရှေ့ဆောင်နေတဲ့ ရဟန်းသံဃာတွေ၊ 2000 Group အဖွဲ့လို အဖွဲ့တွေ များများရှိဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင် သွားရောက်မလုပ်ကိုင်နိုင်ရင်တောင်မှ လုပ်နေတဲ့ သံဃာတွေကို မနှောက်ယှက်ဖို့ (ကျောက်ကွင်းဆရာတော်ဆိုရင် ဒေသခံဆရာတော်တွေက အမျိုးမျိုး ကန့်ကွက်ကြတယ်လို့ သိရတယ်၊ ကိုယ့်အမျိုးဘာသာအရေး ဟောကြားနေတဲ့ ဆရာတော်တွေဆိုရင် နှစ်ရှည်ထောင်ဒဏ်တွေတောင် အချခံရတာ အားလုံးအသိပါ။)၊ ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေကို ငွေကြေးအင်အားဖြင့် ထောက်ပံ့ပေးကြဖို့ လိုအပ်နေပါလားဆိုတာ သိခဲ့ရတယ်။

ပြန်ခါနီး ဆရာတော်ကို နှုတ်ဆက်တော့ နောက်တစ်ကြိမ် ပြန့်တွေ့ကြသေးတာပေါ့လို့ မပြောခဲ့ပါဘူး။ ဆရာတော်ဘုရား တပည့်တော် ကျောက်ကွင်းရွာလေးကို နောက်တစ်ကြိမ် ပြန်ရောက်လာမှာ သေချာပါတယ်ဘုရားလို့ လျှောက်ခဲ့ပါတယ်။

ခံစားချက်လေးတွေ မျိုးစုံနေတဲ့ စိတ်နဲ့ ကျောက်ကွင်းရွာလေးကနေ ခွဲခွါလာခဲ့တယ်။ ကျောက်ကွင်းကို နောက်တစ်ကြိမ် သွားရအုံးမယ်။ နောက်တစ်ကြိမ် သွားရင်တော့ (2000 Group အဖွဲ့အတွက်တော့ အဓိပ္ပာယ်အပြည့်အ၀ ရှိပေမယ့်) ကိုယ်က ဘာမှ မလှူဒါန်းမထောက်ပံ့လိုက်ခဲ့ရတော့ ကိုယ့်အတွက်တော့ ပြီးပြည့်စုံတဲ့ခရီးတော့ မဟုတ်ခဲ့လေဘူး။ နောက်တစ်ကြိမ်သွားတဲ့အခါမှာ ကိုယ့်အတွက် အဓိပ္ပာယ်ပြည့်ဝတဲ့ခရီးဖြစ်အောင် ကြိုးစားရမယ်လို့လည်း အားခဲနေမိတယ်။ 

လက်ရှိအချိန်မှာတော့ တကယ်ထိရောက်တဲ့ အလှူတွေ လှူဒါန်းထောက်ပံ့နေတဲ့ 2000 Group လေးကို ဆက်သွယ်လှူဒါန်းနိုင်ကြစေသတည်း။