မိုးခ ကဗျာရွတ်ပွဲ အမှတ်တရ ဓာတ်ပုံလေးတွေပါ။ ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ ပွဲလေးဖြစ်ပါတယ်။ ကဗျာဆရာတွေ လွတ်လပ်မှု၊ တရားမျှတမှုကို ဘယ်လောက် မြတ်နိုးတယ်။ လောကကြီးကို ဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာတွေကို ပြတဲ့ပွဲလေးလို့လည်း ဆိုချင်တယ်။ ကဗျာရွတ်ပွဲများ တရားပွဲများလို ရှင်သန်ထွန်းကားပါစေ။
A Buddhist Meditation Teacher and lecturer in Goethe Frankfurt University. Now living in Frankfurt, Germany. A founder of Dhammachaya Buddhist Center, Denmark.
Thursday, February 23, 2012
ကဗျာရွတ်ပွဲ
မိုးခ ကဗျာရွတ်ပွဲ အမှတ်တရ ဓာတ်ပုံလေးတွေပါ။ ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ ပွဲလေးဖြစ်ပါတယ်။ ကဗျာဆရာတွေ လွတ်လပ်မှု၊ တရားမျှတမှုကို ဘယ်လောက် မြတ်နိုးတယ်။ လောကကြီးကို ဘယ်လောက် ချစ်မြတ်နိုးတယ်ဆိုတာတွေကို ပြတဲ့ပွဲလေးလို့လည်း ဆိုချင်တယ်။ ကဗျာရွတ်ပွဲများ တရားပွဲများလို ရှင်သန်ထွန်းကားပါစေ။
Friday, February 17, 2012
ကြည်နူးခဲ့ရသော နေ့တစ်နေ့
တစ်သက်နဲ့တစ်ကိုယ် မွေးနေ့ဆိုတာကို မလုပ်ခဲ့ဖူးဘူး။ လုပ်မယ့်လုပ်ဖြစ်တော့လည်း တစ်သက်မမေ့စရာ မွေးနေ့ပွဲလေး လုပ်ဖြစ်တယ်။ အစကတည်းက မဖြူဖြူသင်း လုပ်နေတဲ့ ပရဟိတလုပ်ငန်းတွေကို အားကျလေးစားနေခဲ့တော့ မွေးနေ့ပွဲလေး လုပ်ချင်ကြောင်း ပြောမိတယ်။ အပြောင်းအလဲတွေ မဖြစ်ခင်က ပရဟိတသမားဆိုတာ အစိုးရရဲ့  ရန်သူလို ဖြစ်နေခဲ့တော့ မဖြူဖြူသင်းတို့၊ ဦးကျော်သူတို့ စတဲ့ ပရဟိတသမားတွေဟာ ပုန်းလျှိုးကွယ်လျှိုး လုပ်ခဲ့ကြရတယ်။ ဒီနေ့အချိန်မှာတော့ လူတွေဟာ အပြောင်းအလဲအချို့နဲ့အတူ ပရဟိတလုပ်ငန်းတွေကို ရဲရဲဝံ့ဝံ့ လုပ်လာကြတာ တွေ့ရတယ်။ လူငယ်တွေရဲ့ ထင်ရှားသိသာတဲ့ အပြောင်းအလဲတွေကလည်း အားတက်စရာ ကောင်းပါတယ်။ ဒီနေ့ ၃၁-နှစ်မြောက် မွေးနေ့ပွဲလေးကို အကူအညီများ အမှန်တကယ် လိုအပ်နေတဲ့ မဖြူဖြူသင်းရဲ့ ဂေဟာလေးမှာ သူငယ်ချင်းတွေ၊ ဧည့်ပရိသတ်တွေနဲ့အတူ လုပ်ခွင့်ရခဲ့တော့ ဖော်မပြနိုင်လောက်အောင် ပီတိဖြစ်ရပါတယ်။
ဝေဒနာရှင်တွေကို ဆယ်စုနှစ်ချီပြီး ဒုက္ခသုက္ခတွေ အမျိုးမျိုး ကြားထဲက ကိုယ်ကျိုးမငဲ့ ပြုနေပေမယ့် ဂေဟာလေးခမျာ အခုထိ ရုံးခန်းနဲ့ဘာနဲ့ လိုအပ်တဲ့အသုံးအဆောင်တွေ ဘာမှ မရှိသေးတာ တွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပက စေတနာရှင်တွေအနေနဲ့ အမှန်တကယ်လိုအပ်နေတဲ့ ဒီဂေဟာလေးကို သွားရောက်လေ့လာလှူဒါန်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

သူငယ်ချင်း လုပ်ပေးတဲ့ မွေးနေ့ ကိတ်
ညီနောင်သံဃာများနှင့် စကားလက်ဆုံကျနေသော မဖြူဖြူသင်း
စာရေးဆရာ မောင်မင်းစိုး (ရွှေနံ့သာ)က သူရေးသားခဲ့သော စာအုပ်များ လက်ဆောင်ပေး
အခုလို အန္တရာယ်ကြားကနေ လုပ်ရဲတာ၊ လုပ်နိုင်စွမ်းတာ၊ လုပ်နေတာ မြန်မာမှာ အလွန်ရှားတယ
်
မဆိုစလောက်တဲ့ ငွေ ၃-သိန်း လှူဒါန်းခဲ့
| လာရောက်လှူဒါန်းကြသော စေတနာရှင်များနဲ့လည်း ဆုံရတယ် |
ဘ၀တု သဗ္ဗမင်္ဂလံ ...
ဘ၀တု သဗ္ဗမင်္ဂလံ ...ရွတ်ဆိုပြီး ကိတ်မုန့်လှီးတယ်
အမှတ်တရ အားပေးစကားတွေ ပြောကြတယ်
အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကြတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ .....
Subscribe to:
Posts (Atom)