Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Saturday, May 29, 2010

၀ိဆက္ပဲြေတာ္

(ဗုဒၶဘာသာ၀င္အေပါင္းတို႔…..၀ိဆက္ေန႔ပဲြေတာ္ဟာ ဗုဒၶျမတ္စြာရဲ႕ ေမြးေန႔၊ ဘုရားအျဖစ္ေရာက္ေတာ္မူေသာေန႔၊ ပရိနိဗၺာန္စံေတာ္မူေသာေန႔ကို ရည္ညႊန္းၿပီး က်င္းပၾကျခင္းျဖစ္ပါတယ္။ မႏွစ္က ေရးခဲ့တဲ့ ေဆာင္းပါးေလးကို ျပန္လည္မွ်ေ၀လိုက္ပါတယ္။ ဒီေန႔မွာ သီရိလကၤာရဲ႕ ၀ိဆက္ပဲြေတာ္က်င္းပပံုမ်ားနဲ႔ မႏွစ္က ၀ိဆက္ေန႔မွာ ရိုက္ျဖစ္ခဲ့တဲ့ ဓာတ္ပံုမ်ားကိုလည္း မွ်ေ၀လိုက္ပါတယ္။ အခ်ိဳ႕အခ်က္အလက္မ်ားကို ဟိုဟိုဒီဒီ အင္တာနက္စာမ်က္ႏွာမ်ားမွ ရရွိပါတယ္။ ဗုဒၶဘာသာရဲ႕ ထူးျခားတဲ့အစဥ္အလားမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ရင္း ဓမၼအႏွစ္သာရမ်ားဆီ တက္လွမ္းႏိုင္ၾကပါေစ….)

(ဗုဒ္ဓဘာသာဝင်အပေါင်းတို့…..ဝိဆက်နေ့ပွဲတော်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့၊ ဘုရားအဖြစ်ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ကို ရည်ညွှန်းပြီး ကျင်းပကြခြင်းဖြစ်ပါတယ်။ မနှစ်က ရေးခဲ့တဲ့ ဆောင်းပါးလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီနေ့မှာ သီရိလင်္ကာရဲ့ ဝိဆက်ပွဲတော်ကျင်းပပုံများနဲ့ မနှစ်က ဝိဆက်နေ့မှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံများကိုလည်း မျှဝေလိုက်ပါတယ်။ အချို့အချက်အလက်များကို ဟိုဟိုဒီဒီ အင်တာနက်စာမျက်နှာများမှ ရရှိပါတယ်။ ဗုဒ္ဓဘာသာရဲ့ ထူးခြားတဲ့အစဉ်အလားများကို ထိန်းသိမ်းစောင့်ရှောက်ရင်း ဓမ္မအနှစ်သာရများဆီ တက်လှမ်းနိုင်ကြပါစေ….)



“၀ိဆက္”ဆိုတာ ဗုဒၶဘာသာပြဲေတာ္ေတြအနက္ အေရးအၾကီးဆံုးပြဲေတာ္တစ္ခုျဖစ္ပါတယ္။ ယင္းပြဲေတာ္ကို ေမလရဲ႕လျပည့္ေန႔မွာ က်င္းပေလ့ရွိပါတယ္။ ျမတ္ဗုဒၶေမြးေန႔မွာ က်င္းပျခင္းျဖစ္ပါတယ္။ အခ်ိဳ႕ဗုဒၶဘာသာေတြအတြက္ကေတာ့ ျမတ္ဗုဒၶရဲ႕ ေမြးေန႔နဲ႔ ပရိနိဗၺာန္စံေတာ္မူေသာေန႔မွာ က်င္းပျခင္းျဖစ္ပါတယ္။ စာေပအရ ဗုဒၶဆိုတာ ႏိုးၾကားၿပီးေသာသူ သို႔မဟုတ္ ဉာဏ္အလင္း ရရွိၿပီးသူလို႔ ဆိုလိုပါတယ္။ ဗုဒၶဆိုတဲ့ေ၀ါဟာရဟာ ထူးကဲသာလြန္ေသာဉာဏ္ပညာနဲ႔ ကရုဏာတရားရွိေသာပုဂၢိဳလ္ကို ရည္ညႊန္းပါတယ္။ ဗုဒၶဘာသာေတြအတြက္ ညာဏ္အလင္းဆိုတာ ပုဂၢိဳလ္အသီးသီး တဏွာနဲ႔ဒုကၡတရားတို႔မွ လြန္ေျမာက္ရာ နိဗၺာန္ကို ရရွိတဲ့ ေကာင္းျမတ္ေသာ အေျခအေနတစ္ခုျဖစ္ပါတယ္။


၀ိဆက္ပြဲေတာ္ကို သီရိလကၤာ၊ တရုတ္၊ စကၤာပူ၊ မေလးရွား၊ ကေမၻာဒီးယား၊ ထိုင္းနဲ႔ လာအိုႏို္င္ငံေတြမွာ အထူးသျဖင့္ က်င္းပေလ့ရွိပါတယ္။ ၀ိဆက္ပြဲေတာ္ဟာ ျမန္မာမွာေတာ့ အၾကီးက်ယ္ဆံုးပဲြေတာ္ မဟုတ္ပါဘူး။ ျမန္မာမွာ ကဆုန္လျပည့္ေညာင္ေရသြန္းပဲြေတာ္ေလာက္ပဲ က်င္းပၾကတာ မ်ားပါတယ္။ သီရိလကၤာမွာေတာ့ ႏိုင္ငံရဲ႕ အၾကီးက်ယ္ဆံုး ပဲြေတာ္ၾကီး ျဖစ္တယ္။ အဓိကကေတာ့ မီးအလွဆင္ထြန္းညွိျခင္းပဲ ျဖစ္ပါတယ္။ တစ္ႏုိင္ငံလံုးမွာ မီးအလွေတြနဲ႔ တန္ဆာဆင္ထားတဲ့ မ႑ပ္ၾကီးေတြ၊ ဘုရားပံုေတာ္ေတြ၊ ရိုးရာယဥ္ေက်းမႈေတြ..တည္ေဆာက္ၿပီး အၾကီးအက်ယ္ က်င္းပေလ့ရွိပါတယ္။


“ဝိဆက်”ဆိုတာ ဗုဒ္ဓဘာသာပွဲတော်တွေအနက် အရေးအကြီးဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ ယင်းပွဲတော်ကို မေလရဲ့လပြည့်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ မြတ်ဗုဒ္ဓမွေးနေ့မှာ ကျင်းပခြင်းဖြစ်ပါတယ်။ အချို့ဗုဒ္ဓဘာသာတွေအတွက်ကတော့ မြတ်ဗုဒ္ဓရဲ့ မွေးနေ့နဲ့ ပရိနိဗ္ဗာန်စံတော်မူသောနေ့မှာ ကျင်းပခြင်းဖြစ်ပါတယ်။ စာပေအရ ဗုဒ္ဓဆိုတာ နိုးကြားပြီးသောသူ သို့မဟုတ် ဉာဏ်အလင်း ရရှိပြီးသူလို့ ဆိုလိုပါတယ်။ ဗုဒ္ဓဆိုတဲ့ဝေါဟာရဟာ ထူးကဲသာလွန်သောဉာဏ်ပညာနဲ့ ကရုဏာတရားရှိသောပုဂ္ဂိုလ်ကို ရည်ညွှန်းပါတယ်။ ဗုဒ္ဓဘာသာတွေအတွက် ညာဏ်အလင်းဆိုတာ ပုဂ္ဂိုလ်အသီးသီး တဏှာနဲ့ဒုက္ခတရားတို့မှ လွန်မြောက်ရာ နိဗ္ဗာန်ကို ရရှိတဲ့ ကောင်းမြတ်သော အခြေအနေတစ်ခုဖြစ်ပါတယ်။


ဝိဆက်ပွဲတော်ကို သီရိလင်္ကာ၊ တရုတ်၊ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေမှာ အထူးသဖြင့် ကျင်းပလေ့ရှိပါတယ်။ ဝိဆက်ပွဲတော်ဟာ မြန်မာမှာတော့ အကြီးကျယ်ဆုံးပွဲတော် မဟုတ်ပါဘူး။ မြန်မာမှာ ကဆုန်လပြည့်ညောင်ရေသွန်းပွဲတော်လောက်ပဲ ကျင်းပကြတာ များပါတယ်။ သီရိလင်္ကာမှာတော့ နိုင်ငံရဲ့ အကြီးကျယ်ဆုံး ပွဲတော်ကြီး ဖြစ်တယ်။ အဓိကကတော့ မီးအလှဆင်ထွန်းညှိခြင်းပဲ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ မီးအလှတွေနဲ့ တန်ဆာဆင်ထားတဲ့ မဏ္ဍပ်ကြီးတွေ၊ ဘုရားပုံတော်တွေ၊ ရိုးရာယဉ်ကျေးမှုတွေ..တည်ဆောက်ပြီး အကြီးအကျယ် ကျင်းပလေ့ရှိပါတယ်။





ႏိုင္ငံမ်ားစြာမွ ၀ိဆက္ပြဲေတာ္က်င္းပပံုမ်ားကို ေလ့လာၾကည့္ရင္ တူညီတဲ့ အစဥ္အလာေတြကို ေတြ႕ရပါတယ္။ ပြဲေတာ္ကို ေရာင္စံုမီးပံုးေတြနဲ႔ က်င္းပေလ့ရွိပါတယ္။ အိမ္ေတြကို သန္႔ရွင္းသပ္ရပ္စြာထားၿပီး တန္ဆာဆင္ၾကတယ္။ ဥပမာအားျဖင့္ ထိုင္းႏိုင္ငံမွာ ၀ိဆက္ေန႔ထူးေန႔ျမတ္မွာ စကၠဴမ်ား၊ သစ္သားမ်ားျဖင့္ မီးအိမ္မ်ားကို ျပဳလုပ္ေလ့ရွိၾကသလို ေလွာင္အိမ္ထဲမွငွက္မ်ားကိုလဲ ၾကီးက်ယ္ေသာ အခမ္းအနားျဖင့္ လႊတ္ေပးေလ့ရွိပါတယ္။ ပြဲေတာ္ရက္အတြင္း ႏိုင္ငံအမ်ားအျပားတြင္ ဗုဒၶဘာသာ၀င္မ်ားဟာ နီးစပ္ရာ ေက်ာင္းမ်ားသို႔သြားကာ ရဟန္းေတာ္မ်ားအား အစားအေသာက္၊ ဖေယာင္းတိုင္၊ ပန္းမ်ားကို လွဴဒါန္းေလ့ရွိပါတယ္။

နိုင်ငံများစွာမှ ဝိဆက်ပွဲတော်ကျင်းပပုံများကို လေ့လာကြည့်ရင် တူညီတဲ့ အစဉ်အလာတွေကို တွေ့ရပါတယ်။ ပွဲတော်ကို ရောင်စုံမီးပုံးတွေနဲ့ ကျင်းပလေ့ရှိပါတယ်။ အိမ်တွေကို သန့်ရှင်းသပ်ရပ်စွာထားပြီး တန်ဆာဆင်ကြတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာ ဝိဆက်နေ့ထူးနေ့မြတ်မှာ စက္ကူများ၊ သစ်သားများဖြင့် မီးအိမ်များကို ပြုလုပ်လေ့ရှိကြသလို လှောင်အိမ်ထဲမှငှက်များကိုလဲ ကြီးကျယ်သော အခမ်းအနားဖြင့် လွှတ်ပေးလေ့ရှိပါတယ်။ ပွဲတော်ရက်အတွင်း နိုင်ငံအများအပြားတွင် ဗုဒ္ဓဘာသာဝင်များဟာ နီးစပ်ရာ ကျောင်းများသို့သွားကာ ရဟန်းတော်များအား အစားအသောက်၊ ဖယောင်းတိုင်၊ ပန်းများကို လှူဒါန်းလေ့ရှိပါတယ်။



ရြတ္ဖတ္သရဇၥ်ယ္ျခင္းနဲ႔ ဆုေတာင္းျခင္းဟာ ၀ိဆက္ေန႔ထူးရဲ႕ အေရးၾကီးတဲ့ အစိတ္အပိုင္းတစ္ရပ္ ျဖစ္ပါတယ္။
ဘုရားရွင္အား ေရသပၸါယ္ျခင္း အခမ္းအနားကိုလဲ က်င္းပေလ့ရွိပါတယ္။ ျမတ္စြာဘုရားရဲ႕ ပခံုးေတာ္အထက္မွ ေရသြန္းေလာင္းျခင္းမ်ားကိုလဲ ျပဳေလ့ရွိပါတယ္။ ထိုသို႔ျပဳလုပ္ျခင္းရဲ႕ ရည္ရြယ္ခ်က္ကေတာ့ မိမိတို႔ရဲ႕စိတ္သႏၱာန္မွာရွိတဲ့ ေလာဘ၊ ေဒါသ၊ ေမာဟမ်ားကို ျဖဴစင္ေစဖို႔ ျဖစ္ပါတယ္။ တရုတ္ ႏိုင္ငံတြင္ကား အဆိုပါ အစီအစီအစဥ္မ်ားအျပင္ မိမိတိုိ႔ရဲ႕ ရွိရင္းစြဲယဥ္ေက်းမႈမ်ားကိုလဲ ထည့္သြင္းက်င္းပေလ့ရွိပါတယ္။ ဥပမာအားျဖင့္ နဂါးအကမ်ား ပါ၀င္ေစျခင္းျဖစ္ပါတယ္။ လွဴဖြယ္၀တၳဳမ်ားကိုလဲ ျမတ္ဗုဒၶဆင္းတုေတာ္ကို လွဴဒါန္းဖို႔ ယူေဆာင္သြားေလ့ရွိပါတယ္။ ဒီလို က်င္းပတာဟာ ျမတ္ဗုဒၶရဲ႕ ဘ၀ျဖစ္ေတာ္စဥ္နဲ႔ တရားေတာ္မ်ားကို ေလးစားမႈ၊ ေက်းဇူးတင္မႈတို႔ကို ျပသရာေရာက္ပါတယ္။ ပြဲေတာ္ရက္အတြင္း သတၱ၀ါမ်ားကို မညွင္းဆဲေသာ ဗုဒၶဘာသာ၀င္မ်ားအေနျဖင့္ သက္သတ္လြတ္ စားေလ့ရွိၾကပါတယ္။

ရွတ်ဖတ်သရဇ္ဈယ်ခြင်းနဲ့ ဆုတောင်းခြင်းဟာ ဝိဆက်နေ့ထူးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။
ဘုရားရှင်အား ရေသပ္ပါယ်ခြင်း အခမ်းအနားကိုလဲ ကျင်းပလေ့ရှိပါတယ်။ မြတ်စွာဘုရားရဲ့ ပခုံးတော်အထက်မှ ရေသွန်းလောင်းခြင်းများကိုလဲ ပြုလေ့ရှိပါတယ်။ ထိုသို့ပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မိမိတို့ရဲ့စိတ်သန္တာန်မှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟများကို ဖြူစင်စေဖို့ ဖြစ်ပါတယ်။ တရုတ် နိုင်ငံတွင်ကား အဆိုပါ အစီအစီအစဉ်များအပြင် မိမိတို့ရဲ့ ရှိရင်းစွဲယဉ်ကျေးမှုများကိုလဲ ထည့်သွင်းကျင်းပလေ့ရှိပါတယ်။ ဥပမာအားဖြင့် နဂါးအကများ ပါဝင်စေခြင်းဖြစ်ပါတယ်။ လှူဖွယ်ဝတ္ထုများကိုလဲ မြတ်ဗုဒ္ဓဆင်းတုတော်ကို လှူဒါန်းဖို့ ယူဆောင်သွားလေ့ရှိပါတယ်။ ဒီလို ကျင်းပတာဟာ မြတ်ဗုဒ္ဓရဲ့ ဘဝဖြစ်တော်စဉ်နဲ့ တရားတော်များကို လေးစားမှု၊ ကျေးဇူးတင်မှုတို့ကို ပြသရာရောက်ပါတယ်။ ပွဲတော်ရက်အတွင်း သတ္တဝါများကို မညှင်းဆဲသော ဗုဒ္ဓဘာသာဝင်များအနေဖြင့် သက်သတ်လွတ် စားလေ့ရှိကြပါတယ်။







သီရိလကၤာႏိုင္ငံက ၀ိဆက္ဆိုတာ ဗုဒၶဘာသာ၀င္ေတြအတြက္ ႏွစ္စဥ္ အားလပ္ရက္တစ္ခုျဖစ္ပါတယ္။ အိႏၵိယမဟာယာနဗုဒၶဘာသာဓေလ့ထံုးစံအရ အဆိုပါ ၀ိဆက္နဲ႔ အဓိပၸါယ္ထပ္တူျဖစ္တဲ့ ၀ိဆာခဆိုတဲ့အမည္အားျဖင့္ လူသိမ်ားတဲ့ အားလပ္ရက္ျဖစ္ပါတယ္။ ၀ိဆက္ ဆိုတဲ့ေ၀ါဟာရဟာ ၀ိဆာခဆိုတဲ့ ပါဠိကေနေျပာင္းလဲလာတဲ့ ဆင္ဟာလေ၀ါဟာရျဖစ္ပါတယ္။ “၀ိုင္း ဆာခ” ဆိုတာကေတာ့ ဟိႏၵဴျပကၡဒိန္မွာ ဒုတိယေျမာက္လရဲ႕အမည္ျဖစ္ပါတယ္။

အိႏၵိယ၊ ဘဂၤလားေဒရွ္နဲ႔ နီေပါႏိုင္ငံေတြမွာ ဤလျပည့္ေန႔ကို ၀ိဆာခ္ပူဇ(Visakah Puja)၊ ဗုဒၶ ပုရ္နိမာ(Buddha Purnima)၊ ဗုဒၶဇယႏၱိ(Buddha Jayanti)လို႔လဲ အသိမ်ားပါတယ္။ ထိုင္းႏုိင္ငံမွာကေတာ့ ၀ိဆာခဘုခ်( Visakha Bucha)၊ ဗီယက္နမ္မွာ ဖက္ဒန္း(Phật Đản)၊ အင္ဒိုနီးရွားမွာ ၀ိုင္းဆက္ (Waisak)၊ သီရိလကၤာမွာ ၀ိဆက္(ေ၀့ဆက္)(Vesak (Wesak))၊ တရုတ္စကားေျပာတဲ့ မေလးရွားနဲ႔ တရုတ္မွာ ေဖာဒန္း(佛誕 (fó dàn))၊ တိဗက္မွာ စကဒ၀(Saga Dawa)လို႔ အသီးသီး ေခၚဆို အသံုးျပဳကာ ပြဲေတာ္မ်ားကို က်င္းပေလ့ရွိပါတယ္။ လာအိုႏိုင္ငံမွာလဲ ဒီပဲြေတာ္နဲ႔ ထပ္တူျဖစ္တဲ့ ပြဲေတာ္တစ္ခုရွိပါတယ္။ အဆိုပါ ပြဲေတာ္ကေတာ့ ၀ိကဆက္ခ ေဘာကဆ(Vixakha Bouxa)လို႔ ေခၚပါတယ္။

သီရိလင်္ကာနိုင်ငံက ဝိဆက်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် နှစ်စဉ် အားလပ်ရက်တစ်ခုဖြစ်ပါတယ်။ အိန္ဒိယမဟာယာနဗုဒ္ဓဘာသာဓလေ့ထုံးစံအရ အဆိုပါ ဝိဆက်နဲ့ အဓိပ္ပါယ်ထပ်တူဖြစ်တဲ့ ဝိဆာခဆိုတဲ့အမည်အားဖြင့် လူသိများတဲ့ အားလပ်ရက်ဖြစ်ပါတယ်။ ဝိဆက် ဆိုတဲ့ဝေါဟာရဟာ ဝိဆာခဆိုတဲ့ ပါဠိကနေပြောင်းလဲလာတဲ့ ဆင်ဟာလဝေါဟာရဖြစ်ပါတယ်။ “ဝိုင်း ဆာခ” ဆိုတာကတော့ ဟိန္ဒူပြက္ခဒိန်မှာ ဒုတိယမြောက်လရဲ့အမည်ဖြစ်ပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို ဝိဆာခ်ပူဇ(Visakah Puja)၊ ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊ ဗုဒ္ဓဇယန္တိ(Buddha Jayanti)လို့လဲ အသိများပါတယ်။ ထိုင်းနိုင်ငံမှာကတော့ ဝိဆာခဘုချ( Visakha Bucha)၊ ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊ အင်ဒိုနီးရှားမှာ ဝိုင်းဆက် (Waisak)၊ သီရိလင်္ကာမှာ ဝိဆက်(ဝေ့ဆက်)(Vesak (Wesak))၊ တရုတ်စကားပြောတဲ့ မလေးရှားနဲ့ တရုတ်မှာ ဖောဒန်း(佛誕 (fó dàn))၊ တိဗက်မှာ စကဒဝ(Saga Dawa)လို့ အသီးသီး ခေါ်ဆို အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့ ပွဲတော်တစ်ခုရှိပါတယ်။ အဆိုပါ ပွဲတော်ကတော့ ဝိကဆက်ခ ဘောကဆ(Vixakha Bouxa)လို့ ခေါ်ပါတယ်။





ျမန္မာႏိုင္ငံမွာကေတာ့ ဒီအခ်ိန္က်င္းပတဲ့ ဒီပဲြေတာ္ကို ကဆုန္လျပည့္(Ka-sone-la-pyae)လို႔ အမည္တြင္ပါတယ္။ အဓိပၸါယ္ကေတာ့ ျမန္မာျပကၡဒိန္ရဲ႕ ဒုတိယေျမာက္လျဖစ္တဲ့ ကဆုန္လျပည့္လို႔ ဆိုလိုပါတယ္။ သီရိလကၤာ၊ မေလးရွား၊ ျမန္မာ၊ ထိုင္း၊ စကၤာပူ၊ ဗီယက္နမ္နဲ႔ အင္ဒိုနီးရွား၊ ေဟာင္ေကာင္၊ ထိုင္၀မ္တို႔မွာ ဒီ၀ိဆက္ပြဲေတာ္အခါသမယကို အမ်ားျပည္သူရုံးပိတ္ရက္အျဖစ္ သတ္မွတ္ထားၾကပါတယ္။

အမ်ိဳးမ်ိဳးေသာ ဓေလ့ထံုးစံမ်ားမွာ အသံုးျပဳတဲ့ မတူထူးျခားတဲ့ ျပကၡဒိန္ေတြရဲ႕ အလိုအရ ၀ိဆက္ပြဲေတာ္ရက္ကို အတိအက် သတ္မွတ္ဖို႔ေတာ့ ခက္ပါတယ္။ ဗုဒၶဘာသာျပကၡဒိန္ကို လက္ခံ အသံုးျပဳတဲ့ ေထရ၀ါဒတိုင္းျပည္မ်ားမွာ ထံုးစံအားျဖင့္ ငါးလေျမာက္ သို႔မဟုတ္ ေျခာက္လေျမာက္ရဲ႕ လျပည့္ေန႔၊ ဥပုသ္ေန႔မွာ ပြဲေတာ္ရက္ က်ေရာက္ပါတယ္။ တရုတ္ႏိုင္ငံမွာေတာ့ တရုတ္ျပကၡဒိန္မွာ ပထမဆံုးလျပည့္က်တဲ့ ေလးလေျမာက္ျဖစ္ပါတယ္။ အေနာက္တိုင္းျပကၡဒိန္အရကေတာ့ ပြဲေတာ္ရက္ဟာ တစ္သမတ္တည္း မရွိႏိုင္ပါဘူး။ ဒါေပမယ့္ မ်ားေသာအားျဖင့္ ဧၿပီလနဲ႔ ေမလမွာေတာ့ က်ေရာက္ေလ့ရွိပါတယ္။

တခါတရံ ဗုဒၶေန႔လို႔လဲ သံုးၾကပါေသးတယ္။ ဒီပြဲေတာ္ရက္ဟာ ဗုဒၶျမတ္စြာရဲ႕ ေမြးေန႔၊ သဗၺညဳတဉာဏ္အလင္းရရွိတဲ့ေန႔၊ ပရိနိဗၺာန္စံ၀င္ေတာ္မူေသာေန႔မ်ားနဲ႔လဲ တိုက္ဆိုင္ေနလို႔ ထူးျခားၿပီး ေက်ာ္ၾကားတဲ့ ပြဲေတာ္မ်ား က်င္းပၾကျခင္း ျဖစ္ပါတယ္။
၁၉၅၀ခုႏွစ္မွာ ကမၻာလံုးဆိုင္ရာဗုဒၶဘာသာ၀င္မ်ားညီလာခံၾကီးကို သီရိလကၤာႏိုင္ငံမွာ က်င္းပ ခဲ့ပါတယ္။ အဆိုပါ ညီလာခံမွာ ျမတ္စြာဘုရားရဲ႕ ေမြးေန႔ကို ၀ိဆက္ေန႔အျဖစ္ ပြဲေတာ္က်င္းပၾကဖို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။ ၀ိဆက္အခါေတာ္ေန႔ေရာက္တိုင္း တစ္ကမၻာလုံးမွာရွိတဲ့ဗုဒၶဘာသာ၀င္မ်ားဟာ ဗုဒၶဘာသာဓေလ့ထုံးစံမ်ားရဲ႕ ထူးျခားတဲ့ အျဖစ္အပ်က္မ်ားကို အမွတ္တရ ဂုဏ္ျပဳေလ့ရွိၾကပါတယ္။ ေဂါတမျမတ္စြာဘုရားရဲ႕ ဖြားေတာ္မူရာေန႔၊ သဗၺညဳတညာဏ္အလင္းရရွိတဲ့ေန႔၊ ပရိနိဗၺာန္စံ၀င္ေတာ္ မူရာေန႔မ်ားကို ေအာက္ေမ့အမွတ္ရ ဂုဏ္ျပဳေလ့ရွိၾကပါတယ္။

မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့ ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)လို့ အမည်တွင်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်လို့ ဆိုလိုပါတယ်။ သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာ ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။

အမျိုးမျိုးသော ဓလေ့ထုံးစံများမှာ အသုံးပြုတဲ့ မတူထူးခြားတဲ့ ပြက္ခဒိန်တွေရဲ့ အလိုအရ ဝိဆက်ပွဲတော်ရက်ကို အတိအကျ သတ်မှတ်ဖို့တော့ ခက်ပါတယ်။ ဗုဒ္ဓဘာသာပြက္ခဒိန်ကို လက်ခံ အသုံးပြုတဲ့ ထေရဝါဒတိုင်းပြည်များမှာ ထုံးစံအားဖြင့် ငါးလမြောက် သို့မဟုတ် ခြောက်လမြောက်ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ ပွဲတော်ရက် ကျရောက်ပါတယ်။ တရုတ်နိုင်ငံမှာတော့ တရုတ်ပြက္ခဒိန်မှာ ပထမဆုံးလပြည့်ကျတဲ့ လေးလမြောက်ဖြစ်ပါတယ်။ အနောက်တိုင်းပြက္ခဒိန်အရကတော့ ပွဲတော်ရက်ဟာ တစ်သမတ်တည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် ဧပြီလနဲ့ မေလမှာတော့ ကျရောက်လေ့ရှိပါတယ်။

တခါတရံ ဗုဒ္ဓနေ့လို့လဲ သုံးကြပါသေးတယ်။ ဒီပွဲတော်ရက်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့၊ သဗ္ဗညုတဉာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့များနဲ့လဲ တိုက်ဆိုင်နေလို့ ထူးခြားပြီး ကျော်ကြားတဲ့ ပွဲတော်များ ကျင်းပကြခြင်း ဖြစ်ပါတယ်။
၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ မြတ်စွာဘုရားရဲ့ မွေးနေ့ကို ဝိဆက်နေ့အဖြစ် ပွဲတော်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဝိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့ ထူးခြားတဲ့ အဖြစ်အပျက်များကို အမှတ်တရ ဂုဏ်ပြုလေ့ရှိကြပါတယ်။ ဂေါတမမြတ်စွာဘုရားရဲ့ ဖွားတော်မူရာနေ့၊ သဗ္ဗညုတညာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော် မူရာနေ့များကို အောက်မေ့အမှတ်ရ ဂုဏ်ပြုလေ့ရှိကြပါတယ်။






















ပြဲေတာ္ရက္မွာဆိုရင္ သတၱ၀ါမ်ားကို သတ္ျဖတ္ေလ့မရွိၾကပါဘူး။ သက္သတ္လြတ္သာ စားေလ့ရွိပါတယ္။ တိုင္းျပည္မ်ား အထူးသျဖင့္ သီရိလကၤာႏိုင္ငံမွာဆိုရင္ ၀ိဆက္ေန႔ကို အပိုႏွစ္ရက္ပါ ထည့္ေပးထားပါတယ္။ ရံေပးထားပါတယ္။ သီရိလကၤာအစိုးရဟာ ထိုေန႔မွာ အရက္ေရာင္းခြင့္၊ ေသာက္စားခြင့္ကို အထူးပိတ္ပင္ထားပါတယ္။ ေထာင္ေပါင္းမ်ားစြာေသာ သတၱ၀ါမ်ားကိုလဲ ေဘးမဲ့လႊတ္ေလ့ရွိၾကပါတယ္။ အမ်ားစုက ပြဲေတာ္ရက္မွာ ပိတ္ျဖဴစင္ၾကယ္ကိုပဲ ၀တ္ဆင္ေလ့ ရွိၾကပါတယ္။ တစ္ေန႔လံုး ဘုန္းေတာ္ၾကီးေက်ာင္းမ်ားမွာ ရွစ္ပါးသီလေဆာက္တည္ၿပီး တရားနာယူကာ ေနေလ့ရွိၾကပါတယ္။ သီရိလကၤာမွာဆိုရင္ သာမေဏ၀တ္တဲ့အေလ့အထလဲ ရွိပါတယ္။

ပွဲတော်ရက်မှာဆိုရင် သတ္တဝါများကို သတ်ဖြတ်လေ့မရှိကြပါဘူး။ သက်သတ်လွတ်သာ စားလေ့ရှိပါတယ်။ တိုင်းပြည်များ အထူးသဖြင့် သီရိလင်္ကာနိုင်ငံမှာဆိုရင် ဝိဆက်နေ့ကို အပိုနှစ်ရက်ပါ ထည့်ပေးထားပါတယ်။ ရံပေးထားပါတယ်။ သီရိလင်္ကာအစိုးရဟာ ထိုနေ့မှာ အရက်ရောင်းခွင့်၊ သောက်စားခွင့်ကို အထူးပိတ်ပင်ထားပါတယ်။ ထောင်ပေါင်းများစွာသော သတ္တဝါများကိုလဲ ဘေးမဲ့လွှတ်လေ့ရှိကြပါတယ်။ အများစုက ပွဲတော်ရက်မှာ ပိတ်ဖြူစင်ကြယ်ကိုပဲ ဝတ်ဆင်လေ့ ရှိကြပါတယ်။ တစ်နေ့လုံး ဘုန်းတော်ကြီးကျောင်းများမှာ ရှစ်ပါးသီလဆောက်တည်ပြီး တရားနာယူကာ နေလေ့ရှိကြပါတယ်။ သီရိလင်္ကာမှာဆိုရင် သာမဏေဝတ်တဲ့အလေ့အထလဲ ရှိပါတယ်။





တိုင္းျပည္အမ်ားအျပားမွာ အထူးသျဖင့္ သီရိလကၤာႏိုင္ငံမွာ သာသနာ့အလံေတာ္ လႊင့္တင္ျခင္း၊ ဗုဒၶ၊ ဓမၼ၊ သံဃဆိုတဲ့ ရတနာသံုးပါးကို ပူေဇာ္ထားေသာ ဓမၼေတးသီခ်င္းမ်ား သီဆိုျခင္းမ်ားကို ျပဳေလ့ရွိပါတယ္။ သူတို႔ဟာ ပကာသနမ်ား ျခယ္သ,မထားေသာ ပန္းမ်ားနဲ႔လဲ ပူေဇာ္ေလ့ရွိၾကတယ္။ ဖေယာင္းတိုင္မ်ား၊ ဆီမီးမ်ား၊ အေမႊးတိုင္မ်ားနဲ႔လဲ ပူေဇာ္ေလ့ရွိၾကပါတယ္။ အထူးသျဖင့္ အေမႊးတိုင္ ပူေဇာ္ျခင္းရဲ႕ ထူးျခားတဲ့ ရည္ရြယ္ခ်က္က ေလာကရဲ႕ မၿမဲျခင္းတရားကို ထင္ဟပ္ေစဖို႔ ျဖစ္ပါတယ္။
ဗုဒၶဘာသာဟာ အိႏၵိယမွ ယဥ္ေက်းမႈအမ်ိဳးမ်ိဳးရွိတဲ့ တိုင္းျပည္အမ်ိဳးမ်ိဳးသို႔ ေရာက္ရွိျပန္႔နွံ႔ခဲ့တဲ့ အတြက္ ၀ိဆက္ပြဲေတာ္က်င္းပပံုဟာလဲ ကမၻာလံုးဆိုင္ရာယဥ္ေက်းမႈမ်ားအလိုက္ ပံုစံအမ်ိဳးမ်ိဳးကြဲျပား သြားခဲ့ပါတယ္။ တူညီတာကေတာ့ ျမတ္ဗုဒၶအား ေအာက္ေမ့အမွတ္တရ ဂုဏ္ျပဳပူေဇာ္ျခင္းပဲ ျဖစ္ပါတယ္။ ။

အရွင္ကုသလသာမိ

တိုင်းပြည်အများအပြားမှာ အထူးသဖြင့် သီရိလင်္ကာနိုင်ငံမှာ သာသနာ့အလံတော် လွှင့်တင်ခြင်း၊ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဆိုတဲ့ ရတနာသုံးပါးကို ပူဇော်ထားသော ဓမ္မတေးသီချင်းများ သီဆိုခြင်းများကို ပြုလေ့ရှိပါတယ်။ သူတို့ဟာ ပကာသနများ ခြယ်သ,မထားသော ပန်းများနဲ့လဲ ပူဇော်လေ့ရှိကြတယ်။ ဖယောင်းတိုင်များ၊ ဆီမီးများ၊ အမွှေးတိုင်များနဲ့လဲ ပူဇော်လေ့ရှိကြပါတယ်။ အထူးသဖြင့် အမွှေးတိုင် ပူဇော်ခြင်းရဲ့ ထူးခြားတဲ့ ရည်ရွယ်ချက်က လောကရဲ့ မမြဲခြင်းတရားကို ထင်ဟပ်စေဖို့ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဟာ အိန္ဒိယမှ ယဉ်ကျေးမှုအမျိုးမျိုးရှိတဲ့ တိုင်းပြည်အမျိုးမျိုးသို့ ရောက်ရှိပြန့်နှံ့ခဲ့တဲ့ အတွက် ဝိဆက်ပွဲတော်ကျင်းပပုံဟာလဲ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုများအလိုက် ပုံစံအမျိုးမျိုးကွဲပြား သွားခဲ့ပါတယ်။ တူညီတာကတော့ မြတ်ဗုဒ္ဓအား အောက်မေ့အမှတ်တရ ဂုဏ်ပြုပူဇော်ခြင်းပဲ ဖြစ်ပါတယ်။ ။

အရှင်ကုသလသာမိ


No comments: