Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Tuesday, July 20, 2010

ခေါင်းမြီးခြုံဝတ်ရေး၊ ချွတ်ရေး


(တစ်လောက မဗေဒါရဲ့ ဆိုက်မှာ Burkur အသုံးပြုခြင်းအကြောင်း ဆိုပြီး စာတစ်ပုဒ်ဖတ်လိုက်ရတယ်။ အံ့သြသွားတယ်။ အခု ဒီသတင်းလေးကို ဖတ်လိုက်တော့ ပိုအံ့သြသွားတယ်။ စာဖတ်သူတွေလည်း အံ့သြစရာ ဟုတ်၊ မဟုတ် ဖတ်ကြည့်လိုက်ပေါ့။ တတ်သလောက်မှတ်သလောက်လေး ဆီလျော်အောင် ဘာသာပြန်ထားပါ တယ်။ မူရင်းကတော့ ဒီမှာပါ။)

ဆီးရီးယားပညာရေးဝန်ကြီးဌာနက အလွန်ဂယက်ရိုက်စေတဲ့ ဥပဒေတစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒါကတော့ “တက္ကသိုလ် ပရိဝုဏ်ထဲမှာ အမျိုးသမီးများ ခေါင်းမြီးခြုံမ၀တ်ရ”ဆိုတဲ့ ဥပဒေပါပဲ။ ခေါင်းမြီးခြုံဆိုပေမယ့် မျက်နှာတစ်ခုလုံးကိုပါ ဖုံးလွှမ်းထားတဲ့ ၀တ်စုံပါ။

ဘယ်လောက်တောင် အံ့သြစရာကောင်းသလဲ။ မလေးရှားတို့၊ အင်ဒိုနီးရှားတို့လို အလယ်အလတ် သဘောထား ရှိတဲ့ မွတ်စလင်နိုင်ငံတွေဆိုရင်တော့ တစ်မျိုးပေါ့။ အခုဟာက တကယ့်မွတ်စလင်နိုင်ငံတစ်ခုဖြစ်တဲ့ ဆီးရီးယား နိုင်ငံမှာ ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဆုံးဖြတ်ချက်ဟာ တစ်ဖက်က အပြင်းအထန် ဝေဖန်ရှုတ်ချမှုတွေနဲ့ တစ်ဖက်က အားပေးမှုတွေကြားထဲကနေ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးကတော့ ပြောပါတယ်။ ဒီလို ဥပဒေထုတ်ပြီး တားမြစ်လိုက်ရတာဟာ သူတို့ဌာနတစ်ခုတည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျောင်းသားတွေရဲ့ မိဘတွေက တောင်းဆိုလို့ ထုတ်ပြန်ရတာလို့ ဆိုပါတယ်။ ကျောင်းသားတွေရဲ့ မိဘတွေက သူတို့ သားသမီးတွေကို “ဘာသာရေး အစွန်းရောက်တွေရှိတဲ့ ၀န်းကျင်”မှာ ပညာသင်နေတာကို မတွေ့ချင်ကြပါဘူး။

ဒီဥပဒေကြောင့် လွန်ခဲ့တဲ့လက ဆီးရီးယားနိုင်ငံတစ်ဝှမ်းက အတန်းထဲမှာ မျက်နှာတစ်ခုလုံးဖုံးနေအောင် ခြုံရတဲ့ ခေါင်းမြီးခြုံ ၀တ်ဆင်သူ ဆရာမပေါင်း ၁၂၀၀ ကျောင်းဆရာမအဖြစ်ကနေ နှုတ်ထွက်လိုက်ရတယ်။ တစ်ချိန် ထဲမှာ ပညာရေးဌာနကလည်း “ဆီးရီးယားနိုင်ငံဆိုတာ သီးသန့်လူ့အဖွဲ့အစည်းတစ်ခု ဖြစ်တယ်၊ အစွန်းရောက် ၀ါဒကို လက်မခံပါဘူး”လို့ ဆိုပါတယ်။ အယ်လ် အာရဘီးယား တီဗွီကလည်း “ခေါင်းမြီးခြုံကိစ္စကို အငြင်းပွား အောင်လုပ်တဲ့ ပညာရေးဝန်ကြီးဌာနဟာ ပညာရေးမှုများနှင့် တက္ကသိုလ်လုပ်ထုံးလုပ်နည်းများကို ဆန့်ကျင်နေ တယ်”လို့ ကြေညာသွားပါတယ်။ ဒါ့အပြင် “အတွေးအမြင်အယူအဆဆိုင်ရာ ၀င်ရောက်ကျူးကျော် ခြင်း”လို့ တောင် အမည်တပ်လိုက်ပါသေးတယ်။ ဆီးရီးယားအာဏာရ ဘာသ်ပါတီကလည်း မကြာသေးခင်က ကျင်းပသွား တဲ့ ညီလာခံမှာ ခေါင်းမြီးခြုံချွတ်ရေးကိစ္စကို အပြင်းအထန် ရှုတ်ချသွားပါတယ်။

ဒမက်စကတ်မြို့က ခရိုက်စစ်စ်အဖွဲ့က ပီတာဟာလင်းက “ဆီးရီးယားနိုင်ငံဟာ သီးသန့်ဆန်တဲ့ ကိုယ်ပိုင် ဓလေ့ ထုံးတမ်းများနဲ့ မွတ်စလင်ရှေးရိုးစွဲဝါဒီတွေရဲ့ကြားမှာ ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။ ဆီးရီးယားမှာ ဖြစ်နေတဲ့ ပုံစံဟာ အလွန်ကို အခြေခံကျတဲ့ ထိပ်တိုက်တွေ့မှုကြီးတစ်ခု ဖြစ်တယ်လို့ ထင်ပါတယ်။ တစ်ဖက်က အလွန်ကို လေးနက်ပြီး သီးသန့်ဆံတဲ့ ကိုယ်ပိုင်အမှတ်အသားတွေနဲ့ ဖြစ်နေတယ်။ အခြားတစ်ဖက်က အစ္စလာဟ်ရဲ့ မြင့်မြတ်တဲ့ အမြင်သဘောထားတွေကို မကြာခဏ အရှက်ရစေတဲ့ အစွန်းရောက်အဖွဲ့တွေကို ထောက်ပံ့ပေးနေ တဲ့နေရာမှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာပါပဲ”လို့ သုံးသပ်ပြပါတယ်။

ဆီးရီးယားမှာ ဖြစ်ပျက်နေတဲ့ ဒီခေါင်းမြီးခြုံဝတ်ရေး၊ ချွတ်ရေးပြဿနာက “တိုင်းပြည်အတွင်းမှာရှိတဲ့ အစ္စလာဟ် အစွန်းရောက်ပုံသဏ္ဍာန်ကို နောက်မကျခင် ဆန့်ကျင်တွန်းလှန်ကြဖို့ အချိန်ကျပါပြီ” ပြောပြနေပါတယ်။

ဆီးရီးယားနိုင်ငံအနှံမှာ ကျိုးတို့ကျဲတဲ လူနည်းစု အယ်လ်ဝီတီဂိုဏ်းက အနောက်တိုင်းပုံစံ ပိုပေါက်ပါတယ်။ အဓိက လွှမ်းမိုးထားတဲ့ ဆွန်နီဂိုဏ်းထက် ရိုးရာအစ္စလာဟ်ဓလေ့တွေကို ကျင့်သုံးမှု သိပ်မရှိတော့ပါဘူး။ ဒါပေမယ့် ဆီးရီးယားနိုင်ငံရဲ့ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ အီရန်၊ လေဘနွန်က ဟဇ်ဘိုလာဟ်၊ ပါလက်စတိုင်းက ဟားမက်စ် လှုပ်ရှားမှုတွေကတော့ အကြမ်းဖက်မှုဆန်တဲ့ အလားအလာတွေ ရှိနေကြပါတယ်။

ဆီးရီးယားမှာ မွေးဖွားတဲ့ အာမေးနီးယန်းနွယ်ဖွား မာရယ်လ် ဟိုင်ဒို့ရှန်ကတော့ “ဆီးရီးယားနိုင်ငံက လူနည်းစု လောက်ကပဲ ခေါင်းမြီးခြုံချွတ်ရေးဥပဒေကို ထောက်ခံပါလိမ့်မယ်၊ ရှေးရိုးစွဲဝါဒီ မွတ်စလင်တွေကတော့ ဒီဥပဒေ ကို ကန့်ကွက်ကြပါလိမ့်မယ်”လို့ ထောက်ပြပါတယ်။ “အမျိုးသမီးထုတစ်ရပ်လုံးအတွက်တော့ ဒါဟာ အပြု သဘောဆောင်တဲ့အမြင်တစ်ရပ် ဖြစ်ပါတယ်၊ ဒါပေမယ့် မွတ်စလင်အမျိုးသမီးတွေအတွက်တော့ ဘယ်လို နေမလဲဆိုတာ ကျွန်တော် မသိပါဘူး။

ကျွန်တော်ထင်ပါတယ်။ ဗဟုသုတကြွယ်ဝတဲ့ အမျိုးအသီးတွေကတော့ ကြိုဆိုကြလိမ့်မယ်၊ ရှေးရိုးစွဲဝါဒီ အမျိုးသမီးတွေအနေနဲ့ကတော့ ဒီဥပဒေကို လက်ခံဖို့က အတော်ခက်ခဲနေပါလိမ့်မယ်။ ကျောင်းသားမိဘတွေ အနေနဲ့ သူတို့သမီးတွေကို ခေါင်းမြီးမခြုံစေဘဲ ကျောင်းသွားဖို့ ခွင့်ပြုမလား၊ ခွင့်မပြုဘူးလားဆိုတာလည်း ကျွန်တော် မပြောတတ်ပါဘူး။ ဒီဥပဒေဟာ အမျိုးသမီးတွေအတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခု ဖြစ်မှာတော့ အသေအချာပါပဲ”လို့ ဆက်ပြောပါတယ်။

ခေါင်းမြီးခြုံထားတဲ့ မွတ်စလင်အမျိုးသမီးဝတ်စုံကို လွန်ခံတဲ့ ဆယ်စုနှစ်များကတည်းက ဆီးရီးယားနိုင်ငံမှာ သိသိသာသာ ၀တ်ဆင်လာခဲ့ကြတာပါ။ “ဒီ ခေါင်းမြီးခြုံချွတ်ထားရမယ့် အကျင့်က ရှေးရိုးစွဲ ပင်လယ်ကွေ့ အစ္စလာမ်နိုင်ငံတွေမှာ နေထိုင် အလုပ်လုပ်နေကြတဲ့ ဆီးရီးယားအမျိုးသမီးတွေအထိ သက်ရောက်မှုရှိမလား ဆိုတာကို လေ့လာသူတွေ အငြင်းပွားနေကြဆဲပါ။

2 comments:

ဝေနှောင်းလွင် said...

တရစပ်ပြောင်းလဲနေတဲ့ဒီနေ့ခေတ်အခါမှာ မပြောင်းလဲနိုင်လို့ကတော့ နောက်ကျန်နေခဲ့မှာပဲနော်။ မွတ်ဆလင်တွေရဲ့ခေါင်းမြီးခြုံချွတ်ရေး၊၀တ်ရေးကိစ္စကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ နောက်ပိုင်းဘာတွေဖြစ်လာအုံးမလဲလို့ တစ်ဆက်တည်းတွေးနေမိတယ်ဘုရား။ တပည့်တော်နည်းတူ အခြားဒီဆိုက်ကို အလည်ရောက်လာကြတဲ့သူတွေလည်း အတွေးတွေဆင့်ကဲပွါးနေလိမ့်မယ်လို့ ယုံကြည်နေမိပါတယ်ဘုရား။

mabaydar88 said...

ဘုန်းဘုန်းဘုရား

တပည့်တော် လာတာ ၃ ခါမြောက်ပါ.. အလုပ်ထဲကနေ တခုတ်တရ သွားကြည့်တော့ ဘုန်းဘုန်းဆိုက်က မြန်မာလို မပေါ်တာမို့ ဘာရေးမှန်းမသိ မဖတ်ဖြစ်ခဲ့ပါ.. မနေ့ကတော့ မောမောနဲ့ တပည့်တော် ဖတ်ပြီးတာ နဲ့ မန့်တာ ကိုယ့်ပါစ်ဝဒ် မမှတ်မိ ပဲ အမှားတွေပဲ ပေါ်နေလို့ အတော်လေး စိတ်ပျက်ပြီး အိပ့်ပျော်သွားပါရော ဘုန်းဘုန်း..။

ဒီနေ့တော့ မေ့တက်တဲ့..စိတ်ကို မကျေနပ်တက်တဲ့ လောဘ စိတ်ကလေးနဲ့..ပြန်ရောက်လာပါတယ်..။

တပည့်တော် ဘုန်းဘုန်းရေးထားတာ ကြိုက်ပါတယ်.. ဘာသာပြန်တာ ကောင်းပါတယ်.. ဆီးရီးယားက ကျန်ဘေးနိုင်ငံတွေနဲ့ မတည့်ဘူးလို့ ယူဆရတော့ သူများတွေ မလုပ်ခင် လုပ်ပြတာလား.. ဒါမှမဟုတ် သူတို့ဆီမှာ တကယ်ပဲ ပညာတက် ပညာရှင်တွေရဲ့ အခန်းကဏ အရေးကြီးလား ဆိုတာ စဉ်းစားစရာပဲ ဘုရား..။ ဘာပဲပြောပြော အများစုက ကျေနပ်တယ်ဆို ကောင်းတာပဲပေါ့ဘုရား..။ လေးစားရမှာပေါ့..။

အခုက ကျန်တဲ့နိုင်ငံတွေကလည်း ဒါကို နည်းနည်း ဆွေးနွေးပွဲလမ်းကြောင်းထဲ ခေါ်လာပြီဆိုတော့ စိတ်ဝင်စားစရာတော့ ကောင်းမှာအမှန်ပါဘုရား..။

တပည့်တော်ကတော့ အကြောင်းအရာက သိပ်မြင့် (ပြောချင်တာက ဘာသာရေး.. လူ့အခွင့်အရေး )အရ တယ်လို့ ယူဆတာကြောင့် အဲလိုခြုံတဲ့ သူတွေနဲ့ နီးစပ်တဲ့သူတွေကို ဆွေးနွေးစေချင်တာနဲ့ ရေးဖြစ်တာပါ.. ။

စောင့်ကြည့်ကြတာပေါ့ ဘုရား..။ မအားလို့ အလာနောက်ကျတာ ပါဘုရား..။ ရေချိုးကိုလည်း နဲနဲ မြည်းသွားတယ်ဘုရား..။

မဗေဒါ (၈၈)