Dictionary/အဘိဓာန်
Blogspot Dictionary
Blogspot Dictionary
Thursday, November 29, 2012
ဘဝထဲက အမြင်၊ အမြင်ထဲက ဘဝ
ဘဝထဲက အမြင်၊ အမြင်ထဲက ဘဝ
(၁)
ဇင်ဆရာကြီး ဟက်ကူအင် (Hakuin)ကို အနီးအနားဝန်းကျင်က အိမ်ထောင်မပြုဘဲနေတဲ့ သူတော်စင်ကြီးတစ်ဦးလို့ ချီးကျူးထောမနာပြုကြတယ်။ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ လှပကြော့ရှင်းတဲ့ ဂျပန်မလေးကလည်း သူ့ကျောင်းအနီးအပါးမှာ နေပါတယ်။ တစ်နေ့မှာ သူ့မိဘတွေဟာ သမီးလေးမှာ ကိုယ်ဝန်ရှိနေကြောင်း မမျှော်လင့်ဘဲ ဗြုန်းစားကြီး သိလိုက်ရတယ်။ ဒါက သူ့မိဘတွေအတွက် အလွန် ဒေါသထွက်စရာကောင်းတယ်။ ဘယ်လိုမေးမေး ဘယ်သူနဲ့ရတဲ့ ကိုယ်ဝန်ဆိုတာကို မပြောဘူး။ နောက် ခြိမ်းခြောက်မေးမြန်းကြည့်တော့မှ ဟက်ကူအင်နဲ့ ရတာပါလို့ ပြောလိုက်တယ်။
ဂျပန်မလေးမိဘတွေဟာ ဒေါသူပုန်ထပြီး ဟက်ကူအင်ဆီကို သွားခဲ့တယ်။ “သင့်ကြောင့် ကျွန်ုပ်တို့သမီး ကိုယ်ဝန်ရနေပြီ”လို့ ဆိုတော့ ဟက်ကူအင်က တစ်လုံးပဲ ပြန်ပြောတယ်။
“အော်…ဒီလိုလား”
ဒီလိုနဲ့ ကလေးလေး မွေးဖွားလာတယ်။ သူ့မိဘတွေက “ဒါ မင်းနဲ့ရတဲ့ ကလေး မင်းမွေးစား”ဆိုပြီး ဟက်ကူအင်ဆီကို ခေါ်သွားပြီး ပေးလိုက်တယ်။ ဟက်ကူအင်က ဘာစကားမှ မပြောဘဲ မွေးစားထားလိုက်တယ်။ ဒီလို လုပ်လိုက်ခြင်းကြောင့် ကလေးအဖေအဖြစ် ဝန်ခံတယ်လို့ သဘောရပြီး လူတွေက သူ့ကို မကြည်ညိုတော့ဘူး။ ဂုဏ်သတင်းတွေလည်း မှေးမှိန်သွားခဲ့တယ်။ ဒါပေမယ့် ဟက်ကူအင်ဟာ နည်းနည်းမှ စိတ်အနှောက်အယှက်မဖြစ်ဘူး။ ကလေးကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ခဲ့တယ်။ အိမ်နီးချင်းအချို့ဆီကနေ နို့နဲ့ အခြားလိုအပ်တာလေးတွေ တောင်းရတယ်။
ဒီလိုနဲ့ ကာလတွေ ကြာညောင်းသွားတော့ ကလေးအမေဖြစ်တဲ့ ဂျပန်မလေးဟာ မနေနိုင်တော့ဘူး။ ဟက်ကူအင် သူ့ကြောင့် ဒီလို ဒုက္ခတွေ ခံစားနေရတာ၊ နာမည်တွေ ပျက်နေရတာကို မကြည့်ရက်တော့ဘူး။ နောင်တတွေ ရလာတယ်။ သူ့မိဘတွေကို ငါးဈေးမှာ အလုပ်လုပ်နေတဲ့ ကောင်လေးတစ်ယောက်ဟာ အဲဒီကလေးရဲ့အဖေဖြစ်ကြောင်း အဖြစ်မှန် ပြောပြလိုက်တယ်။ အဲဒီစကားကိုလည်း ကြားလိုက်ရော ဂျပန်မလေးရဲ့ မိဘနှစ်ပါးဟာ ဟက်ကူအင်ဆီကို ချက်ချင်း သွားရောက်ပြီး ခွင့်လွှတ်ဖို့ အနူးအညွတ်တောင်းပန်တယ်။ ကလေးကိုလည်း ပြန်တောင်းပါတယ်။ ဟက်ကူအင်ကလည်း လိုလိုလားလား ခွင့်ပြုပါတယ်။ စကားတော့ တစ်ခွန်းမှ မပြောပါဘူး။ ဒါပေမယ့် ကလေးကို လှမ်းပေးရင်း တစ်ခွန်းတော့ ပြောလိုက်ပါသေးတယ်။
“အော်…ဒီလိုလား”
(၂)
ဒီဇာတ်လမ်းလေးကို ကောင်မလေးတစ်ယောက်ကို ပြောပြတော့ “ဒီကောင်မ တော်တော်ဆိုးတာပဲ၊ ကိုယ့်ဟာကိုယ် ကမြင်းပြီးတော့၊ ဘုန်းကြီးတော့ သနားစရာပဲ”လို့ ပြောပါတယ်။ နောက်တစ်နေ့ကျတော့ သူက ဆက်ပြောတယ်။ “ညက အိပ်ယာဝင်တော့ ဒီဇာတ်လမ်းလေးကို မျက်စိထဲမြင်ယောင်လာတယ်၊ စိတ်ထဲမှာ ဘယ်လိုလေးမှန်း မသိဘူး၊ ဇင်ဘုန်းကြီးရဲ့ “အော်…ဒီလိုလား”ဆိုတဲ့ အသံက နားထဲမှာ ကြားယောင်လာတယ်၊ အေးချမ်းမှုတစ်ခု ကူးစက်ခံလိုက်ရသလိုပဲ”တဲ့။ တွေးတွေးလေး ပြောပြပါတယ်။
(၃)
တစ်ယောက်ကတော့ “ငါကတော့ ဒီဇာတ်လမ်းလေးကြည့်ပြီး မြတ်စွာဘုရားရှင်ကို သတိရတယ်။ စိဉ္စမာနကိုလည်း သတိရတယ်။ စိဉ္စမာနဟာ မြတ်စွာဘုရားကို နာမည်ဖျက်ချင်တော့ ညနေစောင်းပြီဆိုတာနဲ့ ဘုရားကျောင်းတော်ကို ဝင်၊ လူမသိအောင် ပြန်ထွက်၊ မနက်မိုးလင်းခါနီးကျတော့ ဘုရားကျောင်းတော်ကို ပြန်သွားပြီး ကျောင်းထဲမှာပဲ ညအိပ်ခဲ့သလိုလို လူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်၊ စာတွေမှာ သူ့ကြောင့် ဘုရား နာမည်ပျက်တယ်လို့ မရေးပေမယ့်၊ ငါကတော့ သေချာပြောနိုင်တယ်၊ အနည်းအကျဉ်းတော့ နာမည်ပျက်ခဲ့မှာပဲ၊ ဘုရားရှင်အပေါ်မှာ အကြွင်းမဲ့ယုံကြည်သူတွေကတော့ သူဒီလိုလုပ်နေတာကို ဘယ်ယုံမလဲ၊ မြတ်စွာဘုရားကို မယုံကြည်သူတွေကတော့ စိဉ္စမာနဟာ ဘုရားရှင်နဲ့ ဘာညာဘာညာ စွပ်စွဲကြမှာပဲ၊ ဒီတော့ ဘုရားရှင်လည်း အနည်းအကျဉ်းတော့ နာမည်ပျက်မှာပဲ။ ဒါပေမယ့် အဖြစ်မှန်ပေါ်တဲ့အခါကျမှ အားလုံး သဘောပေါက်သွားခဲ့ကြရတာ။
အခုလည်း ကြည့်လေ။ ဟက်ကူအင်ဟာ ဒီစိဉ္စမာနအဖြစ်မျိုးထက်ဆိုးတဲ့အဖြစ် ကြုံရတာပဲ။ ဂျပန်မလေးက စွပ်စွဲတော့လည်း မငြင်းခဲ့ဘူး။ အဲဒီလို မငြင်းလိုက်လို့ သူ နာမည်ပိုပျက်မှာလဲ သိမှာပါ။ မွေးလာတဲ့ကလေးကို လာပေးတော့လည်း မငြင်းပြန်ဘူး။ ကလေးလက်ခံလိုက်လို့ သူနာမည် ထိပါးသွားမှာ၊ ဂုဏ်သိက္ခာကျဆင်းရမှာကိုလည်း သူ သိမှာပါ။ ဒါပေမယ့် သူ ဘာမှ ဖြေရှင်းချက် မပေးဘူး။ ဒီတော့ ငါ ပြောချင်တာက အမှန်တရားလမ်းပေါ်က လူတွေဟာ ဘယ်တော့မှ ကြာရှည် ကျရှုံးမှု မဖြစ်ဘူးဆိုတာပဲ”ဟု ပြောရင်း နံရံထက်က ပြက္ခဒိန်တစ်ချပ်ကို လှမ်းငေးနေခဲ့တယ်။
(၄)
တစ်ချိန်လုံး ငြိမ်လာခဲ့တဲ့ ဘေးကသူငယ်ချင်းက စကားစဖို့ ဟန်ပြင်တယ်။ အားလုံးက သူဘာပြောမလဲဆိုတာကို စောင့်နေလိုက်တယ်။ “ငါ့ကို ကွမ်းတစ်ယာလောက် ပေးစမ်းပါ”လို့ ဆိုလိုက်တော့ ရယ်မောလိုက်ကြတယ်။ “ငါတို့က တစ်ခုခု ပြောတော့မယ် ထင်နေကြတာ”လို့ ဆိုလိုက်တော့ “အေး … ငါလည်း ပြောဖို့ စောင့်နေတာ၊ ဒါပေမယ့် မင်းတို့ ပြောနေတာတွေက ကောင်းလွန်းတော့ ငါ စကားပြတ်သွားမှာ စိုးလို့ ငြိမ်နေတာ”လို့ ဆိုတယ်။ “အေးပါကွာ… နိဒါန်းတွေ ဒီလောက်ပျိုးမနေတော့နဲ့ ပြောချင်တာ ပြောလိုက်ကွာ”လို့ အားမလို အားမရသံနဲ့ တစ်ယောက်က ဆိုတယ်။
“ငါ မြင်မိတာက ဒီလိုကွ၊ မင်းတို့ပြောနေတဲ့ ဇာတ်လမ်းလေးရယ်၊ မင်းတို့ သုံးသပ်တဲ့ စကားတွေရယ်၊ ငါ ရလိုက်တဲ့အတွေးလေးရယ်… ဒါတွေကို ပေါင်းလိုက်တော့ ငါ့ရင်ထဲမှာ စကားစုလေးနှစ်ခုက ပဲ့တင်လာထပ်တယ်။ -ဘဝထဲက အမြင်၊ အမြင်ထဲက ဘဝ-”
“ဟ ဆန်းလှချည်လား၊ ပြောပါအုံး”လို့ အားရပါးရအသံနဲ့ တစ်ယောက်က ဝင်ထောက်တယ်။ “ပထမဆုံး အမြင်ထဲက ဘဝပေါ့။ ဘဝဆိုတာက တိုက်ရိုက်အားဖြင့် ဇာတ်လမ်းထဲက ဇင်ဘုန်းကြီး ဟက်ကူအင်၊ ဂျပန်မလေး၊ မိဘများနဲ့ ပတ်ဝန်းကျင်လူများရဲ့ ဘဝ၊ သွယ်ဝိုက်သောအားဖြင့် လူသားအားလုံးရဲ့ ဘဝ။ အဲဒီမှာ အားပြိုင်မှုနှစ်ခုက ဟက်ကူအင်နဲ့အခြားသူများပေါ့။ နှစ်ဘက်၊ ဟက်ကူအင်ရဲ့ဘဝဟာ ဖြူစင်တယ်၊ မြင့်မြတ်တယ်။ ဒါပေမယ့် ဂျပန်မလေးရဲ့မိဘတွေရဲ့ အမြင်မှာတော့ ကြောင်သူတော် ကြွက်သူခိုး ဖြစ်နေတယ်။ အဲဒီတော့ ကြည့်စမ်း၊ ဘယ်လောက်တောင် ဆန့်ကျင်နေလိုက်သလဲ။ အဲဒီတော့ ငါ ကောက်ချက်ချမိတာက ငါတို့တွေကော ကိုယ့်အမြင်ကို ဟုတ်လှပြီဆိုပြီး ဘဝင်တွေ မြင့်နေလိုက်ကြတာလေ။ တကယ်တော့ အမြင်ထဲက ဘဝတွေဟာ အစစ်အမှန်ဖြစ်ဖို့ မသေချာဘူး။ အတွေးထဲကဘဝတွေဟာ အဖြစ်မှန်နဲ့ ဝေးနေတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့ အတွေးတွေထဲကို အင်ဖော်မေးရှင်းအမှား၊ အချက်အလက်မှားတွေက တရစပ် ဝင်လာနေတယ်။ အဲဒီအမှားတွေ ရောစပ်လိုက်တဲ့ ငါတို့အမြင်၊ ငါတို့အတွေးတွေဟာ တစ်ယူသန်လာတယ်၊ တစ်ဖက်သက်ဆန်လာတယ်။ တစ်ခါ နောက်တစ်ခုက ဘဝထဲက အမြင်ပေါ့။ ဒါကို ငါ သဘောကျနေမိတယ်။ ငါတို့တွေ ပြောကြမယ်၊ လုပ်ကြမယ်ဆိုရင် တကယ့်ဘဝထဲမှာ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်အပေါ်မှာ အခြေခံတဲ့ အမြင်မျိုးကိုသာ အားကိုးသင့်တယ်လို့ ငါထင်တယ်။ ဘဝထဲက အမြင်သာ ဖြစ်သင့်တယ်လို့ ငါတွေးနေမိတာ”လို့ ပြောပါတယ်။
(၅)
စကားဝိုင်းလေး ပြီးသွားတော့ စကားလုံးလေးတစ်လုံးက သူ့ဆီမှာ တရစ်ဝဲဝဲ ဖြစ်နေတယ်။ “အမြင်ထဲက ဘဝ၊ ဘဝထဲက အမြင်”လို့ ထပ်ခါထပ်ခါ တီးတိုးရွတ်ဆိုနေမိတယ်။ “ငါလည်း ငါ့အမြင်၊ ငါ့အတွေး သက်သက်လေးနဲ့ ဖြူစင်တဲ့ အခြားသူတွေရဲ့ဘဝကို မှားမှားယွင်းယွင်း ဘယ်လောက်များများ ယူဆမိခဲ့သလဲ”။ ပြီးတော့ “ငါ့ဘဝကိုရော အမြင်မှားတွေနဲ့ မှားမှားယွင်းယွင်း ကောက်ချက်ချနေမိသူတွေ ဘယ်လောက်များများ ရှိနေနိုင်မလဲ”။ သူနှင့်လောကကြီး အပြန်အလှန် မြင်နေမိပုံကို သုံးသပ်နေမိတယ်။ အမြင်ထဲက ဘဝကို အာရုံမထားဘဲ ဘဝထဲက အမြင်တွေသာ မြင်မိအောင် ကြိုးစားရမယ်။ ဘဝတွေကို အစစ်အမှန်အတိုင်း သိမြင်ဖို့ ဘယ်လို လုပ်မလဲလို့ စဉ်းစားကြည့်တော့ မေတ္တာတရားက ထိုးဖောက်ဝင်ရောက်နိုင်ကောင်းရဲ့လို့ အဖြေတစ်ခု ရသည့်ပမာ ခံစားလိုက်ရတယ်။
အရှင်ကုသလသာမိ
ဥရောပသာသနာပြု
Zawgyi  Version ............
(၁)
“အော်…ဒီလိုလား”
“အော်…ဒီလိုလား”
(၂)
(၃)
(၄)
(၅)
အရှင်ကုသလသာမိ
ဥရောပသာသနာပြု
Wednesday, November 14, 2012
အနိစ္စ၊ ဒုက္ခ၊ အနတ္တ
တစ်နေ့က ရခိုင်ဒကာလေးတစ်ယောက် ပေါ်လာပြီး စကားပြောဖြစ်ကြသည်။ ပုံမှန်အားဖြင့် သူနှင့်စကားပြောတိုင်း မြေးဇင်းတောရ သမထနည်းများအကြောင်းကို ဆွေးနွေးဖြစ်သည်။ ယခုတော့ ပြောသည့်စကားများ ပြောင်းသွားသည်။ ပြောသည့်အကြောင်းအရာများက ရခိုင်အကြောင်းသာ ဖြစ်ဖြစ်နေသည်။ ကြားရသည့်သတင်းများက တစ်ခုမျှ မကောင်း။ ရင်လေးစရာချည်း ဖြစ်နေသည်။ ရခိုင်ပဋိပက္ခများကို စဉ်းစားရင်း သူ တရားလည်း အားမထုတ်ဖြစ်ဘူးဟု ဆိုသည်။ အခုတလော သူက အရာရာကို အားမရ ဖြစ်နေသည်။ 
ရခိုင်အရေးကို သူ မကြာခဏ သွားရောက်နေတတ်သော ဆရာတစ်ဦးထံ သွားရောက်ရင်ဖွင့်ကြည့်သည်။ ဆရာက “ဥပဒေအတိုင်း ဖြစ်သွားပါလိမ့်မယ်ကွာ၊ ဘာမှ ပူမနေပါနဲ့၊ ဒါတွေက ဥပဒေမစိုးမိုးလို့ ဖြစ်နေတာကွ၊ မင်းတို့ လုပ်လို့လည်း ဘာမှ မထူးဘူး၊ နိုင်ငံအုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေပဲ လုပ်ကြလိမ့်မယ်၊ မင်းက ကိုယ့်တရားကို အားထုတ်ပြီးနေ၊ ဥပဒေစိုးမိုးတဲ့ တစ်နေ့ကျရင် အားလုံး ပြီးသွားလိမ့်မယ်၊ တကယ်တော့ မွတ်စလင်ပဲဖြစ်ဖြစ် အတူတကွ ငြိမ်းချမ်းစွာ နေရမယ်ကွ၊ လူများစုဖြစ်ပြီးတော့ လူနည်းစုကို အနိုင်ကျင့်တာမျိုး မဖြစ်စေရဘူး၊ မင်းတို့က လူများစု”ဟု ဆုံးမလွှတ်လိုက်သည်။ သူ လေးစားရသော ဆရ်ာနှင့် ဆွေးနွေးလိုက်ကာမှ ပိုဆိုးသွားသည်။ စိုးရိပူပန်မှုက ပိုတိုးသွားခဲ့သည်။ 
သူနှင့်အလွန်ရင်းနှီးသော နိုင်ငံခြားရောက် ရဟန်းတော်တစ်ပါးကို ထိုအကြောင်းများ သွားပြောဖြစ်ပြန်သည်။ “ဘုရားဟောထားတယ် မဟုတ်လား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတာ၊ တစ်နေ့နေ့တစ်ချိန်ချိန်တော့ ပျက်စီးရမှာပဲ၊ ဘာကိုမှ တွယ်တာမနေနဲ့၊ မင်း တရားအားထုတ်ရတာ ပျော်တယ်မဟုတ်လား၊ ငြိမ်းချမ်းတယ် မဟုတ်လား၊ မင်းကိုယ်တိုင် တရားအားထုတ်ပြီး မင်းအင်တာနက်မှာ တရားအားထုတ်တဲ့အကြောင်းလေးတွေ၊ ‘ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာ လိုတော့သည်’လို ငြိမ်းချမ်းတဲ့ စကားလေးတွေ၊ သူတစ်ပါးကို ငြိမ်းချမ်းစေချင်ရင် ကိုယ့်ဟာကိုယ် ငြိမ်းချမ်းအောင် အရင်လုပ်၊ သူတစ်ပါးအပြစ်ကို မပြောခင် ကိုယ့်အပြစ်ကို အရင်ကြည့် ဆိုတာမျိုးလေးတွေ…၊ အဲဒါလေးတွေ ပြောပေးရတယ်၊ ကိုယ်တောင် မလုပ်နိုင်တာတွေပဲဟာကိုး .. ခေါင်းဆောင်တွေ ဘယ်တတ်နိုင်ပါ့မလဲ၊ မင်း မလုပ်နိုင်ဘဲနဲ့ ခေါင်းဆောင်တွေကို အပြစ်မပြောနဲ့ဟ၊ မြန်မာနိုင်ငံကြီးမှာ သာသနာတော် ထွန်းကားနေတယ်၊ တိုးတက်နေတယ်၊ အနာဂတ်သာသနာအတွက် အားတက်စရာတွေ အများကြီးဆိုတာတွေရယ်၊ အဲဒါမျိုးလေးတွေပဲ သူတစ်ပါးကို ပြောပေးပါကွာ၊ မင်းပြောတဲ့စကားတွေကို တွေ့သူတိုင်း စိတ်ငြိမ်းချမ်းပါလိမ့်မယ်၊ ကဲ ကဲ … ငါ့လူ ကိုယ့်တရား ကိုယ်ကျင့်နေ၊ ကိုယ်နဲ့မဆိုင်တာတွေ လျှောက်လုပ်မနေနဲ့၊ ဖြစ်ချိန်တန်ဖြစ် ပျက်ချိန်တန် ပျက်ရတယ်လို့ပဲ သဘောထားလိုက်”ဟု ဆုံးမလွှတ်လိုက်ပြန်သည်။ 
သူသည် ရခိုင်အရေးကို ပြောဖန်များသဖြင့် သူနှင့်လုပ်ဖော်ကိုင်ဖက်များကပါ အမြင်မကြည်ကြတော့ကြောင်း၊ နေ့စဉ်နေ့တိုင်း သူနှင့်ဆက်စပ်ရာ ဆရာတော်များ၊ အပေါင်းအသင်းများက ဆုံးမစကားများ နေ့စဉ်ပြောကြားနေသဖြင့် သူ၏ အင်တာနက်စာမျက်နှာများ၊ ပြောစကားများ အားလုံးကို အများသဘောကျ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားများ၊ တရားအားထုတ်ခြင်းဆိုင်ရာများကိုသာ တင်တော့မည်ဖြစ်ကြောင်း၊ ကိုယ်မလုပ်နိုင်သည့်ကိစ္စများကို နိုင်ငံ့ခေါင်းဆောင်များ မလုပ်နိုင်လျှင် မဝေဖန်တော့ကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များလောက် ကိုယ်လုပ်နိုင်မှသာ ဝေဖန်တော့မည်ဖြစ်ကြောင်း၊ ဆောင်းဆောင်များ လုပ်ချင်တာလုပ်၊ လုပ်နိုင်သလောက် လုပ်၊ မှန်ရင် လက်ခုပ်တီးပေးမည်ဖြစ်ကြောင်း၊ ရပ်တည်ချက် လုပ်ဆောင်ချက်များ မှားယွင်းပါကလည်း ‘အော် သူလည်း လူထဲက လူပါပဲ၊ လူဆိုတာ အမှားနဲ့မကင်းနိုင်ပါဘူးလေ’ဟု သဘောထားကာ လုပ်ချင်တာလုပ် ခွင့်ပြုတော့မည်ဖြစ်ကြောင်း၊ တရားနှင့်အညီသာ နေတော့မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့လေသည်။
Sunday, November 4, 2012
အကွေ့အကောက်များ
လေယာဉ်ကြီး စီးလို့ လာခဲ့သည်။ မသွားဖူးသည့်ခရီးမို့ အနည်းငယ် စိတ်လှုပ်ရှားနေသည်။ မနက်မိုးလင်းသည်နှင့် ကျောင်းက ဆရာတော်၊ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ နံနက်စာ ပျော်ပျော်ပါးပါး လွှေးကြသည်။ ဆိုင်မှအပြန် မြန်မြန်ဆန်ဆန် ပြင်ဆင်ထုတ်ပိုးပြီး သူတို့နှင့်အတူ လေဆိပ်ဆင်းသည်။ အနည်းငယ် စောနေသေးသည်။ မိုးအနည်းငယ် အုံ့နေသည်။ "ဒကာကြီး အဲကွန်းဖွင့်ဗျာ၊ ပိုက်ဆံပိုပေးမယ်"ဟု ပြောပြီး တက္ကစီဆရာကို အဲယားကွန်းဖွင့်ခိုင်းသည်။ ပျော်ပျော်ပါးပါး စကားဆိုရင်း လေဆိပ်ကို ရောက်သည်။ 
ဓာတ်ပုံရိုက်ဖို့ ပြင်လိုက်မှ ကင်မရာထဲမှာ မေမိုရီကဒ် ပါမလာခဲ့မှန်းသိသည်။ ခဏကြာတော့ Check in ၀င်၊ Immigration ဖြတ်ခဲ့သည်။ Immigration မှာ ရပ်နေစဉ် မီးပျက်တော့ နိုင်ငံခြားသားတစ်အုပ် Woo ဆိုကာ အော်ကြသည်။ လေယာဉ်ပေါ်မတက်ခင် စောင့်နေတုန်း ကွန်ပြူတာသုံးဖို့ အိတ်ကို ဖွင့်သည်။ ဘတ္တရီကြိုး ပါမလာခဲ့ပြန်။ "အော် ငါ့နှယ်"ဟု ရေရွတ်ရင်း သူများ(သူငယ်ချင်း)တွေ သိသွားမှာ စိုးရိမ်မိလိုက်သည်။ ခဏကြာတော့ လေယာဉ်ပေါ် တက်ခဲ့သည်။
ခုံနံပါတ်က ကေဖိုက်(K5)၊ ပြတင်းဘေးမှာ ကျသည်။ တိမ်တွေ ကြည့်ရတာ ပျော်တတ်သဖြင့် ကြိုက်သည်။ လေယာဉ်ကြီးက ဖြည်းဖြည်းချင်း နောက်ဆုတ်ရွေ့သည်။ ပြေးလမ်းရှိရာသို့ ဖြည်းဖြည်းချင်း ရွေ့နေသည်။ ပြေးလမ်းအဆုံးသို့ ရောက်သောအခါ ကွေ့သည်။ ဘေးဘီဝဲယာကြည့်သောအခါ လေဆိပ်အဟောင်းကြီးဘေးက ဖြတ်လာသည်။ လေဆိပ်အဟောင်းကြီးက တော်တော်ကြီးကို ကြည့်ရဆိုးနေပြီပဲ။ နည်းနည်းဆုံးတော့ ပြေးလမ်းထိပ်နားမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း တွေ့သည်။ လေယာများ တစ်ခုခု ဖြစ်လို့ကတော့ အဲဒီကျောင်းတော့ ဒုက္ခပဲဟု ကြံကြံဖန်ဖန် တွေးမိသည်။ လေယာဉ်ကြီးက ပြေးလမ်းပေါ်မှာ စတည်မိပြီဆိုတာနှင့် အားကုန်ရုန်းပြီး ကောင်းကင်သို့ လွှင့်ပျံလာခဲ့သည်။ မျက်စိက တစ်ချက်လေးမှ အလွတ်မပေး။ ပြတင်းပေါက်ကနေ လှမ်းကြည့်နေသည်။ အဆောက်အအုံများက တဖြည်းဖြည်း သေးလာသည်။ မြင်ကွင်းက ပိုပိုကျယ်လာသည်။
လေယာဉ်ကြီးက ပြေးလမ်းပေါ် ငြိမ်သွားသည့်အချိန်ရောက်တော့ မြေမြင်ကို ခပ်ရေးရေးသာ မြင်ရတော့သည်။ မြစ်ကျယ်ကျယ်များ၊ ကျဉ်းကျဉ်းများ မြောက်မြားစွာ မြင်နေရသည်။ တိမ်တွေက ထူလာလိုက်၊ ပါသွားလိုက် ရင်ဖိုစရာအတော်ကောင်းသည်။ ကိုယ့်ကို တွေးဖြစ်စေဆုံးအရာများအနက် တစ်ခုက ကွေ့ကောက်နေသော လမ်းများနှင့် မြစ်များပင် ဖြစ်လေသည်။ ဖြောင့်နေသောလမ်း၊ ဖြောင့်တန်းစွာ စီးဆင်းနေသောမြစ်ဟူ၍ တစ်ခုမျှ မတွေ့ရ။ အားလုံးက ကွေ့ကာကောက်ကာ စီးဆင်းနေကြလေသည်။ အချို့မြစ်များ(ချောင်းများလည်း ဖြစ်နိုင်)ဆိုလျှင် ဧရိယာသေးသေး(သေးသေးဟု မြင်ရ)လေးတွင် အကွေ့အကောက်ပေါင်း များစွာနှင့် စီးဆင်းနေသေည်။ 
အချို့မြစ်များက မြွေကြီးများ ကွေ့ကောက်သွားနေသလားဟုပင် ထင်ရသည်။ မြစ်တို့၏ မာယာဟူသော စကားကို အမှတ်ရမိသည်။ အဘယ့်ကြောင့် မြစ်များသည် ကွေ့ကောက်နေရသနည်း။ ဘာမဆိုင်ညာမဆိုင် မြစ်များကို မေးခွန်းထုတ်လိုက်မိသည်။
ထိုအခါ မြစ်များက ကိုယ့်ကို မေးခွန်းပြန်မေးသည်။ ကိုယ်အံ့သြသွားခဲ့သည်။ မြစ်များက အသက်မရှိ၊ မေးခွန်းမထုတ်တတ်၊ အခုတော့ ကိုယ့်ကို တည့်တည့်မေးနေသည်။ "မင်းက ငါ့ကိုများ ကွေ့တယ်၊ ကောက်တယ်လေးနဲ့၊ မင်းဘ၀ကရော ဘယ်လောက်ဖြောင့်တန်းခဲ့လို့လဲ"။
လေယာဉ်ထိုင်ခုံကို နောက်အနည်းငယ် လှန်လိုက်သည်။ အပြင်အာရုံနှင့် ခွာလိုက်မှ နောက်ဘက်ထိုင်ခုံက ဘီယာအရက်နံ့က ထောင်းခနဲ ၀င်လာသည်။ အနည်းငယ် မှိန်းလိုက်သည်။ မြစ်များ မေးလိုက်သောမေးခွန်းအတွက် အချိန်ယူရမည်။ ကိုယ့်ဘ၀တစ်လျှောက်လုံး လှမ်းခဲ့ရာ ခြေလှမ်းများကို တစ်လွှာချင်း ပြန်မြင်ကြည့်သည်။ အဲဒီလို ပြန်မြင်ကြည့်လိုက်မှ ကိုယ့်ဘ၀၏ ရွေ့လျားဖြတ်သန်းရာ ခရီးရှည်တစ်ခုလုံးက ကွေ့ကောက်သော မြစ်များသဖွယ် ပေါ်လာနေကြသည်။ စီးဆင်းလို့ ရသမျှ ကိုယ်စီးဆင်းခဲ့သည်။ စီးဆင်းရတာ အရမ်းလွယ်ကူသည့်နေရာ ရောက်သည့်အခါ ဘ၀မြစ်ပြင်က ကျယ်ကားသွားသည်။ စီးဆင်းမှု နှေးကွေးသွားသည်။ အားအင်များ ပြန့်ကျဲကုန်သည်။ စီးဆင်းရခက်ခဲသည့်နေရာ ရောက်သည့်အခါ ကိုယ်အားကုန်ထုတ်သည်။ ခက်ခက်ခဲခဲ ပင်ပန်းပန်း စုစည်းကာ စီးဆင်းရသည်။ သို့အတွက်ကြောင့် ဘ၀မြစ်က အားပါသည်။ မာန်ပါသည်။ အရသာရှိသည်။
တစ်ခါတစ်ရံ မည်သို့မျှ ရှေ့ဆက်စီးဆင်းလို့ မရသောအခါ စီးဆင်း၍ ရသောနေရာမှ ကိုယ်စီးဆင်းရသည်။ ဘ၀မြစ်ပြင်က ကွေ့ကောက်သွားသည်။ တစ်ခါတစ်ရံ အောက်သို့ အဆင်တပြေ စီးဆင်းလာပြီးမှ အားမတန်မာန်လျှော့ကာ အထက်ပြန်တက်၊ ပြီးလျှင် အောက်ပြန်ဆင်း၊ ဤသို့ဖြင့် ဘ၀မြစ်သည် လောကမြစ်ပမာ ကွေ့ကာကောက်ကာ စီးဆင်းနေရလေသည်။
လေယာဉ်ကြီးက တိမ်တွေ ကြားထဲရောက်လာသဖြင့် (တိမ်ထူထပ်လာသဖြင့်) ဒုတ်ဒုတ်ဖြင့် အနည်းငယ် လှုပ်လာသည်။ သို့မှ မျက်လုံးဖွင့်ပြီး ပြတင်းပေါက်မှနေ၍ မြစ်ကြီးကို လှမ်းကြည့်လိုက်သည်။ သူက ပြန်ပြုံးပြနေသည်။ "သိပြီးလား၊ ငါတို့မြစ်တွေ ဘာဖြစ်လို့ ကွေ့ကောက်နေရသလဲဆိုတာ၊ မင်းတို့ဘ၀တွေနဲ့ငါတို့ဖြစ်တွေ ဘ၀က အတူတူပါပဲကွာ"ဟု ပြောနေသယောင်။
၎-နာရီခန့် ရှိသောအခါ ထိုင်ဝမ်(တိုင်ပေ)ကို မိနစ် ၂၀ အတွင်း ရောက်တော့မှာဖြစ်ကြောင်း၊ ထိုင်ဝမ်ကောင်းကင်တွင် တိမ်ထူထပ်နေကြောင်း ကြေညာသည်။ မြေပြင်ကို လုံးဝမမြင်ရတော့။ လေယာဉ်ကြီးက အနည်းငယ် တုန်ခါနေသည်။ တိမ်များကို ထိုးခွဲဆင်းသက်နေသည်။ မြေပြင်သို့ သက်ခါနီးမှ မြေပြင်ကို မြင်ရသည်။ မိုးတွေ အုံ့ဆိုင်းနေသည်။ Immigration officer က မင်း ဒီမှာ နေတော့မလို့လားဟု မေးသည်။ ဟုတ်တယ်ဟု ဖြေလိုက်သည်။ တံဆိပ်တုံး တစ်ခု ထုပေးသည်။ ဘာတွေများ ရစ်မလဲဟု တွေးခဲ့တာ မှားသည်။ 
လွယ်လွယ်ကူကူပင် ကျော်ဖြတ်လာသည်။ ကြိုသူများရှိရာ လှမ်းကြည့်တော့ ထိုင်ဝမ်ဆရာတော်ဘုရားကြီး၊ ကနေဒါဆရာတော်၊ ကျုံးလီဆရာတော်တို့ကို တွေ့ရသည်။ "ဆရာတော်တို့ အခြားဘယ်သူ့ကို လာကြိုရတာလဲ"ဟု မေးကြည့်ရာ "မဟုတ်ဘူး၊ ကိုယ်တော့်ကိုပဲ လာကြိုကြတာ"ဟု ပြောသဖြင့် အလွန့်အလွန် အားနာမိပါသည်။ လေဆိပ်မှ ထွက်လိုက်သည်နှင့် မိုးက ခပ်သည်းသည်း ရွာချလိုက်သည်။ ထိုင်ဝမ်က မိုးနှင့်ကြိုလိုက်သည်။ မိုးမိသွားသည်။ နှာတွေ စေးသည်။
ကားလေးက တငြိမ့်ငြိမ့် သွားနေသည်။ တွေးရင်းတွေးရင်း ကိုယ်က ကားပေါ်မှာ မဟုတ်တော့ဘဲ မြစ်တစ်စင်း ဖြစ်နေသည်။ ကားလေး ကွေ့လိုက်တိုင်း မြစ်တစ်စင်း ကွေ့နေသလို ထင်ရသည်။ ကိုယ့်ဘ၀မြစ်လေး ထိုင်ဝမ်မြေပေါ်မှာ စီးဆင်းနေသည်။ ကွေ့ကာကောက်ကာ စီးဆင်းနေသည်။ ဒီကနေ ဟို၊ ဟိုကနေ ဒီ ... ဟိုဟိုဒီဒီ စီးဆင်းရပေဦးမည်။ မြစ်ဖြစ်လို့ စီးရဆင်းရ၊ ကွေ့ရကောက်ရသည်။ ဘ၀နှင့်မြစ်က ထူးမခြားမို့ ဒီကနေ ဟို၊ ဟိုကနေ ဒီ၊ ဟိုဟိုဒီဒီ စီးဆင်းရပေဦးမည်။ ကိုယ့်ဘ၀မြစ်လေးဘေးက စိုက်ခင်းများ၊ တောတောင်များ စိမ်းလန်းကြစေဖို့ အားသွန်ခွန်စိုက် ကွေ့ကာကောက်ကာ စီးဆင်းနေပါမည်။
Wednesday, September 19, 2012
အမှန်တရားက ဘယ်လောက် တန်ဖိုးရှိသလဲ
(၁)
ငယ်ငယ်က စာတွေ သင်ရသည်။ စာတွေ ဖတ်ရသည်။ အမှန်တရားက စာသင်ဆရာတို့၏ လက်သုံးစကားတစ်ခု ဖြစ်သည်။ ဆရာတို့သည် ပုံပြင်များ၊ ဇာတ်ဝတ္ထုများကို ပြောကြားပြီး အမှန်တရားအကြောင်းကို သုံးသပ်ပြတတ်ကြသည်။ အမှန်တရားက အမြဲတမ်း အနိုင်ရသည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ပုံပြင်တိုင်း၊ ဇာတ်ဝတ္ထုတိုင်းတွင် အမှန်တရားဘက်မှ ထာဝရ ရပ်တည်တတ်သော ဇာတ်လိုက်များသာ အနိုင်ရတတ်သည်ကို တွေ့ရသည်။ စိတ်ကောင်းမရှိသော၊ စာရိတ္တ ညံ့ဖျင်းသော မည်သည့်ဗီလိန်ကမှ စိတ်ထားကောင်းသော၊ စာရိတ္တကောင်းမွန်သော ဇာတ်လိုက်ကို အနိုင်ရသည်ဟူ၍ မကြားမိစဖူးပေ။ လက်တွေ့ဘ၀များမှာရော ပုံပြင်ထဲကလို အမှန်တရားက အမြဲအနိုင်ရတတ်လေသလော။
အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။
(၂)
“အရှင်ဘုရားရာ အတော်ကို ခံရခက်ပါတယ်။ ဒီပြဿနာမှာ တပည့်တော် မှန်တယ်ဆိုတာ အလုပ်သမားတွေ အကုန်သိတယ်”ဟု ဆိုလာရင်း မှန်ရာကို လုပ်သော်လည်း အလုပ်ထွက်လိုက်ရသော မြန်မာလူငယ်လေးက ညည်းချင်းထုတ်သည်။ သူသည် အလုပ်တွင် ထူးချွန်သည်။ မတရားတာကို လက်ပိုက်ကြည့်တတ်သူမဟုတ်၊ မဟုတ်ရင် မခံ။ သူ့ကို တိုက်ရိုက်စော်ကားမော်ကား မဟုတ်မတရား လာလုပ်လျှင် ပြောလှန်ပြောတတ်ရုံမျှမက အခြားလုပ်ဖော်ကိုင်ဖက်များအပေါ် မတရားလုပ်လျှင်လည်း ကိုယ့်အသားထိသလို နာတတ်ပြီး အမှန်တရားဘက်မှ အမြဲတမ်း ရပ်တည်တတ်သူတစ်ယောက်ဖြစ်သည်။ ထိုသို့ အမှန်တရားကို ချစ်လွန်းသဖြင့် အခု သူ အလုပ်ထုတ်ခံရသည်။ သူ အခု ငြီးတွားနေရသည်။ အမှန်တရားသည် ပုံပြင်များ၊ ဇာတ်ဝတ္ထုများထဲကလို မဟုတ်လေသလော။ အမှန်တရားက လက်တွေ့ဘ၀မှာ ရှုံးတတ်လေသလော။
အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။
(၃)
“လူဆိုတာ ဘ၀အတက်အကျ၊ အနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရတာပဲ ဦးဇင်းရ၊ တပည့်တော်ဆိုရင် အလုပ်အမျိုးမျိုး ဘ၀အမျိုးမျိုးကို ဖြတ်သန်းခဲ့ရတယ်။ တပည့်တော်က ဘယ်လို လောကဓံမျိုးကိုပဲ ကြုံကြုံ အမြဲတမ်း အမှန်တရားဘက်ကပဲ ရပ်တည်တယ်။ စကားလုံးခပ်ကြီးကြီး သုံးပြောရမယ်ဆိုရင် တပည့်တော်က သမာသမတ်ကျတယ်၊ တည်ကြည်တယ်။ ဒီလို အမြဲတမ်း မှန်တဲ့ဘက်က တရားတဲ့ဘက်က ရပ်တည်လုပ်ကိုင်လာခဲ့တော့ အားလုံးက လေးစားကြတယ်လေ။ ဒီတော့ တပည့်တော်မှာ မိတ်ဆွေကောင်းတွေ တိုးပွားတယ်။ ဒီတော့ တပည့်တော်အတွက် အောင်မြင်မှုရတာပေါ့။ ဒါကြောင့် တပည့်တော်က လူငယ်လေးတွေ၊ မျိုးဆက်သစ်လေးတွေ တွေ့တိုင်း တရားတဲ့ဘက်က အမှန်တရားဘက်က ရပ်တည်ဖို့ ပြောတာပဲ”ဟု မလေးရှားမှာ အထိုက်အလျှောက် အောင်မြင်ရနေသော လူငယ်လုပ်ငန်းရှင်တစ်ယောက် အားရပါးရပြောသည်။ လူငယ်လုပ်ငန်းရှင်စကားဆုံးတော့ အမှန်တရားဘက်က ရပ်တည်လို့ ဒုက္ခရောက်ရသော လူငယ်လေးမျက်နှာကို မြင်ယောင်မိပြန်သည်။ သူတို့ နှလုံးသားဇာတ်ရုပ်နှစ်ခုကို နှိုင်းယှဉ်ကြည့်သောအခါ ဘယ်သူ့စကားကို အောင်မှတ်ပေးရမလဲ စဉ်းစားမရ ဖြစ်နေပြန်လေသည်။
အမှန်တရား ဖွင့်ဆိုချက်သည် မည်မျှ ကျယ်ပြန့်လေသနည်း။ အမှန်တရားက စကားလုံးတစ်လုံးသာ ဖြစ်သော်လည်း သူ့အကြောင်းကို အကဲခတ်မရ ဖြစ်နေပြန်သည်။
အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။
(၃)
“ဘုရား … ဘုရား … ကြည့်စမ်း ကြည့်စမ်း၊ အုတ်ပုံကြီးပဲ ကျန်ပါလားနော်၊ ကျန်တဲ့ အိမ်တွေကလည်း ကျည်ပေါက်တွေနဲ့ချည်းပဲ”
ဂြိုဟ်တုစလောင်းက လွှင့်နေသော တီဗွီဖန်သားပြင်မှ ကဒါဖီအလွန် လစ်ဗျားနိုင်ငံ ရှုခင်းများကို ငေးရင်း မောရင်း စုတ်တသက်သက်ဖြစ်နေသော လူငယ်လေးက ပြောနေသည်။ ကဒါဖီ မတရား ရက်စက်သည်။ အနိုင်ကျင့် ဗိုလ်ကျသည်။ အဖိနှိပ်ခံတို့ မခံစားနိုင်။ ပြည်သူက အမှန်တရား၊ ကဒါဖီက အမှားဘက်တော်သား။ ကဒါဖီ၏ အမှားများက အမှန်တရားဘက်တော်သားများအတွက် ခါးသက်လွန်းသည်။ မခံမရပ်နိုင်အောင် ခါးလွန်းတော့ ပြည်သူများ လွန့်လူးထွက်လာကြသည်။
 “အမှန်တရား အောင်ပွဲခံရမည်”ဟု သူတို့ ကြွေးကျော်ကြသည်။ သူတို့ အခု အနိုင်ရသွားသည်။ သေနတ်များ၊ လက်နက်ကြီးများ ပစ်ဖောက်လျှက် အောင်ပွဲခံကြသည်။ ပျော်ကြသည်။ အုတ်ခဲအကျိုးအပဲ့များ၊ ကျည်ပေါက်များ ပြည့်နေသော တိုက်အိမ်များ၊ ပျက်စီးနေသော တံတားများ၊ လမ်းများ၊ ဆွေးဆုံးမျိုးဆုံးလို့ သွေးပျက်မတက် အော်ဟစ်မြည်တမ်းနေသော ပုံရိပ်များအကြားမှ အမှန်တရားအောင်ပွဲက သွေးပျက်စရာ ကောင်းလွန်းမနေဘူးလားဟု တွေးနေမိသည်။
အမှန်တရားသည် အသက်ပေါင်း မည်မျှ တန်သနည်း။
အမှန်တရားသည် ချစ်စရာကောင်းသည်၊ ကျက်သရေရှိသည်ဟုဆိုလျှင် အသက်ပေါင်းများစွာ၊ မျက်ရည်ပေါက်များစွာ၊ သွေးစက်ပေါင်းများစွာတို့ကြားက အမှန်တရားသည် ချစ်စရာကောင်းသေးပါသလော၊ ကျက်သရေ မည်မျှရှိပါသေးသနည်း။
အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။
(၅)
ရာဇ၀င်ထဲမှ တိုက်ပွဲများစွာကို ကြည့်လိုက်တိုင်း အမှန်တရားသည် အမြဲတမ်း အရှုံးဘက်ကသာ ရှိနေသည်။ အမှားတရားများ၊ မတရားမှုများက အားရအောင် ခြယ်လှယ်အနိုင်ကျင့်ပြီးသောအခါမှသာ အမှန်တရားက သွေးစက်များဖြင့် ခေါင်းထောင်ထလာတတ်သည်။ အမှန်တရားက အ, သလော၊ တုံးသလော။ နမော်နမဲ့ နိုင်လွန်းသလော။ ချောင်ပိတ်ရိုက်မှ ပြန်ကိုက်တတ်သော ခွေးလိုများ ဖြစ်နေသလော။ အမြဲတမ်း သွေးစက်များ၊ မျက်ရည်များ၊ အပျက်အစီးများဖြင့်သာ ရုန်းကြွလာတတ်သော အမှန်တရားကို စိတ်နာမိသလို ခံစားရသည်။ သို့ဆိုလျှင် အမှားတရားများ၊ မတရားမှုများကို ကောင်းချီးထောမနာပြုရမည်လော။
အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။
(၆)
ယုတ်မာဆိုးရွားသော အမှားတရားများ၊ မတရားမှုများသည် ညစ်ပတ်မှုများ၊ မသတီစရာများ၊ မုသားများဖြင့် ခြံရံနေတတ်သည်။ နှစ်မြို့စရာတစ်ခုမျှ ရှာတွေ့ဖို့ မရှိ။ အခြားတစ်ဖက်တွင် အမှန်တရားလေးတစ်ခု ပေါ်လာဖို့အတွက် တန်ဖိုးပေါင်းများစွာ ပေးဆပ်ရသည်။ “အမှန်တရားက အောင်ပွဲခံခဲ့ပြီ”ဟူသော ၀ါကျလေးတစ်ကြောင်း ဖြစ်ပေါ်လာဖို့အတွက် သွေးအိုင်ထဲမှ ဖြတ်လျှောက်ရသည်။ သွေးအိုင်ထဲမှ တလွှားလွှားဖြစ်နေသော အလံသည် လှသလော။ သွေးအိုင်နှင့်အမှန်တရားအောင်ပွဲကို ညီမျှခြင်း ချဖို့အတွက် အခက်အခဲများစွာ ကြုံနေရသည်။
ထိုအကြောင်းတရားများကို တလှပ်လှပ်ဖြစ်နေသော ရင်ဘက်အစုံဖြင့် တွေးကြည့်နေမိသည်။
အခုတစ်လော တွေးနေမိတာလေးများ ဖြစ်ပါသည်။
မစ္စတာကြွက်နဲ့ ထောင်ချောက်
ကြွက်လေးတစ်ကောင်ဟာ လယ်သမားဇနီးမောင်နှံ အထုပ်လေးတစ်ထုပ် ဖြည်နေကြတာကို နံရံအက်ကြောင်းလေးထဲကနေ ကြည့်နေတယ်။ ဘယ်လို စားစရာလေးများ ပါလိမ့်မလဲပေါ့။
သေချာကြည့်လိုက်တော့ ကြွက်ထောင်ချောက်တစ်ခုဖြစ်နေတာကို တွေ့လိုက်တယ်။ သူကိုယ်တိုင်တွေ့လိုက်ရတော့ အံ့သြတုန်လှုပ်သွားတယ်။ 
ဒီလိုနဲ့ ကြွက်လေးဟာ လယ်တောတစ်ခွင် လှည့်လည်ပြီးတော့ “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်ဟေ့” “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်ဟေ့”လို့ လိုက်အော်ပြီး သတိပေးပါတယ်။
ကြွက်လေးရဲ့ သတိပေးသံကို ကြားတော့ ကြက်မကြီးက “ကတော့ ကတော့”နဲ့ အော်ပြီး သူ့အမွေးတွေကို ပွတ်သပ်ရင်း ခေါင်းထောင်ကာ “မစ္စတာ ကြွက်ရေ … ဒါက ရှင့်အတွက်တော့ တကယ့် စိုးရိမ်စရာကြီး တစ်ခုပေါ့။ ကျွန်မတို့အတွက်တော့ ဘာအကျိုးသက်ရောက်မှုမှ မရှိပါဘူးရှင်၊ ကျွန်မတို့ကို ဘာအနှောက်အယှက်မှ မပေးနိုင်ပါဘူးရှင်”လို့ ပြောလိုက်ပါတယ်။
ဒါနဲ့ ကြွက်လေးဟာ မစ္စတာဝက်ဆီကို သွားခဲ့ပြီး “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်။ အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်”လို့ ဆိုပြန်တယ်။ ထိုအခါ မစ္စတာဝက်က “ဟေ … အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်၊ ဟုတ်လား။ ၀မ်းနည်းပါတယ် မစ္စတာကြွက်။ ဒါတော့ ကျုပ်လည်း ဘာမှ မတတ်နိုင်ပေါင်”လို့ သူနဲ့မဆိုင်သလို ပြောလိုက်တယ်။
ဒါနဲ့ ကြွက်လေးဟာ မစ္စတာနွားဆီကို သွားပြန်တယ်။ “မစ္စတာနွား … မစ္စတာနွား … အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရှိတယ်ဗျ”လို့ ပြောလိုက်တဲ့အခါ မစ္စတာနွားက “အိုး … မစ္စတာ ကြွက် … ၀မ်းနည်းပါတယ်ဗျာ၊ ကျုပ်နှာခေါင်းကိုတော့ ကြွက်ထောင်ချောက်က ဘာမှ မဖြစ်စေပါဘူး”လို့ မထီမဲ့မြင်ပုံစံနဲ့ ပြောလိုက်တယ်။
ဒါနဲ့ ကြွက်လေးဟာ သူ့စကားကို ဘယ်သူမှ အရေးတယူ မလုပ်ကြတဲ့အတွက် တိုက်နံရံကြားက သူ့နေရာလေးမှာ ခေါင်းငိုက်စိုက်နဲ့ စိတ်ပျက်နေရှာတယ်။
အဲဒီည တိတ်ဆိတ်နေတဲ့အချိန်မှာ ကြွက်ထောင်ချောက်လေးဆီမှ ဖျောက်ခနဲ ကျယ်လောင်တဲ့အသံကို ကြားလိုက်ကြရတယ်။ အိမ်ရှင်မဟာ ကြွက်တစ်ကောင်တော့ မိပြီဆိုတဲ့အတွေးနဲ့ ထောင်ချောက်ရှိရာကို လာခဲ့တယ်။ ညကလည်း မှောင်မဲနေတော့ ဘာကိုမှ မမြင်ရဘူးလေ။ တကယ်တော့ ကြွက်ထောင်ချောက်မှာ မိနေတာက ကြွက်မဟုတ်ဘဲ မြွေတစ်ကောင်ရဲ့ အမြီးပိုင်းဖြစ်နေခဲ့တယ်။ ဒါနဲ့ စိတ်ဆိုးနေတဲ့ မြွေဟာ အိမ်ရှင်မကို ကိုက်လိုက်ပါတော့တယ်။
လယ်သမားဟာ အိမ်ရှင်မဖြစ်သူကို ဆေးရုံကို အမြန်ပို့တယ်။ ချက်ချင်းတော့ သေမသွားခဲ့ဘူး။ အပြင်းအထန် ဖျားနာလျက် အိမ်ကို ပြန်ခဲ့တယ်။ အပြင်းအထန် အဖျားတက်နေပြီဆိုရင် ဖျားနာသူကို လတ်ဆတ်တဲ့ ကြက်စွပ်ပြုတ်လေး တိုက်တတ်ကြတယ် မဟုတ်လား။ ဒါနဲ့ လယ်သမားဟာ ပေါက်ဆိန်ကို ယူပြီး လယ်တဲထဲက ကြက်ကို သတ်ပြီး စွပ်ပြုတ်လုပ်ကာ အိမ်ရှင်မကို တိုက်ကျွေးလိုက်ပါတယ်။
ဒါပေမယ့် အိမ်ရှင်မဟာ ပိုပိုပြီး ဆိုးလာခဲ့တယ်။ အိမ်နီးနားချင်းတွေကလည်း စိုးရိမ်စိတ်နဲ့ အိမ်ရှင်မနားက မခွါဘူး။ ၂၄-နာရီလုံး အမြဲတမ်း လာစောင့်ပေးကြတယ်။ ဒါနဲ့ သူတို့ကို ဧည့်ခံဖို့ အိမ်မှာမွေးထားတဲ့ ၀က်ကို သတ်ပြီး ချက်ကျွေးလိုက်ရတယ်။
အိမ်ရှင်မဟာ ဘယ်လိုပဲ ကုသကုသ၊ မသက်သာလာခဲ့ဘဲ နောက်ဆုံးမှာ သေဆုံးသွားခဲ့တယ်။ သူမရဲ့ အသုဘကို လူတွေ အများကြီး လာကြတယ်။ အကျွေးအမွေးအတွက် မလုံလောက်တဲ့အတွက် လယ်သမားဟာ အိမ်မှာရှိတဲ့ နွားကို သတ်ပြီး ကျွေးမွေးခဲ့ရတယ်။ ထိုအချိန်မှာ ကြွက်လေးဟာ တိုက်နံရံအက်ကွဲကြားကနေ ၀မ်းနည်းပူဆွေးစွာနဲ့ ကြည့်နေခဲ့တယ်။
ကဲ … ဘယ်လိုလဲ ….
သင့်ရဲ့ ပတ်ဝန်းကျင်၊ သင့်အပေါင်းအသင်းတွေထဲက တစ်ယောက်ယောက်ဟာ ပြဿနာ အခက်အခဲတစ်ခုခုကို ရင်ဆိုင်နေရပြီဆိုရင် သင့်အနေနဲ့ ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆအုံးမလား။ အဲဒီလို ယူဆနေမိတယ်ဆိုရင် ပြင်လိုက်ပါ။ ဒီပုံပြင်ထဲက ကြက်လို၊ ၀က်လို၊ နွားလို ဒုက္ခရောက်ရပါလိမ့်မယ်။
သင် မှတ်ထားဖို့က သင့်ပတ်ဝန်းကျင်က တစ်ဦးတစ်ယောက် ဒုက္ခတွေ၊ ပြဿနာတွေ ရင်ဆိုင်နေရပြီဆိုရင် သင်တို့အားလုံးဟာ ပြဿနာကို ရင်ဆိုင်နေရကြတာ ဖြစ်ပါတယ်။ ကိုယ်နဲ့မဆိုင်ဘူးလို့ ပစ်ထားရင်တော့ သင်လည်းပဲ ဒုက္ခရောက်ရပါလိမ့်မယ်။
ဘ၀ဆိုတဲ့ ခရီးရှည်ကြီးမှာ ကျွန်ုပ်တို့အားလုံးဟာ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ တစ်ဦးကိုတစ်ဦး ဖေးမကူညီမှုမရှိရင် ဘ၀လမ်းခရီးတွေဟာ ဖြောင့်တန်းဖို့ မလွယ်ပါဘူး။ 
Ref: Social Plan ဆိုတဲ့ စာတိုလေးကို ဆီလျော်အောင် ဘာသာပြန်တယ်။
အမှားများနဲ့လူ
အခုတစ်လော အမှားတွေအကြောင်း ပြောဖြစ်ကြပါတယ်။ အမှားဆိုတာ လူတိုင်း ကြုံတွေ့တတ်တဲ့အရာ ဖြစ်သလို အမှန်နဲ့ယှဉ်ပြီး အပြောအများဆုံး စကားလုံးတစ်ခုလည်း ဖြစ်ပါတယ်။ အလုပ်တစ်ခုကို စတင်ပြီဟေ့ဆိုတာနဲ့ လူတိုင်းဟာ အမှန်ဆိုပြီး လုပ်ကြတာပါပဲ။ အမှန်တွေကို လုပ်ရင်းနဲ့ အမှားတွေ ကြုံတွေ့၊ အမှားတွေကနေ သင်္ခန်းစာယူပြီး အမှန်လမ်းကို ပြန်ရောက်အောင် ကြိုးစားလျှောက်လှမ်းကြရတာပါပဲ။ အမှားတွေ များပေမယ့် ခြုံကြည့်လိုက်ရင် စိတ်ကူးအမှား၊ အပြောအဆိုအမှား၊ အပြုအမူအမှားဆိုတဲ့ သုံးမျိုးကိုပဲ တွေ့ရပါလိမ့်မယ်။
အမှားဆိုတာ လူတိုင်း၊ နေရာတိုင်း ကြုံရတတ်တယ်၊ လုပ်မိတတ်တယ်ဆိုပေမယ့် သိတဲ့အချိန်မှာ ရပ်တန့်ပစ်နိုင်ဖို့ လိုပါတယ်။ အမှားတွေထဲက စိတ်ကူးမှားအဆင့်မှာ ရပ်တန့်ပစ်နိုင်ရင် အကောင်းဆုံးပါပဲ။ စိတ်ကူးအဆင့်မှာ လူမမြင်နိုင်သေးတဲ့အတွက်ရယ်၊ အခြားသူတွေကို အကျိုးသက်ရောက်မှု မရှိသေးတဲ့အတွက်ရယ် အန္တရာယ်မကြီးလှသေးပါဘူး။ ဒီအဆင့်မှာ ပြင်လိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ အပြောမှားနဲ့အပြုအမူမှားကျတော့ သူတစ်ပါးနဲ့ ထိတွေ့လိုက်ရပြီ။ ကြားရသူ၊ ခံရသူဆီက အမှားရဲ့ တုန့်ပြန်မှုတွေ ရလာတော့မယ်။ 
အချို့က အမှားတစ်ခု ကျူးလွန်မိပြီဆိုတာနဲ့ ချက်ချင်းသိတယ်။ သိသိချင်း တောင်းပန်သင့်တာ တောင်းပန်ပြီး ပြင်လိုက်တယ်။ အချို့ကတော့ ခံရသူထံက တုန့်ပြန်မှုကို ရမှ သိတယ်။ သိသိချင်း ပြင်နိုင်ရင် သို့မဟုတ် သိသိချင်း အမှားကို ၀န်ခံလိုက်ရင် အမှားကျူးလွန်မိပေမယ့် အကျိုးဆက်က ကျေနပ်စရာအတိ ဖြစ်နေလိမ့်မယ်။ 
အမှားတွေအကြောင်း ပြောကြတိုင်း မြတ်စွာဘုရားရှင်ရဲ့ မဟာအမှားကြီးကို ထည့်ထည့်ပြောတတ်ကြတယ်။ ထမင်းမစား၊ ရေမသောက်၊ အပေါ့အပါး မသွားဘဲ ပြင်းထန်စွာ ကျင့်ခဲ့တဲ့ ဒုက္ကရစရိယာအကျင့်အကြောင်း ပြောတတ်ကြတယ်။ မြတ်စွာဘုရားလောင်းဟာ ဒီအကျင့်မှားကြီးနဲ့ ၆-နှစ်လောက် ကျင်လည်ခဲ့တာပါ။ ဒါပေမယ့် သူဟာ အာဇာနည်ပီပီ သူ့အမှားကို သူကိုယ်တိုင် သိမြင်ပြီး ပြင်ခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားဖြစ်သွားတယ်။ ဒါကို ကြည့်ပြီး ဒို့ဘုရားတောင် မှားခဲ့သေးတာပဲဆိုပြီး အမှားလုပ်သူတွေ ဖြေတတ်ကြတယ်။ သေချာတာကတော့ အမှားဆိုတာက ပြဿနာမဟုတ်ဘူး။ အမှားကို ၀န်ခံဖို့နဲ့ ပြုပြင်လိုက်ဖို့ပါပဲ။
ဝီလျံအာသာဝက် ပြောတဲ့ To make mistake is human, to stumble is common place, to be able to laugh at yourself is maturity ဆိုတဲ့ စကားလေးက မှတ်သားဖို့ ကောင်းတယ်။ လူဆိုတာ အမှားနဲ့ မကင်းဘူး၊ အမှားဆိုတာ နေရာတိုင်းမှာ ဖြစ်မြဲပဲ၊ အမှားလုပ်မိတဲ့အခါတိုင်း ကိုယ့်ကိုကိုယ် ပြန်ရယ်(လှောင်)နိုင်စွမ်းရှိတာကတော့ ရင့်ကျက်မှုပဲ လို့ ဘာသာပြန်နိုင်မယ် ထင်ပါတယ်။ အမှားကို ၀န်ခံလိုက်တာ၊ ကိုယ်မှားလိုက်ပြီဆိုတာကို သိလိုက်နိုင်တာဟာ တန်ဖိုးရှိပါတယ်။ 
အမှားတွေအကြောင်း သို့မဟုတ် အမှားတွေကို ၀န်ခံလိုက်ဖို့ ပြောကြဆိုကြတိုင်း ပါဝင်တတ်တဲ့ စကားလေးတစ်လုံး ရှိပါတယ်။ အဲဒါကတော့ မာန။ အချို့က ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲပြီး ငါပြောလိုက်ရင် မမှားဘူး၊ ငါ လုပ်လိုက်ရင် မမှားဘူးဆိုတဲ့ အတွေးမျိုးတွေ ကိန်းနေတတ်တယ်။ အခြားသူက သူ့အမှားတွေကို ထောက်ပြလိုက်ရင် ငါ့အမှားတော့ လာပြောနေတယ်၊ မင်းကရော မမှားတဲ့သူမို့လို့လားလို့ ခွန်းတုန့်ပြန်တတ်ကြတယ်။ 
အချို့ပုဂ္ဂိုလ်များကျတော့ ကိုယ့်အမှားကို လာထောက်ပြရင် ကျေနပ်ကြတယ်။ ကျေးဇူးတင်ကြတယ်။ ၀င်စတန်ချာချီက If you simply take up the attitude of defending a mistake, there will be no hope of improvement. အမှားတွေအတွက် အမြဲတမ်း ခုခံကာကွယ်နေတဲ့ သဘောထားရှိနေရင် တိုးတက်ဖို့ဆိုတာ ဘယ်တော့မှ မျှော်လင့်လို့ မရနိုင်တော့ဘူး….လို့ ဆိုပါတယ်။ ကိုယ်ကိုကိုယ် ခပ်မြင့်မြင့်အဆင့်မှာ ရှိနေစေချင်တယ်ဆိုရင်တော့ ဘယ်သူမှားမှား အရေးမကြီးဘူး ငါမမှားဖို့ အရေးကြီးတယ်ဆိုတဲ့ ခံယူချက်ရှိရပါမယ်။ သူများတွေ အမှားလုပ်တိုင်း ကိုယ်ကလည်း အရေးမစိုက် ဆက်မှားနေမယ်ဆိုရင်တော့ ကိုယ်လည်း သူတို့လို ဖြစ်မှာပေါ့။
အမှားလုပ်မိပြီဆိုတာနဲ့ အခြားသူတွေက အပြုသဘောနဲ့ ထောက်ပြလာရင် ၀န်ခံတတ်ဖို့ လက်ခံတတ်ဖို့ လိုပါတယ်။ မာနကြောင့် ၀န်မခံနိုင်ဘူး၊ လက်မခံနိုင်ဘူးဆိုတာ အမှားပေါ်မှာ အမှားဆင့်တာပါပဲ။ အမှားကို ၀န်ခံလိုက်လို့ သိက္ခာကျသွားတယ်ဆိုတာ မရှိပါဘူး။ အမှားကို ၀န်မခံတာ၊ လက်မခံတာကမှ သိက္ခာကျတာပါ။ အဖွဲ့အစည်းတစ်ခုမှာ လက်တွဲလုပ်ဆောင်ဖို့၊ ညီညီညွတ်ညွတ်ရှိဖို့ဆိုတာ အမှားကို ၀န်ခံတတ်ဖို့လိုသလို အမှားတွေ ကျူးလွန်မိတိုင်း ဆင်ခြေလက်ခြေတွေ ပေးတတ်တဲ့အကျင့်တွေ ဖျောက်ဖို့ လိုပါတယ်။ Successful people admit faults but never make excuses အောင်မြင်သူတွေဟာ ကိုယ့်အပြစ်ကို ၀န်ခံကြတယ်။ ဒါပေမယ့် ဘယ်တော့မှ ဆင်ခြေမပေးဘူးတဲ့။ 
အမှားတွေထဲမှာမှ အမှားအစစ်နဲ့ နားလည်မှုလွဲတဲ့ အမှားဆိုတာတွေလည်း ရှိနေနိုင်သေးသေတယ်။ နားလည်မှုလွဲလို့ မှားတဲ့အမှားကတော့ နှစ်ဦးနှစ်ဖက် နားလည်လိုက်တာနဲ့ ပျောက်သွားပေလိမ့်မယ်။ အမှားအစစ်တွေကတော့ ၀န်ခံခြင်း၊ ပြင်ဆင်ခြင်းများနဲ့သာ အမှန်ဖြစ်နိုင်ပေလိမ့်မယ်။
အမှားတွေအကြောင်း ဟိုဟိုဒီဒီ ပြောပြီးတော့ ကိုယ့်ကိုကိုယ်လည်း ပြန်မေးကြည့်ဖြစ်တယ်။ ငါကော အမှားတွေ ကင်းရဲ့လား။ မကင်းတာ သေချာတယ်။ ဒါဆို အဲဒီအမှားတွေကို ၀န်ခံဖြစ်ခဲ့လား၊ အမှားထောက်ပြလာသူတွေကို လက်ခံကြည်ဖြူပေးနိုင်ခဲ့ရဲ့လား။ အမှားကို ၀န်ခံသလိုလိုနဲ့ အကြောင်းအမျိုးမျိုး ပြခဲ့တာတွေကရော တကယ့်အကြောင်းပြချက်တွေ ဖြစ်နေရဲ့လား။ ဆင်ခြေတွေများ ဖြစ်နေခဲ့လား။ 
အမှားမကင်းတဲ့လောကမှာ အမှားတွေတော့ ကျူးလွန်နေအုံးမှာပဲ။ ဒါပေမယ့် မှားသွားတာတွေအတွက် ရဲရဲဝံ့ဝံ့ ၀န်ခံတတ်ဖို့နဲ့ အမှန်ကို ဆက်လက်သွားနိုင်ဖို့တော့ ကြိုးစားသွားရမှာပဲ မဟုတ်လား။
Tuesday, August 21, 2012
ဒီအရေး သွေးအေးမနေသင့်ပြီ ...
ဘာသာရေးခွဲခြားဆက်မှုအကြောင်းကို အခုတလော အတော်တွေးဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်မှုတွေ ပြုလုပ်နေပါသတဲ့။ ဘာသာရေးခွဲခြားမှုတွေ ပြုလုပ်နေပါသတဲ့။ အထူးသဖြင့် မြန်မာနိုင်ငံမှာက ဗုဒ္ဓဘာသာအများစု ဖြစ်လေတော့ ဗုဒ္ဓဘာသာကပဲ အခြားဘာသာတွေကို ရက်စက်သတ်ဖြတ်နေသလို၊ အခြားဘာသာတွေကို ဘာအခွင့်အရေးမှ မပေးဘဲ၊ ဗလီတွေ ဆောက်ခွင့် မပေးဘဲ၊ ချာပ်ကျောင်းတွေ ဆောက်ခွင့်မပေးဘဲ ဖိနှိပ်ထားသလို ပြောနေကြတယ်။ ဗုဒ္ဓဘာသာတွေအပေါ်မှာ အမုန်းတရားတွေ ပွားနေကြတယ်။ ပြစ်တင်ဝေဖန်နေကြတယ်။ အထူးသဖြင့် မွတ်ဆလင်တွေပေါ့။ မြန်မာနိုင်ငံမှာ နေရာတစ်ခုခုမှာ ဗုဒ္ဓဘာသာဘုန်းကြီးနဲ့ခရစ်ယာန်ဘုန်းကြီး တွေ့ရင် တစ်ဦးနဲ့တစ်ဦး ပြုံးပြုံးရွှင်ရွှင် မိတ်ဖွဲ့စကားပြောလေ့ရှိတယ်။ ဒါပေမယ့် မွတ်ဆလင်ဘုန်းကြီးများ မပြောနဲ့ သာမန်မုတ်ဆိတ်တစ်ယောက်နဲ့တွေ့ရင်တောင် သူတို့ မျက်နှာတွေမှာ အမုန်းတရားတွေက ပေါ်လွင်နေတယ်။ သူတို့မျက်နှာမှာ (မွတ်ဆလင်အချင်းချင်းတော့ မပြောတတ်ပါ) အမုန်းတရားတွေ၊ အမုန်းမျက်လုံးတွေပဲ တွေ့ရတယ်။
ထိုင်းနိုင်ငံရောက်တော့ ထိုင်းက လူတွေကလည်း ထို့အတူပဲလို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲ။ မြန်မာမှာ ဗလီတွေ ဆောက်ခွင့်မပေးလို့လား။ ကမ္ဘာ့(ခရစ်ယာန်)နိုင်ငံအများစုမှာလည်း ဒီလိုပဲ။ အမေရိကန်လို၊ အင်္ဂလန်လို နိုင်ငံတွေမှာရော ဗလီတွေ ဆောက်ခွင့်မပေးလို့လား။ ဘာသာရေးဖိနှိပ်မှုတွေ လုပ်နေလို့လား။ ကမ္ဘာမှာ ဗလီဆောက်ခွင့်မရှိတဲ့ တိုင်းပြည်ရယ်လို့ ရှိပါသလား။
မွတ်ဆလင်တွေဟာ သူတို့ကို ကမ္ဘာကြီးက ဖိနှိပ်လို့၊ ခွဲခြားဆက်ဆံလို့ ပြန်ပြီး တုန့်ပြန်တာလို့ ဆိုတတ်ကြတယ်။ အဲဒီလို ပြောဆိုနေတာဟာ တကယ်မှန်ရဲ့လား။ ကမ္ဘာကြီးက သူတို့ကို ခွဲခြားဆက်ဆံတာလား၊ သူတို့က ကမ္ဘာကြီးကို ခွဲခြားဆက်ဆံနေတာလား။ သမာသမတ်ကျကျ စဉ်းစားကြည့်ပါ။ မွတ်ဆလင်တွေကသာ ကမ္ဘာကြီးကို ခွဲခြားဆက်ဆံနေတာပါ။ တစ်နေ့ကပဲ သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ ဆော်ဒီနိုင်ငံမှာ သီရိလင်္ကာအမျိုးသမီးလေးကို ဘုရားပုံဆောင်ထားတဲ့အတွက် အရေးယူတယ်။ ဒါမျိုးအဖြစ်တွေ အများကြီး တွေ့နေရတယ်။ အီရန်နိုင်ငံမှာ အနောက်တိုင်းသူတစ်ယောက်ကို အီရန်သားတစ်ယောက်က မုဒိန်းကျင့်တယ်။ အနောက်တိုင်းသူကို အရေးယူတယ်။ ဘာကြောင့်လဲဆိုတော့ အနောက်တိုင်းသူဟာ လုံလုံခြုံခြုံ မ၀တ်ထားလို့ပါတဲ့။ ဘာတွေလဲ။ ဘယ်လောက် အောက်တန်းကျတဲ့ ဥပဒေများလဲ။ ဒါတွေဟာ မွတ်ဆလင်ကမ္ဘာမှာပဲ ရှိပါတယ်။
ခရစ်ယာန်တိုင်းပြည်တွေမှာ၊ ဗုဒ္ဓဘာသာတိုင်းပြည်တွေမှာ ဗလီတွေ မြောက်မြားစွာ ဆောက်လုပ်ထားပြီးဖြစ်နေတာ ထင်ရှားပါတယ်။ မွတ်ဆလင်ကြီးစိုးတဲ့ အရှေ့အလယ်ပိုင်းဒေသတွေ မပြောပါနဲ့၊ မလေးရှားလို နိုင်ငံတွေမှာ ဗုဒ္ဓဘာသာကျောင်းဆောက်လုပ်ဖို့အတွက် ဘယ်လောက်အထိ ကန့်သတ်ချက်တွေ ထားထားသလဲ။ ယနေ့ခေတ်မှာ ဗုဒ္ဓဘာသာကျောင်းဆောက်လုပ်ဖို့အတွက် အကန့်အသတ်တွေ ဘယ်လောက်တောင် ထားထားသလဲ။ အနောက်တိုင်းခရစ်ယာန်နိုင်ငံတွေ၊ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ကိုရမ်ကျမ်းကို ပုံနှိပ်ခွင့်ပေးထားပေမယ့် မလေးရှားနိုင်ငံမှာ ဘိုင်ဘယ်လ်ပုံနှိပ်ခွင့်နဲ့ပတ်သက်ပြီး ပြဿနာတွေ၊ အခက်အခဲတွေ ဘယ်လောက်တောင် ရှိနေသလဲ။ ဒါဟာ အရှေ့တောင်အာရှမှာပဲ ရှိပါသေးတယ်။ အစွန်းရောက်တွေများတဲ့ အီရန်တို့၊ ဆော်ဒီတို့လို့ အရှေ့အလယ်ပိုင်းဒေသတွေ မဟုတ်သေးပါဘူး။
ဆော်ဒီနိုင်ငံမှာဆိုရင် ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဟာ ဘိုင်ဘယ်လ်ကျမ်းကို ကိုင်ဆောင်ထားမိရင် အရေးယူခံရမယ်။ အမေရိကမှာ၊ အနောက်တိုင်းမှာ၊ မြန်မာနိုင်ငံမှာ မွတ်ဆလင်တစ်ယောက် ကိုရမ်ကျမ်းကိုင်နေရင် ဘယ်လိုများ အရေးယူခံရပါသလဲ။ ဒီတော့ မွတ်ဆလင်တွေအနေနဲ့ သူတို့ကိုယ်သူတို့ ပြန်ပြီး မေးခွန်းထုတ်စေချင်ပါတယ်။
“သူတို့ဟာ ခွဲခြားဆက်ဆံခံနေရတာလား၊ သူတို့ကပဲ ခွဲခြားဆက်ဆံနေကြတာလား” “တစ်ကမ္ဘာလုံးက သူတို့ကို နှိပ်ကွပ်ချင်နေတာလား၊ သူတို့ကပဲ တစ်ကမ္ဘာလုံး(အလ္လာဟ်ကို မယုံကြည်သူများ)ကို နှိပ်ကွပ်ချင်နေတာလား” ဒါတွေဟာ သူတို့ကိုယ်သူတို့ မေးခွန်းထုတ်သင့်တဲ့အရာတွေပါ။
နောက်ပြီးတော့ တာလီဘန်တွေ ဗုဒ္ဓဘာသာသမိုင်းအမွေအနှစ်ဖြစ်တဲ့ ရုပ်ပွားတော်ကြီးကို ဖျက်ဆီးခဲ့စဉ်က မွတ်ဆလင်ကမ္ဘာကြီးတစ်ခုလုံးဟာ ကြည်နူးနေကြတယ်။ ဆန့်ကျင်ကန့်ကွက်တဲ့အသံလေးများ ကြားမိရင် ပြောကြပါ။ အားလုံး တိတ်ဆိတ်နေကြတယ် မဟုတ်လား။ ဒီလောက် ယုတ်မာရိုင်းစိုင်းတဲ့ အပြုအမူကိုကျတော့ သူတို့တွေဟာ တိတ်ဆိတ်စွာ နေခြင်းဖြင့် သဘောတူညီခဲ့ကြတယ်။ မွတ်စလင်တွေ သူတို့ကိုယ်သူတို့ မေးသင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ မက္ကာက မွတ်ဆလင်တွေ အထွတ်အမြတ်ထားတဲ့အရာကို ဖျက်ဆီးရင် ဘယ်လိုများ ခံစားကြရမလဲ။ အခုလိုပဲ တိတ်ဆိတ်နေကြအုံးမလား။
          အမေရိကန်နိုင်ငံ၊ မျှော်စင်ညီနောင် ဝေါထရိစင်တာကြီးကို ဗုံးဖောက်ခွဲတော့ တစ်ကမ္ဘာလုံးက ၀မ်းနည်းပူဆွေးခဲ့ကြတယ်။ ဒါပေမယ့် မွတ်ဆလင်တွေ အပျော်ကြီး ပျော်ခဲ့ကြတယ်။ ဘင်လာဒင်ဆိုတာ အကြမ်းဖက်သမားစစ်စစ်ကြီးလို့ လူတိုင်း လက်ခံတယ်။ ဒါပေမယ့် သူသေတော့ မွတ်ဆလင်တွေ အများကြီး ၀မ်းနည်းပူဆွေးကြတယ်။ အချို့နိုင်ငံတွေမှာ သူသေတဲ့သတင်းကို ပုံနှိပ်ခွင့်မပေးခဲ့ကြဘူး။ မလေးရှားမှာ ၀မ်းနည်းသူတွေ အများကြီး တွေ့ခဲ့တယ်။ ဘင်လာဒင်ကို အကြမ်းဖက်သမားလို့ ရေးလို့ဆိုပြီး မလေးရှားမှာ ထုတ်တဲ့ ဂျာနယ်တစ်စောင် အနှိပ်ကွပ်ခံခဲ့ရတယ်။ ဘာတွေလဲ။ ဘယ်လိုတွေလဲ။
လက်ရှိဖြစ်နေတာကို ကြည့်ရအောင် ….။ မြန်မာနိုင်ငံ ဘင်္ဂါလီအရေး။ မွတ်ဆလင်ကမ္ဘာကြီးတစ်ခုလုံး လူသားချင်းတွေ စာနာနေလိုက်ကြတာ။ ကရုဏာတရားတွေ ကြီးမားနေလိုက်ကြတာ။ ကမ္ဘာလုံးဆိုင်ရာ မွတ်ဆလင်အဖွဲ့အစည်းကြီးဆိုရင် မဟုတ်ရမ်းတရားတွေ ပြော၊ သပုတ်လေလွင့်တွေ ပြောပြီး ဗုဒ္ဓဘာသာတွေကပဲ မွတ်ဆလင်တွေကို သတ်နေသလိုလို ပြော။ ဘယ်လောက်တောင် အောက်တန်းကျတဲ့ ဘာသာရေးသမားတွေလဲ။ မွတ်ဆလင်ကို ထိမှ နာတာဟာ လူသားချင်းစာနာတာတော့ ဖြစ်မှာ မဟုတ်ဘူး။ မွတ်နာပဲ ဖြစ်လိမ့်မယ်။ စာရေးသူဟာ အေးအေးဆေးဆေးနေရင် ဘယ်ဘာသာဝင်နဲ့မဆို ငြိမ်းချမ်းစွာ အတူလက်တွဲနေသွားဖို့ အသင့်ပါပဲ။ အဲဒီလို မဟုတ်မတရားတွေနဲ့ ကိုယ့်ဘာသာကို ထိပါးလာရင်တော့ မညှာတမ်းပြောဖို့ အသင့်ပဲ။ တကယ်ဆိုရင် ဘင်္ဂလီအရေးဟာ တစ်ဖက်သတ် အနှိပ်စက်ခံနေရတာ မဟုတ်ဘူး။
ကဲ ဆက်ကြည့်ရအောင် … မွတ်ဆလင် မကြီးစိုးသေးတဲ့ နိုင်ငံတွေမှာ မွတ်ဆလင်တွေ အော်တတ်ကြတယ်။ သူတို့ဟာ လွတ်လွတ်လပ်လပ် ဘာသာရေး လုပ်ခွင့်မရပါဘူး၊ ခွဲခြားခံနေရပါတယ်။ အနှိမ်ခံနေရပါတယ်လို့ အော်တတ်ကြတယ်။ မွတ်ဆလင်ကြီးစိုးတဲ့ နိုင်ငံတွေမှာ ငါတို့ အခု ရနေတဲ့ အခွင့်အရေးမျိုးတွေ အခြားဘာသာဝင်တွေ ရနေပါသလားလို့ သူတို့တွေ ခေါင်းနဲ့ စဉ်းစားမိဖူးသလား။ သမာသမတ်ကျကျ စဉ်းစားတတ်သူတိုင်း သဘောပေါက်ပါလိမ့်မယ်။ နောက်ပြီးတော့ အနောက်နိုင်ငံတွေမှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ် မွတ်ဆလင်တွေဟာ အခြားဘာသာဝင်တွေကို မွတ်ဆလင်အဖြစ် လွတ်လပ်စွာ ပြောင်းလဲပေးခွင့် ရှိပါတယ်။ မွတ်ဆလင်တွေဟာ အဲဒီလို အခွင့်အရေးမျိုး အခြားဘာသာဝင်တွေကို ပေးထားပါသလား။ စဉ်းစားကြည့်ဖို့ပါ။ မွတ်ဆလင်နိုင်ငံအများစုမှာ မွတ်ဆလင်တစ်ယောက်ဟာ အခြားဘာသာဝင် ပြောင်းသွားခဲ့မယ်ဆိုရင် ဥပဒေအရ တရားမ၀င်ပါဘူး။ ဒါကကော ဘာသဘောလဲ။ ဒါနဲ့များ အခြားဘာသာဝင်တွေနေတဲ့ နိုင်ငံကို လွတ်လပ်ခွင့်မရှိဘူး ဘာဘူး ပြောနေတာ ဘယ်လောက်အောက်တန်းကျသလဲ။ ဒီတော့ အနောက်ကမ္ဘာမှာပဲဖြစ်ဖြစ်၊ အရှေ့ကမ္ဘာမှာပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ နာမည်ဆိုးထွက်အောင် သူတို့ပဲ လုပ်နေတာပါ။
ပရောဖတ်မိုဟာမက်ကို ကြည့်ပါ။ သူဟာ ခေါင်းဖြတ်အသတ်ခံရတဲ့ အဖေနဲ့အစ်ကိုကို ကြည့်ခိုင်းဖို့ အမျိုးသမီးတစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် သိမ်းယူခဲ့တယ်။ ဒါဟာ စံပြဖြစ်ပါရဲ့လား။ နောက်ပြီး မိုဟာမက် ပြောထားတာ တစ်ခုရှိပါတယ်။ “ကမ္ဘာလောကကြီးတစ်ခုလုံး အစ္စလာဟ်ဘာသာအောက်မှာ အညံ့မခံမချင်း ကမ္ဘာကြီးတစ်ခုလုံးကို တိုက်ခိုက်ဖို့ အလ္လာဟ်အရှင်မြတ်က ငါ့ကို စေလွှတ်သည်”တဲ့။ နောက်ပြီးတော့ ရှိသေးတယ်။ မွတ်ဆလင်တွေဟာ မွတ်ဆလင်မဟုတ်သူတွေကို စစ်ကြေညာရမယ်။ ဒါမှမဟုတ် အောက်ပါအချက်သုံးခုအနက် တစ်ခုကို ရွေးရမယ် …
၁။ မွတ်ဆလင်အဖြစ် ပြောင်းမလား
၂။ အခွန်အတုတ် ပေးမလား
၃။ အသတ်အသေခံမလား
ဒီသုံးချက်ကို ရွေးရမယ်လို့ ဆိုပါတယ်။ ကဲ … ဒီလိုဆိုတော့ အစ္စလာဟ်ဟာ ငြိမ်းချမ်းရေးဘာသာတစ်ခုပါလို့ ဘယ်လို မျှော်လင့်လို့ ရနိုင်တော့မလဲ။
အခြားဘာသာဝင်တွေက သူတို့ လုပ်သလို လိုက်လုပ်နေရင် မွတ်ဆလင်တွေအနေနဲ့ အဲဒီအခြားဘာသာတွေကို ငြိမ်းချမ်းရေးဘာသာလို့ ပြောကြအုံးမလား။ မွတ်ဆလင်တွေအနေနဲ့ ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားဆင်ခြင်သင့်ပါတယ်။ ပရောဖတ်မိုဟာမက်အနေနဲ့ အခြားမယုံကြည်သူများကို သတ်ဖြတ်ခဲ့သောသာဓကများလည်း မြောက်မြားစွာ ရှိနေပါတယ်။
မိုဟာမက်ဟာ ၉-နှစ်သမီးလေးကို လက်ထပ်ပြီး ကာမဆက်ဆံခဲ့တယ်။ ၉-နှစ်ဇနီးလေး ကစားဖို့အတွက် အရုပ်ကလေးတွေပါ ၀ယ်ပေးတော်မူတယ်လို့ ဆိုပါတယ်။ မိုဟာမက်ဟာ တစ်ညမှာ ဇနီး ၉-ယောက်နဲ့ ကာမဆက်ဆံလေ့ရှိတယ်။ ဒါဟာ ယနေ့ကမ္ဘာအတွက် လူသားတွေရဲ့ စံပြလို့ ဆိုနိုင်ပါအုံးမလား။ မွတ်ဆလင်တစ်ယောက်ဟာ အခြားဘာသာကို ပြောင်းသွားရင် ရာဒ်ဓဥပဒေ Redda Law (killing the apostates)အရ အသတ်ခံရမယ်လို့ ဆိုပါတယ်။ ဒီဥပဒေကို အစ္စလာဟ်ဂိုဏ်းအားလုံးက လက်ခံအတည်ပြုထားပါတယ်။ ဒီဥပဒေမျိုးရှိတဲ့ အစ္စလာဟ်ဟာ အခြားဘာသာတွေကို လေးစားမှုရှိတယ်လို့ ဘယ်သူ ပြောနိုင်သလဲ။
အစ္စလာဟ်ကျမ်းစာအရ မိမိရဲ့ ဇနီးမယားကို ရိုက်နှက်ပြီး ဆုံးမတာကို ခွင့်ပြုထားတယ်။ “ဇနီးမယားတစ်ယောက်ဟာ ပြည်တွေ တစက်စက်ကျနေတဲ့ ယောက်ကျားရဲ့အနာကို လျှာနဲ့လျှက်ပေးတာတောင် ယောက်ျားကို ပြုစုတာ တာဝန်မကျေနိုင်သေးဘူး”လို့ ဆိုတယ်။ ဒါဟာ အမျိုးသမီးအခွင့်အရေးကို ဘယ်လောက်တောင် နှိမ်ချထားသလဲဆိုတာ သိဖို့ပါ။
“ပရောဖက်မိုဟာမက်ရဲ့ သေးကို သောက်ရတာဟာ တပည့်တွေအတွက် ကောင်းချီးတစ်ခုပဲ”။
အစ္စလာဟ်ကျမ်းစာမှာ မွတ်ဆလင်တွေဟာ နိုင်ငံပေါင်းများစွာကို ကျူးကျော်ပြီး ဘာသာပြန့်ပွားအောင် လုပ်ခဲ့ကြတယ်။ သူတို့ဟာ ဒေသခံမွတ်ဆလင်မဟုတ်သူတွေကို အမျိုးမျိုး ခွဲခြားအနိုင်ကျင့်ဆက်ဆံခဲ့တယ်။ ဥပမာ … မွတ်ဆလင်တွေ မတ်တပ်ရပ်နေချိန်မှာ မွတ်ဆလင်မဟုတ်သူတွေမှာ ထိုင်နေခွင့် မရှိဘူး။ လူသေအလောင်းကို သယ်ဆောင်သွားချိန်မှာ အသံကျယ်ကျယ် ငိုခွင့်မရဘူး။ ဒီတော့ မွတ်ဆလင်တွေဆီကနေ သည်းခံခြင်းတရားကို ဘယ်လို မျှော်လင့်လို့ ရနိုင်မလဲ။
ဒီတော့ ပြောရမယ်ဆိုရင် မွတ်ဆလင်တွေဟာ သူတို့ အနှိမ်ခံနေရပါတယ်။ ခွဲခြားဆက်ဆံခံနေရပါတယ်လို့ ပြောနေတာဟာ ဘာအခြေအမြစ်မှ မရှိပါဘူး။ နောက်ပြီးတော့ သူတို့တွေဟာ “မွတ်ဆလင်အစွန်းရောက်တွေ ရှိတာ မှန်တယ်။ ဒါပေမယ့် ဒီမွတ်ဆလင်အစွန်းရောက်တွေ ဖြစ်အောင် အနောက်နိုင်ငံတွေက ဖန်တီးတာပါ၊ မွတ်ဆလင်တွေ နာမည်ဆိုးထွက်တာဟာ ကမ္ဘာကြီးကိုက သူတို့ကို ခွဲခြားဆက်ဆံနေလို့ပါ”လို့ ဆိုတတ်တဲ့စကားဟာ ပြန်ပြီးမေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
 ဒီလောက်ဆိုရင် ကိုရွှေမြန်မာတို့ ဘာဆက်လုပ်သင့်သလဲ။ ဘယ်လို ရပ်တည်သင့်သလဲဆိုတာ ဆုံးဖြတ်နိုင်လောက်ပြီ ထင်တယ်။ နိုးကြားဖို့ အချိန်ကျပြီလို့ ထင်တယ်။ အမျိုးဘာသာသာသနာ မတိမ်ကောစေဖို့ စည်းစည်းလုံးလုံး နိုးနိုးကြားကြား မျက်စိဖွင့်နားစွင့် နေကြဖို့ တိုက်တွန်းပါတယ်။ ဒီအရေး သွေးအေးမနေသင့်ကြတော့ဘူး။
Tuesday, June 12, 2012
အခေါ်အဝေါ် အချိုအခါး
(၁)
တစ်နေ့က ဆရာတော်တစ်ပါးနှင့် အိမ်တစ်အိမ်သို့ သွားဖြစ်ခဲ့သည်။ ထိုအိမ်တွင် အသက် ၇၀-ခန့် ဒကာကြီးနှင့် ဒကာမကြီးတို့ ရှိသည်။ သူတို့နှစ်ဦးလုံးသည် အသက်အရွယ်အိုမင်းနေသော်လည်း တစ်ဦးကိုတစ်ဦး ကြည့်သောအကြည့်၊ ပြောသောစကားများက ဆယ်ကျော်သက်လေးများလို နူးညံ့သိမ်မွေ့နေဆဲပင် ဖြစ်သည်။ တစ်ဦးကိုတစ်ဦး ကြင်ကြင်နာနာ အမူအရာဖြင့် ပြောဆိုဆက်ဆံနေကြသည်။ တစ်ဦးအပေါ်တစ်ဦး နားလည်မှုအပြည့်ဖြင့် ဘ၀လက်တွဲဖော် ပီသနေကြသူများဖြစ်လိမ့်မည်ဟု တွေးမိခဲ့သည်။ သူတို့နှစ်ဦးသည် ဆရာတော်ကို တွေ့သည်နှင့် “သားသား”ဟု ခေါ်သည်။ ဆရာတော်ကလည်း ပါးပါး၊ မာမားဟု ခေါ်သည်။ 
အမြင်အရ တစ်မျိုးထူးဆန်းနေခဲ့သည်။ ပြုံးချင်စရာတစ်မျိုးဟု သဘောထားမိ၍ ပြုံးခဲ့မိသေးသည်။ နောက်ပိုင်းတွင် သိလာရသည်မှာ သူတို့အခေါ်အဝေါ် အပြောအဆိုများမှာ နောက်ကြောင်းကင်းသည်။ အခြားကွယ်ဝှက်ထားသော အဓိပ္ပာယ်များ မရှိ။ သူတို့နှစ်ဦးက ဆရာတော့်အပေါ်မှာ တကယ့်သားအရင်းကို သားသားဟု ခေါ်ချင်သည်။ ထို့အပြင် ဆရာတော်က ခေါ်သောအခါတွင်လည်း ပါပါး၊ မာမားဟု ခေါ်မှ သဘောကျသည်ဟု ဆိုသည်။
(၂)
ဘုန်းကြီးလောကတွင် အချင်းချင်းကြားမှာ ပြောနေကြသည်များ ရှိသည်။ “ဒီကိုယ်တော်က ဘုန်းကံကြီးမှာပေါ့၊ ဒကာမကြီးတွေ တွေ့ရင် မေမေ မေမေ၊ မယ်တော်ကြီး မယ်တော်ကြီး လို့ ပြောတာကိုး”ဟု ဆိုတတ်ကြသည်။ အချို့ကတော့ ပိုပြီးရင်းနှီးချင်လို့၊ ရင်းနှီးမှုပိုရမှ ဆက်ဆံရေးနှင့် အခြားလုပ်ငန်းကိစ္စများ အဆင်ပြေနိုင်တယ်လို့ ယုံကြည်သည့်အတွက် ဒကာ၊ ဒကာမများအကြိုက် ခေါ်ဝေါ်သုံးနှုန်းလေ့ရှိကြသည်။ အချို့ကတော့ ဘာရည်ရွယ်ချက်၊ ဘာအကြောင်းတရားမှမရှိဘဲ အမေတစ်ယောက်လို ချစ်ခင်မိသဖြင့် မာမား၊ မယ်တော်ကြီး စသည် ခေါ်ကြသည်။ အစ်မ စသည် ခေါ်ဝေါ်ပြောဆိုကြသည်။ 
အချို့ကတော့ ဒကာဒကာမများကို ဒကာဒကာမအသုံးအနှုန်းမှလွဲ၍ အခြားအခေါ်အဝေါ်ဖြင့် ခေါ်ဝေါ်ပြောဆိုကြသည်ကို မနှစ်သက်ကြပေ။ ရယူလိုမှုကို အခြေမခံဘဲ မေတ္တာတရားကြောင့် အရင်းနှီးဆုံး အခေါ်အဝေါ် အပြောအဆိုများ သုံးနှုန်းခြင်းသည် ဘုရားအလိုတော်နှင့် မကိုက်ညီဟု စာရေးသူတော့ မယူဆပါ။
(၃)
မြတ်စွာဘုရား တရားတော်များတွင် ယဉ်ကျေးသူတို့၏ အသုံးအနှုန်းဟူသော ဟောကြားချက်များကို တွေ့ရသည်။ ဘုရားရှင်က ဖခင်အရွယ်ကို ဖခင် (ဖေဖေ၊ ပါပါး)၊ မိခင်အရွယ်ကို မိခင် (မေမေ၊ မာမား)၊ အစ်မအရွယ်ကို အစ်မ၊ ညီမအရွယ်ကို ညီမ စသဖြင့် ခေါ်ဝေါ်ပြောဆိုခြင်းသည် ယဉ်ကျေးသူတို့၏စကား၊ မြို့ကြီးသူတို့၏စကားဟု ညွှန်ပြထားသည်။ စာရေးသူ သိသလောက်ဆိုရလျှင် လူဒကာဒကာမများကို “ဒကာကြီး၊ ဒကာမကြီး”ဟု ခေါ်ဝေါ်ပြောဆိုခြင်းသည် ဘုရားအလိုအရ သက်မှတ်ထားခြင်း မဟုတ်ဘဲ မြန်မာ့ယဉ်ကျေးမှုသက်သက်သာ ဖြစ်သည်။
(၄)
စာသင်သားဘ၀က ဆရာတော်ကြီးတစ်ပါးကို ရှုတ်ချခဲ့ဖူးသည်။ ထိုဆရာတော်သည် သူဌေးကြီးများ ကျောင်းလာလျှင် “သူဌေးကြီး”၊ ဗိုလ်ချုပ်ကြီးများ ကျောင်းလာလျှင် “ဗိုလ်ချုပ်ကြီး” စသဖြင့် ခေါ်ဝေါ်သုံးနှုန်းတတ်သည်။ အမှန်စဉ်းစားကြည့်လျှင် မြတ်စွာဘုရားနည်းအတိုင်း သုံးနှုန်းခေါ်ဝေါ် ပြောဆိုနေခြင်းပင် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မြတ်စွာဘုရားရှင်နှင့် သူဌေးများ၊ ဘုရင်မင်းများနှင့် စကားပြောခန်းများကို လေ့လာကြည့်ပါက မြတ်စွာဘုရားရှင်သည် သူဌေးကြီးနှင့်တွေ့ပါက “သူဌေးကြီး၊ သူကြွယ်ကြီး (သေဋ္ဌိ)”၊ ရှင်ဘုရာများနှင့် စကားပြောဆိုရာတွင် “မြတ်သော မင်းကြီး၊ မင်းမြတ် (မဟာရာဇ)” စသည်ဖြင့် ပြောဆိုသည်ကိုသာ တွေ့ရသည်။ သို့အတွက်ကြောင့် မြတ်စွာဘုရားရှင်သည် နားထောင်သူ နားဝင်ချိုစေမည့် အခေါ်အဝေါ် အသုံးအနှုန်းကို သဘောကျကျ သုံးနှုန်းလေ့ရှိသည်ဟု ဆိုနိုင်မည်ဟု ယူဆမိသည်။
(၅)
မြတ်စွာဘုရားရှင်နှင့်စပ်လျဉ်း၍ အများကြားဖူးသည့် အဖြစ်အပျက်တစ်ခု ရှိသည်။ နကုလပိတာ၊ နကုလမာတာ ဟူသော လင်မယားနှစ်ယောက်အကြောင်း ဖြစ်သည်။ သူတို့နှစ်ဦးသည် မြတ်စွာဘုရားရှင်အပေါ်တွင် မိမိ၏ သားအရင်းကဲ့သို့ ချစ်ခင်ကြင်နာကြသူများ ဖြစ်သည်။ မြတ်စွာဘုရားကလည်း သူတို့၏ ချစ်ခြင်းကို လက်ခံသည့်အနေအထား တွေ့ရသည်။ 
စာထဲတွင် နကုလပိတာ၊ နကုလမာတာဆိုသည်မှာ နာမည် (just name)မျှသာ ဖြစ်နေသော်လည်း စာရေးသူက ဝေါဟာရအဓိပ္ပာယ်ကိုလိုက်ပြီး စဉ်းစားမိသည်။ န = မဟုတ် +ကုလ = အမျိုး +ပိတာ = အဖေ၊ န = မဟုတ်၊ ကုလ = အမျိုး + မာတာ = အမေ။ ဟု အဓိပ္ပာယ်အသီးသီး ထွက်ရာ “အမျိုးမတော်သော အဖေနှင့် အမျိုးမတော်သော အမေ”ဟု အဓိပ္ပာယ်ရလေသည်။ အမှန်အားဖြင့်လည်း ထိုလင်မယားနှစ်ယောက်သည် ဘုရားရှင်နှင့်အမျိုးမတော်စပ်သူများ ဖြစ်သည်။ သို့ရာတွင် မိဘအရင်းအခြာများလို သံယောဇဉ်ကြီးမားသူများ ဖြစ်လေသည်။
(၆)
အထက်ပါ ဇာတ်လမ်းနှင့်ဆင်တူသော ဇာတ်လမ်းတစ်ပုဒ်လည်း ရှိပါသေးသည်။ လင်မယားနှစ်ယောက်သည် မြတ်စွာဘုရားကို တွေ့သည်နှင့် “ချစ်သားလေး၊ မိဘတွေကို မလုပ်ကျွေးဘဲနဲ့ ဘယ်တွေ သွားနေတာလဲ”ဟု ဆိုသည်။ ထို့အပြင် “အိမ်မှာ အမေလည်း ရှိနေတယ်၊ လာ၊ လိုက်ခဲ့၊ အမေ့ကို သွားတွေ့လိုက်အုံး”ဟု ဆိုသည်။ အိမ်ရောက်သောအခါ သူ၏ သားသမီးတို့ကိုလည်း “သားတို့ သမီးတို့ လာကြ၊ မင်းတို့ အစ်ကို လာပြီ၊ ရှိခိုးကြ”ဟု ဆိုပြန်သည်။
 မြတ်စွာဘုရားရှင်ကလည်း ထိုလင်မယားတို့၏ ချစ်ခြင်းမေတ္တာကို အသိအမှတ် ပြုတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်သည် သူ့ထံသို့ ဆွမ်းစားလာပင့်ပါက ထိုလင်မယားအိမ်သို့ သွားခိုင်းပြီး အခွင့်တောင်းခိုင်းလေ့ ရှိသည်။ ဆွမ်းဖိတ်သူမရှိသောနေ့တိုင်း မြတ်စွာဘုရားသည် ထိုလင်မယားအိမ်သို့ သွားရောက်ပြီး ဆွမ်းဘုဉ်းပေးတော်မူခဲ့သည်။
(၇)
ထိုဇာတ်လမ်းများတွင် မြတ်စွာဘုရားရှင်က အလိုလို ဖြစ်ပေါ်လာတတ်သော ချစ်ခြင်းမေတ္တာအကြောင်းကို ထုတ်ဖော်ဟောကြားခဲ့သည်။ ချစ်ခြင်းမေတ္တာသည် ၁။ ရှေးဘ၀များက အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ဖူးခြင်း၊ ၂။ ပစ္စုပ္ပန်ဘ၀တွင် အကျိုးစီးပွား အပြန်အလှန် ဖြစ်ထွန်းနိုင်ခြင်းဟူသော အကြောင်းနှစ်ချက်ကြောင့် ဖြစ်ပေါ်လာတတ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအချက်နှစ်ချက်ရှိလျှင် မြင်ကာမျှနှင့် ချစ်ခြင်းမေတ္တာများ ဖြစ်တတ်ကြောင်း ဟောကြားခဲ့သည်။
(၈)
အခေါ်အဝေါ်များက ပြောပြသော အဓိပ္ပာယ်များအကြောင်းကို စဉ်းစားရင်း အခေါ်အဝေါ်များ၏ အရေးပါမှုကိုပါ တစ်ပါတည်း စဉ်းစားမိခဲ့သည်။ လူ့လောကတွင် နေနေရသည့် လူတို့သည် အစစအရာရာ စိတ်ချမ်းမြေ့စေဖို့အတွက် ပြောဆိုဆက်ဆံရာတွင် ပထမဦးစွာ အခေါ်အဝေါ်များ ယဉ်ကျေးသိမ်မွေ့နေသင့်သည်။ တစ်နည်းအားဖြင့် မေတ္တာသံပါသော အခေါ်အဝေါ်လေးများကို အသားကျအောင် လေ့ကျင့်ခေါ်ဝေါ်သင့်ပါသည်။ 
မည်မျှနူးညံ့သော အခေါ်အဝေါ်ပင်ဖြစ်စေကာမူ အခေါ်အဝေါ်များ၏ နောက်တွင် ရိုးသားမှုတစ်ခု ရှိဖို့တော့ အထူးလိုအပ်လှပြန်သည်။ ရိုးသားမှုနောက်ခံထားခြင်းမရှိသော အခေါ်အဝေါ်များသည် ဓားသွားပေါ်က ပျားရည်စက်လေးများသဖွယ် ကြောက်စဖွယ် ကောင်းနေပါလိမ့်မည်။