Tuesday, November 22, 2011

ရန်ကုန်သွားတောလား (အဆက်)

ရန်ကုန်သွားတောလား (အဆက်)

ရန်ကုန်က နေအတော်ပူသည်။ အပြင်ထွက်လိုက်တိုင်း ခေါင်းကိုက်နေသည်။ ကျောင်းထဲမှာလည်း ပူသည်။ ပန်ကာလေးရှိလို့ တော်သေးရဲ့ဟု ဖြေသိမ့်ရသည်။ ပန်ကာလေးအောက်တွင် ကွန်ပြူတာလေးတစ်လုံးနှင့် မရှိတဲ့အလုပ်တွေ ရှုပ်နေရသည်။ ပြည်ပမှာလို အဲယားကွန်း၊ အချိန်တိုင်းသုံးနိုင်သော အင်တာနက်များကို အမှတ်ရသည်။ ဖုန်းလေးတစ်လုံး လုပ်ထားပြန်တော့လည်း လိုင်းမကောင်းတာနဲ့ စိတ်ညစ်တာနဲ့ မသုံးဖြစ်ပါ။ ဖုန်းဆက်ချင်ရင် ကျောင်းအောက်ထပ်မှာ လိုင်းမမိလို့ အပေါ်ထပ်ကို တက်တက်ပြေးနေရသည်။ ဖုန်းလာလို့ ပြေးတက်လိုက်၊ ဖုန်းဆက်လို့ ပြေးတက်လိုက်နှင့် စိတ်ကုန်မိသည်။ ဖုန်းကိုလည်း တိုးတိုးလေးပြောလို့မရ၊ အော်ပြောမှ ရတတ်သည်။ ထိုအကြောင်းကို ရန်ကုန်က သူငယ်ချင်းကို ပြောမိတော့ -ဟဟဟ ကိုယ်တော်က အခုမှ ကြုံရတာပါ၊ ကိုယ်တို့က နှစ်နဲ့ချီပြီး ခံစားလာရတာဟေ့-လို့ ဆိုသည်။

၁၅-ရက်နေ့က ဇာတိမြေ၊ ပျော်ဘွယ်ကို ပြန်ဖြစ်သည်။ ကားလက်မှတ်ဆိုင်ကို ကားကောင်းကောင်းလေး ဖြတ်ပေးပါဆိုပြီး လက်မှတ်ဖြတ်လိုက်သည်။ သတင်းစကားတွေအရ အသစ်ဖောက်လုပ်လိုက်သော လမ်းမှာ ကားမှောက်မှုကြောင့် သေဆုံးသူများ အတော်များနေပြီဖြစ်ကြောင်း သိရသည်။ မကြာခင်ကမှ နယူးမန္တလာထွန်းဘတ်စကားကြီး မှောက်လို့ လူ ၁၀ ယောက်ခန့် သေသည်ဟု ကြားရဖတ်ရသည်။ -ငါကတော့ တစ်လမ်းလုံး ကောင်းကောင်းကို မအိပ်ရဲဘူးကွာ၊ ဘုရားစာပဲ ရွတ်နေရတယ်-လို့ ခရီးသွားဖူးသော သူငယ်ချင်းက ဆိုသည်။

ကားက ည ၈-နာရီခန့် ထွက်သည်။ အဝေးပြေးဂိတ်မှာ ကားကောင်းကောင်းတွေ အတော်များလာတာ သတိပြုမိသည်။ ကိုယ်စီးမိသော ကားကတော့ ထိုင်ခုံများ လန်နေသည်။ ထိုင်ခုံပေါ်က ဆိုဖာက အောက်က ထိုင်ခုံနှင့် တစ်ခြားစီ ဖြစ်နေသည်။ ကားစီးနေရင်း ထိုင်ခုံကို ပြန်ပြန်ဆွဲတင်နေရသည်။ တစ်လမ်းလုံးကောင်းကောင်း အိပ်မရ။ အဝေးပြေးကနေ ထောက်ကြန့်ဘက်ထွက်ခါနီးမှာ စက်ရုံတွေ ရှိပုံရသည်။ ည ၉ နာရီခန့် အဲဒီနားရောက်တော့ အလုပ်သမ ကောင်မလေးတွေ ရာနဲ့ချီပြီး ထမင်းချိုင့်ကိုယ်စီနှင့် လမ်းဘေးမှာ တွေ့ရသည်။ မလေးရှားက အလုပ်သမားတွေလို အလုပ်လုပ်ရမှာတော့ သေချာသည်။ မလေးရှားက အလုပ်သမားတွေလို ပိုက်ဆံရကြပါစေလို့ ဆုတောင်းမိခဲ့သည်။

မကြာခင်မှာပဲ ကြပ်ပြေးလမ်းမသစ်ကြီးပေါ်သို့ ရောက်သည်။ လမ်းမ၀င်ခါစက တစ်ဖက်ကို ဆယ်လမ်းစာလောက် ကျယ်သည်။ မီးရောင်တွေ ၀င်းဝါလို့ နေသည်။ အဝေးပြေးကနေ ထောက်ကြန့်အထိ ကြားဖြတ်လမ်းမှာတော့ ကားတွေ များသည်၊ ဘာမီးတိုင်မှ မရှိ၊ လမ်းကလည်း ကျဉ်း အန္တရာယ်အတော်များသည်။ အခု ဒီလမ်းမမှာတော့ ကားလည်းမရှိ၊ မီးတွေ ထိန်ထိန်လင်းသည်။ ၂၀၀၉-ခုနှစ်က အိမ်အပြန်မှာ ရေးထားတဲ့ -မျက်ရည်များနှင့် မနမ်းပါနဲ့ - ဆိုတဲ့ ကိုယ်ရေးထားတဲ့ ၀တ္ထုလေးကို အမှတ်ရသည်။ လမ်းမပေါ်ရောက်တာနဲ့ ကားက အရှိန်မြှင့်သည်။

မကြာခင်မှာပဲ ဖြူးနားက ယာဉ်ရပ်နားစခန်းကို ရောက်သည်။ ယာဉ်ရပ်နားစခန်းကို ခမ်းနားစွာ လုပ်ထားသည်။ စားသောက်ဆိုင်ကြီးများက ထည်ဝါသည်။ ကျယ်သည်။ သန့်စင်ခန်းများကလည်း သန့်သည်။

တစ်ခုပဲ မျက်စိစပါးမွေး စူးခဲ့သည်။ ကားသမားက -ရွှေခရားကြီးမှာ စားကြပါ၊ ရွှေခရားကြီးမှာ စားကြပါ-လို့ အော်သည်။ ဒါနဲ့ ရွှေခရားကြီးထဲ ၀င်လိုက်သည်။ ၀င်ဝင်ချင်း အာရဗီစာတွေက ဆီးကြိုသည်။ -ငါ့ ခွီးတဲ့မှပဲ-လို့ ဆိုပြီး ပြန်လှည့်ထွက်ခဲ့သည်။ အရှင်ဘုရားထိုင်လေ၊ တပည့်တော် အအေးတိုက်မယ်လို့ ကားထဲမှာ ပါခဲ့တဲ့ အမျိုးသမီးတစ်ယောက်က ဆိုသည်။ ဟိုက စာတွေ ဘာတွေလဲဆိုတာ နင် မသိဘူးလားလို့ ဆိုတော့ မသိဘူးတဲ့။ အဲဒါ သူတို့ဘာသာမှ မြင့်မြတ်တာ၊ အခြားဘာသာတွေကို အမြဲတမ်း ခွဲခြားဆက်ဆံတတ်တဲ့သူတွေရဲ့ ဆိုင်ပဲ၊ ငါ ဘယ်တော့မှ အဲ့လို ဆိုင်းမျိုး မထိုင်ဘူးလို့ ပြောမိသည်။

မြန်မာနိုင်ငံ ဘာသာရေး လွတ်လပ်ခွင့်မရှိဘူးလို့ ဆိုကြသည်။ ချင်းပြည်နယ်မှာ ဗလီတွေ ဆောက်ဖို့ကြိုးစားသည်။ ငြင်းပယ်ခံရသည်။ ရခိုင်ပြည်နယ်မှာ မွတ်တွေကို နှိမ်တယ်လို့ ပြောကြသည်။ အချို့မြန်မာနလပိန်းတုန်းများကလည်း ဘာသာရေးလွတ်လပ်ခွင့်တွေအကြောင်း ပြောပြောနေကြသည်။ နှမပေးထားရတာတောင် ကုလားကို အားပေးချင်ကြသည်။ ဘရူနိုင်းလို၊ အာရပ်ကမ္ဘာလို၊ စတဲ့ မွတ်နိုင်ငံတွေမှာ ကိုယ့်ဘာသာကို ဘယ်လို သဘောထားသလဲဆိုတာကို နည်းနည်းလေးမှ မသိကြဘူးလား။ -စာရေးသူက ဘာသာရေး မခွဲခြားတတ်ပါဘူး-လို့ဆိုလျှင် အထက်က စကားတွေကြည့်ပြီး စာဖတ်သူက ရယ်ချင်ရယ်နေလိမ့်မည်။

စာရေးသူက ညီမျှစေချင်သည်။ မြန်မာနိုင်ငံမှာ ဗလီတွေ ဒီလောက် ခွင့်ပြုထားပြီးရက်နဲ့ မွတ်စလင်နိုင်ငံတွေမှာ ကိုယ့်ဗုဒ်ဓဘာသာကျောင်းတွေ ခွင့်မပြုချင်ရတာလဲ။ မလေးရှားမှာ ဗုဒ်ဓဘာသာကို ဘယ်လောက်အထင်သေးအမြင်သေး ဆက်ဆံတယ်ဆိုတာ သွားဖူးသူတိုင်း သိမှာပါ။ မဖြစ်သာလို့ ခွင့်ပြုလိုက်ရတဲ့ အနည်းငယ်သော အခွင့်အရေးများကလွဲပြီး ဘာအခွင့်အရေးမှကို မပေးတာပါ။ အင်မီဂရေးရှင်းကအစ ညစ်သည်။ မလေးရှားမှာ လုပ်ငန်းတစ်ခု တည်ထောင်ဖို့အတွက် မလေးလူမျိုးဖြစ်ဖို့နဲ့ မွတ်စလင်ဖြစ်ဖို့ လိုသည်။

ကိုယ့်နိုင်ငံမှာတော့ ဘယ်လို ဖြစ်နေသလဲ။ နိုင်ငံ့ခေါင်းဆောင်များအနေနဲ့ သတိပြုဖို့ လိုပါသည်။ လုပ်ငန်းတစ်ခု ရဖို့အတွက် အကပ်ကောင်းဖို့၊ လာဘ်များများထိုးဖို့သာ အရေးကြီးသည်၊ ဘာလူမျိုး၊ ဘာသာဖြစ်ဖြစ် အရေးမကြီး။ ဒီသောက်ကျင့်များကို ပြင်ဖို့လိုသည်။ ပြင်သင့်သည်။ မပြင်ချင်လည်း ရသည်။ ကိုယ့်နှမတွေကို စတုတ္ထမြောက်မယားအဖြစ် ပေးလိုက်ဖို့တော့ ပြင်ထားသင့်သည်။ သာသနာ့အလံတွေ မြေမှာချနင်းတာကို ကြည့်ဖို့ ခွန်အားများ မွေးထားသင့်သည်။ မိုဟာမက်ရဲ့ ဓားသွားအောက်မှာ သွေးသံတရဲရဲဖြစ်ခဲ့တဲ့ ကမ္ဘာ့သမိုင်းတွေကို ပြန်လေ့လာဖို့ သင့်ပါသည်။ အိန္ဒိယမှာ ဗုဒ်ဓဘာသာ ဘယ်လို နှိပ်ကွပ်ခံခဲ့ရသလဲ၊ မီးရှို့၊ ဓားခုတ်သတ်ဖြတ်ခံခဲ့ရတဲ့ ဗုဒ်ဓဘာသာဘုန်းကြီးတွေ ဘယ်လောက်များ ရှိခဲ့သလဲဆိုတာကို လေ့လာထားသင့်သည်။

ယာဉ်ရပ်နားစခန်းက ထွက်ခွါတော့ ဘေးခုံက ဒကာကြီးနှင့် စကားတွေ ပြောဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် သူက မွတ်စလင်တစ်ယောက်ဖြစ်နေသည်။ သူက အရှင်ဘုရား၊ တပည့်တော်နှင့် ပြောသည်။ ပျော်ဘွယ်ကလို့ ဆိုသည်။ စကားတွေ အတော်ပြောဖြစ်ခဲ့သည်။ ၁-နာရီလောက်ကြာတော့ အရှင်ဘုရား တပည့်တော် ဘုရားရှိခိုးတော့မှာမို့ ခဏဆိုပြီး ဘေးထိုင်ခုံမှာပဲ တတွတ်တွတ် ရှိခိုးနေတော့သည်။ ဘုရားရှိခိုးပြီး စကားဆက်ပြောတော့ -အရှင်ဘုရားနဲ့ စကားပြောရတာ ဗဟုသုတတွေ အတော်ရတယ်၊ ကျွန်တော်က ဘာသာရေးနှိပ်ကွပ်မှုတွေဆို အရမ်းမုန်းတာပဲ၊ အချို့ကိုယ်တော်တွေက ကျွန်တော်တို့ မွတ်စလင်တွေဆို ခွဲခြားဆက်ဆံကြတယ်-လို့ ဆိုတော့ ပြုံးမိသည်။ -အေးဗျာ ခက်တော့လည်း ခက်တယ်၊ ဒကာကြီးတို့ရဲ့ ဘာသာကတော့ ကောင်းမှာပါပဲ၊ ဒါပေမယ့် မွတ်စလင်မကျတော့ ဘာသာခြားတွေနဲ့ မယူဘို့ အတင်းအကျပ် တားမြစ်တယ်၊ မွတ်စလင်အမျိုးသားကိုတော့ အခြားဘာသာဝင်တွေကို ယူဖို့ တိုက်တွန်းတယ်။ မွတ်စလင်နဲ့ရသူဟာ မွတ်စလင်ပဲ ဖြစ်ရမယ်ဆိုတာကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်တယ်၊ အင်္ဂလန်နိုင်ငံက ဒကာကြီးတို့ရဲ့ မွတ်စလင်ခေါင်းဆောင်တွေပဲဗျ၊ သူက မွတ်စလင်တွေကို တိုက်တွန်းတာ၊ ကလေးတွေ မွေးကြဖို့၊ အင်္ဂလန်နိုင်ငံဟာ တစ်နေ့မှာ မွတ်စလင်တိုင်းပြည်ဖြစ်ရမယ် စသဖြင့်ပေါ့ဗျာ၊ အဲဒီလို တရားဝင်လူသိရှင်ကြားကို ဟောပြောကြွေးကျော်နေကြတာ ဒီလို စိတ်ဓာတ်မျိုးတွေတော့ ကျုပ်က မကြိုက်ဘူးဗျ။ ကြိုက်သလား၊ မကြိုက်သလားတော့ မသိ။ နားထောင်နေတဲ့ ဒကာကြီးက စိတ်မပါပုံပြပြီး ဂျာနယ်တစ်ခုကို ကောက်ကိုင်နေခဲ့သည်။

အခုတစ်လော ပြည်တွင်းပြည်ပမှာ ပွတ်လောရိုက်နေသော သတင်းတစ်ပုဒ်ရှိသည်။ မြန်မာနိုင်ငံနှင့် ရိုဟင်ဂျာပြဿနာဖြစ်သည်။ ဒီသတင်းတွေ ကြားတိုင်း စိတ်ဆိုးသည်။ စိတ်နာသည်။ မကျေမနပ်ဖြစ်သည်။ မြန်မာနိုင်ငံကို တရားမ၀င်ခိုးဝင်လာသူတွေက ရခိုင်ပြည်နယ်ဟာ သူတို့ နယ်မြေလို့ ပြောနေသည်။ အရင်က အားကိုးရပါတယ်ဆိုသော သတင်းဌာနများသည်ပင် ရိုဟင်ဂျာလက်ကိုင်တုတ်များ ဖြစ်နေကြသည်။ တွေးမိတိုင်း အရိုးနာသည်။ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသော ဒီမွတ်စလင် ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဟာ သူတို့ဒေသဖြစ်သတဲ့။ အငြင်းပွားစရာမရှိလောက်အောင် မှားယွင်းနေသော သမိုင်းအချက်အလက်များက လူရာဝင်လာတော့ ကိုယ့်အမျိုးကို ဆဲဖို့သာ တတ်နိုင်တော့သည်။

ပုံစံအမျိုးမျိုး၊ နည်းအမျိုးမျိုးတို့ဖြင့် အာဏာပိုင်များကို ပိုက်ဆံလာဘ်ထိုးပြီး ၀င်လာနေသော မွတ်စလင် ရိုဟင်ဂျာများက ယခုအထိ ရှိနေဆဲဖြစ်သည်။ ရိုဟင်ဂျာများ တဖွဲဖွဲ ခိုးဝင်လာကြတာကို ဘယ်သူမှ မတားနိုင်ကြတော့ဘူးလား။ စစ်တပ်အာဏာပိုင်များ၊ သူတို့နှင့်လက်ဝါးချင်းရိုက်စားနေကြသော ပွဲစားများ ချမ်းသာနေကြသည်။ ရိုဟင်ဂျာများကို ခိုးသွင်းနေသော ပွဲစားများတွင် ဗုဒ်ဓဘာသာဘုန်းကြီးများပင် ပါနေတော့ ငါပဲ ကိုင်တုတ်ချင်တော့သည်။

ပျော်ဘွယ်ကို မနက် ၅-နာရီခန့်မှာ ရောက်သည်။ ဘာမှ ပြောင်းလဲမှုမရှိသေးသော မြို့အ၀င်လမ်းလေးကို တွေ့ရသည်။ ရွာကိုသွားသော ကားများက မနက် ၇-နာရီမှဆိုတော့ မစောင့်နိုင်။ ဆိုင်ကယ်ကယ်ရီကို ၄၀၀၀-ပေးစီးပြီး ရွာကို သွားခဲ့သည်။ လမ်းက အရင်ကနှင့်စာလျှင် အတော်လေး ကောင်းနေသည်။ အေးစက်နေသော အညာဒေသလေကို အားပါးတရ ရှုရှိုက်မိသည်။ ခြေတွေလက်တွေက အေးခဲနေသည်။ လမ်းက လက်ဘက်ရည်ဆိုင်မှာ စူပါကော်ဖီတစ်ခွက် ၀င်သောက်သည်။ ကားဂိတ်မှာ လူတွေများသည်။ မနေ့ညက ဈေးဝယ်ပြီး ဒီနေ့မှ တောရွာသို့ ပြန်မည့်သူများက အများစု ဖြစ်လိမ့်မည်။ -ဆရာရေ မြန်မြန်သာမောင်းဗျာ၊ အမြန်ရောက်ပြီး ကွေးလိုက်ချင်ပြီ-ဟု ပြောကာ နတ်မောက်သို့ သွားရာလမ်းဘေးက မိခင်ရွာလေးဆီသို့ အရှိန်နှင့် ထွက်ခွါလာခဲ့ကြသည်။

အဆင်က မပြေချင်တော့ လမ်းမှာ ဆိုင်ကယ်ဘီးပေါက်သည်။ လမ်းဘေးက လေထိုးကျွတ်ဖာဆိုင်က လင်မယားကို နှိုးပြီး အကူအညီတောင်းသည်။ ကျွတ်လဲရမယ်။ နာရီဝက်ကြာမယ်လို့ ဆိုသည်။ - အမြန်ရောက်ချင်ပါတယ်ဆိုမှဗျာ - ဟု ဆိုင်ကယ်သမားကို ညည်းမိသည်။ သူကလည်း အားနာနေပုံရသည်။ သို့သော် ဘာမှ မတတ်နိုင်ပါ။ ကျွတ်က ဖာလို့ မရတော့ အသစ်လဲရမယ်ဟု ဆိုသည်။ ဆိုင်ကယ်သမားလေး မျက်နှာပျက်သွားသည်။ ကျွတ်အသစ်က ဘယ်လောက်တုန်းဗျဆိုတော့ ၃၀၀၀-ဘုရားဟု ဆိုသည်။ ဗျာ ဒီလိုဆို ကျုပ်ဆီက ရမှာက ၄၀၀၀ ထောင်ဆို၊ ဆီဖိုးက ၁၀၀၀ လောက်ကျမှာဆိုတော့ ခင်များအတွက် ဘယ်လိုလုပ် ကိုက်တော့မလဲဗျ - ဆိုတော့ - ဘယ်တတ်နိုင်မလဲဘုရား၊ ကံပေါ့ ဟု ဆိုသည်။ ကဲဗျာ ရော့ ၄၀၀၀ ပဲ ယူထားလိုက်၊ ကျုပ် နောက်တစ်စီး ငှါးသွားမယ် ဆိုတော့ ဟာ အရှင်ဘုရား မလုပ်ပါနဲ့၊ ၂၀၀၀ ပဲပေးပါ - ဟု ဆိုသည်။ ဆိုင်ကယ်သမားလေးကို အတင်းပေးပြီး ချမ်းအေးနေဆဲဖြစ်တဲ့ ကားလမ်းမပေါ် ထွက်ပြီး ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာခဲ့သည်။

ရွာအ၀င်ရောက်ခါနီးမှာ ရင်တွေ ခုန်နေသည်။ အမေတွေ့ရင် ဘယ်လောက်ပျော်နေလိုက်မလဲ။ ငါ့သား ဘယ်တော့ပြန်လာမှာလဲ၊ ရွာကို အပြီးပြန်မလာသေးဘူးလား၊ စာတွေက သင်လို့ မပြီးသေးဘူးလား၊ ဒီလောက်အကြာကြီး ဘာတွေ သင်နေတာလဲ၊ တရားဟောဓမ္မကထိကကြီး မလုပ်သေးဘူးလား၊ မေးခွန်းများဖြင့် အခက်တွေ့အောင်လုပ်တတ်သော အမေ့မျက်နှာကို မြင်ယောင်မိသည်။ ရွာအ၀င်လမ်းရောက်တာနဲ့ တိုးတက်လာသော ရွာအိမ်ခြေများက ဆီးကြိုနေသည်။ အရင်က ကားလမ်းမပေါ်မှာ အိမ်ဟူ၍ မရှိ။ အခု အမေ့သမီးကြီး၊ အစ်မလတ်၊ အစ်မငယ်တို့ အိမ်ဆိုင်သုံးခုအပါအ၀င် အိမ်ခြေ ၂၀-ခန့် ကားလမ်းဘေးမှာ ရောက်လာသည်။ အရင်က ရွာသည် မိုးတွင်းမှာ အလုပ်လုပ်၊ ဆောင်းနွေမှာ အေးအေးချမ်းချမ်း နေထိုင်စားသောက်နေကြသော ရွာလေးဖြစ်သည်။ အခုတော့ ဈေးဆိုင်များနှင့် ကားလမ်းဘေးကို ရောက်လာခဲ့ကြသည်။ စီးပွားရေးလုပ်ပုံတွေ ပြောင်းလဲ၊ စာရိတ္တမဏ္ဍိုင်တွေ ယိုင်းယိုင်၊ ၀တ်ပုံစားပုံ၊ ပြောပုံဆိုပုံတွေ ပြောင်းလဲ . ပြောင်းလဲမှုများစွာထဲက မပြောင်းလဲနိုင်သေးသောအချက်က ဆင်းရဲမွဲတေမှုနှင့် စာမတတ်မြောက်မှုတို့က အတွင်းလှိုက်ပြီး တည်ရှိနေသေးသည်။

Saturday, November 12, 2011

ရန်ကုန်သွား တောလား

(အရင် ၂၀၀၉-ခုနှစ် မြန်မာကို ပြန်တုန်းက ရန်ကုန်သွားတောလားဆိုပြီး အခန်းဆက်ရေးခဲ့တယ်။ အခု ၂၀၁၁-ခုနှစ်မှာ တစ်ခေါက်ပြန်တော့ ဆက်ရေးမိတယ်။ ပြည်ပတုန်းကလို ရေးရတာနဲ့တော့ နည်းနည်းကွဲတယ်။ ပြန်ဖတ်ကြည့်တော့ ရေးဟန်းပါ ပြောင်းလာတာ တွေ့ရတယ်။ ဒါကလည်း အပြောင်းအလဲများထဲက အပြောင်းအလဲတစ်ခုရဲ့ သရုပ်သကန်တစ်ခုလို့ပဲ ဆိုရမယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် စာရေးသူရဲ့ ခရီးစဉ်လေးကို ဖတ်ကြည့်ကြပေါ့။ တစ်ခုခုတော့ ရသွားမယ်ထင်လို့ တင်လိုက်ပါတယ်)

အချိန်နာရီ၊ စက္ကန့်တို့ တရွေ့ရွေ့ ပြောင်းလဲလာကြသလို စိတ်နေစိတ်ထား၊ အတွေးအခေါ်တွေ၊ ခံစားချက်တွေကလည်း အချိန်နဲ့တစ်ပြေးညီ လိုက်ပြောင်းလဲနေတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း တစ်နည်းပြောရရင် ဘ၀တစ်ခုလုံးရဲ့ အပြောင်းအလဲတွေဆိုတာ ဂရပ်ဖ်မျဉ်းလိုင်းလေးတွေလို အတက်အကျ အနိမ့်အမြင့်လေးတွေ ရှိနေကြတယ်။ တစ်ခါတစ်ရံ အတက်ဘက်ပြလိုက်၊ တစ်ခါတစ်ရံ အကျဘက်ပြလိုက်။ ဘ၀ဆိုတာ ငှက်ခါးငှက်လေးတွေ ပျံသန်းသလို အတက်အကျ အနိမ့်အမြင့်လေးတွေနဲ့ ရင်ခုန်စရာ ကောင်းနေတယ်လို့ ဆိုရမယ်ထင်တယ်။ ခံစားချက်၊ ခံယူချက်နဲ့ ဘ၀မှာ ပြောင်းလဲမှုအထူးလေးတွေ ကြုံလာရပြီဆိုရင် ကိုယ်လျှောက်လှမ်းခဲ့ရာ ဘ၀လမ်းခရီးတွေကို ပြန်လည်ငဲ့စောင်း ကြည့်မိတတ်ကြတယ်။

၂၀၀၉-ခုနှစ်က ရန်ကုန်ကို အလည်တစ်ခေါက်ပြန်ရောက်တယ်။ အဲဒီအချိန်တုန်းက သီရိလင်္ကာနိုင်ငံကနေ ပြန်လာခဲ့တာ။ သီရိလင်္ကာဆိုတာ (စာရေးသူအမြင်) မြန်မာ့အရိပ်၊ မြန်မာ့အငွေ့အသက်နဲ့ သိပ်ကွာတယ်လို့ မယူဆဘူး။ ဒါကြောင့် သီရိလင်္ကာကနေ သယ်ယူလာခဲ့တဲ့ ဘ၀အတွေ့အကြုံ၊ အတွေးအမြင်အသစ်တို့ဟာ မြန်မာ့မြေပေါ်မှာ ခြေချလိုက်တာနဲ့ ထူးထူးခြားခြား ဘာမှ မခံစားခဲ့မိဘူး။ ပျော်ရွှင်မှုလည်း အထူးတလည် မခံစားမိဘူး။ အခု မလေးရှားနိုင်ငံ၊ ပီနန်မှာ တစ်နှစ်နီးပါး နေလာခဲ့ရာက ပြန်လာခဲ့တော့ စိတ်က တစ်မျိုးပဲ။ ရောက်ရောက်ချင်း စာရေးချင်ပေမယ့် ဘယ်လို ဖော်ပြရမယ်မှန်း မသိဘူး။ ပျော်နေတာလား။ ပျော်နေတယ်ဆိုတာထက် လွတ်လပ်ပေါ့ပါးနေတယ်လို့ ဆိုရမယ်။

မလေးရှားနိုင်ငံကနေ ည ၇-နာရီခွဲခန့်မှာ လေယာဉ်ထွက်ခွါခဲ့တယ်။ မြန်မာ့လေကြောင်းဆိုတာ ဆေ့ဗ်မဖြစ်ဘူး.. ဘာဘာညာညာ အသံတွေကြောင့် အရင်က တစ်ခါမှ မြန်မာ့လေကြောင်းနဲ့ သွားဖို့ စိတ်ကူးမရှိခဲ့ဘူး။ ဒီတစ်ခါတော့ သူငယ်ချင်းက သယ်စရာပစ္စည်းတွေ များလို့ မြန်မာ့လေကြောင်း လက်မှတ်ဖြတ်ထားတယ်။ ဦးဇင်းဆီက ကီလိုလည်း တပည့်တော် ရချင်တယ်။ ဒီတော့ တပည့်တော်နဲ့အတူ မြန်မာ့လေကြောင်း ဖြတ်ပါ။ အတူပြန်ရအောင်လို့ ဆိုပါတယ်။ ဒီလို ၁၀-ရက်နေ့ ညနေ ၃-နာရီလေယာဉ်လက်မှတ် ဖြတ်ခိုင်းလိုက်တယ်။ ၉-ရက်နေ့ ညမှာ မြန်မာ့လေကြောင်း ဇာတိပြတယ်ဆိုရမလား မသိ။ ၃-နာရီလေယာဉ်က ည ၆-နာရီသို့ ပြောင်းလဲလိုက်ပြီလို့ ဆိုတယ်။ ကြိုတင် မသိသူများ စောင့်ဖို့သာပြင်။ ဦးဇင်းတို့က ကြိုတင်သိလိုက်တော့ ပြဿနာတော့ မရှိပါ။

လေဆိပ်ကို ညနေ ၄-နာရီလောက်မှာ ရောက်တယ်။ နိုင်ငံခြားသားရယ်လို့လည်း တစ်ယောက်မှ မပါဘူး။ အကုန်လုံး ကိုရွှေမြန်မာများသာ ဖြစ်နေတယ်။ ကိုရွှေမြန်မာတွေက ဇာတိပြနေတာလား၊ ဘာလားတော့ မသိဘူး။ ကောင်တာ တန်းစီတာ ကို့ရို့ကားယား၊ တန်းစီတာတောင် စနစ်တကျ မစီကြဘူး။ တန်းစီသူတွေကြားထဲလည်း တိုးဝင်သူက ၀င်။ လသားအရွယ်ကလေးလေးတွေ ပွေ့ထားတဲ့ သူတွေကလည်း ပါသေးတယ်။ ဒီလိုနဲ့ အင်မီဂရေ့ရှင်းဖြတ်ပြီးတော့ ရထားစီးပြီး လေယာဉ်ထွက်ခွါရာနေရာကို သွားကြတယ်။ အားလုံးက တောကနေ အလုပ်လာလုပ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ပြန်ကြသူတွေများတော့ တော်တော်များက ယောင်လည်လည်နဲ့ ဖြစ်နေကြတာ များတယ်။ မလေးရှားနိုင်ငံ၊ လေဆိပ်ကြီး လုပ်ထားပုံတွေကလည်း အံ့သြစရာတွေနဲ့ဆိုတော့ ကြည့်စရာ၊ ငေးစရာ၊ တွေးစရာ၊ ပြောစရာတွေက တယ်များသကိုး။

လေဆိပ်ထဲမှာ အချိန်ရတာနဲ့ ဟိုကြည့်ဒီကြည့် လိုက်ကြည့်ရင်း DUTY FREE ဆိုင်ထဲမှာ လျှောက်ကြည့်တယ်။ ချောကလက်မျိုးစုံ၊ စီးကရက်မျိုးစုံ၊ အရက်ပုလင်းမျိုးစုံ . ဗဟုသုတအနေနဲ့ ဈေးနှုန်းတွေ လိုက်ကြည့်ဖြစ်တော့ များသောအားဖြင့် အရက်ပုလင်းတွေက ရင်းဂစ် ၅၀၀၊ ၁၀၀၀- စသဖြင့် ရေးထားတာတွေ့တော့ မျက်လုံးပြူးမိပါတယ်။ မြန်မာပီပီ မြန်မာငွေနဲ့ လိုက်တွက်ကြည့်တော့ အားပါးပါး။ အရက်တစ်ပုလင်းကို ငွေ နှစ်သိန်းခန့်၊ ၄-သိန်းခန့်။ ဒါတောင် ဈေးလျှော့ထားတာတဲ့။ ဒီပုလင်းလေးတစ်ပုလင်းကို ဒီလို ငွေတွေ ဒီလောက်ပေးဝယ်ပြီး သောက်ကြတယ်။ ဘယ်လိုပါလိမ့် အော် . ဦးဇင်း ဉာဏ်မမီခဲ့ပါဘူး။

ဆိုင်ထဲမှာ ပြုံးမိတဲ့ စကားတစ်ခွန်းလည်း ရခဲ့ပါတယ်။ လေဆိပ်ထဲက ဒီဆိုင်တွေဟာ ပစ္စည်းတစ်ခုဝယ်ရင် ပတ်စပို့ထ် ပြရပါတယ်။ တစ်ယောက်ကို အကန့်အသတ်နဲ့သာ ၀ယ်ခွင့်ရှိလို့ပါ။ ခက်တာက ရွှေမြန်မာတွေထဲမှာ ပတ်စပို့ထ် မပါဘဲ မြန်မာသံရုံးက စာရွက်နဲ့ ပြန်လာသူတွေကလည်း ပါနေတယ်။ သူတို့မှာ သံရုံးက ပေးလိုက်တဲ့ စာရွက်ရယ်၊ လက်ဗွေနှိပ်ထားတဲ့ စာရွက်ရယ်၊ လေယာဉ်လက်မှတ်ရယ်ပဲ ပါပါတယ်။ ဒီတော့ ပတ်စပိုထ် မပါတဲ့ မြန်မာလူငယ်လေး နှစ်ယောက်က အရက်ပုလင်းတွေ ကိုင်ပြီး ငွေရှင်းကောင်တာမှာ ၀င်တန်းတယ်။ သူတို့ ဘယ်လို ဖြစ်ပျက်ခဲ့သလဲဆိုတာကို ဆက်မကြည့်ဖြစ်ခဲ့ဘူး။ ဆိုင်ထဲက ထွက်လာတာပဲ တွေ့လိုက်တယ်။ တစ်ယောက်က ဒေါကန်ကန် အမူအယာနဲ့ သောက်ရေးမပါတာကွာ၊ သူ့ဆိုင်က ပစ္စည်းလည်း ၀ယ်ရသေးတယ်၊ ပတ်စပို့ထ် ပြခိုင်းနေတယ်တဲ့။

၆-နာရီ မထိုးခင်မှာ နောက်ဆုံး လက်ဆွဲအိတ်တွေ လူတွေကို အစစ်ခံပြီး Waiting Room ထဲကို ၀င်ပါတယ်။ စိတ်ထဲမှာ ခဏနေရင် လေယာဉ်တက်ရတော့မယ်၊ တက်ရတော့မယ်နဲ့ စောင့်လိုက်တာ ၆-နာရီ လေယာဉ်က ၆-နာရီ ၄၅-မိနစ်ကျမှ လေယာဉ်ပေါ်ကို တက်ရပါတယ်။ စောင့်ရင်းစောင့်ရင်းနဲ့ ၇-နာရီ ၄၅-မိနစ်ကျလောက်မှ လေယာဉ်ဘီး စလိမ့်ပါတယ်။ သူငယ်ချင်းတစ်ပါးတုန်းကလို နောက်ရက်အထိ မရွှေ့ဆိုင်းလိုက်တာ၊ နောက်ရက်ကျတော့ လက်မှတ်ဒိတ်မပြောင်းလို့ဆိုပြီး အသစ်ဝယ်လိုက်ရတာမျိုး မဟုတ်တာပဲ ကံကောင်းလှချည်ရဲ့လို့ တွေးမိပါတယ်။

လေယာဉ်ပေါ်ရောက်တော့ ကလေးငယ်ပါတဲ့ မိသားစုကို ရှေ့ဆုံးခုံမှာ နေရာပေးထားတယ်။ ဒီတော့ သံဃာတွေအတွက် ထားတဲ့ခုံနဲ့ ကပ်လျှက်ပေါ့။ ကလေးကလည်း တစ်လမ်းလုံး ငိုလာတယ်။ နောက်က ကိုရွှေမြန်မာတွေကလည်း စကားပြောကြတာ ဆူညံနေတာပဲ။ အော် ဒုက္ခ ဒုက္ခလို့ ညည်းမိပါတယ်။ ပိုပြီး ကံဆိုးချင်တော့ ကလေးက အီးအီးပါလို့ နံစော်နေတာ နှာခေါင်းပိတ်လည်း မရ။ အောင့်အီးပြီး ရှူရှိုက်ခဲ့ရတယ်။ အော် ဒုက္ခ ဒုက္ခ .။

ရန်ကုန်လေဆိပ်မှာ ပစ္စည်းတွေများတော့ တော်တော်ကြာတယ်။ ပြူးတူးပြဲတဲကြည့်တတ်တဲ့ လေဆိပ်လုံခြုံရေးဝန်ထမ်းတွေရဲ့ ဟန်ကတော့ အရင်အတိုင်း မပြောင်းလဲသေးပါလားလို့ အောက်မေ့မိတယ်။ စစ်သားယူနီဖောင်းမြင်တိုင်း ၂၀၀၇-စက်တင်ဘာပုံရိပ်တွေက လျှပ်တပြတ်ဝင်ရောက် လာကြသေးတယ်။ ၂၀၀၉-မှာ တစ်ခေါက်ပြန်တုန်းက စစ်သားတွေက အိတ်တွေကို ကြက်ခြေခတ်ပြီး သူတို့ကိုယ်တိုင် လိုက်ပို့ကြတာလေ။

လေဆိပ်တက္ကစီတွေလည်း အကုန်သိမ်းပြီဆိုတော့ အပြင်တက္ကစီသမားတွေ တ၀ုန်းဝုန်းနဲ့ ဈေးခေါ်နေကြတယ်။ သူငယ်ချင်းကျောင်းက တာမွေမှာဆိုတော့ တာမွေထိ ကားခ ၄၀၀၀ ထောင်နဲ့ အဆင်ပြေတယ်။ အဝေးပြေးကနေ မန္တလေးကို သွားမယ့် အတူပါလာတဲ့ ကောင်လေးကို တက္ကစီခ ၃၀၀၀ ပေးပြီး ကျောင်းကို ရောက်ခဲ့တယ်။ ပိုက်ဆံဂဏန်းကြီးတွေအရ စိတ်က တွန့်တွန့်သွားပေမယ့် ရင်းဂစ်နဲ့ပြန်တွက်လိုက်ရင်တော့ မဆိုးဘူးလို့ ဆိုရမယ်။

၂-နှစ်လောက် ခွဲခွါခဲ့ရတဲ့ ရန်ကုန်ဟာ နွေးနေဆဲပါပဲ။ ကိုယ့်မှာတော့ ဘာတွေများ ပြောင်းလဲကုန်ပြီလဲဆိုတဲ့စိတ်နဲ့ ခပ်အန်းအန်း လိုက်ကြည့်နေဖြစ်တယ်။ ည ၁၀-နာရီခွဲခန့်ဆိုတော့ လမ်းဘေးဈေးဆိုင်တွေလည်း ခပ်ကျဲကျဲပဲ ကျန်တော့တယ်။ လမ်းဘေးဈေးဆိုင်တွေ သိမ်းလိုက်တော့ လမ်းမ၀ဲယာမှာ အမှိုက်ပုံကြီး ကျန်နေခဲ့တယ်။ ကျောင်းရောက်ပြီး ခဏနေတော့ သူငယ်ချင်းရာ တာမွေလမ်းမပေါ်ထွက်ပြီး လမ်းလျှောက်ချင်တယ်လို့ ပြောလိုက်တယ်။ အမှိုက်တွေကို ကျော်ရင်းခွရင်း နန္ဒ၀န်စေတီလေးကနေ တာမွေအ၀ိုင်းပတ်လည် လမ်းလျှောက်ဖြစ်တယ်။ ကိုယ့်လူရေ ပတ်ဝန်းကျင်က အမှိုက်သရိုက်တွေနဲ့ နံစော်နေတယ်။ ရှုပ်ထွေးနေတယ်။ ဒါပေမယ့် ငါ ဘယ်လိုလေးမှန်း မသိဘူး။ ပျော်နေတယ်လို့ ပြောခဲ့မိလိုက်တယ်။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails