Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Wednesday, March 17, 2010

၂၁-ရာစုမွာ.......

Eye for an eye တဲ့။ Bible ရဲ့ လမ်းညွှန်ချက်။ ယေရှုခရစ်တော် ဘယ်လောက်ပြင်ပေးပြင်ပေး။ မမြင်ကြလေတကား။ မပြောင်းကြလေတကား။ န ဟိ ဝေရေန ဝေရာနိ - အမုန်းတရာကို အမုန်းတရားဖြင့် မငြိမ်းစေနိုင်။ မြတ်ဗုဒ္ဓစကား။ လူဖြစ်လို့ အမုန်းတရားများဖြင့် ရှင်သန်နေကြတာကို ဘာမှ ပြောစရာမရှိ။ ဒီလိုတွေ တိရစ္ဆာန်သာသာ (တိရစ္ဆာန်တွေလိုလဲ ဖြစ်ချင်ဖြစ်မယ်) သတ်ဖြတ်နေကြတာကို တွေ့ရတော့ အံ့သြစရာဖြစ်ရ။ “ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့နိုင်ငံ”။ ရပ်တည်ချက်များဖြင့် အသက်ရှင်ကြသည်။ ရပ်တည်ချက်များဖြင့် လုပ်ဆောင်ကြသည်။ တရားသောရပ်တည်ချက်ဖြစ်ဖို့တော့ လိုအပ်သည်။ လမ်းညွှန်ချက်အမှား၊ ခံယူချက်အမှား၊ အတ္တကို အလွဲသုံးစားပြုမှုများဖြင့် သူ့သတ်၊ ကိုယ့်သတ်၊ ရက်စက်စွာ သတ်ဖြတ်မှုများ ထွန်းကားနေဆဲ ဖြစ်သည်။ ဆုံးရှုံးခြင်းများကို သင်ပုန်းမချေသေးသရွေ့ ကမ္ဘာကြီးမှာ သွေးများ စွန်းပေနေအုံးမည်။

1 comment:

အရှင်ကုသလသာမိ said...

Actually, i don't know who you are because i cannot read Chinese language (may be Japanese...i don't know).
I want to know you because you give me many comments...sometimes in Chinese language. Great thanks.