Sunday, November 22, 2009

ပီနန်ဆရာတော်ကြီးက သီဟိုဠ်သံဃာတွေကို အားကိုးပါတယ်လို့ ကြားဖူးတယ်

Custom Message မှာ “သီဟိုဠ်မှာ ငတ်ကြီးကျတွေက ပိုများတာပဲ……”ဟူ၍ ရေးလိုက်ပါတယ်။ စိတ်ထဲမှာ မကောင်းလွန်း၍ ရေးလိုက်ရခြင်းဖြစ်တယ်။ ကိုယ်လေးစားရသူတွေက အဲသလိုကြီးတော့ မရေးသင့်ဟု ဆုံးမကြတယ်။ ထို့ကြောင့် ဤနေရာမှာ ရေးရခြင်းဖြစ်တယ်။

ကိုယ့်မှာလဲ ကိုယ့်အကြောင်းနှင့်ကိုယ်။
ဒီကိုရောက်လာတဲ့ ဒီအုပ်စုဟာ

အမျိုးကို ဖျက်ဆီးသူများ ဖြစ်တယ်။
သာသနာကို ဖျက်ဆီးသူများ ဖြစ်တယ်။
ဘာသာကို ဖျက်ဆီးသူများ ဖြစ်တယ်။
အာဏာတည်မြဲရေးအတွက် ဘုရားကိုလဲ သေနတ်နဲ့ ပစ်ရဲသူများဖြစ်တယ်။
အပြစ်မဲ့ ပြည်သူတွေကို သတ်တယ်။

ကိုယ်ကျိုးအတွက် နိုင်ငံကို ဖျက်ဆီးသူများလဲ ဖြစ်တယ်။
အခုအချိန်အထိ အပြစ်မဲ့ပြည်သူတွေ ထောင်ထဲမှာ အကျဉ်းကျနေဆဲလဲ ဖြစ်တယ်။

တိုင်းပြည်မှာ ကျွန်ုပ်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်ဆိုသူလေးတွေကို ကြည့်ပါ။
ငဲ့ညှာစောင်းကြည့်ပါ။

သူတို့လေးတွေဘ၀ ဘယ်လို ရုန်းကန်နေရသလဲ။
ပညာတွေ တတ်မြောက်ကြသလား။
လူလိုသူလို နေခွင့်ရသလား။
စဉ်းစား။

ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်တယ်။
သူတို့ဟာ လောလောလတ်လတ် သံဃာတွေကို သတ်ဖြတ်ထားသူများ ဖြစ်တယ်။
ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာပဲ ငါတို့ဟာ ပြည်သူများလဲ ဖြစ်ကြတယ်။
တစ်ပြိုင်တည်းမှာ ငါတို့ဟာ အဖိနှိပ်ခံ လူတန်းစားများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာ ပြည်သူတွေဟာ အောက်ကျနောက်ကျ ဖြစ်နေကြရတယ်။
တစ်ပြိုင်တည်းမှာ သူတို့ဟာ ဂုတ်သွေးစုတ်နေကြဆဲလဲ ဖြစ်တယ်။
ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာ အာဏာရှင်တွေ စုတ်ယူဝါးမြိုလာတဲ့
ပြည်သူ့သွေးများကို သီဟိုဠ်သံဃာများက
အားရပါးရ စားသောက်လိုက်ကြတယ်။


တစ်ပြိုင်တည်းမှာ……………………………

1 comment:

ခြေလှမ်းသစ် said...

သံဃာတွေ အနေနဲ့ အာဏာပိုင်တွေ ဖက်က ရပ်တည်တာ မကောင်းပါဘူး ... အဖိနှိပ်ခံ ပြည်သူတွေ ဘက်ကသာ ရပ်တည်သင့်ပါတယ် ... လက်ရှိ စစ်အစိုးရ ဟာ သံဃာတောင် သတ်တယ်ဆိုတော့ ... စဉ်းစားလို့ မရတော့ တဲ့ အပိုင်းမှာ ရှိနေပါတယ် ... ဒီတော့ အမှန်တရားတွေကို အခုလို ရေးပေးတော့ ကျေးဇူးအထူးပါ ဘုန်းဘုန်း

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails