Sunday, September 28, 2008

ဌာနေသို့ အလွမ်းများ

ရထားကြီးက ပျင်းရိဖင့်နွဲ့စွာ မောင်းထွက်နေတယ်။ တညိမ့်ညိမ့်နဲ့။ နွေရာသီရဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ မြွေတစ်ကောင်လို တွားသွားလို့။ ပြွတ်သိပ်နေတဲ့ ခရီးသည်တွေကို စိတ်မပါတပါ သည်ဆောင်လို့။ သူ့မှာလဲ ချွေးတလုံးလုံးနဲ့။ လွမ်းနေမိပါတယ်။ ဘယ်ကို လွမ်းနေတာလဲ။ ဘာကိုမှ အတိအကျ မပြောနိုင်တဲ့ အရာများစွာကို လွမ်းနေခြင်း ဖြစ်ပါတယ်။ ကြည်မောင်သန်းရဲ့ အာရှတိုက်ရဲ့ တစ်နေရာမှာ ဆိုတဲ့ကဗျာထဲကလို
“ငါ လွမ်းနေခဲ့တာ
ကံခေပေမယ့် ချစ်စရာကောင်းနေတဲ့
တိုင်းပြည်တစ်ခုကိုပါ”။
ဟုတ်ပါတယ်။ ဖြစ်နိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ လွမ်းနေရပါတယ်။ ကံခေနေတဲ့ အမိတိုင်းပြည်၊ ပြီးတော့ ဘ၀တစ်ခုလုံးကို ကံကြမ္မာကိုပဲ အပ်နှံထားကြရတဲ့ သူတွေ။

သက္ကရာဇ်တွေက ပြောင်းပြောင်းလာပေမယ့် အမေ့အိမ်လေးက ပြောင်းမလာဘူး။ နွေပေါင်းများစွာ ဖြတ်ကျော်ပြီး ရွက်နုတွေ အခါခါဝေခဲ့ပေမယ့် ငါတို့အိမ်လေးက တစ်ခါမှ မလန်းဆန်းခဲ့ဖူးဘူး။ လူဖြစ်လာ ခဲ့ရပေမယ့် လူလို နေမသွားနိုင်ခဲ့ကြတဲ့ ငါတို့ ဘိုးဘွားများကို လွမ်းမိတယ်။ ငယ်ငယ်က အဘိုးပြောတဲ့ စကားကို အမှတ်ရနေသေးတယ်။ “ဒီဆေးပျင်းလိပ်လေးနဲ့ ဒီရေနွေးအိုးလေးရှိရင် တော်တော် ပြည့်စုံနေ ပါပြီကွာ”တဲ့။ ရိုးသားတဲ့ အေးချမ်းစွာနေတတ်တဲ့ ငါတို့ ဘိုးဘွားတွေရဲ့ ဘ၀များစွာကိုလည်း လွမ်းမိပါတယ်။
ကျောင်းတက်ချင်ပေမယ့် တက်ခွင့်မရတဲ့ အတွတ်တို့ မောင်နှမတစ်တွေကိုလည်း လွမ်းတယ်။ အတွတ်လေး သုံးတန်းအောင်တော့ ကျောင်းထွက်လိုက်ရတယ်။ ပိုက်ဆံမရှိလို့ မိဘတွေက မထားနိုင်ဘူး တဲ့။ အဲဒီအချိန်က မျက်ရည်တရွဲရွဲနဲ့ အတွတ်က “ကျောင်းဆက်တက်ချင်လိုက်တာကွာ”တဲ့။ ကလေးပီပီ ရိုးရိုးလေး ငြီးတွားခဲ့တယ်။ အတွက်ရေ အဲဒီတုန်းက မင်းမျက်နှာလေးကို ခုထိ ငါမြင်နေဆဲပဲ။ ခုတော့ အတွတ်တစ်ယောက် လယ်တဲတွေနဲ့ ပျော်လို့။ လူ့ဘ၀ဆိုတာ ဘာလဲလို့ အတွတ်ကို သွားမေးရင် စားမယ်သောက်မယ်။ လယ်ထွန်မယ်။ မိန်းမယူမယ်။ သားသမီးလေးတွေယူမယ်။ ပြီးရင် ခိုင်းစားမယ်။ ဒီလိုပဲ ဖြေလိမ့်မယ်။ ဟုတ်တယ်လေ။ သူ့ပတ်ဝန်းကျင်မှာ ဒီအတိုင်းပဲဖြစ်နေကြတာကိုး။ ကျောင်းထားပြီး ပညာသင်ပေးမယ်ဆိုတာလည်း သုံးတန်း၊ လေးတန်းက ပိုပြီး ထားနိုင်စွမ်း မရှိကြဘူး။ ဒါတောင် အတွက်တို့ရွာက အတန်းကျောင်းရှိလို့။ အတန်းကျောင်းမရှိတဲ့ ရွာတွေဆို ပိုဆိုးပြီ။
တစ်ချို့ရွာတွေဆို ရွာက ဘုန်းကြီးနဲ့ ရွာသားတွေက ကိုယ့်စရိတ်နဲ့ကို ကျောင်းဆောက်ပြီး ဆရာ ဆရာမတွေကို လခပေး သင်စေပါ့မယ်ဆိုပြီး ကျောင်းချပေးဖို့ အထက်ကို ပြောတာတောင် ခွင့်မပြုဘူး။ ဒါနဲ့ ခလေးတွေဟာ ကျောင်းတစ်ခါတက်ဖို့ နေ့စဉ်နဲ့အမျှ ခုနှစ်မိုင်၊ ရှစ်မိုင်လောက် လမ်းလျှောက်သွား တက်ကြရတယ်။ ကျောင်းတက်ဖို့ ဒီလောက်ခက်ခဲတဲ့ဒေသမှာ ခလေးတွေဟာ ဘယ်လိုလုပ်ကျောင်းပျော် နိုင်ပါ့မလဲ။ ခလေး ကျောင်းမပျော်တော့ ပညာတတ်ဘယ်မှာ ထွက်တော့ပါ့မလဲ။ ပညာတတ် အလိုမရှိ သောတိုင်းပြည်၊ ပညာတတ်မုန်းသောခေါင်းဆောင်၊ ဖားတတ်ယားတတ်မှ လူရာဝင်နိုင်တဲ့အဖွဲ့ အစည်း …..ဒီခေတ်မှာ လူဖြစ်လာရတဲ့ ငါတို့ကိုယ်က ယဇ်ကောင်တွေလို ဖြစ်လို့။ ဒါက အတွတ်တို့ ရွာနားက ကျွန်တော်သိတဲ့ ရွာလေးကို ပြောပြတာပါ။ ဒီထက် ကျောင်းတက်ဖို့ ခက်ခဲတဲ့ရွာတွေက ကျွန်တော် လွမ်း နေသော ပြည်လေးမှာ အများကြီး။
ကျွန်တော်တို့ ရွာနားမှာ ပိုက်လိုင်းကြီးတစ်ခုရှိတယ်။ အဲဒီပိုက်လိုင်းကြီးတွေကို ကြည့်ပြီး အဘွားက မှတ်ချက်ချတယ်။ “မောင်မင်းကြီးသားများ အလုပ်လုပ်ပုံကတော့ အံ့ပါရဲ့တော်။ တစ်နေ့တစ်ခြား တိုးတက်နေလိုက်တာ။ ဒီလောက်ကြီးကျယ်တဲ့ ပိုက်လုံးကြီးတွေ တစ်ခါမှ မမြင်ဖူးဘူး”တဲ့။ တကယ်တော့ အဘွားကို ပိုပိုပြီး လွမ်းမိတာ အဲဒါကြောင့်ပဲ။ ဒီပိုက်လုံးကြီးနဲ့ အဘွားတို့မြေက သယံဇာတတွေကို တစ်ဖက်နိုင်ငံကို အလကားနီးပါးပေးနေရတာကိုတော့ အဘွားတစ်ယောက်ဘယ်သိနိုင်ပါ့မလဲ။ အဘွားမှာ ကျောင်းမနေခဲ့ဘူးလို့ အသိအမြင် ဗဟုသုတက မကျယ်ဘူးလေ။ ဒီတော့ အဘွားတို့မှာ သမုဒ္ဒရာဝမ်း တစ်ထွာအတွက် ရုန်းကန်ရင်းသာ အချိန်ကုန်နေတော့တာ။ ပြာသလောက် နှမ်းမထွက်တဲ့ သူတို့ဘ၀ ကိုလည်း ပစ္စုပ္ပန်ဘ၀လုပ်ရပ်များနဲ့ ဘာမှ မဆိုင်ဘူး၊ ငါတို့ကိုယ်က အတိတ်ကံ မကောင်းခဲ့လို့ပါဆိုပြီး အတိတ်ကံကို မျက်နှာလွှဲပြီး ဘ၀ကို အေးအေးသာ လျှောက်လှမ်းနေကြတော့တာပဲ။ အဘွားရေ... အခုချိန်ထိ သားတို့အတိတ်ကံတွေက မကောင်းသေးဘူးလား။
တစ်နေ့သောအခါက စစ်သားတွေ ရွာထဲရောက်လာကြတယ်။ အတွတ်တို့ခမျာ စစ်သားမြင်ရင် လန့်နေတော့တာ။ စစ်သားတွေက တစ်အိမ်ဆင်း တစ်အိမ်တက်နဲ့ ဘာတွေများ လုပ်နေပါလိမ့်။ တွေးလို့မှ မပြီးသေးဘူး။ စစ်သားသုံးယောက် အတွတ်တို့အိမ်ရှေ့ရောက်လာတယ်။ လက်ထဲမှာ ရွှေတိဂုံဘုရားပုံ၊ ကျိုက်ထီးရိုးဘုရားပုံ….စတဲ့ ဘုရားပုံတွေကို ကိုင်လို့ပေါ့။ “ဒီဘုရားပုံတွေထဲက သုံးခုဝယ်ပါ”တဲ့။ အတွတ် အံ့သြသွားတယ်။ ဒီလို ဈေးသည်(သယ်)မျိုး တစ်ခါမှ မတွေ့ဘူးလို့ပေါ့။ ဘာမပြော ညာမပြောနဲ့ အတွတ် လည်း သူတို့ဝယ်ခိုင်းတဲ့ ပုံတော်တွေကို ၀ယ်ထားလိုက်ရတယ်။ အဘွားကတော့ ပြောတယ်။ “သြော် မောင် မင်းကြီးသားများက ငါတို့ ဆင်းရဲနေတာ မကြည့်ရက်လို့ ကုသိုလ်တိုးပြီး ချမ်းသာအောင် ပုံတော်တွေ လာရောင်းပေးတာဖြစ်မှာပါ”တဲ့။ အဘွားတို့ကို သိပ်လွမ်းတာပဲ။
စစ်ကြောင်းဆင်းပြီဆိုရင် ရွာသားတွေခမျာ နေစရာမရှိတော့ဘူး။ သူတို့လာရင် ရွာသူကြီးလည်း အလုပ်ကို ရှုပ်နေတော့တာပဲ။ သစ်သားတို၊ သစ်သားစရှိတဲ့သူတွေကလည်း သိမ်းရဆည်းရနဲ့။ သစ်တွေ တွေ့ရင် သစ်ခုတ်မှုနဲ့ သစ်ကိုသိမ်း၊ လူကို ဖမ်းအုံးမှာ။ သူတို့ကို ကျွေးမွေးဧည့်ခံရတာကလည်း အရက်နဲ့ ကြက်နဲ့။ သစ်လုပ်တဲ့သူတွေဆို စစ်သားမြင်ရင် ဖျပ်ဖျပ်လူး လန့်နေကြရတာ။ စက်တွေရော၊ ပစ္စည်းတွေ ရော အားလုံးကို သိမ်းသိမ်းသွားတတ်လို့လေ။ တစ်ခါတစ်လေကျတော့လည်း မက်မောလောက်စရာ ငွေလေး ဘာလေး ပေးလိုက်ရင် မသိမ်းဘဲ ပြန်သွားကြတာပါပဲ။ အဘိုးက ပြောတယ် “အစိုးရကတော့ သစ် တော မပြုန်းအောင် တော်တော်ထိန်းတာပဲ”တဲ့။ ဘယ်သူတွေ သစ်တောပြုန်းအောင် လုပ်နေသလဲဆိုတာ မသိရှာတဲ့ အဘိုးနဲ့အဘွားတို့ကို သိပ်လွမ်းမိတယ်။
အတွတ်တို့တစ်တွေလည်း လုပ်ရကိုင်ရ၊ စားရသောက်ရတာ တော်တော်ကျပ်တည်းလာပြီ။ ရာသီ ဥတုက မကောင်းလို့ သီးနှံက အထွက်မကောင်းဘူး။ သီးနှံအထွက်မကောင်းတဲ့ကြားထဲ ကိုယ့်ယာမှာ တောင် ကိုယ်စိုက်ချင်ရာ စိုက်ခွင့်မရှိပြန်တော့ ပိုပြီး အခက်တွေ့တော့တာပေါ့။
မနှစ်ကတော့ ၀ါကို အထူးစိုက်ရမယ်တဲ့။ လမ်းဘေး ယာတောမှန်သမျှ ၀ါခင်းတွေပဲ စိုက်ကြရ တယ်။ ခက်တာက ကြိုတင်ပြီးပြောထားရင်တော့ ဘာပြဿနာမှ မရှိဘူး။ ခုတော့ လမ်းဘေးက ယာတော မှာ အတွတ်က မြေပဲတွေစိုက်ပြီးသား။ တစ်နေ့က နုတ်ကြည့်တော့ ဥတွေတောင် ဥနေပြီ။ ရလိုရငြား ရွာသူကြီးကို ၀ါ မစိုက်ရဖို့ သွားတောင်းပန်တယ်။ ဘာပဲလုပ်လုပ်၊ နောက်ဆုံးတော့ နှမြောတသစွာနဲ့ မြေပဲခင်းလေးကို ဖျက်ဆီးပြီး ၀ါ စိုက်လိုက်ရတယ်။ ဘယ်ယာတောမှာ ဘာစိုက်ရမယ်ဆိုတာ လယ်ပိုင်ရှင်၊ ယာပိုင်ရှင်ထက် ဘယ်သူက ပိုသိနိုင်ပါ့မလဲ။ အတွတ်တို့ စိတ်ညစ်ရတဲ့ နှစ်ပါပဲ။ အတွတ်ရေ မင်းတို့ကိုသာ မဟုတ်ဘူး။ မင်းတို့ဘ၀လေးတွေကိုလည်း ငါလွမ်းတယ်။
ဒီနှစ်လည်း ထိုနည်းလည်းကောင်းပဲ အိမ်တိုင်းအိမ်တိုင်း ကြက်ဆူစိုက်ရမယ်တဲ့။ ကားလမ်းဘေးဝဲ ယာမှာ ကြက်ဆူစိုက်သွားနေရတဲ့ ဒုက္ခကလည်း မသေးဘူး။ နေ့စဉ်လိုလိုဆိုတော့ အလုပ်ပျက်တယ်။ အများပိုင်တဲ့ မြေနေရာတိုင်းမှာ ကြက်ဆူစိုက်ရတယ်။ ကိုယ့်မျိုးစေ့နဲ့ကို ၀ယ်ပြီးစိုက်ကြရတာ။ တစ်အိမ်ကို အပင်တစ်ထောင် စိုက်ရမယ်တဲ့။ ကိုယ်စားဖို့တောင် မနည်းရုန်းကန်နေရတဲ့ဘ၀မှာ အထက်က ဘယ်သူမှန်း မသိတဲ့ လူတွေအတွက် လုပ်ပေးနေရတာကများတော့ အတွတ်တို့ စိတ်ညစ်ရပြီပေါ့။ စိတ်ညစ်လည်း ဘာမှ မတတ်နိုင်ဘူးလေ။ အတွတ်ရေ..မင်းတို့ကို ငါ မျက်ရည်တွေနဲ့ လွမ်းတယ်။
ဒီကြားထဲ လုပ်အားပေးက သွားရသေးတယ်။ လုပ်အားပေးဆိုပေမယ့် လုပ်အားတင်မကဘူး။ ငွေအားပါ ပေးရတာ။ ကိုယ့်ကျောက်ခဲနဲ့ကိုယ် လမ်းဖောက်ရတာ။ ကျောက်စီရတာ။ အိမ်သာမရှိဘာမရှိ၊ တောထဲက လမ်းဘေးမှာ ဒီအတိုင်းအိပ်ရတယ်။ ငွေပန်းလူပန်း။ အလုပ်လုပ်ရတာကလည်း လွတ်လပ်မှုမရှိ။ လက်နက်ကိုင် စစ်သားတွေက အမြဲတမ်းဘေးမှာ စောင့်နေတာ။ အတွတ်ကို အဲဒီစစ်သားက ပြောတယ်တဲ့။ “ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူးဗျ။ အထက်က ခိုင်းလို့ လုပ်ရတာ။ ခင်ဗျားတို့ကြည့်ရတာ စိတ်မကောင်း ဘူး” “နောက်ဘ၀ကျရင် မြို့သားဖြစ်အောင် ဆုတောင်းဗျာ”လို့ ပြောတယ်တဲ့။ သူလည်း သူ့ ဗဟုသုတ အလျောက် ပြောတာဖြစ်မှာပေါ့။ အတွတ်တို့ လူငယ်တစ်သိုက် လုပ်အားပေးက ပြန်လာတဲ့ပုံကိုလည်း လွမ်းနေမိပါတယ်။ အတွက်ရေ..မင်းကို အဲဒီလို ပြောတယ်ဆိုတဲ့ ကျပ်ကျပ်တည်းတည်း အသက်မွေးနေရ တဲ့ စစ်တပ်အောက်ခြေလူတန်းစားတွေကိုလဲ လွမ်းမိတာပဲ။
အလွမ်းရေယဉ်ကြောမှာ လွင့်မျောနေမိတာ ဘာကိုမှ သတိမထားမိခဲ့ဘူး။ “အစ်ကို…အစ်ကို (ဒီ)မြို့မှာ ဆင်းမှာ မဟုတ်လား”။ ဘေးနားက ခရီးသည်က လက်တို့နှိုးမှ ကမန်းကတန်းထမိတယ်။ တန်း ပေါ်ကအထုပ်ကို ဆွဲချပြီး ရထားပြတင်းပေါက်ကနေ ခုန်ချလိုက်ရတယ်။ ခရီးသည်တွေက အများကြီး။ ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ….အလုအယက်တိုးဝှေ့ဆင်းနေကြရတယ်။ တစ်တွဲ လုံးနီးပါး ဆင်းကြတာဖြစ်ပေမယ့် (ဒီ)မြို့ မှာ ရထားက ငြိမ့်ရုံပဲ ငြိမ့်တာလေ။
လွင်ပြင်ရိုင်း
၂၄၊ ၀၆၊ ၂၀၀၈

ကံဆိုးမိုးမှောင်ကျခြင်း၊ တာဝန်မဲ့ခြင်း၊ စိတ္တဇနေ့ရက်များနှင့်ကျွန်တော်

ကံဆိုးမိုးမှောင်ကျခြင်း
ခုတော့လဲ ကမ္ဘာကြီးက သူမဟုတ်တော့သလို။ ငြိမ်သက်လို့။ ငြိမ်သက်မှုမှာ ကျွန်တော် အကြိမ်ကြိမ် အရသာခံခဲ့ဖူးပါတယ်။ ငြိမ်သက်မှုမှာ ကျွန်တော့်စိတ်တွေ အကြိမ်ကြိမ် အေးချမ်းခဲ့ဖူး ပါတယ်။ ငြိမ်သက်မှုကို ကျွန်တော် အကြိမ်ကြိမ် တမ်းတမက်မောခဲ့ဖူးပါတယ်။ ခုတော့……..
ငြိမ်သက်နေတဲ့ ကမ္ဘာကြီးရဲ့ တစ်နံတစ်လျား ရပ်ဝန်းလေးတစ်ခုဟာ ခြောက်ခြားဖွယ်။ သုသာန်တစပြင်လို သွေးပျက်ဖွယ်။ အဖေ ဘယ်ရောက်သွားပြီလဲ၊ အမေ ဘယ်ရောက်သွားသလဲ။ ကျွန်တော့်အချစ်ဆုံး ညီမလေးကော ဘယ်ရောက်သွားခဲ့ပြီလဲ။ ပြီးတော့ ကျွန်တော့်သူငယ်ချင်း များစွာ…. များစွာ……များစွာ။ ဘယ်များရောက်ကုန်ကြပြီလဲ။ ခု…ကျွန်တော် မြင်နေရတဲ့ ရှုခင်းတွေက တကယ်လား၊ အစစ်အမှန်ဟုတ်ရဲ့လား။ ကျွန်တော် အိပ်မက်,မက်နေတာများဖြစ်မလား။ တွေးရင်း တွေးရင်း ကျွန်တော့်စိတ်တွေ ခြောက်ခြားလာတယ်။ ဘာရယ်မှန်း စဉ်းစားလို့ မရတော့။ ကျွန်တော် ရှိုက်ကြီးတငင် ငိုကြွေးပစ်လိုက်တယ်။


ကျွန်တော်တို့ရွာမှာ မနေ့ကတဲက လေအတော်တိုက်တယ်။ လေက တဖြည်းဖြည်းနဲ့ ကြမ်း ကြမ်းလာတယ်။ “လေတွေအရမ်းတိုက်နေတယ်၊ မီးဘေးအန္တရာယ်ကြောင့် မီးဖိုက မီးတွေ ငြိမ်းသက် ကြဖို့” ရွာထဲမှာ လူကြီးတွေ လိုက်လံပြောနေကြတာတွေ့ရတယ်။
နေ့ခင်းက လယ်တောမှာ အလုပ်များခဲ့ကြတော့ ကျွန်တော်တို့ရွာက ည ၉-နာရီဆို အိပ်နေ ကြပြီ။ မှတ်မှတ်ရရ မနေ့က ကျွန်တော်က ဘကြီးဖိုးဆောင်တို့အိမ်က လယ်တောမှာ အလုပ်လုပ်ကူ ရတယ်။ အရမ်းပင်ပန်းတော့ ၉-နာရီတောင် မရှိသေးဘူး။ အိပ်ငိုက်နေပြီ။ ဒါပေမယ့် ရွာမှာ လေက အရမ်းတိုက်နေတာနဲ့ တော်တော်နဲ့အိပ်မပျော်ဘူး။ ၈-နာရီလောက်က ညီမလေးရယ်၊ သူ့ခင်ပွန်းရယ်၊ ၅-နှစ်အရွယ် ကျွန်တော့်တူလေး သန်းထိုက်ရယ်၊ ကျွန်တော်တို့အိမ်ကို ရောက်လာကြတယ်။ သူတို့ အိမ်က ရွာအစွန်မှာ၊ အိမ်ကလဲသေးသေးလေး။ “လေက အရမ်းတိုက်တာ အစ်ကိုရဲ့၊ ညီမတို့အိပ်လို့ မရဘူး၊ ခေါင်မိုးတွေလဲ လန်နေပြီ၊ အဲဒါ ဒီည ဒီမှာ အိပ်ဖို့ဆိုပြီး လာခဲ့ကြတာ”လို့ ပြောပါတယ်။
အေးအေးဆေးဆေးပါပဲ။ လေတိုက်တာများ အဆန်းလုပ်လို့။ ကျွန်တော်တို့အတွက်တော့ ဒီလောက်လေတိုက်တာကတော့ ရိုးနေပြီ။ သန်းထိုက်လေးကို ညီမလေးက သြကာသတွေ တိုင်ပေးပြီး ဘုရားရှိခိုးကာ ကျွန်တော်တို့ အိပ်ယာဝင်ခဲ့ကြတယ်။ လေက တဝေါဝေါ တိုက်ခတ်နေဆဲ။ အိပ်ယာဝင် ခါနီး ညီမလေးက “အစ်ကိုကြီး မနက်ဖြန်ကျရင် အိမ်ကိုလာခဲ့အုံးလေ၊ အိမ်က အမိုးတွေ ခုလောက်ဆို အကုန်ပြုတ်ကုန်လောက်ပြီ”လို့ ပြောခဲ့တယ်။ တူလေးကလဲ “ဦးဦး နောက်တစ်ခါ မြို့သွားရင် ကားရုပ် လေးဝယ်ခဲ့အုံးနော်”လို့ ပြောခဲ့တယ်။ တောင်ရောက်မြောက်ရောက်စကားတွေ ပြောရင်း ကျွန်တော်တို့ အိပ်ပျော်သွားကြတယ်။
ကျွန်တော်ကိုယ်တိုင်ကော ဒီမှာ ရှိနေတာ သေချာရဲ့လား။ လူဆိုလို့ တစ်မြည်းတစ်ကောင်မှ မတွေ့ရဘူး။ ရွာဘက်ကို ခြေဦးလှည့်ခဲ့တယ်။ ကဆုန်လပြည့်ကျရင် ညောင်ရေသွန်းလောင်းဖို့ ပြင်ဆင်ထားတဲ့ ဗောဓိညောင်ပင်ကြီးလဲ တစ်စစီလဲပြိုနေပြီ။ ကျွန်တော် ရွာဘက်ကို သွားရမှာ မ၀ံ့မရဲ ဖြစ်နေမိသေးတယ်။ ဒါပေမယ့် သွားမှ ဖြစ်မှာပါလေဆိုပြီး အားတင်းသွားခဲ့တယ်။ “အိုး….ဘုရား. ဘုရား….အိမ်တွေအားလုံး ပြိုကျလို့ပါလား၊ လူသေအလောင်းတွေက မြင်မကောင်း ရှုမကောင်း၊ နွား တွေ၊ ခွေးတွေ…စတဲ့ တိရစ္ဆာန်အသေကောင်တွေကလဲ အများကြီး”။ ဆက်လျှောက်လာခဲ့တယ်။ ဒီအတိုင်းပဲ။ “ဒါ ငါတို့ ရွာကော ဟုတ်ရဲ့လား၊ ငါ အိပ်မက်ဆိုးတွေ မက်နေတာ ဖြစ်ပါစေ”လို့ ဆုတောင်းနေမိတယ်။
တစ်စုံတစ်ယောက်က ညှို့ယူဖမ်းစားထားခံရသူတစ်ယောက်လို လေးလေးပင်ပင် ဖင့်ဖင့် နွဲ့နွဲ့ နဲ့ တစ်လှမ်းချင်း ခေါင်းငိုက်စိုက်ချပြီး ကျွန်တော် လျှောက်သွားနေမိတယ်။ အားရပါးရ၊ တအံ့တသြ၊ အော်လိုက်တဲ့ အသံ။ “ဟေး…ဟေး…ထွန်းမောင်ကြီး မသေသေးဘူးဟေ့”။ တစ်ရွာလုံး ရစရာမရှိ အောင် ပျက်စီးပြီး အားလုံးနီးပါး သေဆုံးပျက်စီးခဲ့ရပေမယ်၊ အဆိုးထဲကအကောင်း ကျွန်တော်တစ် ယောက်ကျန်သေးတာ တွေ့ရလို့ ခဏတာ ပျော်လိုက်မိကြသေးတယ်။ မကြာပါဘူး။ ဘာမပြော၊ ညာမ ပြောနဲ့ မောင်သန်းက ထပြီး “ဟီး…”ခနဲ ငိုလိုက်တော့ အားလုံး ဘာစကားမှ မပြောဘဲ ငိုလိုက်ကြ ပြန်တော့တယ်။ ဘာစကားမှလဲ ပြောစရာမရှိဘူးလေ။ ငါ့အဖေ၊ ငါ့အမေ၊ ငါ့အစ်ကို၊ ငါ့ညီမ၊ ငါ့ညီလေး၊ ………………ငါ့ချစ်သူ…..။ သူတို့ကို တွေ့မိကြသေးလား။
ကျွန်တော်တို့ မေးချင်တာ အဲဒါ တစ်မျိုးပဲ။ ဒါပေမယ့် ကျွန်တော်တို့အားလုံး သိနေကြတယ်။ ကျွန်တော်တို့မှာ အဲဒီအတွက် အဖြေမရှိဘူး။
တာဝန်မဲ့ခြင်း
“ကဲ ငါတို့ ဘာဆက်လုပ်ကြမလဲ”၊ “ပထမဆုံး မသေမရှင် ရှိနေနိုင်တဲ့ သူတွေကို လိုက်ရှာရ မယ်”၊ “နောက်ပြီး စားစရာလဲ ရှာကြအုံးဟ”၊ တစ်ယောက်တစ်ပေါက်နဲ့ စဉ်းစားအဖြေရှာနေကြတယ်။ စကားသာပြောနေရတယ်။ အသံက အပြင်ကိုရော ရောက်ရဲ့လားဆိုတာ မသေချာဘူး။ ပထမဆုံး ကျွန်တော်တို့ အလောင်းတွေကို စုပြီး ပုံထားကြတယ်။ ကျွန်တော်တို့ရွာမှာ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက်အပါအ၀င် ၁၅-ယောက်ပဲ တွေ့ရတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် စုကြတာ ခုဆို (ညနေ ၄-နာရီ) အလောင်းတွေက တစ်ရာနီးပါး ရှိနေပြီ။ ပုံမှန်အတိုင်းဆို ကျွန်တော်က သရဲ အရမ်းကြောက်တတ်တာ။ ခုတော့ ဘာကို ကြောက်ရမှန်းကို မသိတော့ပါဘူး။
ကျွန်တော်တို့ ဒီလို အလောင်းတွေ၊ တိရစ္ဆာန်သေကောင်တွေကိုရှင်းရင်းနဲ့ နှစ်ရက်တောင်တိုင် လာခဲ့ပြီ။ စားစရာကလဲ လုံလုံငငမရသေးဘူး။ ရှိတာလေးနဲ့ ဖြစ်သလိုမျှစားနေကြရတယ်။ နေရ ထိုင်ရတာလဲ မကောင်းတော့ဘူး။ ညက ကျွန်တော်တို့ထဲက အကြီးဆုံး ဦးကြီးမောင်ဖွင့်တဲ့လေဒီယိုကို ၀ိုင်းနားထောင်တော့ အကူအညီတွေ အမြန်ဆုံးပေးနေပြီတဲ့။ မြန်မာ့အသံက ကြေညာသွားတယ်။
ကျွန်တော်တို့မှာတော့ မျှော်လင့်လိုက်ရတာ။ ခုချိန်ထိ ဘာမှ ရောက်မလာသေးဘူး။ ကျွန်တော် တို့ဘ၀ရှေ့ရေးဆိုတာ မပြောနဲ့အုံး။ လက်တလော ပုတ်စော်နံနေတဲ့အလောင်းတွေ၊ အသေကောင် တွေကို ဘယ်လိုဆက်လုပ်ကြမလဲ။ ကျွန်တော်တို့မှာ ဘယ်နေရာသွားသွားအနံ့တွေက နံနေတယ်။ အဆိုးဆုံးက ရွာထဲက ရေတွင်းတွေ အားလုံးက ပျက်စီးကုန်ပြီ။ ကျွန်တော်တို့မှာ သောက်စရာရေက မရှိဘူး။
သုံးရက်မြောက်နေ့မှာ စစ်သားတွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ ရွာကို ရောက်လာကြတယ်။ ကျွန်တော်တို့အားလုံးလဲ ဒီရွာက ထွက်ရမယ်လို့ ပြောတယ်။ သူတို့နဲ့ပါလာတဲ့ စားစရာနဲ့ရေသန့်ဗူးတွေဟာ ကျွန်တော်တို့အတွက် နတ်သုဒ္ဓါတမျှ တန်ဖိုးကြီးလှပါတယ်။ ဒါပေမယ့် လောက်လောက်ငငတော့ မစားရဘူးပေါ့ဗျာ။ ကျွန်တော်တို့တစ်ဖွဲ့လုံး စိတ်မပါတပါနဲ့ မအူပင်ကို ထွက်ခဲ့ရတယ်။ ဘယ်လိုအခက်အခဲပဲတွေ့တွေ့၊ ဘာအနိဋ္ဌာရုံပဲဖြစ်ဖြစ် ကျွန်တော်တို့ရွာသားတွေကို လူနည်းလူဟန်နဲ့ မြေမြုပ်သဂြိုဟ်ချင်တယ်ဗျာ။ ခုတော့ သူတို့ဟာ ကျင်းအကြီးကြီတစ်ခုတူးပြီး အားလုံးကို စုပြုံမြှုပ်နေကြတာ။ စိတ်မကောင်းလိုက်တာဗျာ။
ဘာမှမသိတဲ့ကျွန်တော်လို တောသားတောင် နားလည်ပါတယ်ဗျာ။ ကျွန်တော်တို့ဆီမှာ အကူအညီတွေ အရမ်းကို လိုအပ်နေပါတယ်။ ခု လုပ်နေတဲ့ အနေအထားနဲ့ ဘယ်လိုမှ မလုံလောက် ပါဘူး။ အစားအသောက်မလုံလောက်ဘူး၊ ဆေးမလုံလောက်ဘူး၊ နေစရာမလုံလောက်ဘူး။ ဘာဆို ဘာမှ မပြည့်စုံပါဘူးဗျာ။ ဒါတောင် နိုင်ငံခြားအကူအညီတွေကို ဘာလို့များ ငြင်းနေရတာလဲ။ ကျွန်တော်ဖြင့် နားကို မလည်နိုင်ပါဘူး။ ဒီမှာလုပ်နေတဲ့ဆရာဝန်တွေလဲ သိပ်ကို ပင်ပန်းနေပါပြီ။ ခြောက်ခြားဖွယ်အဖြစ် အပျက်ကြီးထဲမှာ စိတ်မကောင်းဖြစ်နေရတဲ့ကြားထဲ အာဏာပိုင်တွေရဲ့ အေးအေးဆေးဆေ နေနိုင်မှုတွေကြောင့် ဒေါသတွေ ထွက်မိတယ်။ ဘယ်လိုမှ မခံစားနိုင်ဖြစ်ရတယ်။
ခု လုပ်ပုံကိုင်ပုံတွေက သိပ်ကို နှေးကွေးလွန်းတယ်။ တစ်ချို့ဆို မုန်တိုင်းထဲက လွတ်မြောက် ခဲ့ပေမယ် ကျန်းမာရေးထိခိုက်ပြီး သေဆုံးနေကြရတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေက အများ ဆုံးပဲ။ ရှိတဲ့အိုးမဲ့အိမ်မဲ့တွေနဲ့ စားစရာ၊ နေစရာ……..ဘာမှကို မရှိတာ။ ကျန်းမာရေးတွေလဲ အကုန် ထိခိုက်လာကုန်ပြီ။ ၀မ်းလျှောနေသူတွေကလဲ တစ်ယောက်ပြီးတစ်ယောက်။ အဆိုးဆုံးက အိမ်သာက အလုံအလောက်မရှိဘူး။
အလှူရှင်တွေကတော့ ပေါ်ပါတယ်။ လှူတဲ့သူတွေလဲ လှူနေကြတာပဲ။ ဒါပေမယ့် တာဝန်ခံ လူကြီးက သူတို့ကို အရင်အပ်ရမယ်ဆိုလို့ အလှူရှင်တွေက အယုံအကြည်မရှိဘူး။ ကြားထဲက ဒုက္ခသည်တွေက ပိုပိုပြီး မပြည့်မစုံဖြစ်လာရတယ်။ လာဘ်စားတယ်ဆိုတာ ကျွန်တော်တို့ ပြည် ထောင်စု မြန်မာနိုင်ငံတော်ရဲ့ သင်္ကေတလို ဖြစ်နေပြီ။ ဒီအတွက် ကျွန်တော်သိပ်မပြောလိုတော့ပါဘူး။ ဒါပေမယ့် ခုလို…..ခုလို ဒုက္ခအကြီးအကျယ်ရောက်နေတဲ့အခါမျိုးမှာတော့ လုပ်မစားသင့်ပါဘူးဗျာ။
လေးရက်မြောက်နေ့မှာ လူကြီးတွေရောက်လာတယ်။ လာပြီးအားပေးစကားပြောတာပေါ့။ ဘာမှစိတ်မပူကြနဲ့။ အားလုံးအခြေအနေကောင်းသွားပြီ။ ကျွန်တော်တို့က ခင်ဗျားတို့ကို အစစအရာရာ ကူညီသွားမှာပါလို့ ပြောသွားတယ်။ “မှာပါ”ဆိုတာက ဘာကြီးလဲဗျာ။ ခုတောင် အကူအညီမရလို့ သေနေတဲ့သူတွေက သေနေကြပြီ။ ရောဂါဖြစ်နေတဲ့သူတွေက အသည်းအသန်ဖြစ်နေကြပြီ။ ဒီပြော နေတဲ့အချိန်မှာတောင် အရမ်းအရမ်းကို၊ အလွန့်အလွန်ကို နောက်ကျနေပြီ။ ဒါတောင် လက်ထဲမှာ ဘာမှမပါဘဲ “မှာပါ”ဆိုတဲ့စကားကို ပြောရက်တယ်။
ကျွန်တော့်စိတ်ထဲမှာ ဒေါသအထွက်ဆုံး၊ နာအကျည်းဆုံးက “ခင်းဗျားတို့လိုအပ်တာကို ကျုပ်တို့ ကူညီမယ်၊ ပြီးတော့ လာမယ့် ဆန္ဒခံယူပွဲကျရင် ထောက်ခံမဲတွေလဲ ထည့်ကြအုံးနော်”တဲ့။ မျက်နှာပြောင်တိုက်ပြီး သူမို့လို ပြောရက်တယ်ဗျာ။ ကျွန်တော်တို့အဖွဲ့ကို စိတ်ရောကိုယ်ပါ ကူညီနေတဲ့ စစ်ဗိုလ်ဆရာဝန်လေးကတော့ ပြောတယ်။ “လူကြီးတွေက ဆန္ဒခံယူပွဲလောက် ခင်ဗျားတို့ကို ဂရုစိုက် တာ မဟုတ်ဘူးဗျ”တဲ့။
စိတ္တဇနေ့ရက်များနှင့်ကျွန်တော်
မနက်ဖြန် ကျွန်တော်တို့ ပြန်ရတော့မယ်။ ရောက်ပြီး တစ်ရက်အကြာမှာပဲ ကျန်းမာတဲ့သူတွေ ဒီမှာမနေရဘူး။ ပြန်ကြတော့တဲ့။ ဟုတ်ပါပြီ။ ကျွန်တော်တို့ ဘယ်ကို ပြန်ရမှာလဲ။ ဟုတ်ပါပြီ။ ကျွန်တော်တို့ ရွာကို ပြန်ပါပြီတဲ့။ ဘာသွားစားမလဲ။ ရေဘယ်က သောက်ရမလဲ။ ဘယ်မှာနေရမှာလဲ။ ကျွန်တော်လဲ လူငယ်ပီပီ ကိုယ့်အားကို ကိုးချင်တာပေါ့ဗျာ။
အာဏာပိုင် ဗိုလ်ချုပ်ကြီးတွေအနေနဲ့ နိုင်ငံခြားအကူအညီကို လက်ခံဖို့ အဆင်သင့် မဖြစ်သေး ဘူးဆိုသလိုပဲ ကျွန်တော်တို့လဲ ရွာကို ပြန်ဖို့ အဆင်သင့်မဖြစ်သေးပါဘူးဗျာ။
“ခင်ဗျားတို့က ဘာသိလို့လဲ၊ နိုင်ငံခြားအကူအညီဆိုတာ ယူတိုင်းကောင်းတာမဟုတ်ဘူး၊ သူတို့ က ကျုပ်တို့သယံဇာတတွေကို မက်မောလို့ ထောင်မြင်ရာစွန့်တဲ့အနေနဲ့ လာလှူကြမှာဗျ၊ အဲဒါကြောင့် မို့လို့ လူကြီးတွေက သေချာစိစစ်ပြီးမှ လက်ခံနေတာ”တဲ့။ ကြံ့ဖွံ့လူကြီးတစ်ယောက်က ပြောတယ်။ ဒါမျိုး ငတုံးတွေရှိနေသမျှတော့ ကျွန်တော်တို့ပြည်သူတွေ ဒုက္ခတောနက်ထဲမှာ တ၀ဲလည်လည် ဖြစ်နေ အုံးမှာပဲ။ တဖြည်းဖြည်း ကျွန်တော်လဲ အရှုးတစ်ယောက်လို ဖြစ်လာခဲ့ပြီ။
လေတွေ စတိုက်တဲ့ညတုန်းကသာ ဒီလို ကြီးကျယ်တဲ့မုန်တိုင်းကြီး တိုက်ခတ်လာနိုင်တယ်လို့ ကြိုတင်သတိပေးမှုလေးများရှိခဲ့ရင် မေမေ၊ ဖေဖေ……ချစ်တဲ့ညီမလေး…တူလေးသန်းထိုက်…ငါတို့ရွာ သားများ….. ဒီလောက်အများကြီး မသေလောက်ဘူးလို့ တွေးမိတော့ ရင်ထဲမှာ တဆစ်ဆစ်နာကျင် လာတယ်။ ငိုဖို့တောင် မျက်ရည်က မရှိတော့ဘူး။ ခံစားဖို့ ရင်ဘက်က ကွဲနေပြီ။ အရူးတစ်ပိုင်းနဲ့ကျွန်တော်…..။
ခု ဒုက္ခသည်တွေရဲ့အခက်အခဲက သယံဇာတတွေထက် တန်ဖိုးရှိပါတယ်ဗျာ။ သူ့ကိုတော့ ကျွန်တော် မပြောရဲခဲ့ပါဘူး။ ခင်ဗျားတို့ ငတုံးတွေ ပြောချင်ရာပြော၊ အာဏာယိုင်သွားမှာ၊ ထိုင်ခုံပေါ်က ဆင်းရမှာကြောက်လို့ ခင်ဗျားတို့ တွန့်ဆုတ်နေကြတယ်၊ ကျုပ်တို့ထက် အာဏာမြဲရေးကို အဓိကထား နေတယ်ဆိုတာ တစ်တိုင်းပြည်လုံးသိနေပါတယ်ဗျာ။ သူ့ကိုတော့ ကျွန်တော် မပြောရဲခဲ့ပါဘူး။
ဒီ…..စိတ္တဇနေ့ရက်များ ဘယ်အထိ အလျားရှည်နေအုံးမလဲ…
မှောင်အတိကျနေတဲ့တိုင်းပြည်မို့
သေမင်းရဲ့တိုက်ကွက်က အညှာလွယ်လွန်းလှတယ်……..။

လွင်ပြင်ရိုးင်း
14,05,2008

ဝိဆက်နေ့

“၀ိဆက်”ဆိုတာ ဗုဒ္ဓဘာသာပွဲတော်တွေအနက် အရေးအကြီးဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ ယင်းပွဲတော်ကို မေလရဲ့လပြည့်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ မြတ်ဗုဒ္ဓမွေးနေ့မှာ ကျင်းပခြင်းဖြစ်ပါ တယ်။ အချို့ဗုဒ္ဓဘာသာတွေအတွက်ကတော့ မြတ်ဗုဒ္ဓရဲ့ မွေးနေ့နဲ့ ပရိနိဗ္ဗာန်စံတော်မူသောနေ့မှာ ကျင်းပခြင်းဖြစ်ပါတယ်။ စာပေအရ ဗုဒ္ဓဆိုတာ နိုးကြားပြီးသောသူ သို့မဟုတ် ညာဏ်အလင်း ရရှိပြီးသူလို့ ဆိုလိုပါတယ်။ ဗုဒ္ဓဆိုတဲ့ဝေါဟာရဟာ ထူးကဲသာလွန်သောညာဏ်ပညာနဲ့ ကရုဏာ တရားရှိသောပုဂ္ဂိုလ်ကို ရည်ညွှန်းပါတယ်။ ဗုဒ္ဓဘာသာတွေအတွက် ညာဏ်အလင်းဆိုတာ ပုဂ္ဂိုလ် အသီးသီး တဏှာနဲ့ဒုက္ခတရားတို့မှ လွန်မြောက်ရာ နိဗ္ဗာန်ကို ရရှိတဲ့ ကောင်းမြတ်သော အခြေအနေ တစ်ခုဖြစ်ပါတယ်။
ပွဲတော်ကို ရောင်စုံမီးပုံးတွေနဲ့ ကျင်းပလေ့ရှိပါတယ်။ အိမ်တွေကို သန့်ရှင်းသပ်ရပ်စွာထားပြီး တန်ဆာဆင်ကြတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံမှာ ၀ိဆက်နေ့ထူးနေ့မြတ်မှာ စက္ကူများ၊ သစ်သားများ ဖြင့် မီးအိမ်များကို ပြုလုပ်လေ့ရှိကြသလို လှောင်အိမ်ထဲမှငှက်များကိုလဲ ကြီးကျယ်သော အခမ်း အနားဖြင့် လွှတ်ပေးလေ့ရှိပါတယ်။ ပွဲတော်ရက်အတွင်း နိုင်ငံအများအပြားတွင် ဗုဒ္ဓဘာသာဝင်များဟာ နီးစပ်ရာ ကျောင်းများသို့သွားကာ ရဟန်းတော်များအား အစားအသောက်၊ ဖယောင်းတိုင်၊ ပန်းများကို လှူဒါန်းလေ့ရှိပါတယ်။ ရွတ်ဖတ်သရဇ္ဈယ်ခြင်းနဲ့ ဆုတောင်းခြင်းဟာ ၀ိဆက်နေ့ထူးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။
ဘုရားရှင်အား ရေသပ္ပါယ်ခြင်း အခမ်းအနားကိုလဲ ကျင်းပလေ့ရှိပါတယ်။ မြတ်စွာဘုရားရဲ့ ပခုံး တော်အထက်မှ ရေသွန်းလောင်းခြင်းများကိုလဲ ပြုလေ့ရှိပါတယ်။ ထိုသို့ပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်က တော့ မိမိတို့ရဲ့စိတ်သန္တာန်မှာရှိတဲ့ လောဘ၊ ဒေါသ၊ မောဟများကို ဖြူစင်စေဖို့ ဖြစ်ပါတယ်။ တရုတ် နိုင်ငံတွင်ကား အဆိုပါ အစီအစီအစဉ်များအပြင် မိမိတို့ရဲ့ ရှိရင်းစွဲယဉ်ကျေးမှုများကိုလဲ ထည့်သွင်း ကျင်းပလေ့ရှိပါတယ်။ ဥပမာအားဖြင့် နဂါးအကများ ပါဝင်စေခြင်းဖြစ်ပါတယ်။ လှူဖွယ်ဝတ္ထုများကိုလဲ မြတ်ဗုဒ္ဓဆင်းတုတော်ကို လှူဒါန်းဖို့ ယူဆောင်သွားလေ့ရှိပါတယ်။ ဒီလို ကျင်းပတာဟာ မြတ်ဗုဒ္ဓရဲ့ ဘ၀ဖြစ်တော်စဉ်နဲ့ တရားတော်များကို လေးစားမှု၊ ကျေးဇူးတင်မှုတို့ကို ပြသရာရောက်ပါတယ်။ ပွဲတော်ရက်အတွင်း သတ္တ၀ါများကို မညှင်းဆဲသော ဗုဒ္ဓဘာသာဝင်များအနေဖြင့် သက်သတ်လွတ် စားလေ့ရှိကြပါတယ်။

သီရိလင်္ကာနိုင်ငံက ၀ိဆက်ဆိုတာ ဗုဒ္ဓဘာသာဝင်တွေ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နှစ်စဉ် အားလပ်ရက်တစ်ခုဖြစ်ပါတယ်။ အိန္ဒိယမဟာယာနဗုဒ္ဓဘာသာဓလေ့ထုံးစံအရ အဆိုပါ ၀ိဆက်နဲ့ အဓိပ္ပါယ်ထပ်တူဖြစ်တဲ့ ၀ိဆာခဆိုတဲ့အမည်အားဖြင့် လူသိများတဲ့ အားလပ်ရက်ဖြစ်ပါတယ်။ ၀ိဆက် ဆိုတဲ့ဝေါဟာရဟာ ၀ိဆာခဆိုတဲ့ ပါဠိကနေပြောင်းလဲလာတဲ့ ဆင်ဟာလဝေါဟာရဖြစ်ပါတယ်။ “၀ိုင်း ဆာခ” ဆိုတာကတော့ ဟိန္ဒူပြက္ခဒိန်မှာ ဒုတိယမြောက်လရဲ့အမည်ဖြစ်ပါတယ်။
အိန္ဒိယ၊ ဘင်္ဂလားဒေရှ်နဲ့ နီပေါနိုင်ငံတွေမှာ ဤလပြည့်နေ့ကို ၀ိဆာခ်ပူဇ(Visakah Puja)၊ ဗုဒ္ဓ ပုရ်နိမာ(Buddha Purnima)၊ ဗုဒ္ဓဇယန္တိ(Buddha Jayanti)လို့လဲ အသိများပါတယ်။ ထိုင်းနိုင်ငံမှာက တော့ ၀ိဆာခဘုချ( Visakha Bucha)၊ ဗီယက်နမ်မှာ ဖက်ဒန်း(Phật Đản)၊ အင်ဒိုနီးရှားမှာ ၀ိုင်းဆက် (Waisak)၊ သီရိလင်္ကာမှာ ၀ိဆက်(ဝေ့ဆက်)( Vesak (Wesak))၊ တရုတ်စကားပြောတဲ့ မလေးရှားနဲ့ တရုတ်မှာ ဖောဒန်း(佛誕 (fó dàn))၊ တိဗက်မှာ စကဒ၀(Saga Dawa)လို့ အသီးသီး ခေါ်ဆို အသုံးပြုကာ ပွဲတော်များကို ကျင်းပလေ့ရှိပါတယ်။ လာအိုနိုင်ငံမှာလဲ ဒီပွဲတော်နဲ့ ထပ်တူဖြစ်တဲ့ ပွဲတော် တစ်ခုရှိပါတယ်။ အဆိုပါ ပွဲတော်ကတော့ ၀ိကဆက်ခ ဘောကဆ(Vixakha Bouxa)လို့ ခေါ်ပါတယ်။
မြန်မာနိုင်ငံမှာကတော့ ဒီအချိန်ကျင်းပတဲ့ ဒီပွဲတော်ကို ကဆုန်လပြည့်(Ka-sone-la-pyae)လို့ အမည်တွင်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာပြက္ခဒိန်ရဲ့ ဒုတိယမြောက်လဖြစ်တဲ့ ကဆုန်လပြည့်လို့ ဆိုလိုပါတယ်။ သီရိလင်္ကာ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှာ ဒီဝိဆက်ပွဲတော်အခါသမယကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။
အမျိုးမျိုးသော ဓလေ့ထုံးစံများမှာ အသုံးပြုတဲ့ မတူထူးခြားတဲ့ ပြက္ခဒိန်တွေရဲ့ အလိုအရ ၀ိဆက်ပွဲတော်ရက်ကို အတိအကျ သတ်မှတ်ဖို့တော့ ခက်ပါတယ်။ ဗုဒ္ဓဘာသာပြက္ခဒိန်ကို လက်ခံ အသုံးပြုတဲ့ ထေရ၀ါဒတိုင်းပြည်များမှာ ထုံးစံအားဖြင့် ငါးလမြောက် သို့မဟုတ် ခြောက်လမြောက်ရဲ့ လပြည့်နေ့၊ ဥပုသ်နေ့မှာ ပွဲတော်ရက် ကျရောက်ပါတယ်။ တရုတ်နိုင်ငံမှာတော့ တရုတ်ပြက္ခဒိန်မှာ ပထမဆုံးလပြည့်ကျတဲ့ လေးလမြောက်ဖြစ်ပါတယ်။ အနောက်တိုင်းပြက္ခဒိန်အရကတော့ ပွဲတော်ရက် ဟာ တစ်သမတ်တည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် ဧပြီလနဲ့ မေလမှာတော့ ကျရောက် လေ့ရှိပါတယ်။
တခါတရံ ဗုဒ္ဓနေ့လို့လဲ သုံးကြပါသေးတယ်။ အမှန်ပြောရရင် ဒီပွဲတော်ရက်ဟာ ဗုဒ္ဓမြတ်စွာရဲ့ မွေးနေ့၊ သဗ္ဗညုတညာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့များနဲ့လဲ တိုက်ဆိုင်နေပါ တယ်။
၁၉၅၀ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓဘာသာဝင်များညီလာခံကြီးကို သီရိလင်္ကာနိုင်ငံမှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ မြတ်စွာဘုရားရဲ့ မွေးနေ့ကို ၀ိဆက်နေ့အဖြစ် ပွဲတော်ကျင်းပကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ၀ိဆက်အခါတော်နေ့ရောက်တိုင်း တစ်ကမ္ဘာလုံးမှာရှိတဲ့ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓဘာသာဓလေ့ထုံးစံများရဲ့ ထူးခြားတဲ့ အဖြစ်အပျက်များကို အမှတ်တရ ဂုဏ်ပြုလေ့ရှိကြပါတယ်။ ဂေါတမမြတ်စွာဘုရားရဲ့ ဖွားတော်မူရာနေ့၊ သဗ္ဗညုတညာဏ်အလင်းရရှိတဲ့နေ့၊ ပရိနိဗ္ဗာန်စံဝင်တော် မူရာနေ့များကို အောက်မေ့အမှတ်ရ ဂုဏ်ပြုလေ့ရှိကြပါတယ်။
ပွဲတော်ရက်မှာဆိုရင် သတ္တ၀ါများကို သတ်ဖြတ်လေ့မရှိကြပါဘူး။ သက်သတ်လွတ်သာ စားလေ့ရှိပါတယ်။ တိုင်းပြည်များ အထူးသဖြင့် သီရိလင်္ကာနိုင်ငံမှာဆိုရင် ၀ိဆက်နေ့ကို အပိုနှစ်ရက်ပါ ထည့်ပေးထားပါတယ်။ ရံပေးထားပါတယ်။ သီရိလင်္ကာအစိုးရဟာ ထိုနေ့မှာ အရက်ရောင်းခွင့်၊ သောက်စားခွင့်ကို အထူးပိတ်ပင်ထားပါတယ်။ ထောင်ပေါင်းများစွာသော သတ္တ၀ါများကိုလဲ ဘေးမဲ့လွှတ်လေ့ရှိကြပါတယ်။ အများစုက ပွဲတော်ရက်မှာ ပိတ်ဖြူစင်ကြယ်ကိုပဲ ၀တ်ဆင်လေ့ ရှိကြပါတယ်။ တစ်နေ့လုံး ဘုန်းတော်ကြီးကျောင်းများမှာ ရှစ်ပါးသီလဆောက်တည်ပြီး တရားနာယူကာ နေလေ့ရှိကြပါတယ်။ သီရိလင်္ကာမှာဆိုရင် သာမဏေ၀တ်တဲ့အလေ့အထလဲ ရှိပါတယ်။
တိုင်းပြည်အများအပြားမှာ အထူးသဖြင့် သီရိလင်္ကာနိုင်ငံမှာ သာသနာ့အလံတော် လွှင့်တင် ခြင်း၊ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဆိုတဲ့ ရတနာသုံးပါးကို ပူဇော်ထားသော ဓမ္မတေးသီချင်းများ သီဆိုခြင်းများကို ပြုလေ့ရှိပါတယ်။ သူတို့ဟာ ပကာသနများ ခြယ်သ,မထားသော ပန်းများနဲ့လဲ ပူဇော်လေ့ရှိကြတယ်။ ဖယောင်းတိုင်များ၊ ဆီမီးများ၊ အမွှေးတိုင်များနဲ့လဲ ပူဇော်လေ့ရှိကြပါတယ်။ အထူးသဖြင့် အမွှေးတိုင် ပူဇော်ခြင်းရဲ့ ထူးခြားတဲ့ ရည်ရွယ်ချက်က လောကရဲ့ မမြဲခြင်းတရားကို ထင်ဟပ်စေဖို့ ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဟာ အိန္ဒိယမှ ယဉ်ကျေးမှုအမျိုးမျိုးရှိတဲ့ တိုင်းပြည်အမျိုးမျိုးသို့ ရောက်ရှိပြန့်နှံ့ခဲ့တဲ့ အတွက် ၀ိဆက်ပွဲတော်ကျင်းပပုံဟာလဲ ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုများအလိုက် ပုံစံအမျိုးမျိုးကွဲပြား သွားခဲ့ပါတယ်။ တူညီတာကတော့ မြတ်ဗုဒ္ဓအား အောက်မေ့အမှတ်တရ ဂုဏ်ပြုပူဇော်ခြင်းပဲ ဖြစ် ပါတယ်။
လွင်ပြင်ရိုင်း
၁၈၊ ၀၅၊ ၂၀၀၈

Tuesday, September 16, 2008

Global market turmoil continues

Losses on stock markets have continued after the collapse of fourth largest US investment bank, Lehman Brothers, which has filed for bankruptcy protection.

European stocks fell again; the UK's FTSE 100 was down 2.44%, France's Cac down 1% and Germany's Dax down 1.58%.

Shares in Japan, South Korea and Hong Kong fell more than 5%, having been shut on Monday for public holidays.

Lehman, which may be about to sell its core assets to Barclays, is the latest victim of the global credit crunch.

Banks hit

The FTSE 100 of leading UK shares fell 127 points to 5,077 shortly before midday. The Dax index of leading German shares was down 96 points at 5968 points and France's Cac 40 was down 45 points at 4,124 points.
Japan's benchmark Nikkei 225 index dropped 5% to a three-year low, shares in South Korea and Hong Kong shed almost 6% in value and Shanghai's index fell by about 3%.

Markets in Taipei and Singapore were also sharply down, and the pattern was repeated in Australia and New Zealand, although the falls were smaller.

The US stock market on Monday had its worst day's trading since 9/11, with the Dow Jones index ending the day down 504.48 points, or 4.42%, at 10,917.51.

Central banks around the world have been carrying out emergency measures on Tuesday to keep markets liquid.

The moves came as the interest rates at which banks lend to each other rocketed - as they did at the start of the credit crunch.

Overnight sterling Libor increased from 5.5% to 6.8%, and the dollar Libor rate increased from 3.1% to 6.4%.

* The Bank of England put an extra £20bn (25bn euros; £36bn) into short-term money markets "in response to conditions in the short-term money markets" - four times the sum seen on Monday after Lehman's collapse
* The Frankfurt-based European Central Bank said it had provided 70bn euros ($100bn; £56bn) in an emergency operation to keep money markets supplied with liquidity
* The Bank of Japan carried out two injections of a combined 2.5 trillion yen ($24.1bn; £13bn)
* Australia and India also pumped cash into their money markets
* And Japanese-registered Lehman Brothers Japan and Lehman Brothers Holdings have applied to the Tokyo District Court for bankruptcy protection
* Bank stocks were hard hit again across Europe; in London HBOS was down about 12%, and Royal Bank of Scotland was down more than 7%
* Barclays Bank - which today said it was in talks to take on some of Lehman's US operations - was one of the big fallers, down more than 5%
* In Paris, Credit Agricole, Societe Generale, and BNP Paribas were all down by nearly 4%, while in Germany Commerzbank dropped 8.6% and Deutsche Bank fell 3.7%

'Crisis'

On the currency markets, the dollar slid to a four-month low against the yen before recovering slightly. At 0820 GMT, it was down 0.7% at 103.70 yen having earlier dropped to 103.62 yen.

The euro was down to $1.4234, having hit $1.4482 on Monday.

The collapse of Lehman, which had incurred billions of dollars of losses from the failing US mortgage market, has raised fears that other financial institutions could be hit.

"We're in the middle of a crisis," said YK Chan at Phillip Asset Management in Hong Kong.

Meanwhile, there were fears that AIG, one of the world's largest insurers, could also face collapse.

The State of New York announced a "multi-billion dollar financing plan" on Monday to stabilise the insurer's finances.

'Rough spots' ahead

On Monday, US Treasury Secretary Henry Paulson said the US was "working through a difficult period in our financial markets right now as we work off some of the past excesses".
He said Americans could remain confident in the "soundness and resilience" of the US financial system.

But he warned that uncertainty remained and it was likely that there would be further "rough spots" ahead until the correction of the US housing market was completed.

Mr Paulson said he was committed to working with regulators in the US and abroad, as well as policymakers in Congress to take the necessary steps "to maintain the stability and orderliness of our financial markets".

But he gave no details of what such steps might mean.
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails